Changes in whole life

in #myanmar6 years ago (edited)

လောကကြီးမှာအရာအားလုံးပြောင်းလဲနေပါတယ်။ ငယ်စဉ်အရွယ်က အတွေးတွေအယူအဆတွေဟာ ခုချိန်မှာ ရယ်မောစရာတွေဖြစ်နေတတ်ပြီး ပြောင်းလဲနေကြမှာအမှန်ပါပဲ။ ဒီလိုပါပဲ အခုအချိန် အခုအရွယ်မှာ အခုလက်ရှိအတွေးအခေါ်တွေအယူအဆတွေအားလုံးဟာလည်း သိပ်မကြာခင်အများကြီးပြောင်းလဲလာအုံးမှာပါ။ လူတစ်ယောက်တည်းမှာတောင် ဘ၀တစ်လျှောက်လုံး အသက်အရွယ်အခြေအနေကိုလိုက်ပြီးအမြဲပြောင်းလဲနေတတ်တဲ့လောကကြီးရယ်ပါ။
ကျွန်မတို့ အထက်တန်းကနေ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တဲ့ ဆယ်ကျော်သက်ကနေ အသက်အစိတ်ဝန်းကျင်လောက်အထိ တော်တော်လေးမာန်တက်ခဲ့တဲ့အရွယ်လေးတွေပါ။ ငယ်ဂုဏ်လေးရယ် ပညာဂုဏ်လေးရယ် ငါကြိုးစားရင် ဘာမဆိုဖြစ်တယ်ပေါ့လေ။ ဒီလိုမျိုးဖြတ်သန်းခဲ့တဲ့အရွယ်လေးပါ။
အခုတော့ အသက် အစိတ်ကျော်လာပါပြီ။ အတွေးအခေါ်လေးတွေပြောင်းလဲလာတာကိုလည်းကိုယ်တိုင်သတိထားမိပါတယ်။ လုပ်သက်လေးရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်စွမ်းနဲ့ အနည်းငယ်ရင့်ကျက်မှုလေးပေါင်းစပ်ပြီး ဆရာလုပ်တတ်လာတာကိုလည်း သတိထားမိပါရဲ့ :D ။ လူတွေကိုယ့်ကိုချီးကျူးလာရင်လည်း သာယာမိတာအမှန်ပါပဲ။ အခုတော့ ဒီလိုဖြတ်သန်းနေဆဲပေါ့ရှင်။
မေမေကတော့ပြောဖူးပါတယ်။ အသက် လေးဆယ်လောက်ရောက်လာတဲ့အခါ ဒါတွေကို ရယ်ရယ်မောမောဖြတ်သန်းနိုင်လာပါလိမ့်မယ်တဲ့။ လူတွေရဲ့ အထင်ကြီးခြင်း အထင်သေးခြင်းတွေမှာ မသာယာတတ်တော့ပဲ ဆယ်ကျော်သက်လေးတွေမာန်တက်နေတာ အသက်အစိတ်ဝန်းကျင်လေးတွေနေရာတကာဆရာလုပ်နေတာတွေကို ဘေးကနေခပ်ပြုံးပြုံးနဲ့ထိုင်ကြည့်နေတတ်လာပါလိမ့်မယ်တဲ့လေ။
အသက်ငါးဆယ်ကျော်လာရင်တော့ မေမေတို့အရွယ်ရောက်လာပြီပေါ့။ ဘယ်သူ့ကိုမှသိပ်ဂရုစိုက်မနေပါဖူး။ ကိုယ်လုပ်ချင်တာလေး အေးအေးဆေးဆေးလုပ်ပြီးဖြတ်သန်းနေတာပါပဲ။ သားသမီးတွေလည်းအရွယ်ရောက်နေကြတော့ အပူသောကလည်း နည်းလာတာပါပါလိမ့်မယ်။
အသက်ခြောက်ဆယ်ကျော် ခုနှစ်ဆယ် ဖွားဖွားတို့အရွယ်ကတော့ကျွန်မသိသလောက် စကားပြောဖော်လိုချင်ကြပါတယ်။ ကျွန်မဖွါးဖွါးဆိုရင် မြေးတွေလာတဲ့အခါ သိပ်ပျော်ပါတယ်။ အမြဲကြင်ကြင်နာနာနဲ့ဆက်ဆံတတ်ပြီး တခါတခါတော့လည်း သူလုပ်နိုင်သေးတယ် ဆိုတာမျိုးပြချင်တာလေးလည်းရှိတတ်ပါတယ်။ ဖွါးဖွါးပြောဖူးတာကတော့ ဒီအချိန်မှာလိုချင်တာဘာမှမရှိတော့ပဲ ရောဂါဝေဒနာမခံစားရပဲ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းသွားနိုင်ဖို့သာအဓိကပါပဲတဲ့။
ဟုတ်ပါတယ်။ ကျွန်မတို့လည်းကံတရားကအခွင့်ပေးလို့ အသက်ကလေးရှည်တဲ့အခါ မလွဲမသွေ ဒီအဆင့်တွေကိုဖြတ်ကျော်ကြရအုံးမှာပါ။ အတွေးအခေါ်တွေ အယူအဆတွေ အမြဲတမ်းပြောင်းလဲနေမှာဖြစ်ပြီးဘယ်အရာကိုမှ တရားသေစွဲကိုင်ထားလို့မဖြစ်နိုင်ပါဖူး။
ဒါကြောင့်စိတ်တွေကိုမွန်းကြပ်နေအောင်ဘောင်ခတ်မထားပဲ တတ်နိုင်သမျှအကောင်းဆုံးဖြတ်သန်းသွားဖို့သာလိုအပ်ပါတယ်။ ဘယ်သူ့ကိုမှအထင်ကြီးစရာမလိုသလို အထင်သေးစရာလည်းမလိုအပ်ပါဖူး။ တစ်နေ့အားလုံးခွဲခွါကြရမှာမို့ လူ့ဘ၀ခဏတာတွေ့ဆုံကြချိန်လေးမှာ ကောင်းမှုတွေကိုသယ်ဆောင်သွားပြီး ပျော်ပျော်ရွှင်ရွှင်လေးနေသွားကြရဖို့ဆန္ဒပြုရင်း.........

@zinzin
MSC-194

image

Sort:  

အမှန်ပါပဲဗျာ...ဖတ်ရင်းနဲ့အသိတရားတစ်ခုရလိုက်ပါတယ်ဗျာ..

အတွေးလေးတစ်ခုရသွားတယ်ဆို ၀မ်းသာပါတယ်ရှင်

အသက်ကြီးလို့ ဘိုးဘိုးဘွားဘွား ဖြစ်လာရင် ငြိမ်းငြိမ်းချမ်းချမ်း တရားရိပ်ပဲနေမယ်လို့ စိတ်ကူးထားတာပဲ။

ပြောင်းလဲချိန်တန်ပီ

အသက်တွေလည်းကြီးလာပြီကိုး

အသက်​အရွယ်​ကြီးလာသည်​နှင့်​အမျှရင့်​ကျက်​လာတာအမှန်​ပါပဲမဇင်​​ရေ

ဟုတ်တယ်မအိရေ

အတွေးခေါ်များသည် ကောင်းမွန်အေးချမ်းလှပါ၏
Good အားပေးနေပါတယ် vote နည်းနေလို့ နောက်မှ
vote တော့မယ် မzin ရေ

ဟုတ်ပါရှင့်။ အခုလိုလာဖတ်ပြီးဆွေးနွေးပေးတာလည်း ကျေးဇူးအများကြီးတင်ပါတယ်။

အသက်​ကြီးလာရင်​ အထီးကျန်​သလို ခံစားလာကြရတယ်​။ဒါ​ကြောင့်​ လူကြီး​တွေကို ​အ​ဖော်​ပြု​ပေးသင့်​ပါတယ်​။

ဟုတ်ပါတယ် ကိုဇင်ရေ။ အဘိုးအဘွားတွေကို အချိန်များများပေးဖို့လိုအပ်ပါတယ်။

အနိစ္စပါဗျာ

ဟုတ် ဘယ်အရာမှမမြဲပါဖူး

ဘဝမှာစိတမချမ်သာဖို့ကအဓိကပါပဲ

ဟုတ်ကဲ့ရှင့်

ငယ်ငယ်ကမကြိုက်ခဲ့တဲ့အစားအစာတွေကြိုက်တတ်လာပြီး ငယ်ငယ်ကကြိုက်ခဲ့တဲ့အစားအစာတွေလည်းမကြိုက်တော့တာတွေရှိသေးတယ်

အကြိုက်တွေလည်းပြောင်းကုန်ပြီ

ဘဝရတဲ့ခဏလေးမှာပျော်ပျော်ရွှင်ရွှင်နေသွားဖို့အရေးကြီးဆုံးပါ
သိပ်မှန်တာပေါ့ညီမလေးရေ

ဟုတ်ပါတယ်မမိုရေ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28