ငါဆိုတာက… နင်ပျော်နေရင်ပြီးပြီ

in #myanmar6 years ago (edited)

ငါလည်းပုံမှန်ဘ၀ကိုဖြတ်သန်းနေဆဲ ...
ရန်ကုန်ဆိုတဲ့အသားကျပြီးသားမြို့လေးမှာတောင်နေရာစုံအောင်မရောက်ဖူးတဲ့ငါ..
နင်ရှိနေတယ်ဆိုတဲ့မြို့လေးကိုရောက်ခဲ့ဖူးတယ်ဆိုတဲ့အသိလေးနဲ့တင် ဖြေသိမ့်နိုင်နေပြီ…
facebook ပေါ်မှာနံမည်တူတာလေးများတွေ့ရင်အသည်းအသန်ဝင်ကြည့်မိတုန်းပဲ…
ရန်ကုန်မိုးတွေသည်းလာတဲ့အခါ ငါနင့်ဆီပြေးလာချင်တယ်..

ငါတို့သေတဲ့အထိ မမေ့ကြကြေးလို့အသံတိတ်ကတိတွေပေးခဲ့ဖူးတယ်..
ဘယ်တော့မှကုသလို့မပျောက်ကင်းနိုင်တော့တဲ့ဒဏ်ရာကိုယ်စီရခဲ့ဖူးတယ်…
မျှော်လင့်ခြင်းမရှိတဲ့ပေးဆပ်မှုတွေနဲ့ကြည်နူးခဲ့ကြဖူးတယ်…
ဆိုးခဲ့သမျှကိုနားလည်ခွင့်လွှတ်ပေးရတာကိုက အစားထိုးမရတဲ့ပီတိတွေ…
ဒီလောက်ဆို ငါတို့စစ်မှန်တဲ့အရာကိုရခဲ့ကြပြီးပါပြီ။

ငါ့ကိုစိတ်မပူပါနဲ့တော့.. အခုဆိုအရာအားလုံးငါတစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းတတ်နေပြီလေ။
ပျော်ရွှင်မှုဆိုတာကို နှုတ်ခမ်းပေါ်ကအပြုံးနဲ့အစားထိုးတတ်နေပြီ။ သီချင်းလေးနားထောင်ရင်းနင်မရှိတဲ့အချိန်တွေကုန်ဆုံးတတ်နေပြီ။
ငါမဟုတ်တဲ့တစ်စုံတစ်ယောက်ကြောင့်နာကျင်ရတဲ့အခါ နင်ငါ့ကိုသတိရနေမှာပဲ။
အားလုံးကိုခ၀ါချပြီး လက်ရှိနင့်ဘ၀လေးကိုတန်ဖိုးထားပါ။
အမြင့်ဆုံးကိုရောက်တဲ့အခါ နင့်ကိုပျော်ရွှင်မှုတွေနဲ့မော့ကြည့်နေတဲ့ငါ့ကိုမြင်ရမှာပါ။

ငါဆိုတာက… နင်ပျော်နေရင်ပြီးပြီ

@zinzin
MSC-194

image

Sort:  

5teaပါး kodon :D

အတွေးလေးကောင်းတယ် အားပေးနေတယ်။

ဟုတ် ကိုညီ
ကျေးဇူးတင်ပါရယ်

အတိတ်ဆိုတာ ပြန်သွားလို့ ရရင်
မင်းမရှိတဲ့  အချိန် ကို ခဏလောက်ပြန်သွားချင်တယ်
မချစ်တော့လို့ မဟုတ်ပဲဘူး
ချစ် လျက်နဲ့ ဝေးနေရတဲ့  ဘဝမှ
အလွမ်းဆိုတာ တနေတခြားပိုတိုး
အလွမ်းကျိန်စာတွေကို နေရက်တိုင်း
ခံစားနေဆဲပါ
ခံစားနေရတော့

အတိတ်ဆိုတာပြန်သွားလို့ရရင် ငါတို့ဝေးကွာစေခဲ့တဲ့အရာတွေတစ်ခုချင်းပြန်လည်ပြင်ဆင်ရင်း……

လွမ်းသွားတယ်​မဇင်​​ရေ။

အလွမ်းဆိုတာ ရုပ်ရှင်တေ စာတေထဲမှာသာကောင်းတာ
မအိရေ ။ အပြင်မာမကောင်းပူးး 😪

အေးကွယ် အကိုတောင်လွမ်းခြင်သွားတယ်။

ဘုဂိုလွမ်းးး ?
မန်းချင်းခေါ်ပီးပြောပေးမေ 😝

နောက်တော့လဲ သူခံစားချက်တွေပေါ်လာပြီ

ရှူး တိုးတိုး :P

thanks ဘာ

စာနဲနဲတိုနေသလိုပဲနော် ဆွဲဆန့်ပေးနိုင်ရင်ပိုကောင်းမယ်

ဟုတ်
feel post ဆိုတော့ ရင်ထဲပေါ်လာသမျှ ချရေးတာအဲလောက်ပဲရလက်တယ် 😓

အချစ်စစ်တို့မည်သည်ပေါ့

True Love :*

ကောင်းတယ်​။စာကနဲနဲတိုသလားလို့။

ဟုတ် နောက်ဆိုရှည်ရှည်ရေးပါမေ :D

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.029
BTC 69428.61
ETH 3688.87
USDT 1.00
SBD 3.36