လူ့လောကမှာ နေတဲ့အခါ

in #natural6 years ago

လက်မခံနဲ့
အမုန်းတွေပေးတိုင်းအလွယ်တစ်ကူလက်မခံပါနဲ့

အယုံမလွယ်နဲ့
အချစ်တွေပေးတိုင်းလည်းလွယ်လွယ်မယုံကြည်ပါနဲ့

မရက်ရောနဲ့
ယုံကြည်မှု့တွေကိုလည်းလူတိုင်းအပေါ်မရက်ရောပါနဲ့

မပေးဆပ်နဲ့
စိတ်ရောကိုယ်ပါနှစ်ပြီးအင်တိုက်အားတိုက်မပေးဆပ်ပါနဲ့

မနာကျည်းနဲ့
ခံစားရတိုင်းနာကျည်းမိရင်ကိုယ်ပဲပိုနာကျင်ရမို့မနာကျည်းလိုက်ပါနဲ့

မမျှော်လင့်နဲ့
ကိုယ်ပေးလည်းပြန်ပေးဖို့အလိုမရှိတဲ့သူဆီက မမျှော်လင့်ထားပါနဲ့

မလွမ်းပါနဲ့
သတိရနေတဲ့အကြောင်းပြောပြရင်နားမထောင်တဲ့သူကို မလွမ်းပါနဲ့

တွေ့သမျှလူတိုင်းအပေါ် ပေးဆပ်နေရင် ကိုယ့်ကိုတစ်ကယ်ပေးဆပ်မဲ့သူပေါ်လာတဲ့အခါ
သူ့အတွက်ပေးစရာကုန်သွားပါလိမ့်မယ်… တစ်ကယ်ချစ်မဲ့သူအတွက်မေတ္တာတွေချန်ထားကြပါ
ကိုယ့်အပေါ်ပေးဆပ်သူတိုင်းကိုသာ ချစ်ခြင်းမေတ္တာအစစ်ဖြင့်တုန့်ပြန်နိုင်ဖို့အင်အားရှိနေပါစေ..
သဘောကောင်းပါ မေတ္တာထားပါ ကိုယ့်ကိုကိုယ်ပြန်နာကျင်အောင်တော့ မနှိပ်စက်မိပါစေနဲ့
image

Sort:  

နေတတ်အောင် ကြိုးစားရမယ်

အရမ်းကောင်းတဲ့ စာသားလေးတွေပါ။

တကယ်ကောင်းတဲ့ စာသားလေးတွေ ❤❤❤

Coin Marketplace

STEEM 0.18
TRX 0.14
JST 0.030
BTC 58659.71
ETH 3164.52
USDT 1.00
SBD 2.43