Let's read for life

in #myanmar6 years ago

ဒီနေ့တော့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေနဲ့ပတ်သက်ပြီး နည်းနည်းလောက် ရေးချင်ပါတယ်။ အလိမ္မာစာမှာရှိ စာအုပ်စာပေလူ့မိတ်ဆွေဆိုတာတွေလည်း အားလုံးနဲ့ရင်းနှီးပြီးသားစကားပုံလေးတွေပါ။ ကျွန်မတို့တွေစာရေးဖို့အတွက် အချိန်ပေးရသလို စာဖတ်ဖို့အတွက်လည်းအချိန်ပေးဖို့လိုအပ်ပါတယ်။

စာတစ်ပုဒ်ရေးခါနီးမှာဘယ်ကစလို့ ဘယ်လိုရေးသားသွားပြီး ဘာနဲ့အဆုံးသတ်မယ်ဆိုတာကိုသိဖို့ကိုယ်တိုင်ကစာများများဖတ်ပေးဖို့လည်းလိုအပ်ပါတယ်။ စာရေးကောင်းဖို့အတွက် စာဖတ်နိုင်ဖို့လိုပါတယ်။
စာဖတ်ခြင်းက လူတစ်ယောက်ရဲ့ဘ၀အတွက်သိပ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စာဖတ်တယ်ဆိုရာမှာလည်း ကိုယ်သိချင်တဲ့အပိုင်းကိုပဲ ကျော်ခွဖတ်သွားတာမျိုး သာမာန်ကာလျှံကာပြီးချင်ဇောနဲ့ဖတ်တာမျိုးတွေက လူတော်တော်များများမှာရှိနေတတ်တဲ့အကျင့်လေးဖြစ်နေတာကြောင့် စာတစ်ပုဒ်ရဲ့ အနှစ်သာရနဲ့ စာရေးသူပေးချင်တဲ့အဓိကကျတဲ့အကြောင်းအရာလေးတွေ သင်ခန်းစာတွေ ဆောင်ရန်ရှောင်ရန်တွေကို မသိလိုက်ပဲစာတစ်ပုဒ်ပြီးဆုံးသွားတာကများပါတယ်။ ဖတ်ပြီးသွားတဲ့အခါမှာလည်းဘာကိုပယ်ပြီးဘာကိုယူရမလဲဆိုတာကို ဆက်ပြီးတွေးဖြစ်သူကနည်းပါတယ်။ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေကို အနည်းနဲ့အများသိထားရင်ဖြင့် စာတစ်ပုဒ်ကိုနှစ်နှစ်ကာကာဖတ်နိုင်ဖို့ဝန်မလေးတော့ပဲ အခုထက်ပိုပြီး အားစိုက်ထုတ်လာကြမယ်လို့ယူဆမိလို့ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးလေးတွေ သိမြင်မိသမျှ အနည်းငယ်မျှဝေပေးချင်ပါတယ်။

လူတိုင်းလိုလိုသိထားကြတဲ့ အမှန်ကန်ဆုံးနဲ့အပေါ်လွင်ဆုံးအချက်ကတော့စာဖတ်အားကောင်းသူတွေဟာ တခြားသူတွေထက် စူးစမ်းလိုစိတ်ပြင်းပြပြီး ဗဟုသုတစုံလင်တာမို့ ကိစ္စရပ်တွေကိုဖြေရှင်းရာမှာခေါင်းအေးအေးထားပြီး ပြေပြေလည်လည်ဖြေရှင်းသွားနိုင်သလို အခက်အခဲတွေတွေ့လာရင်လည်းတည်တည်ငြိမ်ငြိမ်နဲ့အကောင်းဆုံးကျော်လွှားသွားနိုင်ပါတယ်။ စာဖတ်များခြင်းဖြင့်လောကကြီးအကြောင်းကို ပိုသိနားလည်ပြီးမိတ်ဆွေနှင့်ရန်သူကိုလည်းအလွယ်တကူခွဲခြားသိမြင်လာနိုင်ပါတယ်။ မိမိပတ်ဝန်းကျင်အတွက်လည်း အကျိုးဖြစ်ထွန်းပြီး ကောင်းမွန်သောအကြံဥာဏ်များပေးစွမ်းနိုင်တဲ့အတွက် လူအများ၏ယုံကြည်စိတ်ချမှု အားကိုးချစ်ခင်မှုကိုလည်း အပြည့်အ၀ရရှိလာမှာမလွဲမသွေပါပဲ။
ဖတ်ရှုလေ့လာထားသောစာပေများမှ လောကကြီးအကြောင်း လူ့သဘာဝအကြောင်းများကို ပိုမိုသိမြင်နားလည်နိုင်သည့်အတွက် အောင်မြင်ခြင်းလမ်းကြောင်းပေါ်ရောက်ရှိဖို့ဆိုသည်မှာလည်း အလှမ်းမဝေးတော့ပါဘူး။ ဘ၀တွင်အောင်မြင်ကျော်ကြားသူများ နှင့် ကျရှုံးသူများ၏ အထုပ္ပတ္တိများကိုဖတ်ရှုရခြင်းမှလည်း သင်ခန်းစာများရယူနိုင်ပြီး မိမိဘ၀အတွက်ဆောင်ရန်ရှောင်ရန်များကို အလွယ်တကူသိမြင်နိုင်တာမို့ အဖိုးမဖြတ်နိုင်တဲ့ရတနာမြေပုံကိုရယူထားသလိုအကျိုးကျေးဇူးများစွာဖြစ်ထွန်းစေပါတယ်။

ဒါကြောင့်ကျွန်မတို့အားလုံးစာတွေရေးကြသလို စာတွေလည်းဖတ်ကြရင်း အသိပညာတွေသိုမှီးနိုင် စိတ်ကူးဥာဏ်တွေကွန့်မြူးနိုင်ကြဖို့ တိုက်တွန်းရေးသားရင်းဒီမှာတင်အဆုံးသတ်ပါရစေ။

MSC အဖွဲ့သားများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။

@zinzin
MSC-194

image

Sort:  

စာအုပ်က အလုပ်ခွင်ရောက်တည်းက မဖတ်ဖြစ်တော့ဘူးဗျာ။အခုရေးနေတာလေးတွေက လက်ကျန်လေးတွေနဲ့ ကွန့်မြူးနေရတယ်

အချိန်တွေနဲလာတယ်

Get free upvotes your post https://mysteemup.club

thank you

ဟုတ်​ပါ့မဇင်​​ရေ။အစ်​မ​တောင်​စာဖတ်​အရမ်းနည်း​နေတာ။

ဟုတ်တယ် မအိရေ။ အချိန်ပေးနိုင်ဖို့ကိုတော်တော်ကြိုးစားနေကြရတာ။

ဟုတ်ပါ့ စာဖတ်မှရေးစရာတွေပေါ်လာတယ်

စာလည်းဖတ်ရင်း စာလည်းရေးရင်း ... :D

စာအုပ်စာပေ လူ့မိတ်ဆွေပါ မဇင်။အခု steemitကြောင့် စာတွေပြန်ဖတ်ဖြစ်နေပါတယ်။

ဟုတ်တယ်နော် မမျိုး

မအားကြားကတက်နိုင်သလောက်တော့ဖက်ဖြစ်တယ် 😊

ကောင်းတဲ့အလေ့အကျင့်လေးပါရှင်

အမှန်ပေါ့ . . စာအုပ်စာပေ လူ့မိတ်ဆွေပါပဲဗျာ

ဟုတ်ပါတယ်

အချိန်​​ပေးပြီး စာများများဖတ်​ရမယ်​ 😊

ဟုတ်တယ်ကိုဇင်

ဖတ်သွားပါသည် ။

ကျေးဇူးတင်ပါတယ် ကိုဒိုလေး

စာဖတ်တာ အားနည်းတာကတော့ ပြောမနေပါနဲ့ဗျာ
ပျင်းချက်က လက်လန်တယ် ကျနော်ကတော့

စာဖတ်ဖို့တော့ မပျင်းပါနဲ့လို့

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67108.48
ETH 3477.28
USDT 1.00
SBD 2.72