Create self each valuable day

in #myanmar6 years ago (edited)

ကျွန်မတို့တွေ နေ့စဉ်ဖြတ်သန်းနေတဲ့နေ့ရက်တွေ မှာကိုယ်ဖြတ်သန်းခဲ့တဲ့တနေ့တာကိုပြန်လည်ဆန်းစစ်ကြည့်တာမျိုးလုပ်ဖူးပါသလားရှင်။

တစ်နေ့တာလုံးဖြတ်သန်းခဲ့ရာမှာ စိတ်ချမ်းသာမှုတွေလည်းရှိခဲ့မယ်။ စိတ်ဆင်းရဲမှုတွေလည်းရှိခဲ့မယ်။ အချိန်ကုန်လို့ကုန်မှန်းမသိအောင် ပျော်ရွှင်စွာဖြတ်သန်းခဲ့တာလည်းရှိသလို ရှည်လျားလှတဲ့ ၀မ်းနည်းဖွယ်နေ့ရက်တွေကိုအံကြိတ်ကျော်ဖြတ်ခဲ့ရတာတွေလည်းရှိကြမှာပါ။ ဘယ်လိုခံစားချက်တွေနဲ့ပဲဖြတ်သန်းခဲ့သည်ဖြစ်ပါစေ အဲဒီတစ်နေ့တာရဲ့တန်ဖိုးကို ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်းတွေနဲ့တိုင်းတာလို့တော့မရနိုင်ပါဖူး။

ဒီနေ့တစ်နေ့တာမှာ ကိုယ့်ရဲ့လောဘနဲ့ အတ္တကြောင့် တခြားသူတွေကိုပူလောင်ခြင်းတွေမဖြစ်စေခဲ့ဖူးဆိုရင် .....
ကိုယ့်ကြောင့်တခြားသူတွေဘ၀မှာ အကျိုးဖြစ်ထွန်းသွားတာတွေမရှိခဲ့ဖူးဆိုရင်တောင်မှ အကျိုးမယုတ်စေခဲ့ဘူးဆိုရင် .....
ကိုယ်ကပျော်ရွှင်ခြင်းကင်းမဲ့စွာဖြတ်သန်းခဲ့ရပေမယ့် တခြားသူတစ်ယောက်ယောက်ကိုယ့်ကြောင့်မျက်ရည်မကျစေခဲ့ဘူးဆိုရင် .....
ကိုယ်ကျင်လည်ရာပတ်ဝန်းကျင်တစ်ခုလုံးကိုကောင်းကျိုးမပေးနိုင်ခဲ့သေးရင်တောင် ကိုယ့်မိဘနှစ်ပါးကိုစိတ်ချမ်းမြေ့မှုပေးခွင့်ရခဲ့တယ်ဆိုရင် .....
ကိုယ့်မှာကံဆိုးမှုတွေနဲ့ကျော်ဖြတ်နေရပေမယ့် ကိုယ့်လိုပဲကံဆိုးနေသူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ကူညီခွင့်ရခဲ့တယ်ဆိုရင် .....
ကိုယ့်အပေါ်ချစ်ခင်သူရော ငြိုငြင်မုန်းတီးသူတွေရောပေါ်မှာ မေတ္တာထားနိုင်ခဲ့တယ်ဆိုရင် .....
တန်ဖိုးရှိလှတဲ့နေ့ရက်တစ်ရက်ကို အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့ပါပြီ။

ဒီအချက်တွေနဲ့တိုင်းတာကြည့်လို့ ကျွန်မတို့လည်းတန်ဖိုးရှိတဲ့နေ့ရက်တွေကိုဖြတ်သန်းနိုင်ခဲ့တယ်ဆိုတာသေချာခဲ့ရင် ကျွန်မတို့ဘ၀မှာလည်းစိတ်ချမ်းသာပျော်ရွှင်ခြင်းတွေကိုပြန်လည်ရရှိပိုင်ဆိုင်လာမှာအသေအချာပါပဲ။
ဒါကြောင့်ကိုယ့်ရဲ့အဖိုးတန်နေ့ရက်တွေကို ကိုယ်ကိုယ်တိုင်ပဲဖန်တီးတည်ဆောက်ရင်းဖြတ်သန်းကြဖို့တိုက်တွန်းရင်း ဒီမှာပဲအဆုံးသတ်ပါရစေ။

စတီးမစ်မြန်မာအဖွဲ့သားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရှင်။
@zinzin
MSC-194

Don't let.jpg

Sort:  

ကိုယ့်​စကား​​ကြောင့်​တဖက်​လူစိတ်​ချမ်းသာတာပဲဖြစ်​ချင်​ပါတယ်​။ကောင်းတယ်​မဇင်​​ရေ။ရေးထားတာ။

ဟုတ် မအိ

အားပေးခဲ့ပါတယ်👍

ဟုတ် ကျေးဇူး

ကိုယ်ပြုသည့်ကံပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုသလိုပေါ့

ဟုတ် ကောင်းတာတွေလုပ်တဲ့အခါ ကောင်းကျိုးချမ်းသာတွေလည်းပြန်ရလာမှာပါ

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

စိတ်ချမ်းမြေ့ပြီး။အေးချမ်းသောနေ့ရက်လေးတွေကိုဖြတ်သန်းနိုင်ပါစေ

ကျေးဇူးအများကြီးတင်ပါတယ်ရှင်

တ​နေ့တာအလုပ်​​တွေကိုပြန်​လည်​ စဉ်းစားကြည့်​ရင်​ သံ​ဝေဂပဲရတယ်​ဗျာ

ဟုတ်

Steem dollar များများရတဲ့နေ့ကတန်ဖိုးရှိပါ့

ဒါလည်းမှန်တာပဲ… စိတ်တေကိုချမ်းသာနာ :D

အရမ်းကောင်းတယ်ဗျာ Good အားပေးခဲ့ပါသည်

ကျေးဇူးပါကိုညီရေ

ရေးထားတ​ကောင်းတယ်​ဗျာ

ဟုတ် ကျေးဇူးပါကိုစော

အမှန်ဘဲသမီးရေ..
အဓိက.က..သူတပါးကိုဝေဖန်တာထက်..မိမိကိုယ်မိမိဝေဖန်ဆန်းစစ်ခြင်းဆိုတာ..တိုးတက်မူ့လမ်းစကိုရှာဖွေခြင်းဘဲ။

ဟုတ်ပါတယ် တီတီရေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64383.21
ETH 3098.60
USDT 1.00
SBD 3.89