NewsteemCreated with Sketch.

in #new7 years ago

လေယာဉ် ပျက်မကျမှီ အကုန် လုံးသေဆုံးခဲ့ သော ခေတ်သစ် သရဲ လေယာဉ် (Helios 522)

#သံဇဉ်မိုးဇတ်

ဂရိနိုင်ငံပိုင်ဂျက်ဖိုက်တာမှမြေပြင်ကို
သတင်းပို့ချက်မှာ
"လေယာဉ်ကိုအနီးကပ်မြင်တွေ့နေရပါတယ်လေယာဉ်ပေါ်မှာခရီသည်တွေအားလုံးခေါင်းငိုက်စိုက်ကျနေပြီးလေယာဉ်အကူမောင်းသည်လည်းထိုင်ခုံမှာခေါင်းစိုက်နေပြီးလေယာဉ်သည်အလိုလိုမောင်းနှင်နေပါတယ်"

ဂရိလေကြောင်း ပိုင်နက်ထဲကို ဘာမှအကြောင်းမကြားဘဲ အမည်မသိ အရာဝထ္ထု တစ်ခုချဉ်းကပ်လာနေတာကို နိုင်ငံပိုင်ရေဒါစံနစ်မှ ထောက်လှမ်းမိနေပါတယ်။
၎င်းအရာဝထ္ထုသည် ခရီးသည်တင်လေယာဉ်
Helios 522 အမည်ရှိ လေယာဉ်မှန်း သိပြီးနောက်
မြေပြင်မှ လှမ်းဆက်သွယ်ပေမဲ့ ဘယ်သူမှ ပြန်လည်ဖြေကြားခြင်မရှိပါဘူး
ချက်ခြင်းဆိုသလို နိုင်ငံ့ လေကြောင်းကာ
ကွယ်ရေး ဂျက်ဖိုက်တာ ၂ စီးသည် Helios နောက်ကို အမှီ လိုက်သွားကာ လေယာဉ်ထဲသို့ ခပ်လှမ်းမှကြည့်ရှု ပြီး မြေပြင်ကို အောက်ပါအတိုင်း သတင်းပို့ပါတယ်။
#လေယာဉ်ကိုအနီးကပ်မြင်တွေ့နေရပါတယ်လေယာဉ်ပေါ်မှာခရီသည်တွေအားလုံးခေါင်းငိုက်စိုက်ကျနေပြီးလေယာဉ်အကူမောင်းသည်လည်းထိုင်ခုံမှာခေါင်းစိုက်နေပြီးလေယာဉ်သည်အလိုလိုမောင်းနှင်နေပါတယ်လေယာဉ်ထဲမှာဘာလှုပ်ရှားမှုမှမတွေ့ပါဘူး"
များမကြာမှီ လေယာဉ်မောင်း အခန်း အတွင်းကို လူတစ်ယောက် ယိုင်ထိုး ယိုင်ထိုးဖြင့်
ပိုင်းလော့ ထိုင်ခုံ မှာ ဝင်ထိုင်ကာ နားကျပ် တပ်လိုက်ပြီး ဂျက်ဖိုက်တာ ကို လေးတွဲတွဲလေသံဖြင့် စကားလှမ်းပြောပါသည်။
သူပြောတဲ့စကားမှာ

"Mayday Mayday Mayday"

"အသက်အန္ဒရာယ် ကျရောက်နေ၍ကယ်ကြပါ"

ဟူ၍ဖြစ်သည်

ဂျက်ဖိုက်တာမှ ပိုင်းလော့သည် သူတို့ လမ်းပြခေါ်ဆောင်ရာ နောက်ကို ဆက်လိုက်ဖို့
အချက်ပြနေစဉ် Helios လေယာဉ်ကြီးသည်
ချက်ချင်းဆိုသလို ဘယ်ဘက်ကို ကွေ့ပြီး မြေပြင်ပေါ်သို့တစ်ဖြည်းဖြည်းနိမ့်ဆင်းသွားကာဂရိနိုင်ငံ အေသင်မြို့ နားမှ တောင်တွေကြားထဲ ပျက်ကျ သွားကာ
လေယာဉ်တွင် ပါလာသူ လူပေါင်း ၁၂၁
ယောက် အကုန်လုံး သေဆုံးခဲ့ပါသည်။
ပထမ စစ်ဆေး စုံစမ်း မှုတွေ အရ
လေယာဉ်သည် အကြမ်းဖက်ခံရသည်ဟု
ထင်ကြသော်လည်း လေယာဉ် အကြမ်းဖက် ခံရပါ အကြမ်းဖက် သူသည် လေယာဉ် မောင်းနေစဉ် လူအကုန် လုံးကို သတ်ပစ် လိမ့်မည်မဟုတ်ပေ။
နောက်ပိုင်း တွင် လေယာဉ်မှာ တပ်ဆင်ထားသည့် ထိန်းချုပ်ရေး စက်ပစ္စည်းများကို အခြေခံ ပြီး
စစ်ဆေးမှုများအရ
လေယာဉ်သည် ဆိုက်ပရပ် မှ ပျံသန်းလာပြီး ဂရိနိုင်ငံ အေသင် လေယာဉ်ကွင်း တွင် ဆီဖြည့်ကာ 'ချက်' နိုင်ငံကို ခရီး ဆက်မည်ဖြစ်သော်လည်း လမ်းခု လပ်တွင် လေယာဉ်ပေါ်၌ အောက်စီဂျင် ပျက်လပ်မှု ဖြစ်ပေါ်ခဲ့သည်။
လေယာဉ်မှုး သည် အလိုလျောက် လေပေး သည့် စံနစ် (auto) ကို မပြောင်း ဘဲ (Manual) အတိုင်း ထားကာ
လေထု ထဲတွင် ပျံသန်း နေခြင်း ဖြစ်သည်။
လေယာဉ်ပေါ်တွင် အောက်စီဂျင် ပျက်လပ်
ပြီဖြစ်ကြောင်း အချက်ပြ မီးများ လင်းလာသော်လည်း လေယာဉ် အမှုထမ်း များ ဘာဖြစ် နေမှန်း မသိခဲ့ပါ။
ခရီးသည်များ အတွက်အရေးပေါ် အောက်စီဂျင် ပေး မျက်နှာ ဖုံး သည် လည်း
၁၅ မိနှစ်သာ ခံပါလိမ့်မည်။
၂ နာရီခရီး စဉ်တွင် လေယာဉ်ပျံသန်း နေသည့် ၁နာရီ အတွင်း အကုန်လုံး သတိလစ်
မေ့မြော သေဆုံး ကုန်ကြသည်ဟု ခန့်မှန်းရသည်။
လေယာဉ်မပျက်ကျမှီ လေယာဉ်ကို အတက်နိုင်ဆုံး ထိမ်းချုပ် သွားသူသည် Andreas Prodromou ဆိုသူဖြစ်သည် သူ သည် အငယ်တန်း လေယာဉ်မောင်း ဖြစ်ပြီး သူ သည် ဘိုးအင်း 747 အမျိုးအစား Helios လေယာဉ်ကို ထိန်းချုပ်နိုင် ဖို့ အရည်အချင်း မရှိပေ။ သူသည် စပါယ်ယာ အောက်စီဂျင်ဗူး တစ်ခုကို ရှုပြီး နောက်ဆုံး အချိန် အထိ လေယာဉ်ကို ထိန်းချုပ်ခဲ့ပါသေးသည်။ သို့သော်
သူလေယာဉ်ကို မထိန်းချုပ် ခင်ကတည်းကလေယာဉ်သည် လမ်းကြောင်းချော် ကာ အေသင် မြို့ကို မဆင်းဘဲ ပါတ်ပြီး ပျံသန်းနေမှုကြောင့် လေယာဉ်ဆီ ပျက်လပ် နေကာ သူစတင် ထိန်းချုပ် သည့် အချိန်တွင် လေယာဉ်တွင်ဆီမရှိတော့ပေ။
နောက်ဆုံး သုံးသပ် ချက်သည် လေယာဉ် ထဲသို့ လေပေးသည့် ဖိအားပေး စက်ကို Manual မှ Auto သို့ မပြောင်း မိသောကြောင့်
ဤကဲ့ သို့ သဘာဝ လေ မရရှိဘဲ လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းဖြစ်ပေသည်။

(လေယာဉ်ပျက်ကျသည့်နေ့14 August 2005)

#သံဇဉ်မိုးဇတ်

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 65178.97
ETH 3261.27
USDT 1.00
SBD 2.68