တန်ဖိုး

in #myanmar7 years ago

IMG_1991.JPG

တန်ဖိုး....

တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေးကိုကိုင်ပြီး တက်လာပါတယ် ။
ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။
အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး …” အဲဒီလိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူလိုချင်ပါသေးလဲ ”
လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။ “ ကောင်းပြီ ” သူက ဆက်ပြောတယ် “ ကဲ ဒီလိုဆိုရင်ရော ” သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ် ။ ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။ ဒေါ်လာ ၂၀ တန်စက္ကူဟာ ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။ သူက ပြန်ကောက်လိုက်တယ်။

“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။

“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့်လည်း ဆိုတော့ ငွေစက္ကူရဲ့တန်ဖိုးမပြောင်းလဲသွားလို့ပါ ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ ”
ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊ နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့ တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။
တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေးတတ်ကြတယ် ။ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ — သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့ လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 61620.03
ETH 3394.18
USDT 1.00
SBD 2.50