သိရှိသလောက် Computer အခြေခံလေးများ ( အပိုင်း-၄ )

in #myanmar7 years ago

Output Devices.jpg

အားလုံးပဲမင်္ဂလာပါခင်ဗျာ ... လာရောက်ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါကြောင်း ပြောပါရစေ။ ဒီတခေါက် တင်ပြပေးချင်တာကတော့ ယခင် ကွန်ပျူတာမိတ်ဆက် အခန်း(၃) ရဲ့ အဆက် ကွန်ပျူတာ အစိတ်အပိုင်းလေးများအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိရှိသလောက်လေး ဝေမျှတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ဦးစွာပဏာမ ခွင့်ပန်ပါရစေ။

ယခင် အခန်းမှာတုန်းက ကွန်ပျူတာတစ်လုံးရဲ့ အဓိက အစိတ်အပိုင်း (၇) ခုအကြောင်းကို ရှင်းလင်းပြီးဖြစ်တာမို့ ဆက်ဖော်ပြပေးမဲ့ အခန်းကတော့ ကျန်ရှိနေသေးတဲ့ Accessory အစိတ်အပိုင်းလေးများကြောင်းဖြစ်ပါတယ်ဗျာ။

ကွန်ပျူတာ တစ်လုံးမှာ အဓိကအစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားပြီးရင် သုံးစွဲဖို့အသင့်ဖြစ်ပြီဟုဆိုနိုင်သော်လည်း လူတို့၏ ညွှန်ကြားချက်များကို လက်ခံရယူရန်နှင့် ရလဒ်အဖြေများကို ပြန်လည်ပြသပေးရန် Input and Output Data လုပ်ပေးရန် Accessory ပိုင်းကလည်း အလွန်အရေးပါပါတယ်ဗျ။

ကွန်ပျူတာနှင့် ချိတ်ဆက်နိုင်တဲ့ Accessory အစိတ်အပိုင်းများစွာရှိပါတယ်။ အဲ့ဒါလေးတွေထဲက ကျွန်တော်လက်လှမ်းမှီသလောက်လေးတင်ပြပေးပါမယ်ဗျာ။

(၁) Monitor (ကွန်ပျူတာဖန်သားပြင်)
(၂) Keyboard (ကွန်ပျူတာ လက်ကွက်ရိုက်ရန် Input Device)
(၃) Mouse (ကွန်ပျူတာ ၏ ရွေးချယ်မှု အမိန့်ပေးမှု ဆိုင်ရာ Pointer)
(၄) Speaker (အသံထုတ်လွှင့်စက်)
(၅) Scanner and Printer (Paper to Softcopy (သို့မဟုတ်) Soft Copy to Paper ပြောင်းလဲထုတ်ပေးစက်)
(၆) UPS (Power Source Change စက်) တို့ပဲဖြစ်ပါတယ်။

(အခြားသော accessory များစွာရှိသေးသော်လည်း ကျွန်တော်နှင့် နီးစပ်သမျှလေးသာ တင်ပြနိုင်ခြင်းဖြစ်၍ နားလည်ပေးစေလိုပါတယ်ဗျာ)

(၁) Monitor (ကွန်ပျူတာဖန်သားပြင်)

best_monitor_2017.png

မော်နီတာဆိုတာ ကွန်ပျူတာရဲ့ ရုပ်ထွက်ပိုင်းကို တင်ဆက်ပေးရတဲ့ Output Device တစ်မျိုးပါ။ အဆိုပါ Device မှာ မိတ်ဆွေတို့နဲ့ စိမ်းလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် အိမ်တိုင်းလိုလို TV (Television) များ ၀ယ်ယူသုံးစွဲနေကြခြင်းကြောင့်ပေတည်း။

TV နှင့် Monitor တို့မှာ ယေဘုယျအားဖြင့်တော့ အလုပ်လုပ်ဆောင်မှုခြင်းတူညီပါသည်။ TV ၏ နောက်မှ Antanna (ခေါ်) လိုင်းဖမ်းယူစက် မှလာသော ကြိုးကို ဆက်သွယ်လိုက်လျှင် ရုပ်မြင်သံကြားစက်ရုံမှ ထုတ်လွှင့်ပေးသော ရုပ်သံ လိုင်းများကို TV မှ Output Device အဖြစ် ရုပ်သံဖြင့် တင်ဆက်ပေးရပါသည်။

ယခု Monitor များလည်း ထိုနည်းတူစွာပင် Monitor ၏ နောက်ဘက်တွင် ကွန်ပျူတာ System Unit မှလာသော VGA ကြိုးကို တပ်ဆင်လိုက်ပါက System ပုံးမှ လာသော Data အချက်အလက်များကို ရုပ်ထွက် အဖြစ် User ထံ တင်ဆက်ပေးပါလိမ့်မည်။

မော်နီတာများကို ကျွန်တော်ကြုံတွေ့ခဲ့ရဖူးသလောက် သုံးမျိုးသုံးစားရှိပါသည်။ CRT, LCD နဲ့ LED တို့ပဲဖြစ်ပါသည်။

aHR0cDovL21lZGlhLmJlc3RvZm1pY3JvLmNvbS9CL1cvNTc4NDQ0L29yaWdpbmFsLzAxLUNSVC5qcGc=.jpg

CRT ဆိုတာကတော့ Cathode Ray Tube နဲ့ လုပ်ထားတဲ့ Monitor အမျိုးအစားပဲဖြစ်ပါတယ်။ သူ့အကြောင်းကိုတော့ ကျွန်တော်တို့ ဆယ်တန်းကျောင်းသားဘ၀တုန်းက Modern Physic အခန်းမှာ Electron Beam များအကြောင်း သင်ခဲ့ရဖူးလို့ အတန်အသင့်သိကြမယ်လို့ထင်ပါတယ်။ Electron တွေဟာ Electron Gun အခန်းကနေ Screen ကို ရိုက်ပါတယ်။ Screen ရဲ့ မျက်နှာပြင်မှာတော့ Phosphor တွေသုတ်ထားပြီး (Red, Green, Blue) (RGB) အရောင်သုံးရောင် အလင်းထုတ်လွှတ်မှုပေါ်မူတည်ပြီး မော်နီတာ Screen မှာ ရုပ်ပုံတွေ စာတွေကို ဖော်ပြပေးတာဖြစ်ပါတယ်။

12.jpg

နောက်တစ်မျိုးကတော့ LCD ဖြစ်ပါတယ်။ LCD ကတော့ Liquid Crystal Display လို့ ခေါ်ပြီး မော်လီကျူးတွေကိုသုံးကာ Screen ရဲ့ မျက်နှာပြင်ကို အလင်းရစေဖို့ Special Lamp လေးတွေပါ ပါရှိပါတယ်။ သူလဲ CRT လိုပဲ RGB စနစ်နဲ့ ပဲ ပြုလုပ်ထားပြီး အရောင်သုံးရောင်စနစ်နဲ့ပဲ ပုံဖော်ပေးသွားတာဖြစ်ပါတယ်။ CRT နဲ့ ကွာခြားတဲ့ နည်းပညာကတော့ Electron Beam ကိုသုံးတာမဟုတ်ပဲ +Charge - Charge တွေနဲ့ Screen ရဲ့ မျက်နှာပြင်မှာ ပုံရိပ်တွေကို ပိုမိုတိကျစွာပုံဖော်ပေးပါတယ်။

uk-led-sf350-ls22f350fhuxen-004-l-perspective-black.jpg

LED ကတော့ LCD ရဲ့ Next Generation လို့ပြောလို့ရပါတယ်။ ပုံစံအားဖြင့်တော့ LED နဲ့ပုံစံဆင်တူပြီး LED နည်းပညာသုံးထားတာကြောင့် ရုပ်ထွက်သိပ်သည်းဆပိုင်းမှာ ပိုမိုကောင်းမွန်ကာ ကာလာပိုကောင်းပါတယ်ဗျာ။ LCD များကတော့ Cold Cathode Fluorescent Lamps (CCFL) စနစ်ကို Backlighting အဖြစ်သုံးထားသော်လည်း LED မှာကျတော့ ပိုမို ကောင်းမွန်တဲ့ Light Emitting Diodes (LEDS) နည်းပညာ ကြောင့် ပိုမိုနည်းပညာမြင့်မားတယ်လို့ပြောလို့ရပါတယ်။

ဒီလောက်ဆိုရင် Monitor အကြောင်း လေး အတော်သိလောက်ပြီထင်ပါတယ်ဗျာ။ လူကြီးမင်းတို့ သိထားတဲ့ အခြားအချက်လေးများရှိရင်လဲ Comment မှာ ဖြည့်စွက်ပေးပါရန် ဖိတ်ခေါ်ပါတယ်ဗျာ။

(၂) Keyboard (ကွန်ပျူတာလက်ကွက်ရိုက်ရန် Input Device)

430310-das-keyboard-prime-13.jpg

ဒီအစိတ်အပိုင်းကတော့ User ရဲ့ Control Center ကြီးလိုပါပဲ။ ဥပမာပြောရရင် ကားတစ်စင်းရဲ့ လက်ကိုင် စတီယာရင်လိုပေါ့ဗျာ။ ကားတစ်စင်းမောင်းနှင်ဖို့ စတီယာရင်ကနေ ဘယ်ကွေ့ညာကွေ့ လိုသလို ထိန်းချုပ်ရသလို ကွန်ပျူတာ တစ်လုံးရဲ့ စွမ်းဆောင်ရည်ကိုလည်း ဒီကနေ ထိန်းချုပ်တာဖြစ်ပါတယ်။

တစ်နည်းပြောရရင် ကွန်ပျူတာ အပေါ် အမိန့်ပေးစေခိုင်းမှု Command အချက်အလက်တွေကို ဒီကနေ ရိုက်ထည့်ရတာပေါ့ဗျာ။ Keyboard နှစ်မျိုးရှိပါတယ်။ ပုံစံအာဖြင့်တူပေမဲ့ နောက်ကထွက်တဲ့ ကြိုးခေါင်းပေါ်မူတည်ပြီး PS/2 Keyboard နဲ့ USB Keyboard ဆိုပြီး ခွဲခြားနိုင်ပါတယ်။ PS2 Keyboard ရဲ့ ကြိုးခေါင်းလေးဟာ အလုံးလေးဖြစ်ပါတယ်။
USB Keyboard ကတော့ အများသိကြတဲ့အတိုင်း USB ခေါင်းနဲ့ပဲဖြစ်ပါတယ်။ အောက်မှာကြည့်ပါ။

ps2-v-usb.jpg

Keyboard မှာ အင်္ဂလိပ် စာလုံးလေးတွေ ဖော်ပြထားပြီး လိုအပ်သလို ရိုက်ထည့်ရပါတယ်။ ဥပမာ A ပုံလေးကို ရိုက်ရင် A လို့ လာပေါ်မယ်ပေါ့ဗျာ။ ဒါအခြေခံပါပဲ။ Key တစ်ခုကို နှိပ်လိုက်တိုင်းမှာ ကွန်ပျူတာအား မိမိဘာလုပ်ချင်တယ် ဘာကြောင့်ဒီ Key ကို နှိပ်တယ်ဆိုတာကို သိစေနိုင်ပါတယ်။

Keyboard ဖြင့် စာစီစာရိုက် (Typing) ပိုင်းကိုတော့ နောက်အခန်းတွေမှာ ဆက်လက်ဖော်ပြပေးမှာဖြစ်လို့ ဒီမျှနဲ့ နားထားပါရစေ။ Mouse အပိုင်းကိုဆက်သွားပါမယ်။

(၃) Mouse (ကွန်ပျူတာ ၏ ရွေးချယ်မှု အမိန့်ပေးမှု ဆိုင်ရာ Pointer)

41DuuDG6-TL._SL500_AC_SS350_.jpg

Mouse ဟာလည်း Keyboard နဲ့တူပါတယ်။ user ရဲ့ Command Input Device တစ်မျိုးပါပဲ ဒါပေမဲ့ သူဟာ ဘာနဲ့တူလဲဆိုတော့ လူတစ်ယောက်ရဲ့ လက်ညှိုးလေးနဲ့တူပါတယ်။ ဒီ Fileကို ဒီကိုရွှေ့ မယ်၊ ဒီ File ကို ဘာလုပ်မလဲ။ ဒီအရာတွေကို မှတ်သားမယ် စသဖြင့် ပေါ့ ဒီဟာ ဒီဟာနဲ့ လိုက် Select လုပ် ရွေးချယ်ပေးပါတယ်။

တစ်နည်းအားဖြင့်ဆိုသော် မိမိရဲ့ ရွေ့လျားမှုကို ကွန်ပျူတာမှနားလည်အောင်ပြောပြပေးတဲ့ အရာလေးပဲဖြစ်ပါတယ်။ Mouse ကို ရွှေ့လိုက်တိုင်း Screen ပေါ်မှ Cursor ( မြှားပုံ ) သည် အသုံးပြုသူ၏ အလိုအတိုင်း ဦးတည်ရွေ့လျားနေမှာဖြစ်ပါတယ်။ အဲဒီရွေ့လျားမှုအကွာအဝေးနဲ့ လားရာတို့ကို ကွန်ပျူတာမှ သိရှိနိုင်စေရန် Mouse တွေမှာ နည်းပညာ နှစ်မျိုးနှစ်စားကို အသုံးပြုကြပါတယ်။ အသုံးပြုထားတဲ့ နည်းပညာပေါ်မူတည်ပြီး Mouse တွေကို Mechanical Mouse နဲ့ Optical Mouse လို့ခေါ်ပါတယ်။

Diagram-of-mechanical-mouse.jpg

Mechanical Mouse ဆိုတာ ကတော့ Mechanically အရ X , Y , Z ဆိုတဲ့ ၀င်ရိုးသုံးခုကို အမှီပြုပြီး Mouse ရဲ့ အောက်ခြေမှာ Track Ball လေးတွေ ထည့်သွင်းအသုံပြုက အဲ့ Track Ball လည်တဲ့ပေါ်မူတည်ပြီး ကွန်ပျူတာ ရဲ့ Screen မျက်နှာပြင်ပေါ်မှာ Pointer လေးက ရွေ့လျားနေမှာဖြစ်တယ်။

sonymouse.jpg

Optical Mouse များကတော့ အလင်းကို Sense လုပ်ပြီးတော့ Monitor ရဲ့ မျက်နှာပြင်မှာ Pointer ရွေ့လျားစေပါတယ်။ Optical Mouse ဟာ Mechanical Mouse ထက်စာရင် Pointer ကို ပိုမို တိတိကျကျ ရွေ့လျားပေးနိုင်ပါတယ်။ Mouse Speed ကို DPI နဲ့ တိုင်းတာပြီး Optical Mouse က DPI ပိုမြင့်တယ်ပေါ့ဗျာ။

ယနေ့ခေတ်မှာ Optical Mouse များကိုသာအသုံးများ၊ အတွေ့ရများပြီး Mechanical Mouse များကိုတော့ အချို့သော ကျောင်းတွေ ရုံးတွေ ရှိ ကွန်ပျူတာ အဟောင်းများတွင် တွေ့နိုင်ပါသေးတယ်။ အရင်တုန်းက ထွက်ခဲ့တဲ့ Mouse တွေပေါ့ဗျာ

Mouse မှာလည်း Keyboard တုန်းကလို PS/2 Mouse နဲ့ USB Mouse ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ ဒါကတော့ Keyboard တုန်းကလိုပဲ ကြိုးခေါင်းပဲကွာတာဖြစ်ပါတယ်ဗျာ။

ဒီနေ့တော့ဒီလောက်နဲ့ နားထားမယ်ဗျာ။ နောက်နေ့မှာ ကျန်ရှိနေသေးတဲ့ အပိုင်းလေးတွေဆက်ပြောပြပေးပါမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ

thank-you.jpg

အပိုင်း(5) ဆက်ပါဦးမည် >>

နည်းပညာတွေကိုစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့ Steemit Account ဖြစ်တဲ့ https://steemit.com/@zinmintun7 ကို Follow လုပ်ပေးကြပါ။ ပြီးရင် Comment မှာရေးပေးခဲ့ခြင်းဖြင့် ကျွန်တော်လည်း ပြန်လည် Follow လုပ်ပေးမှာဖြစ်ပါတယ်။

ကျွန်တော်တင်တဲ့ Post တွေကိုလည်း resteem နဲ့ upvote လုပ်ပေးခြင်းဖြင့် အားပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

written by @zinmintun7
ကိုးကား စာအုပ် >> Easy Computer Basic By Myo Thura
Image - Google Image Search

Sort:  

This post has received a 0.70 % upvote from @drotto thanks to: @zinmintun7.

sorry. what your write ?
I cant read your write....

Sry thats our mother language called myanmar. I m writing about computer's parts and how they work. Thank u

Congratulations! This post has been upvoted from the communal account, @minnowsupport, by zinmintun7 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 8.33 % upvote from @sleeplesswhale thanks to: @zinmintun7.

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 59007.15
ETH 2493.89
USDT 1.00
SBD 2.46