ကျွန်တော်ရဲ့ ရည်းစား စာလေး(ဒုတိယပိုင်း)ဇာတ်သိမ်း

in #myanmar7 years ago (edited)

ကျွန်တော်ရဲ့ ရည်းစား စာလေး
https://steemit.com/myanmar/@zzawzawhtwe/etynetayaundefined-yanysa-sundefinedl-5fc6e10284b7f
ပထမ ပိုင်းကို ပြန်လည်ဖတ်ကြည့်ရှုချင်သူများအတွတ်
ကျွန်တော်လဲ အိမ်ရောက်မှပဲ ကိုယ်ကိုယ်ကို အာမလိုအားမရ
ဖြစ်နေတာပေါ့ ။ ငါတော်တော် ညံ့လှတယ်ပေါ့ဗျာ ကျွန်တော်လဲ
ဘယ်လိုပြောရမလဲဆိုတော့ တစ်ခါမှလဲ မိန်းကလေးတစ်ယောက်ကို
အခုလို မချစ်ဘူးတာကြောင့် အတွေ့အကြုံလဲ သိပ်မရှိတော့
အခုလိုမျိုး မိန်းကလေးတွေနဲ့ ပတ်သက်လာတဲ့ အခါမှာကျွန်တော်
ဖက်က အခုလို ညံ့ဖျင်းနေတာပေါ့ဗျာ။ ဘာပဲပြောပြော ကျွန်တော်
ဒီနေ့ အရမ်းကိုပျော်မိတာတော့ အမှန်ပါပဲ သူကျွန်တော်ကို
စိတ်ဆိုးတဲ့ ပုံစံမဟုတ်ပဲ ကျွန်တော်ရဲ့ စာကို လက်ခံသွားတဲ့အတွက်
ကျွန်တော်က ကံကောင်းတယ်လို့ ဆိုရမယ်လေ ဘာဖြစ်လို့လဲဆိုတော့
သူ့ကို စိက်ဝင်စားနေတဲ့ ကျောင်းသားတွေ့ ထဲမှာ ကျွန်တော်က
သူငယ်ချင်း အေးဝင်းရဲ့ အကူအညီကြောင့် သူကို
ကျွန်တော်ရဲ့ ရည်းစား စာ ပေးခဲ့ရတဲ့ အတွက်ပေါ့ဗျာ။
ဒီလိုနဲ နောက်နေရောက်တော့ ကျွန်တော် သူကို အမြဲတမ်း
သူရှိတတ်တဲ့ နေရာတွေမှာကျွန်တော်အမြဲတမ်းရှိတယ်ပေါ့ဗျာ။
ကျောင်းသွား ကျောင်းပြန် သူရဲ့နောက်မှာ အမြဲတမ်းလိုလို
ကျွန်တော်လိုက်ပါနေတာပေါ့ သူကတော့ သိတယ်လေ
ကျွန်တော်ကလဲ ဘားမှမပြောဘဲ နေစဉ်နေတိုင်အခုလို နောက်ကလိုက်ပြီး ဘားမှမပြောပဲနေလာတာ အခုဆို
စာမေးပွဲတောင်နီးလာပြီလေ။ ကျွန်တော်လဲ ကိုယ်ကိုယ်ကိုယ့်ဘဲ
အပြစ်တင်နေမိတာ နေတိုင်လိုလိုပါပဲ။ဘာဖြစ်လို့လဲဆိုတော့
ကျွန်တော် သူမရဲ့နောက်ကို နေစဉ်နေတိုင်းအရိပ်လို့ 
ရှိနေပေမယ့် ကျွန်တော် နှုတ်က ဘာစကားမှ သူ့ရှေရောက်ရင်
မပြောခဲ့ရလို့ ပေါ့ဗျာ။ ကျွန်တော်က အမြဲတမ်း ငါဒီနေ့တော့
ငါ့ရဲ့ ရည်းစားစာအတွက် imageသူကို တောင်းပန်ရင်းနဲ့  အဖြေတောင်းမယ်ဆို့ ပြီး ကျွန်တော် အားခဲလာလိုက် သူ့နားရောက်ရင်
စကားမပြောရဲတာနဲ့ပဲ အခုဆို စာမေးပွဲနီးလာလို့  ကျွန်တော်ဆုံးဖြစ်ချက် တစ်ခုချထားလိုက်တယ်ဗျာ ။
ကျွန်တော် သူမကို စာမေးပွဲ နောက်ဆုံးနေတွင် ကျွန်တော်ရဲ့
ရည်းစား စာပေးထားတာကို တောင်ပန်ရင်းနဲ အဖြေကိုရအောင်
တောင်းမယ်လို့ တွေးထားပြီး သူမရဲ့နောက်ကို အမြဲတမ်းပဲ
အရိပ်လို လိုက်မြဲလိုက်နေတာပေါ့ဗျာ။။တစ်နေတော့ ကျွန်တော်
အတွက်မထင်ထားတဲ့ ဖြစ်ရက်တစ်ခုက ကျွန်တော်ဆီကို ရောက်ရှိ
လာပါတော့တယ်ဗျာ။အကြောင်းက......
ထုံးစံအတိုင်းပေါ့ဗျာ ကျွန်တော်က သူမရဲနောက်က မသိမသာ
လိုက်မြဲတိုင်းလိုက်လာနေတာ ဒီနေကြမှ သူက အိမ်ရောက်ခံနီး
အနည်းငယ်အလိုမှာ သူမ ရက်လိုက်ပြီး။ကျွန်တော်ဘက်ကို
လှည့်ပြီး။....
**ဒီမှာ ကို ဇော်မင်းထွန်း ရှင် ကျွန်မနောက်ကို လိုက်နေတာ
တော်တော်ကြာနေပြီ ရှင်ကျွန်မကို ဘားမှမပြောပဲလိုက်လိုက်နေတာ
ရှင်းရဲ့ ရည်းစားစာ ပေးပြီး နောက်နေထဲက အခုချိန်ထိ ကျွန်မနောက်
ရှင်လိုက်လိုက်နေတာ ဘာကြောင့်လဲ ကျွန်မ သိချင်တယ် **
ကျွန်တော် အလွန်အံ့ဩမိတယ်ဗျာ ပျော်လဲပျော်တယ် မထင်မှတ်ဘဲ
သူဘက်က အရင်အခုလို စကား စပြောလာတော့ ကျွန်တော်လဲ
ကြောက်ရွံ့တာတွေ နဲနဲပျောက်ပြီး သူကို စကားပြန်ပြောမိတယ်လေ။
**ဟုက်တယ် ခိုင်လွန်ဦး တို့ မင်းနောက်ကို လိုက်နေတာ
တို့ပေးထားတဲ့ ရည်းစား စာကို နင်က အမိန့်ပေးသလို့  ဖြစ်နေတယ်လို့
ထင်နေတာကို တို့ကို အေးဝင်းပြောပြထဲက မဟုတ်ဘူးဆိုတာ
ပြောချင်လို လိုက်နေတာပါ **
**ရှင်က ယေက်ျားလေးဖြစ်ပြီး ဘာမှ မပြောတော့ ကျွန်မကအခု
ပြောနေရတာ **
သူမရဲ့ စိက်မရှည်တော့တဲ့ အမူအရာနဲ့ ကျွန်တော်ပြောနေတာလေးက
တော်တော်ချစ်ဖို့ ကောင်းစရာလေး။
ကဲ့ အခုတော့ မကြောက်တော့ဘူး တို့မင်းကို တောင်းပန်ရင်းနဲ့
ဖွင့်ပြောပြီး အဖြေ တောင်တော့မယ်နော်

ကျွန်တော် အခုလိုပြောလိုက်တော့ သူက
တောင်းပန်ဒါတော့ ဟုတ်ပါပြီ ဖွင့်ပြောပြီး အဖြေတောင်းမယ်
ဆိုတာက ဘာလဲ

သူ ကျွန်တော်ကို အံ့ဩံတဲ့ ပုံနဲ့  ကျွန်တော်ပြန်မေးတယ်။
တို့ မင်းကိုပေးထားတဲ့ စာထဲမှာ ပါတယ်လေ
နောက်မှ တို့ ကိုယ်တိုင် ဖွင့်ပြောရင်းနဲ အဖြေကို တခါတည်း
တောင်းမယ်လို ရေးထားတယ်လေ

ကျွန်တော်အခုလို ပြောလိုက်တော့ သူက ဘာမှမပြော
ညိမ်နေသည် ကျွန်တော်လဲ အခွင့်အရေးရတုန်းလေ တခါထဲ ။
တို့  မင်းကို တောင်းပန်ပါတယ်နော် တို့ ရဲ့စာက မင်းကို
အမိန့်ပေးသလို ဖြစ်သွားရင် မင်းတို့ ကို ခွင့်လွတ်ပေးပါနော်

သူမက ကျွန်တော်ကို ကြည့်ပြီး ပြန်ပြောတယ်။
ရှင်း ရည်းစား စာကောင်းကောင်း မရေးတတ်ဘူးလား
တို့ ရဲ့ ပထမဆုံးရည်းစား စာပါ အရင်က ရေးမှမရေးဘူးတာ
ထားပါတော့ ပြီးရော ကျွန်မ ပြန်တော့မယ်
သူမက ပြောပြီး ပြန်တော့မယ်ဆိုတော့ ကျွန်တော် သူမရဲ့
လက်ကို လှမ်းဆွဲပြီး ။
ခဏနေပါအုံး ခိုင်လွင်ဦး တို့ မင်းကို ချစ်တယ် လို့ ဖွင့်ပြောပြီးမှ
အဖြေကို တခါတည်း တောင်းမလိုပါ ခဏလောက်နေပါအုံးနော်

ခိုင်လွင်ဦးက ရီပြီးကျွန်တော်ကို ပြန်ပြောတယ်။
ကျွန်မ ခိုင်လွန်ဦးက ကို ဇော်မင်းထွန်းရဲ စာကိုဖတ်ပြီးတဲ့
နေထဲက ချစ်မိနေပါကြောင်း ကိုဇော်မင်းထွန်းက အဖြေမတောင်းလို့ 
ကျွန်မ ခိုင်လွန်ဦးက အဖြေ မပေးရသေးတာပါ ရှင်

သူမသည် ခုလိုပြောပြီးထွက်ခွားသွားပါတယ်ဗျာ။။။။Zawzawhtwe
@zzawzawhtwe
MSC-161

Sort:  

မန့်ခဲ့ပါသည်ပေါ့..

RSM code-7 ပါ အသေမှတ်ထားပေးပါ မှားနေတယ် အစ်ကို
@mghan

Bro ရဲ့ code က7 ပါ​နော်​မှတ်​ထား​ပေးပါ

aww အဲ့သလို

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.029
BTC 68245.80
ETH 2509.65
USDT 1.00
SBD 2.52