အလွှာသုံးလွှာ<br> *********<br>

in #news7 years ago



အထက်တန်းလွှာမှာအရည်အချင်းရှိတယ်။

မာနမရှိပါ။

အလယ်တန်းလွှာမှာအရည်အချင်းရှိတယ်။

မာနကြီးတယ်။

အောက်တန်းလွှာမှာ အရည်အချင်းမရှိပါ။မာနကျတော့လုံးဝမလျှော့ပါ။



အထက်တန်းလွှာဟာသူတစ်ပါးကပြုဖူးတဲ့ 

ကျေးဇူးတရားကို အမှတ်တရပြောဆိုပြီး

ဘယ်လို ပြန်လည်ပေးဆပ်ရမလဲ

ရှာနေတတ်တယ် ။

အလယ်တန်းလွှာဟာသူတစ်ပါးကပြုဖူးတဲ့ ကျေးဇူးတရားကိုသိတတ်တယ်။မမေ့မလျော့

ပြန်လည်ပြောဆိုတတ်တယ်။

ကြုံ ရင်ပြန်လည် ပေးဆပ်ဖို့ စိတ်ကူး ရှိတယ်။

အောက်တန်းလွှာဟာ သူတစ်ပါးကပြုဖူးတဲ့ 

ကျေးဇူးတရားကို မသိယောင်ဆောင်တတ်တယ်။

ကိုယ့် ကံကြောင့်သူတို့ ကကူညီပေးရတယ်လို့

့မှတ်တယ်။ ကျေ။ဇူးပြုဖူးသူကိုပါ

ပြန်လည်ပြိုင်ဆိုင် ရန်လုပ်တတ်တယ် ။



အထက်တန်းလွှာဟာ

ဥာဏ်ပညာအကြောင်း ဆွေးနွေးကြတယ်။

အလယ်တန်းလွှာဟာ

အလုပ်အကိုင်အကြောင်း ဆွေးနွေးကြတယ်။

အောက်တန်းလွှာဟာ

အတင်းအဖျင်း တွေဆွေးနွေးကြတယ်။



အထက်တန်းလွှာဟာ ပေးဆပ်ကြပါတယ်။

 ပြန်လည်ရယူဖို့ မျှော်လင့်မှုမရှိပါ။

အလယ်တန်းလွှာဟာ လဲလှယ်ကြပါတယ်။

စေတနာ ကိုအသိအမှတ်ပြုခံချင်ကြတယ်။

အောက်တန်းလွှာဟာ အမြဲလိုလို

အလကားပဲ ရချင်ကြပါတယ်။

သူများ အကူအညီပဲမျှော်နေတယ်။

ကိုယ်ကပေးဖို့ ဆိုအကြောင်းအမျိုးမျိုးနဲ့

ရှောင်နေတတ်တယ် ..။



အထက်တန်းလွှာဟာ

သူများကိုအမြဲချီးမွမ်းကြတယ်။

အလယ်တန်းလွှာဟာ

သူများကိုသိပ်မခေါ်မပြောဘူး။

အောက်တန်းလွှာဟာ

အထက်ဖားသလောက်

အောက်အရမ်းဖိနှိပ်တယ်။



အထက်တန်းလွှာဟာ ယုံကြည်ချက်ခိုင်မာတယ်။

ဆုံးဖြတ်ချက် ကိုအောင်မြင်အောင်ဖြစ်အောင်

လုပ်တတ်တယ်။

အလယ်တန်းလွှာဟာကိုယ့်ကိုယ်ကို

ယုံကြည်တယ်။ သူများစကားနားမယောင်

ကိုယ့်ဆုံးဖြတ်ချက်ကိုဆုံးခန်း

တိုင်အောင်လုပ်တယ် ။

အောက်တန်းလွှာဟာ

 စိုးရိမ်စိတ်သံသယစိတ်တွေ

ပြည့်နက်နေတတ်တယ်။အပြောင်းအလဲများတယ်။

ဘာကိုမှစွဲစွဲမြဲမြဲမလုပ်ချင်

အကြောင်းပြချက်များစွာနဲ့

ဆင်ခြေပေးနေတတ်တယ်။



အထက်တန်းလွှာဟာရည်မှန်းချက်ကြီးမားတယ် ရဲရဲရင့်ရင့် လက်တွေ့အကောင်အထည်ဖေါ်တယ်။

အလယ်တန်းလွှာဟာ ရည်မှန်းချက် ရှိတယ်ဒါပေမဲ့

စဉ်းစားချင့်ချိန်နေတတ်တယ်။

အောက်တန်းလွှာဟာ ဘာမှ မရှိစိတ်ခံစားချက် နောက်လိုက်နေတတ်တယ်။

သူတို့ ရဲ မရှိတဲ့အရည်အချင်းကိုလူအထင်ကြီး

အောင် အော်နေတတ်ကြတယ်။



*********************************



လောကမှာ အလွှာမတူသူများက ပေါင်းလို့မရပါ။ အလွှာတူသူအချင်းချင်းသာပေါင်းကြ အဆင်ပြေကြပါတယ်.. ကိုယ့်ကိုယ်ကိုမညှာ

တမ်းဝေဖန် ပါ...

အောက်တန်းလွှာများကအထက်အဆင်တွေ့ကို

အမြဲ တိုက်ခိုက် နှောင့်ယှက် နေ တတ်တယ် ။

အမြဲ ရယူဖို့ အကူအညီတောင်းဖို့ ရှာနေတတ်တယ်။ မရရင် အပြစ်ပြောပြီး ရသွားရင် ကျေးဇူးကို

အသိအမှတ်ပြုဖို နေနေသာသာ လှည့်တောင် မကြည့် အခန့်မသင့်ရင် ကျေးဇူးပြုဖူးသူကို

ပခုံးချင်းယှဉ် ပြိုင်ဆိုင် စော်ကား တတ်ကြ လို့  အထက် လွာများက အောက် အဆင့်များ ကို

ရှောင်ချင်ကြပါတယ် ...အောက်ဆုံးအဆင့်က

အချက်တော်တော်များများကတော့ ဘုရားဟော သူယုတ် မာ ရဲ့ စရိုက်လက္ခဏာ နဲ့ တော်တော်

များများ တူနေလို့ မဖြစ်အောင်တော့ရှောင်ကြပါ။

ပြင်ကြပါ လို့ တိုက်တွန်းပါတယ်။



သင်ကော…ဘယ်နှစ်ချက် လောက် ဘယ်အလွှာထဲကလဲ မညှာတမ်း ဆုံးဖြတ်ကြည့်ပါ။

အောက်တန်းလွှာထဲ က အားလုံး ဆိုရင်တော့

ပြုပြင်ပါ လို့ တိုက်တွန်းပါတယ် ဘယ်အရွယ်မဆို အချိန် မှိပါသေးတယ် ... တို့ လဲ ကိုယ့်ကိုကိုယ်

ဆန်းစစ် ပါတယ် .....ကြိုးစားရပါဦးမည် ကိုယ့်ကိုယ် ကို ဘာမှန်း မသိတာထက်စာရင် သိထားတော့ ကြိုးစားလို့ ရတာပေါ့ ကွယ်.... သိရဲ့ သားနဲ့ မပြု ပြင်ရင်တော့ ....

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62151.48
ETH 2421.34
USDT 1.00
SBD 2.57