ဂမ္ဘီရဂိုဏ်း India

in #news7 years ago

image
image
image
image
ဂမ္ဘီရဂိုဏ်းအဖွဲ့က ထိတ်လန့်ဖွယ် အိမ်ထဲဝင် ဆေးခတ်ပြီး ဆံပင်နှင့်နားရွက်များ ဖြတ်ပစ်


အိန္ဒိယနိုင်ငံ ဂျော့ဒ်ပူးဝါးပြည်နယ်မှာ ဂမ္ဘီရဂိုဏ်းအဖွဲ့တဖွဲ့က လူတွေကို ဆေးခတ်ပြီး အိမ်တွေထဲ တိတ်တဆိတ်ဝင်ရောက်ကာ နားရွက်တွေနဲ့ ဆံပင်တွေဖြတ်လို့ မိသားစုတွေက ထိတ်လန့်နေကြပါတယ်။

အိန္ဒိယရဲတွေ လှည့်လည်စစ်ဆေးရာမှာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း အမျိုးသမီး ၁၂ ဦး ဒီလို ပြုမူခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုတိုက်ခိုက်ပြုမူခံရတဲ့ အမျိုးသမီးတော်တော်များများက အနီရောင် ခရင်းသုံးခွသဏ္ဌာန် တံဆိပ် ထူးထူးဆန်းဆန်း နှိပ်ခတ်ခံရပြီး နိုးလာကြတယ်လို့ သိရပါတယ်။

ဂျော့ဒ်ပူးဝါးက ထိတ်လန့်နေတဲ့ မိသားစုတွေလည်း ညဘက်တွေမှာ စောင့်ကြည့်နေကြပြီး ရဲတွေကလည်း ဒီထူးဆန်းတဲ့လုပ်ရပ်ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိလည်းဆိုတာ စုံစမ်းရှာဖွေနေကြပါတယ်။

ဒီလို တိုက်ခိုက်မှုမပြုခင် သူတို့ရဲ့အိမ်တွေမှာ ထူးဆန်းတဲ့ အနံ့တနံ့ရပြီး ဒီဂမ္ဘီရဂိုဏ်းက အိမ်ထဲ တိတ်တဆိတ်မဝင်ခင် မိသားစုတွေကို ဆေးခတ်ခဲ့တာလို့ ဒေသခံတွေကြားမှာ ကောလာဟလအဖြစ် ပြောနေကြပါတယ်။

ဒေသခံတဦးဖြစ်သူ ဘာဘူရမ်က သူ့ရဲ့ ၁၃ နှစ်အရွယ် သမီးဖြစ်သူ အရှာ ညအချိန်အတွင်း ဆံပင်တွေ ဖြတ်ခံလိုက်ရတယ်လို့ ပြောပါတယ်။

“သမီး နိုးလာပြီး ငိုတော့မှ ကျနော်တို့လည်း ဒီအဖြစ်ကို သိတယ်” လို့ ဘာဘူရမ်က ပြောပါတယ်။

“ကျနော်တို့ကတော့ ဒီဖြစ်ရပ်မှာ ဂမ္ဘီရလုပ်ရပ်တွေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေ ပါတယ်လို့ ထင်တယ်။ ဒီလိုဖြစ်တဲ့အချိန်မှာ ကျနော်တို့ အိမ်ထဲမှာ အခြားအပြင်လူ ဘယ်သူမှ မရှိဘူး” လို့ ဘာဘူရမ်ကပြောပါတယ်။

နောက်ထပ် အသက် ၁၄ နှစ်အရွယ် သမီး ဆံပင်ဖြတ်ခံရသူရဲ့ ဖခင်ဖြစ်သူ ဒေသခံတဦးကလည်း သူတို့ ဆေးခတ်ခံရကြောင်း ပြောပါတယ်။

“ကျနော်က ဆေးရုံမှာ အလုပ်လုပ်တာ။ ဒီလိုဖြစ်ချိန်မှာ ကျနော်က အလုပ်မှာ ရောက်နေတယ်။ မိသားစု တီဗွီကြည့်နေချိန်မှာ လေအေးပေးစက်ကနေ ထူးဆန်းတဲ့အနံ့ကို စရတယ်။ ပြီးတော့ သူတို့အားလုံး အိပ်ပျော်သွားကြတယ်။ နိုးလာကြတော့ ကျနော့်သမီးရဲ့ ဖြတ်ထားတဲ့ ဆံပင်ပုံကို အိမ်ရှေ့တံခါးနားမှာ တွေ့တယ်။ ကျနော်တို့ လုံးဝ စိတ်ပူနေကြတယ်။ နောက် ၂ ရက်လောက် အလုပ်မသွားပဲ အိမ်မှာ စောင့်ကြည့်ရမယ်” လို့

ဇွန်လလယ်ကတည်းကစပြီး ဒေသခံတွေက ဂမ္ဘီရအဖွဲ့တဖွဲ့ ဆံပင်တွေ လိုက်ဖြတ်နေတယ် လို့ သတင်းဖြန့်နေကြပြီး ရဲတွေရဲ့အဆိုအရ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ဂျော့ပူးဝါးပြည်နယ်ရဲ့ ကျေးလက်ဒေသဘက်မှာ ဒီလိုအဖြစ်မျိုးဖြစ်တာ အနည်းဆုံး ၁၂ ကြိမ် သူတို့ကို အကြောင်းကြားခဲ့တယ်လို့ ပြောပါတယ်။

ရဲပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့လည်း စုံစမ်းနေပါတယ်။ ဒါပေမယ့် ခုချိန်ထိ ဒီအဖြစ်ရဲ့နောက်ကွယ်မှာ ဘယ်သူတွေလုပ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဖြစ်အပျက် အများဆုံးဖြစ်တာက စာတတ်မြောက်မှု နည်းပါးတဲ့ ခေါင်လွန်းတဲ့ ကျေးရွာတွေမှာ ဖြစ်တာ” လို့ ရဲတွေက ပြောပါတယ်။

Crd::DVB

Sort:  

Your posts are amazing, i will follow you @bilalhaider please also visit my profile

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57949.44
ETH 2349.64
USDT 1.00
SBD 2.44