အကြွေး ယူခြင်းရဲ့ အကျိုး

in #myanmar6 years ago (edited)

နိဒါန်း
အားလုံးမင်္ဂလာပါ ခဗျာ ကျွန်တော်မောင်ဇော်ဇော်ထွေးမှ
MSC အဖွဲ့1ရဲ့ pro နေပြန်ရောက်တော့မယ့်ဆိုတော့
အဖွဲ့အတွက် တာဝန်တစ်ခုလို့ ဖြစ်တဲ့ ပိုစ့်တစ်ခုမဖြစ်မနေ
တင်ကြရမည့်နေဆို့ တော့ ကျွန်တော်အပါအဝင် အဖွဲ့ဝင်ဖြစ်တဲ့
ညီကိုတွေ အားလုံးဟာ ကိုယ့်တာဝန်အရ အဖွဲ့ သားအားလုံးကို
တစ်ပါက်နှင့်တစ်ပါတ် မတူညီကြတဲ့ ရသအမျိုးမျိုးနဲ့ အဖွဲ့ ရဲ့ 
ပေးအပ်ထားတဲ့ တာဝန်အရ ကိုယ်ပိုင်အတွေးကိုယ်ပိုင်အရေး
အသားများသာ တင်ကြရမည့် ကောင်းမွန်သော စည်းကမ်းချက်နဲ့ အညီ အားလုံးဟာ တက်ညီလက်ညီ
လုပ်ဆောင်ရမည့် ဖြစ်ပါသဖြင့် ကျွန်တော်သည်လဲ
အခု အဖွဲ့ သားအားလုံးနည်းတူ ကိုယ့်ရဲ့ တာဝန်ကိုစည်းကမ်း
နဲ့ အညီ ထမ်းဆောင်ရန်အတွက် * အကြွေး ယူခြင်းရဲ့ အကျိုးး * လို့ ကျွန်တော် ခေါင်းစင်ပေးထားတဲ့ စားသားနဲ့ အညီ
ကျွန်တော်ရဲ့ အတွေး ကျွန်တော်ရဲ့ အမြင်နဲ့ ရေးသားပြပါမယ်
လို့ ပြောရင်းကျွန်တော် မောင်ဇော်ဇော်ထွေးမှနိဒါန်းပြုလိုက်ပါတယ်ခဗျာ
image
Photo facebook credit
အားလုံးကျွန်တော်ရဲ့ အတွေးအမြင်နဲ့ 
ရေးသားပြသမှာ ဖြစ်တဲ့အတွက် အမှားပါခဲ့ရင်လည်း
ခွင့်လွတ်ပေးကြပါခဗျာ လိုအပ်တဲ့ နေရာလေးများတွေ့ ရှိ့ခဲကြ
ရင်လည်း ကျွန်တော်ကို ညီကိုများက သင်ကြားပြသပေးကြပါဗျာ ။

  • အကြွေးယူခြင်းရဲ့ အကြိုး **

    ကျွန်တော်တစ်ခု မေးကြည့်ချင်တယ်ဗျာ
    လူတွေက ဘာဖြစ်လို အကြွေးရောင်တယ်ဆို တဲ့
    အသံကြားရင် စိတ်ဝင်စားပြီး သွားရောက်ယူကြတာလဲဗျ ?
    နောက်တစ်ခုက ကိုယ့်မှာ မရှိတာလဲ မဟုတ်
    အကြွေးပေးတဲ့လူရှိရင် ယူကြတဲ့ လူတွေကလည်း ရှိသေးဗျ

တစ်ချို့က အခုလို တောင်ပြောလိုက်သေးတယ်
** အကြွေးရှိမှ လူရာဝင်တာတဲ့ **
ကျွန်တော်အမြင်တော့ အဲလိုလူတွေဟာ အလွယ်ရလို
အလွယ်လိုက်တယ်လို့ ထင်တယ်ဗျာ နောက်ပြီးဘယ်တော့
မှ တိုးတက်အောင်မြင်မဲ့သူလို့ လဲမမြင်ဘူး ကျွန်တော်အထင်နဲ့
အမြင်ပါ တစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ခြင်းရေးသားထားတာ မဟုတ်တဲ့အတွက်
တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပေးကြပါဗျာနော်
ကျွန်တော်နောက်ပြီးထက်မေးချင်တာက အကြွေးယူတာက
ပတ်ဆံမပေးရဘူးများ မှတ်နေကြလား မသိဘာဘူးဗျာ
** ဟဲ့ ညီမလေးရေ လာကြည့်လိုက် အဝတ်အစားလေးတွေ
ဒီလ အရမ်းလှတယ် ဒီဇိုင်းလေးတွေးကလည်း အသစ်တွေ
ပါတယ် လာကြည်ညီမလာလာ နောက်လကုန်မှပေးရမှာပါ
ပတ်ဆံက **
ဈေးသယ်က အပြောကောင်တာက တစ်မျိုးနောက်ပြီးပတ်ဆံကလည်း နောက်လကုန်မှ ပေးရမယ်ဆို့ တော့ ဘာပြောကောင်းမလဲဗျာ လူတွေအလုအရပ်ကို
ဝယ်နေကြတာ အဲ့ထဲမှာ အဆိုးဆုံးက ကျွန်တော်မိန်းမ
အဆိုးဆုံးပေါ့ဗျာ ကျွန်တော်က အကြွေးကို ဘယ်တော့မှ
မယူနဲ့ လို့ ပြောထားတယ်ဗျာ ဒါပင်မဲ့ သူကအကြွေးယူတာ
ဝါသနာကို ပါတာ တစ်လတစ်လ ဟိုနေရာနည်းနည်း ဒီနေရာနည်းနည်း ပွနေတာဘဲ ဒါတောင်ကျွန်တော်မသိလိုက်တဲ့ သူယူထားတဲ့ အကြွေးက
ရှိသေးတယ်ဗျာ အကြောင်းက ဒီလိုဗျ
မနေ့ က ကျွန်တော်အလုပ်နားလို့ သူငယ်ချင်းတွေနဲ့ 
ဘိလိယက်ထိုးဖို့  ဆိုင်ကိုရောက်တော့ သူရဲ့အကြွေးရှင်နဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ 
တွေ့ တော့တာဘဲ ကျွန်တော်စိတ်ထဲမှာ တော်
တော်ကို ခံရခက်သွားတာဗျာ နောက်ပြီး
သူငယ်ချင်းတွေကလည်းပါတော့ ကျွန်တော်ကို
ဝိုင်းပြီး လောင်ခံရတာပေါ့ဗျာ
** ဟေ့ မောင်ဇော်ဇော်ထွေးရေ မင်းမိန်းမ
အဒေါ်စီက ဝယ်ထားတဲ့ ပါတိတ်ဖိုး8000
ပေးဖို့ မေ့နေလား မသိဘူး မင်းသတိပေးလိုက်ပါနော်**
ကျွန်တော် တော်တော် ဒေါသဖြစ်သွားတာဗျာ
ကြည်လေ သူယူတဲ့ အကြွေးပေးရမှာတောင်မေ့နေတယ်
မေ့မှာပေါ့ လူတိုင်းကို လိုက်ယူထားတာလေ သူစာရင်းသူ
မေ့နေတာလေ ဗျာ။အဲ့လောက်တောင်ဗျာ ဒါကြောင့် ကျွန်တော်ပြောချင်တာက ** အကြွေုးယူခြင်းရဲ့အကျိုး **က
ဘာကြောင်လဲ လူတစ်ယောက်ရဲ့ အားနည်းချက်လို့ ကျွန်တော်
မိန်မကို နှိုင်းယှဉ်ပြီး ရေးသားပြလိုက်ပါတယ်ဗျာ ဟီးး ကျွန်တော်မိန်းမ အတင်းကို လာပြောသလိုဖြစ်နေလားမသိ
တိုင်မပြောကြနဲ့ နော် ဟီးးး ကျွန်တော်ရေးရင်နဲ့ 
ကျွန်တော်မိန်းမ အကြောင်းကို ရေးသလို ဖြစ်သွားတယ်ဗျာ ။
ကျွန်တော် ပြောချင်တာကတော့ အကြွေးကို
အတက်နိုင်ဆုံး ကင်းအောင်နေနိုင်ရင် အကောင်းဆုံးလို့ ကျွန်တော်ပြောချင်တာပါ
အကြွေးဆိုတာ ခုမပေးရလည်း အချိန်တန်ရင်
ပေမှာပဲလေ အချိန်တန်လို့ မပေးနိုင်ရင်
ဘာဖြစ်မလဲ ခင်မင်မှုတွေ ပြတ်လာမယ်
နောက်ပြီး စိတ်ဖိစီးမှုလည်း။ခံစားနေရမယ်လို
ကျွန်တော်ထင်မိတယ်ဗျာ ။အားလုံးအကြွေးယူ
ခြင်းမှ ကင်းဝေးကြပါစေဗျာ။
အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်
zawzawhtwe
image
@zzawzawhtwe
MSC-161

Sort:  

အ​ကြွေးဆိုရင်​ကြားကိုမကြားချင်​တာ ​ပေးထားအ​ကြွေး အခုထိပြန်​မ​သေးဘူး တစ်​မူးတစ်​ပဲတစ်​ကျပ်​ပဲဖစ်​ဖြစ်​ ရစရာရှိရင်​ လိုချင်​ကြတာပဲ ကိုယ်​​တွေသာ သူများဆီက အ​ကြွေးယူထားမိရင်​ စားမဝင်​ အိပ်​လို့ကိုမ​ပျော်​တာဗျာ

အတူတူပါဘဲ အကိုရေ

အစ်ကိုရေ စစချင်းအပိုဒ်မှာ pro က bro ဖြစ်နေတယ်ပြင်လိုက်ပါဦး ကျွန်တော်တို့ကတော့ အကြွေးကိုအကင်းဆုံးဖြစ်အောင်နေတယ် မရှိရင်ဖြစ်သလိုဘဲစားတယ် အကြွေးကတော့မယူရအောင်လုပ်တယ်ဗျာ

ကျေးဇူး ပါအကို ကျွန်တော်အခု
ပြင်လိုက်ပါမယ်

ကိုဇော်ဇော်ထွေးရဲ့ post ဆိုလိုရင်း စေတနာလေးက
ကောင်းပါတယ်။ နိဒါန်းကတော့ နည်းနည်း လွဲနေသလားလို့ပါ။
Pro တင်ခြင်းကိစ္စမှာ MSC မှ တာဝန်ပေးထားခြင်း မဟုတ်ဘဲ
အကူအညီပေးနေခြင်းသာ ဖြစ်ပါတယ်။ နောက်ပြီး
အခြားနေရာမှ ပုံတွေကို ယူသုံးလျှင်လည်း ဘယ်က ယူသုံးတယ်
ဆိုတာရယ်၊ Credit သုံးဖို့ရယ်နှင့် ပုံပိုင်ရှင် အမည်တပ်ထားသည်
ရှိသော် ဖျက်မတင်ဖို့ရယ်နှင့် ဖြစ်နိုင်လျှင် အမည် sign ပါသော
ပုံများကို ကူးယူတင်ခြင်း ရှောင်ကြဉ်စေချင်ကြောင်း
MSC admin တွေရဲ့ စည်းကမ်းချက်တွေထဲမှာ ပါသလားလို့
သတိပေးမိပါတယ်ဗျို့။

ဟုတ်ကဲ့ပါ အကိုလေး ကျွန်တော်က အလုပ်တစ်ခုလို
သဘောထားပြီး အခုလိုတာဝန်တစ်ခုရေးလိုက်တာပါဗျာ
ပုံ ကတော့ Facebook ကနေ ကျွန်တော်ရှာထားတာပါအကို ပုံကို မပြင်ပါဘူးအကိုရေ ကျွန်တော် ယူထဲက
အတိုင်းဘဲ တင်ထားမိတာပါဗျာ
ကျေးဇူးပါအကို အခုလို အမှားကို
ပြောပြပေလို့ 

ပိုလှအောင် ပြင်ပေးလိုက်ပေါ့

မပြင်တတ်ဘူးဗျ

အကြွေးကတော့ ကင်းအောင်နေနိုင်တာ အကောင်းဆုံးပါဗျာ ကြွေးရှိရင် ပူရတယ်လေ။

ကျွန်တော် ယူဆချက်ကလည်
ကိုထွေးပြောသလို ပါဘဲဗျာ

အကြွေးကတော့မတင်လေကောင်းလေပါပဲဗျာ
ဒါပေမယ့်လို့အကြွေးထူတဲ့သူကအသက်ပိုရှည်တယ်ဆိုပဲ မေတ္တာပို့ပေးတဲ့သူများလို့တဲ့😂😂

ဟုတ်လားဗျ

အကြွေးက မရှိလေကောင်းလေပါပဲဗျာ
ဒါပေမယ့် မြန်မာတွေပြောဆိုကျင့်ကြံနေကြတဲ့စကားတစ်ခွန်းကလည်းရှိနေပြီးလက်မလွှတ်ကြသေးဘူးဗျာ။
ဟိုစကားလေဗျာ.. အကြွေးဆို ဆင်တောင် သက်စေ့ဝယ်လွှတ်မယ် ဆိုလား 😁😁😁

စာလုံးပေါင်းသတ်ပုံလေးတွေ ပြန်ပြန်စစ်ပေးအုံးနော် ကိုဇော်ထွေးရေ နှိုင်းရှင် နဲ့ နှိုင်းယှဉ်နဲ့. အဲ့ဒါမျိုးလေးတွေပေါ့

ဟုတ်ကဲ့ ကိုမိုးရေ
ပြင်လိုက်ပါမယ်ဗျို့

ဟားးးးး ဟုတ်တယ် ကိုမိုးရေ

အေ​ကြွးဆိုတာ နွံလိုပဲ ရုန်း​လေနစ်​​လေဗျ

အကြွေးကင်းနိုင်အောင် အလုပ်တွေအများကြီးလုပ်နေတယ် broရေ

ကြိုးစားပါဗျာအောင်မြင်ပါစေ

ကြွေးယူပြုံးပြုံး တောင်းတော့မုန်း
အဆုံးရန်ကြွင်း၏ တဲ့

အမှန်တကယ်ပေါ့ဗျာ

အကြွေးကတော့ မရှိလေကောင်းလေပါပဲဗျာ။ ကျွန်တော်ကတော့ အကြွေးတွေနဲ့ ဝိုင်းဝိုင်းလည်နေတယ်။

ဟုတ်လားဗျ ကျွန်တော်ဆုတောင်းပေးလိုက်မယ်ဗျာ
အမြန်ဆုံး အကြွေးတွေ
ကျေပါစေဗျာ

ကျေးဇူးတင်ပါတယ်အကို

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.029
BTC 66703.61
ETH 3518.80
USDT 1.00
SBD 2.68