G4 မှစကားသံများ

in #myanmat6 years ago (edited)

အခု​ရေးသားသည့်​ ​ကြောင်းရာ​လေးများသည်​ ကျွန်ုပ်​တို့ g4 ​လေးအတွင်းမှ အ​ကြောင်းရာ​လေးများအား ဖတ်​၍ဆီ​လျှော်​​ရန်​ ​ရေးသားတင်​ပြခြင်း ဖြစ်​​ပေသည်​။
ကျွန်​​တော်​တို့ g4 ​လေးအတွင်း၌ သိုင်း​လောကသားများစွာရှိ​ပေ၏။
. image
ပထမဆုံး မိတ်​ဆက်​​ပေးချင်​သည့်​ သိုင်းသမားကြီးမှာ master innwa ​(ခေါ်) လီ​ရှောင်​အင်း ဖြစ်​​ပေသည်​။ ဂူးအတွင်း နှစ်​​ပေါင်း၃၀ ကြာ​အောင်​ မိစ္ဆာသိုင်းကျင့်​စင်​အား ကျင့်​လာခဲ့သူတစ်​ဦးဖြစ်​​ပေ၏။ ​တော်​ရုံတန်​ရုံနှင့်​ လီ​ရှောင်​အင်း၏ မူရင်းမျက်​နှာအား မြင်​​တွေ့ရန်​မလွယ်​​ပေ။လီ​ရှောင်​အင်းနှင့်​ တိုက်​ခိုက်​ခဲ့ကြဖူးသူများပင်​ သူ၏မျက်​နှာအား မမြင်​ဖူးကြ​ပေ။အဘယ့်​တွက်​​ကြောင့်​ တိုက်​ခိုက်​သူပင်​ မမြင်​ဖူးရသနည်း။ မျက်​နှာဖုံး စွပ်​၍တိုက်​ခိုက်​၍​လော။မဟုတ်​​ပေ။ရှင်းပြအံ့။
လီ​ရှောင်​အင်းကား မိစ္ဆာသိုင်းကျင့်​စင်​အား ပြီး​မြောက်​​အောင်​မြင်​ထားသူ ဖြစ်​​၍ သူ၏ပြိုင်​ဘက်​များအားတိုက်​ခိုက်​လျှင်​ပင်​ ​နောက်​​ကြော​ပေး၍်​သာ တိုက်​ခိုက်​၏။ ထို့​ကြောင့်​သူနှင့်​တိုက်​ခိုက်​ဖူးကြသူများ လီ​ရှောင်​အင်း၏ မျက်​နှာမမြင်​ဖူးသည်​မှာမဆန်း​ပေ။
သူနှင့်​တိုက်​ခိုက်​ဖူးသူဆိုလျှင်​ g4 အတွင်း၌ များများစားစား မရှိ​ပေ။ လီ​ရှောင်​နှင်း တစ်ဦး​သာလျှင်​ရှိ​ပေသည်​။ လီ​ရှောင်​နှင်းကား မည်​သူနည်း။ ရှင်းပြအံ့။
. image
လီ​ရှောင်နှင်း​​ဆိုသည်​မှာ ကျွန်​​တော်​တို့၏ g4 sl ဖြစ်​သည့်​ @htetwaihin ပင်​တည်း။လီ​ရှောင်​နှင်းကား တခြားသိုင်း​လောကအဖွဲ့စည်းများနှင့်​ မပတ်​သတ်​​ပေ။တစ်​ကိုယ်​​တော်​ လှုပ်​ရှားတတ်​သူတစ်​ဦးပင်​ဖြစ်​​လေသည်​။သိုင်း​လောက၌ လီ​ရှောင်​နှင်းကို နတ်​မျက်​စိဟူ၍လည်း​ခေါ်ကြ​ပေ၏။သူကား အလွန်​လျှို့ဝှက်​စွာ​နေထိုင်​တတ်​သူပင်​။
နတ်​မျက်​စိ လီ​ရှောင်​နှင်း၏ သိုင်းပညာအဆင့်​တန်း မည်​မျှရှိသည်​ကို မည်​သူမျှမသိကြ​ပေ။ လီ​ရှောင်​နှင်း၏ အဓိကအလုပ်​မှာ သတင်း​ရောင်းဝယ်​ချင်းပင်​ဖြစ်​၏။ သိုင်း​လောက၌ အ​ရေးကြီးသတင်းများ လိုအပ်​လျှင်​ လီ​ရှောင်​နှင်း စီ၌သာ​မေးမြန်းဝယ်​ယူရ​ပေသည်​။သတင်း​ပေါ်မူတည်​၍ sbd ဘယ်​၍ဘယ်​မျှ ​ဈေး၊​အ​ရေးကြီးသည့်​သတင်းဆိုလျှင်​ sbd ​ဈေးပို​တောင်းတတ်​သူ လီ​ရှောင်​နှင်း ပင်​။
လီ​ရှောင်​အင်း နှင့်​ လီ​ရှောင်​နှင်း တိုက်​ခိုက်​ခဲ့ကြသည့်​ အ​ကြောင်းရင်းမှာ လီ​​ရှောင်​အင်းမှ​၊ သူ၏ ချစ်​လှစွာ​သောလေဒီ မဖဲဝါ၏ သတင်းအစအန​လေးပင်​ ရလိုရငြား နတ်​မျက်​စိ လီ​ရှောင်​နှင်းထံ သတင်းဝယ်​ယူရာမှ အစပြု​လေ၏။
မိစ္ဆာသိုင်းသမားကြီး လီ​ရှောင်​အင်းမှ"ဒီမယ်​ နတ်​မျက်​စိ မင်းနဲ့ငါဟာ တရပ်​ကွက်​ထဲသား​တွေပါကွာ ဒီသတင်း​လေးနဲ့​တော့ sbd မ​တောင်းသင့်​ပါဘူး" ​ဟု ​ဒေါသသံတို့ပင်​ပါလာ​ပေ၏။ "ဟာ ဖြစ်​မလားဗျ တရပ်​ကွက်​ထဲသား​တွေမကလို့ တစ်​အိမ်​ထဲအတူ​နေ​နေ စီးပွား​ရေး ကစီးပွား​ရေးဘဲ။ကျုပ်​ရှင်းရှင်းဘဲ​ပြောမယ်​ 5sbd ရရင်​​ပြောပြမယ်​၊မရရင်​ လုံးဝမ​ပြောနိုင်​ဘူး ဒါဘဲ" ဤသို့တစ်​ဦးနှင့်​တစ်​ဦး ကက်​ကက်​လန်​ ရန်​​တွေ့​နေကြ​ပေ​တော့သည်​။ ထို့သို့စကားများကြရာမှစတင်​၍ တိုက်​ခိုက်​ရန်​ထိ စိန်​ခေါ်တိုက်​ခိုက်​ခဲ့ကြ​ခြင်းပင်​။ မိစ္ဆာသိုင်းသမားကြီး လီ​ရှောင်းရှင်းကား သူပုံစံအတိုင်​ပင်​ ​နောက်​​ကြော​ပေးလျှက်​သာ တိုက်​ခိုက်​​၍ နတ်​မျက်​စိ လီ​ရှောင်​နှင်းကား ​ယောင်းမကြီး ကိုင်​ဆွဲကာတိုက်​ခိုက်​​လေ၏။နတ်​မျက်​စိခများ ထမင်းချက်​​နေရင်း တိုက်​ခိုက်​​ရ၍ ဖြစ်​​ပေလိမ့်​မည်​။ရှိ​စေ​တော့။
အပြန်​ပြန်​အလှန်​လှန်​ တိုက်​ခိုက်​​နေချိန်​၊ မိစ္ဆာသိုင်းသမားကြီး လီ​ရှောင်​အင်း၏ ပုလင်း​သောက်​ညီအကို ကိုဇာမဏီ(​ခေါ်)လျို​ရှောက်​ဇာ ​ရှောက်​ရှိလာ​ပေ၏။(မှတ်​ချက်​ တချို့က ​သွေး​သောက်​ညီအကိုဖွဲ့ကြ​သော်​လည်း ​သွေး​ရောက်​လျှင်​ညှီသည်
ဟုဆိုကာ ပုလင်း​သောက်​ညီအကို ဖွဲ့ခြင်းဖြစ်​​ပေသည်​။)
. image
စိတ်​ထား​ကောင်းသူပီပီ တစ်​ရပ်​ကွပ်​ထဲသားချင်း​တွေ ပြသနာ အကျယ်​အကျယ်​ မဖြစ်​​စေရန်​ ဝင်​​ရောက်​ပြန်​​ဖြေ​ပေးရှာ​လေသည်​။ သူခများ ဟိုဘက်​​ပြေးဆွဲ၍​သော်​လည်း​ကောင်း၊ဒီဘက်​​ပြေးတား၍​သော်​လည်း​ကောင်း ဆပ်​ပြာသည်​လင်​​ပျောက်​သည့်​ပမာပင်​။ လျို​ရှောက်​ဇာ ၏ ပြန်​​ဖြေမှု​ကြောင့်​ပင်​ နှစ်​ဦးသား ​ပြေလည်​မှုရရှိခဲ့ကြ​ပေ၏။
.အပိုင်း၂ အားဆက်​၍ဖတ်​ရှု​ပေးပါရန်
photo credit:facebook
Msc no 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ

Sort:  

ဟင် သိုင်းလောကမုန်တိုင်းထက်သာတော့မယ် ကိုအောင်ကြိးရေ။

အား​ပေးမြဲပါ

ဟုတ်​ ​ကျေးဇူးပါ ဗျ

တရုပ်သိုင်းကားတွေက ကောင်းတယ်ဗျ ဟဲဟဲ

ဟုတ်​​ အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ ကိုညီ

လူစုံတတ်​စုံပါလားကွယ်

ဟုတ်​တယ်​အမ​ရေ ကျန်​​သေးတယ်​အဲ့တာ​တောင်​ ​နောက်​အပိုင်း​တွေလာအုန်းမယ်​😂

နာကယ်လို့နို့မို့ဆိုနောက်စိယောင်းမစာမိတယ်ဟေဟေး။

ဟုတ်​ပါ့ ကိုဇာသာမကယ်​ရင်​ ဦးအင်း​နောက်​စိ
တော့ မ​တွေးဝံ့စရာ😂

ဒါလည်းအား​​ပေးပါတယ်​ဗျာ

ဟုတ်​​ကျေးဇူးတင်​ပါတယ်​ မြန်​မာကိုကို😄

ချချ အားပေးတယ်

အား​ပေးလို့က​တော့ ချပီ​လေ😂

ပိုစ့်တိုင်းဖတ်ကြည့်မိတယ် တို့  sl ကြီးက သိုင်းကျင့်ရင်ကျင့် မကျင့်ရင် သူငဟ်ထောင်နေတာချည်းပဲ ဟိဟိ

ဟုတ်​တယ်​ ဦးဇင်း​ရေ

တစ်ယောက်တစ်မျိုး ရေးသားကြတာ ကောင်းတယ်ဗျာ SL ကတော့ စရိုက်မျိုးစုံပါပဲ

တော်​​တော်​များများ slကြီးကို အဓိက တည်​​ရေးကြတယ်​😄

နောက်မပတ်လမ်းတလျှောက် တွေ့တဲ့ ဆရာတဦးချင်းလိုက်သင်မယ် ကျွန်တော်ငျော်ဝူးကျိပါ

ဟုတ်​ 😂😂

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 57237.65
ETH 2358.35
USDT 1.00
SBD 2.34