တက္ကသိုလ်ဘဝ အမှတ်တရ (၁)

in #myanmar6 years ago

0023ae98965616a808fe3d.jpgတက္ကသိုလ် စတက်တော့ ရခဲ့တဲ့ ဗဟုသုတလေးတစ်ခုပြောပြချင်တယ် သူငယ်ချင်းတို့ ရေ။ အဲ့တာမပြောပြခင်မှာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဟာသလေးတစ်ခုအရင်ပြောပြမယ်။ ပထမနှစ် စတက်တဲ့နေ့ မှာပဲ ဟာသ အဖြစ်အပျက်လေးပေါ့။ ကျောင်းသားသစ်ဆိုတော့ ဘယ်နေရာ ဘာရှိမှန်းမသိဘူးလေ လျောက်သွားကြည့်ရတာပေါ့။ အဲ့လိုနဲ့ အပေါ့သွားချင်လာတော့ အိမ်သာရှာရပြီလေ။ရှာလို့ တွေ့ တော့ ကမန်းကတန်းပြေးဝင်လိုက်တာပေါ့။ ယောက်ျားလေး အိမ်သာဆိုတော့ သိတဲ့အတိုင်း အပေါ့သွားဖို့ stand တွေရှိတာပေါ့။ ကမန်းကတန်း stand ရှေ့ မှာရပ်ပြီး အကြောလျော့နေတဲ့အချိန် အသံစာစာ စာစာနဲ့  မိန်းကလေးတစ်သိုက် ဝင်ချလာပါလေရော။ ရုတ်တရက်ဆိုတော့ ခေါင်းထဲမှာဘာမှမတွေးမိဘူး။ ဟာ ဆိုပြီး ကမန်းကတန်း ပုဆိုး ဆွဲချလိုက်တာ အကုန်ရွှဲပေါ့ဗျာ။ အဲ့တော့မှ မချောလေးတွေက ဟယ် ယောက်ျားလေးအိမ်သာကြီးဟဆိုပြီး ထွက်သွားပါလေရဲ့ ။ တစ်ယောက်ဆို အိမ်သာတစ်ခါးဝတောင်ဆွဲဖွင့်ပြီးနေပြီ။ သူတို့ လည်း ထွက်သွားရော ဒီကကောင်လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူးဗျာ။ အောက်ပိုင်းတစ်ခုလုံးလည်း ရွှဲနေပြီလေ။ ကျောင်းကလည်း အဲ့အချိန်တုန်းက တံခါးပိတ်ထားတာဆိုတော့ အဆောင်လည်းပြန်လို့ မရ။ လူကြားထဲလည်းသွားလို့ မရနဲ့ တော်တော် အခက်တွေ့ ခဲ့ ရသေးတယ်။ အဲ့တာနဲ့ လူရှင်းတဲ့နေရာလေးမှာထိုင်ရင်း ကျောင်းတံခါးဖွင့်ချိန်ထိ ထိုင်စောင့်ခဲ့ရဖူးတယ်။ဒါကတော့ ကျွန်တော့် တက္ကသိုလ်ကျောင်းသား ပထမဦးဆုံးနေ့  အမှတ်တရဟာသလေးပေါ့။
integration-by-parts-ppt-6-638.jpg အခုကျွန်တော် ရခဲ့တဲ့ ဗဟုသုတ တစ်ခုကိုပြောပြချင်တယ်။ ပထမနှစ် စတက်တော့ ကျွန်တော်က ကျူရှင်မတက်ဘူးဗျ။ ပိုက်ဆံမရှိလို့ လေ။ ဒါပေမဲ့ဆရာသမားကောင်းတွေနဲ့ တွေ့ တယ်။ ပိုက်ဆံမပေးနဲ့ လာတက်တဲ့ ။ မှတ်မိပါသေးတယ်။ Mechanic ဆရာပေါ့။ ကိုယ့်မေဂျာမှာသင်တဲ့ဆရာတော့မဟုတ်ဘူး။သူငယ်ချင်းမလေးတွေက ပြောပေးလို့ တက်ခွင့်ရပါလေရော။ ကျွန်တော်နဲ့ အတူတူ သူငယ်ချင်းတစ်ယောက်ပါတာပေါ့။ သူကတော့ပထမတစ်နေ့ တက်ပြီး နောက်နေ့  မတက်တော့ဘူးဗျ ။ ကျူရှင်တစ်ခုလုံး မိန်းကလေးချည်းဖြစ်နေလို့ ပါတဲ့ဗျာ။ အဲ့တာနဲ့ ကျွန်တော် တစ်ယောက်ပဲတက်ရတာပေါ့။ မချော၁၀ယောက် ကိုယ်တစ်ယောက်ပေါ့ဗျာ။အဲ့ဒီ့ ကျူရှင်တက်မှပဲ မှတ်သားစရာတစ်ခုရလာခဲ့တယ်ဗျာ။ သူငယ်ချင်းတို့ လည်း မှတ်ထားကြပေါ့။ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့  Integrate တို့  Differentiate တို့ ဆိုတာ Mechanic ဘာသာမှာပါလာတော့ သိချင်တာလေးမေးမိတာပေါ့။ ဒီဘာသာရပ်တွေကိုသင်သာသင်နေတာ ဘယ်မှာသုံးတာမှလည်းမမြင်မိဘူး ဆရာလို့ ဆိုတော့ ဆရာက ပြန်ပြောပြတယ်။ ဒီintegrate ဆိုတာကို ဒုတိယကမ္ဘာစစ်အတွင်းမှာ တီထွင်ခဲ့တယ်တဲ့။ ရန်သူတွေဝိုင်းခံထားရတဲ့ တပ်တစ်ခုကို ကယ်ထုတ်ဖို့  အစီအစဉ်ဆွဲတဲ့အချိန်မှာ integrate ဆိုတဲ့ formula ကို အသုံးပြုပြီးကယ်ထုတ်ခဲ့ရတယ်။ ဗုံးကြဲလေယာဉ်ပျံရဲ့  အရှိန်ဘယ်လောက်နဲ့  ဘယ်နေရာမှာ ဗုံးကြဲပြီး ဘယ်အချိန်အတိမှာ အဝိုင်းခံထားရတဲ့တပ်က ဖောက်ထွက်ရင် လွတ်မြောက်နိုင်တယ်ဆိုတာကို အဲ့ဒီ့ formula က တွက်ချက်ပေးခဲ့တယ်တဲ့။ integrate ကို တီထွင်ခဲ့တာ ဘယ်သင်္ချာပညာရှင်မှမဟုတ်ဘူး။ ဆေးကုတဲ့ ဆရာဝန် တစ်ယောက်ပါတဲ့။ နောက်ပိုင်းမှာတော့ satellite တွေလွှတ်တင်ရင်တောင် အဲ့ဒီ့ integrate formula ကိုအသုံးပြုပြီးလွှတ်တင်ကြတယ်တဲ့ ။ ဒါကတော့ ဆရာပြောပြတဲ့ ဘာသာရပ်တစ်ခုမှာပါဝင်တဲ့ formula တစ်ခုရဲ့  အရေးပါပုံ သေးသေးလေးတစ်ခုပါပဲ။ အဲ့ အချိန်ကစပြီး သိလိုက်တာတစ်ခုက ဘယ်ဘာသာရပ်မဆို အလကား သင်နေတာမဟုတ်ဘူး ဆိုပြီးတွေးမိခဲ့တယ်။ သင်ပေးခဲ့တဲ့ သင်ခန်းစာတွေ သင်ယူခဲ့ရတဲ့ ဘာသာရပ်တွေဟာ တစ်နေ့ နေ့  တစ်ချိန်ချိန် မှာ အသုံးဝင်လာပါလိမ့်မယ်။ အခု steemit အသုံးပြုနေတဲ့ ညီ ညီမတွေ ရှိခဲ့ရင်လည်း ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ ကိုယ်သင်ယူလေ့လာနေတဲ့ ဘယ်ဘာသာရပ်ကိုမဆို စနစ်တကျ လေ့လာသင်ယူ ကြပါလို့ အကြံပြုရေးသားရင်းနဲ့  တော်သေးပြီ. . . . . .
Written by @zinminnaing .
Photo carried from Google.

Sort:  

ကောင်းတယ်ညီ။စာကို အပိုဒ်ခွဲရေးရင် ပိုပြီး ရသပေါ်မယ်။ကြည့်လို့ကောင်းမယ်။

‌ကျောင်းသားဘဝ ကိုလွမ်း‌စေတယ်‌ကွာ။Goodတယ်‌

ဘာပဲဖြစ်ဖြစ် ဖတ်ရတာ
မပျင်းဘူး
ကြိုက်တယ်ဟေ့ 

please up vote me kalargyi

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 65045.20
ETH 3523.22
USDT 1.00
SBD 2.37