L I F E …
ဘ၀ ဆိုတာကိုစဉ်းစားကြည့်လိုက်ရင် သုခတစ်ကျပ်သားနဲ့ ဒုက္ခ ကိုးဆယ့်ကိုးကျပ်သား ဖွဲ့စည်းထားတဲ့ကိုယ်ခန္ဓာတစ်ခုကို ထမ်းပိုးပြီး သေဆုံးခြင်းဆိုတဲ့အဆုံးသတ်တစ်ခုကို တရွေ့ရွေ့လျှောက်လှမ်းသွားနေကြတာလို့ပဲမြင်မိပါတယ်။
ဒီလိုနဂိုရှိပြီးသားဒုက္ခနဲ့တောင်မတင်းတိမ်နိုင်သေးပဲ အပိုဒုက္ခတွေနဲ့ထပ်ဆောင်းပူချင်ကြသေးတာလည်းကျွန်မတို့လူသားတွေပါပဲ။
အချစ်အတွက်ပူကြတယ်။
တကယ်တော့အချစ်ဆိုတာ မီးပါ။
ကိုယ်ကငြှိမ်းလိုက်ရင်ငြိမ်းသွားပြီး ဆက်မွေးထားရင်တော့ဆက်လောင်နေမှာပါပဲ။ တစ်ခါလောက် အသဲကွဲဖူးရင် အချစ်ကိုဘယ်လိုထိန်းသိမ်းပြီး ရှေ့ဆက်သင့်လဲတော်တော်သဘောပေါက်သွားပါပြီ။ ကိုယ့်ဒူးကိုယ်တောင် မယုံရတဲ့ခေတ်မှာ တခြားဘယ်သူ့ကိုများယုံကြည်နေချင်သေးတာလဲ။ ကိုယ်ကအချစ်ကြောင့် စိတ်ညစ်နေရတယ်ဆိုပြီး အိပ်ယာပေါ်မှာနှစ်ပေါင်းများစွာရောဂါဝေဒနာခံစားနေရသူနဲ့ နေရာချင်းလဲမလားဆိုရင်တော့ ဘယ်လိုမှမလဲနိုင်ဘူးမလား။ အချစ်ကြောင့်နာကျင်တာဟာ ရောဂါဝေဒနာဖိစီးနှိပ်စက်လို့နာကျင်ရတာလောက်မဆိုးရွားသေးပါဖူး။
ငွေရေးကြေးရေးကြောင့်ပူကြတယ်။
အကြွေးတွေရှိလို့ပူကြတယ်။
တကယ်တော့လည်းလောကမှာ အကြွေးကင်းတဲ့သူဆိုတာမရှိသလောက်ရှားပါတယ်။ အလုပ်လုပ်နေသမျှတော့အကြွေးကရှိနေမှာပါပဲ။ ဘယ်နှခါလဲကျကျပြန်ထနိုင်ဖို့သာအဓိကပါ။ ကိုယ့်မှာခြေတွေလက်တွေအကောင်းကြီးရှိသေးတယ်။ မိတ်ဆွေကောင်းတွေရှိသေးတာပဲ။ စိတ်ကောင်းလေးထားမြဲထားပြီးရှေ့ဆက်ရင်ကောင်းကျိုးချမ်းသာတွေဆိုတာရောက်လာအုံးမှာပါ။
အိမ်ထောင်ရေးအဆင်မပြေလို့ပူကြတယ်။
စကတည်းက တစ်ယောက်တည်းလာပြီး တစ်ယောက်တည်းပြန်ကြရမယ့် ဘဝမှာ တခြားတစ်ယောက်ကြောင့်တဘ၀လုံးစိတ်ဆင်းရဲနေဖို့ဆိုတာ တန်ပါရဲ့လား။ ပူလောင်တယ်ဆိုတာ တစ်ခုခုကို ဆုပ်ကိုင်ထားလို့ပါ။ လိုချင်တာဖြစ်ချင်တာတွေ များနေလို့ပါ။ တကယ်တော့ဘ၀ဆိုတာ နေပျော်ဖို့ပဲအရေးကြီးတာပါ။ အရာအားလုံးဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်ရင်ပျက်မှာမို့ဘာအတွက်နဲ့မှ ဘယ်သူ့အတွက်နဲ့မှ အပူသောကတွေကိုယူမထားလိုက်ပါနဲ့။
တကယ်တမ်းစိတ်ပူရမှာက
ဖြတ်သန်းခဲ့တဲ့ဘ၀တစ်လျှောက် ဘာကောင်းမှုကုသိုလ်မှမရှိပဲကုန်ဆုံးသွားမှာကိုပါ။ မနေ့ကဖြစ်ခဲ့တာတွေ မနက်ဖြန်ဖြစ်လာမှာတွေကိုတွေးတောပြီး ပူလောင်ပင်ပန်းနေမယ့်အစား ခုထိကောင်းမွန်စွာအသက်ရှူနေပြီး လူကောင်းအတိုင်းရှင်သန်နေသေးတယ်ဆိုရင်တောင်သိပ်ကိုကံကောင်းနေပါပြီ။ ရသမျှအချိန်လေးမှာ တခြားသူတွေအတွက်ပူလောင်နေကြတဲ့ အပူတွေကိုလျှော့ချပြီး ကိုယ့်အတွက်တကယ်တန်ဖိုးရှိတဲ့ဘ၀လေးကိုယ်စီကို အကောင်းဆုံး ဖြတ်သန်းသွားနိုင်ကြပါစေ။ ။
@zinzin
MSC-194
အမှန်ပဲ မဇင်ရေ.....။
ဟုတ်ကဲ့ ကိုဂျွန်
Good !
အာပေနေပါတယ်
ဟုတ် ကျေးဇူး
နေတက်ရင်ကျေနပ်စရာတွေအပြည့်ပါ
ဟုတ်ပါတယ်
ဘဝဆိုတာ ဆင်းရဲခြင်းပါ
ဆင်းရဲခြင်းထဲက ချမ်းသာလေးကိုရှာဖွေသွားရတာပါပဲရှင်
Right👍
yes
မှတ်သားလောက်စရာတွေပါဗျာ...
ဟုတ် ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်
အမှန်ပဲမဇင်ရေ ။ပူပန်မှူတွေကမဆုံးနိုင်တော့ဘူးတကယ်တော့လေ
သူကယူထားသရွေ့ကိုပူနေမှာ မအိရေ
ဘဝမှာ နေတတ်ရင် ကျေနပ်စရာတွေတော့ ရှိပါသေးတယ်
ဟုတ်
အပူတွေ တတ်နိုင်သမျှ လျော့ချတာ အကောင်းဆုံးပါပဲ။
ဟုတ်ပါတယ် ma myo ရေ
ဘဝကို တန်ဖိုးရှိအောင် ရှင်သန်နေထိုင်ရမှာပေါ့
ဟုတ်ပါတယ်ရှင်