**ဖြစ်ချင်ရာဖြစ်**

in #news7 years ago (edited)

image
အသက်ငယ်ရွယ်စဉ်က မျက်ကန်းတစ္ဆေမကြောက်

သလို ''ဖြစ်ချင်ရာဖြစ် မောင်ဘချစ်'' ဆိုတဲ့စကားကို

ခပ်မိုက်မိုက်နဲ့ ခဏခဏပြောခဲ့ဖူးပါတယ်။ ဘဝအတွေ့

အကြုံတွေများလာပြီး ကျွန်တော်ကိုယ်တိုင် အိုအရွယ်

ရောက်လာတဲ့အခါမှာတော့ ဖြစ်ချင်ရာဖြစ်ဆိုတဲ့စကား

က အဓိပ္ပါယ်များစွာရှိတဲ့ ဆိုရိုးစကားတစ်ခုရယ်လို့

သိရှိခွင့်ရရှိနားလည်ရပါပြီ။



တခါတလေ…

ကျွန်တော်ဖြစ်ချင်ရာဖြစ်လို့ပြောမိပေမယ့်…

ကိုယ်ချင်းမစာနာနဲ့ ဒေါသစိတ်နဲ့ပြောမိတာမဟုတ်ပါဘူး

သူတို့ကိုယ်စား တာဝန်ယူမပေးနိုင်တဲ့ အခြေအနေ

မျိုးဆိုတာ သိတဲ့အတွက် ပြောမိတာလို့ဆိုချင်ပါရဲ့။

'ဖြစ်ချင်ရာဖြစ်' ဆိုတိုင်း သံယောဇဉ်မရှိလို့ ပြောတာ

မထင်လိုက်ပါနဲ့နော်။ကိုယ့်စိတ်ကိုယ်သာကိုယ်ထိန်းနိုင်

ပြီး သူတစ်ပါးရဲ့စိတ်ကို လိုက်ထိန်းနိုင်ခြင်းမရှိတာကို

နာလည်းတဲ့အတွက် ဆိုလိုတာပါ။ ကျွန်တော်ရဲ့ဖြစ်ချင်ရာ

ဖြစ်ဆိုတဲ့စကားက ကျွန်တော်ခွင့်ပြုတာမဟုတ်ပဲ 'ကိုယ်

ဖြစ်မှကိုယ်သိ' ဆိုတဲ့အတိုင်း သူ့ရဲ့အမှားက သူ့ကို

သင်ခန်းစာရစေတာကို သိစေချင်တာပါ။



    'ဖြစ်ချင်ရာဖြစ်'လို့ပြောမိတဲ့အခါတိုင်းကျွန်တော်မှာ

'ဖန်တီးနိုင်စွမ်းအားမဲ့နေတာကို ဝန်ခံပြီး ဖြစ်လာမယ့်

ပြဿနာကို မတားဆီးနိုင်တာကို နားလည်မိပါတယ်။

ကျွန်တော်ရဲ့'ဖြစ်ချင်ရာဖြစ်'စကားက သူတစ်ပါးကိုအပြစ်

တင်ပြောချင်တဲ့စကားမဟုတ်သလို ပြောင်းလဲစေချင်လို့

ပြောတာ မဟုတ်ဘဲ မိမိအတွက် ဖြေနိုင်စရာသာ ဖြစ်စေခြင်းပါ။



''ဖြစ်ချင်ရာဖြစ်'' ဆိုတာ ကျွန်တော် မစိုးရိမ်လို့ ပြောတာ

မဟုတ်ဘဲ စေတနာနဲ့ပြောချင်လို့ ပြောတဲ့

စကားဖြစ်တာ နာလည်းပေးစေချင်တယ်။



သူတစ်ပါးကို ''ဖြစ်ချင်ရာဖြစ်''လို့ဆိုမိတဲ့အခါ ကိုယ်က

သူ့ရဲ့တာဝန်ကို ရှင်းပေးတာမဟုတ်ဘဲ စိတ်ဓါတ်မကျအောင်

 ထောက်မခြင်းမျှသာဖြစ်ပါတယ်။ကျွန်တော်က

''ဖြစ်ချင်ရာဖြစ်''ဆိုလိုက်ပေမယ့် ဝေဖန်တာမဟုတ်

ဘဲ လူ့ဘဝမှာ ဘယ်သူမှ ဒုက္ခမကင်းနိုင်ဆိုတာ သူတို့

တစ်တွေ သိမြင်စေချင်ရဲ့။ ''ဖြစ်ချင်ရာဖြစ်''လို့ပြောတဲ့

အခါတိုင်းမှာ မိမိက သူတစ်ပါးပြဿနာရဲ့အလယ်မှာ

ဝင်ရှုပ်ပြီး ဖြစ်လာမယ့် ဒုက္ခကိုပြောင်းလဲစေတာ

မဟုတ်ပါဘူး။''ဘယ်သူမပြု မိမိမှု''ဆိုသလို ကိုယ့်

ကံကြမ္မာအတိုင်း ကိုယ်ခံစားရမှာကိုသာ သိစေချင်

တာပါ။



   ကျွန်တော်ရဲ့ ''ဖြစ်ချင်ရာဖြစ်''စကားက ကာကွယ်ပြီး

ပြောတဲ့စကားမဟုတ်ဘဲ အမှန်ကို အမှန်အတိုင်း

သင်ခန်းစာရစေချင်တဲ့ ဆန္ဒတစ်ခုပါပဲ။



''ဖြစ်ချင်ရာဖြစ်''ဆိုတာ ကျွန်တော်အတွက် တခါတလေ

ရင်ဆိုင်နေရတဲ့ ပြဿနာကို ငြင်းပယ်မိတာ မဟုတ်

ဘဲ လက်လျှော့ပြီး သဘောတူလက်ခံတာပါဆိုရင်

လည်းမမှားပါဘူး။

''ဖြစ်ချင်တာဖြစ်''ပြောတိုင်း ငြင်းခုံခြင်း၊ ဆူပူကြိမ်း

မောင်းခြင်း၊ ခိုလိုညည်းပြီး မြည်တွန်တောက်တီးခြင်း

မျိုး မဖြစ်စေဘဲ ကိုယ့်ရဲ့ချို့ယွင်းချက်၊ အားနည်းချက်

တွေကိုသာ သတိပြုပြီး ကိုယ့်ကိုယ်ကိုသာ ပြုပြင်မိ

ပါတယ်။



''ဖြစ်ချင်ရာဖြစ်''

တကယ်က ဥပေက္ခာပြု၊ လျစ်လျူရှု့တဲ့ ဒေါသစကား

မဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ဘဝရဲ့ ဖြတ်သန်းမှု

သဘောတရားတွေရဲ့ အစိုးမရခြင်းတွေကို ဆင်ခြင်မိ

တဲ့အခါ လက်ခံပြီး အကြင်နာတရားနဲ့ မေတ္တာထား

ပြောတဲ့စကားဖြစ်ပါတယ်။

တရားသဘောနဲ့ကြည့်ရင်

''ဖြစ်ချင်ရာဖြစ်''ဆိုတာ အမှန်မို့ ဘဝရဲ့ အကောင်း

အဆိုးဖြစ်ပျက်မှုတရားတွေကို ရင်ဆိုင်နိုင်တဲ့အားအင်

တစ်ခုဖြစ်စေပြီး မေတ္တာတရားပွါးများစေတဲ့စကား

တစ်ခွန်းဖြစ်တယ် မဟုတ်ပါလားနော်။       ။

                                          
Author @lusoelay

Sort:  

@lusoelay Well done for sticking at it! Followed.

ဟုတ်ပါတယ်
တစ်ခွန်းထဲပါ

Good Writing!

ပုံထည့်​​ပေးပါ။ ခု​ရေးတဲ့စာနဲ့ကိုက်​ညီမဲ့ပုံ​လေးထည့်​​ပေးပါ။
ရေးသားသူ လဲထည့်​​ပေးပါ။

ဟုတ်ကဲ့

ဒီကောင် ကျောင်းမှာ ကျဘမ်းစကားပြောပြိုင်ဖူးရမယ်။ "အလို" ဆိုတဲ့စကားကို (၁၅)မိနစ် ပြောခဲ့ရတာမှတ်မိသေးတော့၊ စကတည်းက ဖြစ်ချင်ရာဖြစ်လိုက်တာ ဆုံးတော့လည်း ဖြစ်ချင်ရာဖြစ် တော့တာပဲလေ။ သူလဲမခေသူတစ်ယောက်ဘဲ။
ဒါပေမယ့် ဖြစ်ချင်ရာဖြစ်ဆိုပြီး တာဝန်ခံစာရေးသူအမည်ပါတော့ င်တို့ပါ ဖြစ်ချင်ရာဖြစ်ကုန်မှာပေါ့။

ခု​တော့ pro မပါဖြစ်​ပြီ​ပေါ့

Proမပါလို့ စိတ်ဓာတ်မကျ စိတ်မညစ်သွားပါနဲ့ဗျာ
ပုံလေးတွေနဲ့...ရေးသားသူအမည်...steemit Registerလုပ်ထားတဲ့
MSC နံပါတ်လေးတွေထည့်ပေးပြီးထပ်ရေးပါဗျာ
ခုက လိုအပ်ချက်တွေရှိနေလို့ proမပါရတာပါဗျာ

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62134.47
ETH 2417.18
USDT 1.00
SBD 2.54