စိတ်ကူးရင်အိမ်မက်တစ်ခု

in #myanmar6 years ago (edited)

အားလုံးကိုမင်္ဂလာပါလို့ကျွန်တော်နှုတ်ခွန်းဆက်သလိုက်ပါတယ်ခဗျာ
အခုကျွန်တော်ရေးသားပြချင်မိတယ့်အကြောင်းအရာအကြောင်းကတော့
ကျွန်တော်ဟာ စိတ်ကူးရင်တက်သူတစ်ယောက်ဖြစ်တဲ့အတွက်လဲကျွန်တော်
အခု စိတ်ကူးရင်မိတဲ့ အကြောင်းအရာတစ်ခုကို အားလုံးကို ဖော်ပြချင်တယ်ဗျာ

*ကျွန်တော်မနေ့ကညက တော်တော်နဲ့ အိပ်လို့မရတာနဲ့ဖုန်းကိုဖွင့်ပြီး
လိုင်းပေါ်တက်ကြည့်တယ်ဗျာ ကံကမကောင်းတော့ အင်တာနက် ဝယ်ထား
တာကလဲ မရှိတော့ဘူးဗျားဖုန်းဘေးစစ်ကြည့်တော့လဲ ၀ ကျပ်ဘဲရှိတော့
ကြိုသုံးငွေ ချီးမယ်ဆိုပြီး 125#ကို နိပ်ပြီး ချီးတော့လဲ အရင်က ချီးငွေ
မဆပ်ရသေးလို့မရသေးပါတဲ့ဗျာ ဟီးးးး
အပြင်ထွက်ဝယ်ရအောင်းလဲ ဆိုင်တွေက ပိတ်နေပြီလေ ဒါနဲ့ဘဲ
ကျွန်တော် ဖုန်းကို ပိတ်ပြီး မိန်းမနဲ့ြေ့ပာစရာရှိတာပြောပြီး ? ဟီးးးး

ကျွန်တော် စိတ်ကူးရင်ပြီး အိပ်ပျော်သွားတာပေါ့ဗျာ အိမ်မက်ထဲမှာ ပေါ့
အော်ဒါနဲ့ကျွန်တော် စိတ်ကူးရင်ပြီးအိပ်တယ်ဆိုလို ကျွန်တော်ရဲ့ စိတ်ကူး
ရင်တာကတော့ ကျွန်တော်ဟာ အရမ်းကို ပြည့်ဆုံပြီး လိုတရတဲ့ လူတစ်ယောက်
အဖြစ်သို့ ရောက်ရှိနေတယ်လို့စိတ်ကူးရင်ပြီး အိပ်ပျော်သွားတာဗျ ကဲအိမ်မက်
လေးကို စပြောပြမယ်နော် အိမ်မက်ထဲမှာ ကျွန်တော်ဟာ အရမ်းကို ပြီးပြည်စုံတဲ့
သဌေးကြီးတစ်ယောက်ပေါ့ဗျာ ကျွန်တော်မှာပြီးတော့ အရမ်းကိုချစ်ဖို့ ကောင်းတဲ့
ခင်ဝင့်ဝါနဲ့ခက်စင်စင် မိန်မတစ်ယောက်ကလည်း အိမ်မက်ထဲမှာ ဇနီးမယား
အဖြစ်ကျွန်တော်နဲ့ ပေါ့င်းဖက်နေတယ်ပေါ့ဗျာ ဟီးးး လက်ရှိမိန်းမတော့
အိမ်မက်ထဲမှာ မပါဘူးဗျ ဟီးးး
ကျွန်တော်တို့ နှစ်ယောက်ဟာ အလွန်ကို အောင်မြင်တဲ့ စီးပွားရေးသမားတွေ
ဖြစ်တာနဲ့အညီ သူကသူစီးပွားရေးလုပ် ကိုယ်က ကိုယ့်စီပွားရေးလုပ်ပေါ့ဗျာ
အရာရာပြည့်ဆုံနေပေမယ့် ကျွန်တော်နှစ်ယောက်ဟာ သားသမီးမရတဲ့အတွက်
နည်းအမျိုးမျိုးနဲ့ သားသမီးရအောင်ကြိုးစားနေရတယ်ဗျာ သူကလဲကလေး
တွေကို အရမ်းချစ်တက်တယ် ကျွန်တော်ကလဲ ကလေးတွေကို ချစ်တက်ကြတယ်
အတွက် ကျွန်တော်တို့နှစ်ယောက်ဟာ * တူနိုင်မဲ့ မေတ္တာ * အမည်နဲ့
မိဘမဲ့ ဂေဟာ တစ်ခုကို နှစ်ယောက်သား လက်တွဲညီညီ စိတ်ကူးတူစွာ
ဖွင့်လစ် လျှူတန်းထားနိုင်တာပေါ့ဗျာ ဒါအပြင် အလုပ်နားရက်တွေဆိုရင်လည်း
ကျွန်တော်တို့နှစ်ယောက်ဟာ ကလေးရရှိရန် ဝိုင်းဝန်းအကြံပေကြသည့်
ပတ်ဝန်ကျင်က လူတွေရဲ့ အဆက်အသွယ်နဲ့သူတို့ တွေ့ညွန်းတဲ့နေရာတွေကို
သွားရောက်ပြီး ကလေးရရန်ကြိုးစားပြီးနောက် မိဘမဲ့ ဂေဟာများ ရှိရာသို
သွားရောက်လျှူတန်းနေကြဖြစ်သည်ပေါ့ဗျာ။ ဒီလိုနဲ့တစ်နေ့ သောအခါ
ကျွန်တော် လုပ်ငန်းခွင် ဝင်နေတဲ့အချိန် ကျွန်တော်ရဲ့ချစ်ဇနီုးကလဲ
သူလုပ်ငန်းမှာ အလုပ်ဝင်နေတဲ့အချိန်မှာ ကျွန်တော်မိန်းမမှာ
မူးလဲလိုဆို့ြ့ပြီးကျွန်တော်ဆီကို သူ့ရဲ့အလုပ်စာရေးတစ်ယောက်က
ဖုန်းဆက်ပြီး ဆေးရုံသို့ အမြန်လိုက်ခဲ့ပါဆိုလို ကျွန်တော်လဲ
အလျှင်အမြန်ဆေးရုံသို့လိုက်သွားခဲ့ရပါတယ်ခဗျာ။
ကျွန်တော်ဆေးရုံးရောက်တော့ သူ့ရဲ့အလုပ်ဝန်ထမ်းကောင်းမလေးတစ်ယောက်
က သူကိုပြုစုနေပြီးကျွန်တော်ရောက်မှ သူ့ရဲ့သူဌေးကို နုတ်ဆက်ပြီး
အလုပ်သို့ြ့ပြန်လည်ထွက်ခွာသွားပြီး ကျွန်တော်ကဘဲ မိန်းမကို
အကျိုးအကြောင်းမေးကြည့်ပြီး ဒေါက်တာက ဘာပြောလဲမေးတော့ ?
ကျွန်တော်ချစ်ဇနီးလေးက ကျွန်တော်ကို အရင်ဆုံးပွေ့ဖက်ပြီး
အရမ်းကို ဝမ်းသားလိုက်တာ မောင်ရယ်တဲ့
ကျွန်တော်အံ့သြသွားရပြီး ဘာဖြစ်လို့အရမ်းကိုဝမ်းသာနေတာလဲအကြောင်းကို
မေးကြည့်တော့မှဘဲ ..

  • ဒုန်း..ညောင်.ညောင်..*
    အိမ်ကမွေးထားတဲ့ ကြောင်မတစ်ကောင်ရဲ့ မသံပေးပြီးကြောင်ထီးကို
    လှမ်းပြီးခ်ါနေတဲ့ အသံထင်တယ်ဗျာ အိမ်ခေါင်မိုးပေါ်ကနေ့ အော်သံကြောင့်
    ကျွန်တော် လန့့်နိုးခဲ့ရတယ်ဗျာ ..အားလုံးကိုတောင်ပန်ပါတယ်ဗျာ
    ကျွန်တော်အိမ်မက်က တိုးလို့ တန်းလန်းကြီးနဲ့ လန့်နိုးသွားခဲ့ရလို့ 
    ကျွန်တော်ရဲ့ အိမ်မက်ထဲက ဇနီးမယားက ကျွန်တော်ကိုဝမ်းသာစရာ
    ပြောမှာဆိုတဲ့စကားက ဘယ်လို စကားမျိုးဖြစ်နေမလဲမသိတော့ပါဘူဗျာ အားလုံးရဲ့အထင်ကို ပြောကြည့်ပေးကြခဲ့ပါလားဗျာ။
    ကျွန်တော်ရဲ့အိမ်မက်ကတော့ ဒီလောက်ပါဘဲဗျာ အားလုံးကို
    ကျေးဇူုးတင်ပါတယ်ခဗျာ ကျွန်တော် zawzawhtwe
    @zzawzawhtwe
    MSC.161IMG_20180405_221020.jpg
Sort:  

အိပ်မက်ထဲကျ
မိန်းမကိုမမက်ဘူးပေါ့😁😁
စာလေးတွေနည်းထပ်တာတွေ သတ်ပုံလွဲလေးတွေရှိတယ် ပြင်လိုက်အုံးနော် ကိုဇော်ထွေးရေ

ဟုတ်ကဲ့ပါ ကိုမိုး ကျေးဇူးပါဗျာ

အိပ်မက်ထဲကအတိုင်း ဖြစ်အောင် လုပ်တော့မယ်ပေါ့လေ ... ကြောင်ကိုတော့ အရင်ရှင်းထုတ်ထားဦးနော်

ဟုတ်တယ်ဗျာ ကိုစော ရေ

အဲ့လို အိမ်မက်မျိုးတွေ မက်ဖူးချင်တယ်😁😁😁

မက်စေဗျာ

အိပ်မက်ထဲက အိပ်မက်တွေ တကယ်ဖြစ်လာရင်.....

အရမ်းကို ပျော်ရွင်စရာ ကောင်းမှာဗျ

အိပ်မက်ကလည်း ကောင်းတာ... ကျွန်တော်လည်း အာ့မျိုးမက်အောင်လုပ်အုံမှ :D ဟိဟိ .. စာတော့နည်းတယ်နော်အကို

မက်ပါစေလို့ ဆုတောင်းပေးလိုက်မယ်နော်

ကြောင်ကွာ ကောင်းခန်းရောက်နေမှ ဝင်ရှုပ်သွားတယ်😁😁😁

ဟုတ်ပ ကိုထွေးရေ

ဆင်​ဆာဖျက်​လိုက်​တယ်​နဲ့တူတာ ​ကြောင်​က

ဟီးး ဟုတ်တယ်ထင်တယ်ဗျ

အဟီးး မနေ့ကတည်းက ဘုတ်ပေးပြီးတော့ ကွန်မန့်ရေးဖို့ မေ့သွားတယ် ဆောရီးပါဗျာ😁😁😁

ရပါတယ် ကိုလင်းရေ ကျေးဇူးပါဗျို့

ကောင်းခန်းရောက်မှမီးပျက်သလိုဖြစ်နေပြီ😂

မြန်မာနိုင်ငံက မီးကတော့ မပြောတော့ပါဘူးဗျာ
အားလုံးသိနေတာဘဲ ဟီးးးး

ကောင်းခန်းရောက်ခာမှ ကွား
ကြောင်ကဝင်ရှုပ်တယ် 😂

ဟုတ်ပဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 60632.49
ETH 2366.53
USDT 1.00
SBD 2.56