To my junior officer(5)

in #myanmat6 years ago (edited)

image
ညီငယ်​အရာရှိသို့​ပေးစာ(၅)
15 March 2018(Tue,21:50)
သို့..
ညီငယ်

ဒီစာနဲ့ဆို အကိုမင်းဆီစာ​ရေးတာ ၅​စောင်​​မြောက်​​ပေါ့။ရှေ့အရင်​စာ​တွေမှာ အရာရှိ တစ်​ဦးရဲ့ ကျင့်​ဝတ်​​တွေနဲ့ ​ပေါင်းသင်းဆက်​ဆံ​ပြောဆိုရာမှာ လိုက်​နာကျင့်​သုံးအပ်​သည်​များကို အလျဉ်းသင့်သ​လို သင်​​ပေးခဲ့ပြီးဖြစ်​တယ်​။ထိုအတိုင်း လိုက်​နာကျင့်​သုံးလိမ့်​မယ်​ လို့လည်း အကို့အ​နေနဲ့ ယုံကြည်​တယ်​။လောကကြီးမှာ လူရာဝင်​ချင်​ရင်​ အလိုက်​သိ တတ်​မှုနဲ့ လိမ်​မာ​ရေးခြားရှိမှုကဘယ်​​လောက်​အ​ရေးပါလဲ ဆိုတာ အထူး​ပြောစရာလိုမယ်​မထင်​ဘူး။အထူးသဖြင့်​ ညီတို့လို အရွယ်​၊ညီတို့လို ​လောကအ​ကြောင်း သိသင့်​သ​လောက်​သိပြီး အ​တွေ့  အကြုံ အ​တော်​အတန်​ ရှိပြီးသားလူငယ်​​တွေအ​နေနဲ့ သာလို့​တောင်​ ​ပြောစရာမလို​ပေမယ့်​လည်း သင်​တန်းမှာ စာ​ပေပညာ၊စစ်​ပညာ​တွေနဲ့ အလုပ်​​တွေက အများသားဆို​တော့ ​လောကကျင့်​ဝတ်​၊ ဝန်​ထမ်းကျင့်​ဝတ်​ဆိုင်​ရာ​​တွေ မ​မေ့မ​လျော့ပဲ အမြဲသတိပြုမိ နိုင်​​အောင်​ အကို့အ​နေနဲ့ ​ထောက်​ပြ သင်​ကြား​ပေးခြင်းမျှသာဖြစ်​တယ်​။
image
ယခုဒီစာမှာ​တော့ သွားလာစဉ်​ယဉ်​​ကျေးမှုအ​ကြောင်းကို ​ပြောပြ​ပေးမယ်​။လမ်း​လျှောက်​သွားလာစဉ်​မှာ ဦးစား​ပေးရမည့်​သူကို မိမိရဲ့လင်္ကျာ ညာဘက်​တွင်​ထား၍ လမ်း​လျှောက်​ရမယ်​။ အကယ်​၍ ညာဘက်​မှာ လမ်းတစ်​​လျှောက်​တွင်​ ခလုတ်​၊ကန်​သင်း များရှိ​နေရင်​​တော့ မိမိရဲ့ လက်​ဝဲဘက်​တွင်​ ​နေရာ​ပေး၍ လမ်း​လျှောက်​ နိုင်​တယ်​။အရာရှိနှစ်​ဦးအတူလမ်း​လျှောက်​သွားလာရရင်​​တော့ မိမိထက်​ရာထူးကြီး​မြင့်​ ​သောသူရဲ့ လက်​ဝဲဘက်​မှသာလိုက်​ပါရမှာ ဖြစ်​တယ်​။ယူနီ​ဖောင်းဝတ်​ထား​သောအရာရှိနှစ်​ဦး၊ဒါမှမဟုတ်​နှစ်​ဦးထက်​အတူလမ်း​လျှောက်​သွားလာရမည်​ ဆိုပါက ရာထူးအမြင့်​ဆုံး အရာရှိလှမ်း​သော ​ခြေလှမ်းအတိုင်းသာ ညီညာစွာလိုက်​​လျှောက်​ရမှာဖြစ်​ပါတယ်​။ ဒါကိုညီတို့​တွေ တပ်​ပြင်​ကိုယူနီ​ဖောင်းနဲ့ထွက်​တဲ့အခါမှာ တစ်​ဦးထက်​ပို၍ လမ်း​လျှောက်​ သွားလာ ရတဲ့အခါ ​ခြေလှမ်းညီညာစွာ ​လျှောက်​ရသကဲ့ သို့ပင်​ဖြစ်​တယ်​။လမ်း​လျှောက်​သွား လာစဉ်​ မျက်​နှာချင်းဆိုင်​မှ မိမိတို့ထက်​ ရာထူးကြီးမြင့်​​သောအရာရှိလာပါက ထိုအရာရှိကို အ​လေးပြု ရမှာဖြစ်​တယ်​။မိမိနှင့်​အတူသွားလာ​နေ​သောအရာရှိကြီးကို ​ကျော်​တက်​၍ အမြန်​သွားလာရန်​ကိစ္စဖြစ်​လာပါကလည်း ထိုအရာရှိကြီးရဲ့ လက်​ဝဲဘက်​ မှသာ ​ကျော်​တက်​ရမှာဖြစ်​တယ်​။

အကယ်​၍ အမျိုးသမီးတစ်​ဦးနှင့်​ အတူသွား လာရန်​ကိစ္စမျိုးကြုံလာရင်​ တံခါးဖွင့်​ဝင်​ရ​သော အ​ခြေအ​နေမျိုးမှာ မိမိမှ တံခါးကိုဖွင့်​​ပေးရမယ်​။တံခါးကိုကိုင်​ထားပြီ ထိုအမျိုးသမီး ဝင်​ပြီးမှသာ ​နောက်​မှ လိုက်​ ဝင်​ရမှာဖြစ်​တယ်​။မှောင်​​သောအခန်း၊ ​လှေကားများ၊လမ်းများကို တံခါးဖွင့်​ရမည်​ ဆိုလျင်​​တော့ မိမိမှ ကြိုတင်​ဝင်​​ရောက်​သင့်​ ​ကြောင်း ခြွင်းချက်​အ​နေနဲ့မှတ်​သား ထားရ မှာဖြစ်​တယ်​။အမျိုးသမီးတစ်​ဦးက ညီ့ရဲ့အကူအညီကိုလိုအပ်​​နေ​သောအချိန်​၊စား​သောက်​ဆိုင်​၊ရုပ်​ရှင်​ရုံ၌ဖြစ်​​စေ၊ ​နေရာလိုက်​ပြမည့်​သူမရှိ​သောအခါဖြစ်​​စေ၊လမ်းရှင်း​လျှောက်​ရမည့်​ လူအုပ်​ကြားတွင်​​ရောက်​​နေ​သောအချိန်​​မှာ​တော့ ညီကသာ ဦး​ဆောင်​သွားရမှာဖြစ်​တယ်​။

လှေ၊​မော်​​တော်​ယာဉ်​၊မီးရထား၊​လေယာဉ်​ပျံသ​င်္ဘောတို့ဖြင့်​ ခရီးသွားလာရမည်​ဆိုပါက ထိုယာဉ်​များအတွင်းသို့ ဝင်​ခြင်း၊ထွက်​ခြင်းမှာ အထက်​က သင်​ကြား​ပြောပြခဲ့သည့်​ အစီအစဉ်​တိုင်းပဲဖြစ်​တယ်​။
ယေဘုယျအားဖြင့်​ ရာထူး ငယ်​​သောအရာရှိ မှ ဦးစွာဝင်​​ရောက်​၍ ​နေရာထိုင်​ခင်း ပြင်​ဆင်​​ပေး ပြီးမှသာ ရာထူးကြီးမြင့်​ဆုံး​သောအရာရှိကိုဝင်​​ရောက်​​စေရမှာဖြစ်​တယ်​။
ကား​နောက်​ခန်းတွင်​ အရာရှိသုံးဦးအတူထိုင်​ရမည့်​ဆိုလျင်​လည်း ရာထူးအငယ်​ဆုံး အရာရှိသည်​အလယ်​မှာ ထိုင်​ရမှာဖြစ်​တယ်​။

လှေ၊ကားနှင့်​ ရဟတ်​ယာဉ်​ များ​ပေါ်မှပြန်​လည်​ဆင်းသည့်​အခါမှာ​တော့ အတက်​နဲ့​ပြောင်းပြန်​ဖြစ်​တယ်​။ရာထူးအမြင့်​ဆုံး​သောအရာရှိမှ ဦးဆုံးဆင်းရမှာဖြစ်​တယ်​။
ညီ​လေး​ရေ လိမ်​မာ​ရေးချားရှိခြင်းဆိုတာ ခါးကိုင်းပြီး နှုတ်​ဆက်​​ရုံ ​လောကဝတ်​ကိုပြု ရုံတင်​မဟုတ်​ဘူး။အလွယ်​တကူ သက်​​တောင့်​သက်​သာ ယဉ်​ယဉ်​​ကျေး​ကျေး ​၊လေး​လေးစားစားပြုမှုနေထိုင်​ခြင်းလဲပါဝင်​တယ်​။
ယဉ်​​ကျေးတယ်​ဆိုရာမှာ ထုံးတမ်းစဉ်​လာ ကျင့်​ဝတ်​​တွေကို မလုပ်​ချင်​လုပ်​ချင်​နဲ့လုပ်​​နေရတာနဲ့မတူဘူး။လောကဝတ်​​တွေကို မသက်​မသာသ​ဘောမျိုးပြုလုပ်​​နေတာမျိုး လည်း မဟုတ်​​ဘူး။လူ​တွေရင်​စကားမ​ပြော ရဲသလိုရှက်​ကိုးရှက်​ကန်းဖြစ်​​နေခြင်းကိုလည်းမဆိုလို​ပေဘူး။ပြောသင့်​​ပြောထိုက်​တာကိုလည်း ရဲရဲဝံ့ဝံ့​​ပြောရဲရမှာ ဖြစ်​တယ်​။ဒါ​ပေမယ့်​ ​ပြောဆိုမှု​တွေဟာ ရှင်း ရှင်းလင်းလင်းပြတ်​ပြတ်​သားသား​ပြောဆိုပြီး အမှုအရာမှာလည်း နှိမ့်​ချမှုလည်းရှိရမယ်​။စကားလုံး​ရွေးချယ်​ရာမှာလည်း အ​ပေါစားဆန်​တဲ့စကားပုံ​တွေ လမ်း​ဘေး ဘမ်းစကား​တွေကို​ရှောင်​ကြည်​သင့်​တယ်​။ဥပ​မေ၊ဥပမာနဲ့ ​ခိုင်းနှိုင်း​ပြောဆိုရမယ့်​ ကိစ္စဆိုလျင်​လည်း ​ကောင်း​မွန်​အဆင့်​အတန်း ရှိတဲ့ ဥပမာ မျိုးကို​ရွေးချယ်​ခြင်းဖြင့်​ မိမိရဲ့ အသိုင်းအဝိုင်း ယဉ်​​ကျေးမှုအ​ခြေအ​နေကို ​ဖော်​ပြရာ​ရောက်​​စေပါတယ်​။

လူအများရဲ့အထင်​ကြီး ​လေးစားမှု ကိုလို ချင်​ရင်​​တော့ သီလ၊ပညာနဲ့သမာဓိ ရှိဖို့လို သလို လူ​တောထဲမှာ စကားဝိုင်းမှာ လူအ များလက်​ခံဆီးကြို​စေချင်​ရင်​​တော့ ယဉ်​​ကျေးပြူငှါမှုအထူးပင်​လိုအပ်​တယ်​ဆိုတာ မှာကြားလိုတယ်​။ယဉ်​​ကျေးလိမ်​မာ၍ အကင်းပါး​သောအရာရှိ​ကောင်း တစ်​ဦးဖြစ်​ပါ​စေလို့ အကိုဆု​တောင်း​ပေးပါတယ်​။

စီနီယာ.. ..
image

Photo credit google.
Author by Minhtet Yeyint
@zinminhtet
MSC-126

Sort:  

မှတ်​သားစရာ​တွေပါ၊လိုက်​နာကျင့်​ သုံးအပ်​တဲ့ ကျင့်​ဝတ်​နီတိ​ ​​ပေါ့​နော်​။အမှန်​တကယ်​လိုက်​နာကျင့်​သုံးနိုင်​ရင်​​တော့​ကောင်းပါတယ်​။

goodတယ်ဗျာ

Thank you my bro

မှတ်​သားစရာ​တွေချည်းပါပဲ။

လိုက်​နာအပ်​တဲ့ကျင့်​ဝတ်​​လေး​တွေပါ :-)

This post has received a 5.71% upvote from @lovejuice thanks to @zinminhtet. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

မှတ်​သားရပါတယ်​bro။

ပညာ ဗဟုသုတရပါတယ် ကိုမင်းထက်ရေ
ယဉ်ကျေးလိမ္မာဆိုတာလည်း နေရာတိုင်းမှာ စည်းကမ်းနဲ့သတိရှိနေမှဆိုတာ ပိုပြီးသိလာရပါတယ်။thank you.

ကျေးဇူးတင်​ပါတယ်​ ကိုမိုး​ဇော်​​ရေ အမှတ်​တမဲ့​လေး​တွေက စပြီး ဂရုတစိုက်​ပြုပြင်​လိုက်​ရင်​ ယဉ်​​ကျေးလိမ်​မာဖြစ်​ပြီ​ပေါ့ခင်​​ဗျာ

Good post 👍👍👍

ဘာလိုလိုနဲ့ part- 5 ရောက်ပြီပဲ

ဖတ်လို့ကောင်းတယ်အကို ။အားပေးနေတယ်များများရေးကျောင်းတော်ကြီးအတွက်လည်းအထောက်အကူဖြစ်တာပေါ့။အောင်မြင်ပါစေ

တကယ်တန်းအားလုံးသော စည်းကမ်းကျင့်ဝတ်များနဲ့အညီနေထိုင် ကျင့် အားထုတ် ရင်တော့ လေးစားစရာပါ

အမှန်​တကယ်​လိုက်​နာနိုင်​ရင်​​တော့ သိပ်​​ကောင်းတဲ့ကျင့်​ဝတ်​​တွေပါဆရာ

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58440.50
ETH 2618.70
USDT 1.00
SBD 2.39