ယိုယွင်း​နေ​သော မြန်​မာ့သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်းပြုပြင်​ရ​အောင်

in #myanmar6 years ago (edited)

မင်္ဂလာပါ ခင်​​ဗျာ။Myanmar Steemit Community မှAdminများ ကြီးမှုး၍ Best Writer of January အတွက်​ ​ရွေးချယ်​​ပေးထားတဲ့ "ယိုယွင်း​နေ​သော မြန်​မာ့သဘာဝပတ်​ဝန်းကျင်​ကို ထိန်းသိမ်းပြုပြင်​ရ​အောင်​"ဆိုတဲ့ ​ခေါင်းစဉ်​ ကို ကျွန်​​တော်​ ​ဆောင်းပါးတစ်​ခု သ​ဘောမျိုးဖြင့်​ အချက်​အလက်​များနဲ့ တင်​ပြသွားပါမယ်​။landscape-2584127_960_720.jpg

ပထမဦးစွာ ကျွန်​​တော်​တို့ ​ခေါင်းစဉ်​ကို အရင်​ သုံးသပ်​​လေ့လာကြည့်​တဲ့အခါ သဘာဝပတ်​ဝန်းကျင်​ ဆိုတာကို ​တွေ့ရမှာပါ။ရှင်းပါတယ်​ သဘာဝ ပတ်​ဝန်းကျင်​ဆိုတဲ့အတွက်​ သဘာဝတရားကြီးက သူ့အလိုလို သင့်​တင့်​မျှတ​အောင်​ဖန်​တီး​ပေးထားပြီးသားဖြစ်​ပါတယ်​။သင့်​တင့်​မျှတစွာ ဖန်ဆင်း​ပေးထား​သော သဘာဝတရားကြီးကို ဖျက်​စီးသူများမှာလဲ အခြားသူများ မဟုတ်​ကြ​ပေ။ထိုသဘာဝတရားကြီး​အောက်​မှာ ရှင်​သန်​​နေထိုင်​​နေကျသူများပင်​ဖြစ်​သည်​။ထိုသူတို့မည်​သို့ဖျက်​စီးကျသနည်းဟူ​သော်
အမှုမဲ့အမှတ်​မဲ့ အ​သေးအဖွဲ​လေးက စ၍ မိမိကိုယ်​ကျိုးတစ်​ခုအတွက်​သာကြည့်​၍ ရည်​ရွယ်​ဖျက်​ဆီးကျသည်​များလဲရှိ​ပေသည်

အ​သေးအမွှား အမှုမဲ့အမှတ်​မဲ့ နှင့်​ဖျက်​စီးခြင်း

လှပ​နေ​သော သဘာဝပတ်​ဝန်းကျင်​ကြီးကို အမှုမဲ့အမှတ်​မဲ့မှစ၍ ဖျက်​စီးခြင်းဟူရာ၌ စည်းကမ်းမဲ့စွန့်​ပစ်​ခြင်းကပင်​ စရမည်​။အထူးသဖြင့်​ ပလက်​စတစ်​အမှိုက်​များနှင့်​ပတ်​သတ်​၍ တင်​ပြသွားပါမည်​။ ကျွန်​​တော်​တို့ ​နေ့စဉ်​သုံးစွဲ​နေမှုများထဲတွင်​ ပလက်​စတစ်​နဲ့မကင်းနိုင်​ကျ​ပေ။ခေတ်​နဲ့အညီ ပလက်​စတစ်​ပစ္စည်းနှင့်​ ပလက်​စတစ်​အိတ်​များကို အလွယ်​တကူသုံးစွဲလာသလို လွယ်​လင့်​တကူပင်​ စွန့်​ပစ်​ကျသူများလာသည်​။ကမ္ဘာ​ပေါ်ရှိနိုင်​ငံများတွင်​ ကျွန်​​တော်​တို့မြန်​မာနိုင်​ငံ ပါဝင်​သည့်​ အာရှပစိဖိတ်​​ဒေသသည်​ ပလက်​စတစ်​အသုံးပြုမှု ၄၂ရာခိုင်​နှုန်း ခန့့်​ရှိသည်​ဟု စစ်​တမ်းများက ​ဖော်​ပြထားသည်​။2c73b3d74e63584f6064c56aad1d2c9b.jpg
ထိုများပြားလှ​သော ပလက်​စတစ်​များသည်​ မည်​သည့်​​နေရာသို့​ရောက်​ကုန်​သနည်း ဟူ​သော်​ ဤကမ္ဘာကြီးအတွင်းမှာပင်​ ​ဖောင်းပွလာလျက်​ရှိ​ပေသည်​။ပလက်​စတစ်​သည်​ လွယ်​လင့်​တကူ​ဆွေး​မြေ့​သောအရာမဟုတ်​​ပေ။မြေ​ပေါ်တွင်​မှု ​မြေဆီလွှာများဆုံးရှုံးမည်​။မြစ်​​ချောင်းအင်းအိုင်​များတွင်​မှု မြစ်​​ချောင်းများတိမ်​​ကောလာခြင်း၊​ဂေဟစနစ်​ပျက်​စီး​စေခြင်း တို့ဖြစ်​​ပေါ်​စေနိုင်​​လေသည်​။မီးရှို့ဖျက်​စီးရင်​​ရော ဟူလျင်​ ​လေထုညစ်​ညမ်းမည်​သာဖြစ်​သည်​။Garbage of Ygn 3 copy.jpg

ကျွန်​​တော်​မြန်​မာနိုင်​ငံတွင်​ အမှိုက်​စွန့့်​ပစ်​မှုစနစ်​နှင့်​ အမှိုက်​သိမ်းစနစ်​မှာ အလွန်​အားနည်းလျက်​ပင်​ရှိ​သေးသည်​။အမှိုက်​မပစ်​ရဟူ​သောဆိုင်းဘုတ်​​အောက်​ အမှိုက်​များ​တောင်​လိုပုံ​နေသည်​ကို ​တွေ့ရသည်​မှာ မရိုးလှ​သောမြင်​ကွင်းတစ်​ခုပင်​ဖြစ်​သည်​။
DQmUEpnw5xh9XeQcadKTCLBskuuPohB5zXZMEVpuMoEb8os_1680x8400-1.jpg
www.myanmarexpress.net (158).jpg

အများစုသည်​ ​နောက်​​ဘေးလမ်းကြားသည်​ အမှိုက်​စွန့်​ပစ်​ရန်​​နေရာ၊မြစ်​​၊ ချောင်းများအတွင်း အမှိုက်​စွန့်​ပစ်​ရန်​​နေရာဟု သတ်​မှတ်​ထားကျသည်​ထင်​ပါသည်​။နိုင်​ငံခြားတိုင်းပြည်​များတွင်​ မြစ်​​ချောင်းကမ်းပါး ၏အလှကို ​လှေ၊ သ​င်္ဘော တို့နှင့်​ ကြည့်​ရှုခံစား​လေ့ရှိကြသည်​။လူ​နေအိမ်​တို့သည်​ မြစ်​​၊ချောင်းကမ်းပါး ဘက်​သို့မျက်​နှာမူ၍ ​ဆောက်​လုပ်​ထားကျသည်​။ကျွန်​​တော်​တို့နိုင်​ငံတွင်​မူ ထိုသို့မဟုတ်​ မြစ်​​​၊ချောင်း​​ကမ်းပါးဘက်​သို့ ​ကျော​ပေး၍မရို​သေစကား အိမ်​သာများသာ ​ဆောက်​ထားကျသည်​။အိမ်​သာမှ​ရေဆင်းပိုက်​သည်​ ​ချောင်းအတွင်း၌ ရှိသည်​။ အမှိုက်​များ ​ရေ​ပေါ်တွင်​ ​ပေါ​လော​ပေါ်၍ ဒီ​ရေနှင့်​အတူ တက်​လိုက်​ဆင်းလိုက်​ဖြစ်​​နေသည်​ကို​တွေ့ကျရမည်​။လွန်​စွာ ဝမ်းနည်းစရာ​ကောင်းလှ​သောမြင်​ကွင်းပင်​ဖြစ်​သည်​။98628345b67928a21a5cf8587e753c59.jpg
၅.jpg
dims.jpg

ဖော်​ပြပါပုံများသည်​ ပလက်​စတစ်​အမှိုက်​များ​ကြောင့်​ ကုန်း​နေ၊ ​ရေ​နေသတ္တဝါများ အားညှင်းပမ်းနှိပ်​ဆက်​မှု ပြုသကဲ့သို့ဖြစ်​​ပေါ်​စေနိုင်​​သော ပုံများဖြစ်​သည်​။ထို့အပြင်​ ​ဂေဟ စနစ်​ပါပျက်​စီး​စေနိုင်​၍ တိရိစ္ဆာန်​များ မျိုးတုန်း​ပျောက်​ကွယ်​​စေနိုင်​​ပေသည်​။

လူအများစုသည်​ အမှိုက်​ကိုစည်းကမ်းမဲ့စွန့်​ပစ်​ရမှာကိုမရှက်​​ပေမယ့်​ အမှိုက်​တစ်​စ​ကောက်​ဖို့ကို​တော့ ရှက်​စရာထင်​​နေကြသည်​။ကျွန်​​တော်​လူမှုကွန်​ယက်​တွင်​ကြည့်​မိ​သော video clip တစ်​ခုတွင်​ ဇိမ်​ခံကားအ​ကောင်းစားကြီး ​ပေါ်မှ အချိုရည်​ဘူးဟုယူဆရ​သော ဘူးခွံကို ကားမီးပွိုင့်​မိ၍ ရပ်​​နေစဉ်​ မှန်​တံခါးဖွင့်​၍ လမ်း​ပေါ်သို့စွန့်​ပစ်​လိုက်​သည်​။တစ်​ခန အကြာ စက်​ဘီးဖြင့်​သွားလာ​နေ​သော နိုင်​ငံခြားသားတစ်​ဦးမှ ​ကောက်​၍ မှန်​တံခါးအား​ခေါက်​ပြီး အမှိုက်​အားပြန်​​ပေးသည်​ကို​တွေ့ရသည်​။အမှုမဲ့အမှတ်​မဲ့​ကြောင့်​ လွန်​စွာ ရှက်​ဖွယ်​​ကောင်းလှ​သော အဖြစ်​အပျက်​ဟုသာ မြင်​မိပါသည်​။

ကျွန်​​တော်​ ​နေပြည်​​တော်​တွင်တာဝန်​တစ်​ခုနှင့်​ သွား​ရောက်​စဉ်​က တည်းခိုရာမှ ရုံးသို့ ​ကျွန်​​​တော့်​ကားနှင့်​အတူလိုက်​ပါလာ​သော သူငယ်​ချင်းဖြစ်​သူမှ "သူငယ်​ချင်းရာ မင်းကားထဲလဲ အမှိုက်​​တွေချည်းပဲ စည်းကမ်းကိုမရှိဘူး"ဟု​ပြော​လေရာ "သူငယ်​ချင်းရာ ငါစည်းကမ်းရှိလို့ ငါ့ကားထဲ အမှိုက်​​တွေရှိ​နေတာ​​ပေါ့ကွ"ဟုပြန်​လည်​​ချေပလိုက်​သည်​။ကျွန်​​တော်​မှပင်​တစ်​ဆက်​တည်း "ဟုတ်​တယ်​​လေကွာ.. ငါစည်းကမ်းမရှိရင်​ ငါသုံးပြီးသားအမှိုက်​​တွေကို လမ်း​ပေါ်ကို လွှင့်​ပစ်​မှာ​ပေါ့၊ စည်းကမ်းရှိလို​ အ​ဆောင်​ပြန်​​ရောက်​မှအမှိုက်​ပုံးထဲထည့်​ဖို့ သိမ်းထားတာ​လေ"ဟု​ပြော​လိုက်​သည်​။ဆိုလိုချင်​သည်​ မှာလမ်းသွားရင်း မိမိအမှိုက်​ကို မိမိတာဝန်​ယူဖို့်ပင်​ဖြစ်​သည်​။11.jpg

ကျွန်​​တော်​တို့မြန်​မာနိုင်​ငံတွင်​ ​ရေ​မြေသဘာဝဖွဲ့စည်းပုံအရ အလွန်​လှပနိုင်​သည့်​ ကမ်း​ခြေများ အများအပြားရှိ​ပေသည်​။ အလွန်​လှပနိုင်​သည်​ဟု သုံးနှုန်းထားခြင်းမှာ ယခုအ​ခြေအ​နေမှာ မလှပနိုင်​ပဲ အမှိုက်​သရိုက်​များက ရုပ်​ဆိုးအကျည်းတန်​စွာ​နေရာယူထား​သော​ကြောင့်​ဖြစ်​သည်​။ အကယ်​၍သာ လှပ​သောကမ်း​ခြေများ ဖြစ်​လာပါက ထို အရပ်​​ဒေသတွင်​ ​နေထိုင်​သူတို့၏အလုပ်​အကိုင်​ စီးပွား​ရေး မြင့်​မားလာနိုင်​မည်​ဖြစ်​သည်​။ အဘယ်​​ကြောင့်​ဆို​သော်​ နိုင်​ငံခြားသား ဧည့်​သည်​များမှစ၍ ပြည်​တွင်းပြည်​ပ ဧည့်​သည်​များမှ ကမ်း​ခြေ၏ သဘာဝအလှကို လာ​ရောက်​ကြည့်​ရှု ခံစားကျမည်​မှာမလွဲပင်​ဖြစ်​သည်​။ထိုအခါ ခရီးသွားဧည့်​သည်​များနှင့်​ ပတ်​သတ်​၍ ဝင်​​ငွေ အခွင့်​အလမ်းများ တိုးတက်​လာနိုင်​မည်​ ဖြစ်​​သော်​လည်း ထိုအခွင့်​အလမ်းကို ပိတ်​ပင်​သူတို့မှာ ထိုအရပ်​၌ ​နေထိုင်​ပြီး စည်းကမ်းမဲ့အမှိုက်​စွန့်​ပစ်​သူတို့သာဖြစ်​​ပေသည်​။ပလတ်​စတစ်​​ကြောင့်​ သဘာဝ ပတ်​ဝန်းကျင်​ အလှအပကို ယိုယွင်းပျက်​စီး​စေ​သည့်​အ​ကြောင်းများကို ​တင်​ပြခဲ့ပြီး​နောက်​ မည်​ကဲ့သို့ ပြုပြင်​ရမည်​ကိုဆက်​လက်​တင်​ပြလိုပါသည်​။

ပလတ်​စတစ်​​ကြောင့်​ပတ်​ဝန်းကျင်​ယိုယွင်းပျက်​စီးမှုနှင့်​ ​ဂေဟစနစ်​ပျက်​စီးမှု​ လျော့နည်း​စေရန်​အတွက်​ မည်​ကဲ့သို့ ပြုပြင်​​ပြောင်းလဲရမည်​နည်းဟူ​သော်​ မိတ်​​ဆွေကိုယ်​တိုင်​ပင်​ စ၍ ပြုပြင်​​ပြောင်းလဲသင့်​​ပါသည်​။သင့်​အ​နေနဲ့_

တတ်​နိုင်​သမျှပလတ်​စတစ်​သုံးစွဲမှု​လျော့ချပါ။

သုံးစွဲပြီး ပလတ်​စတစ်​တို့ကို စနစ်​တကျ စွန့်​ပစ်​ပါ။

အတတ်​နိုင်​ဆုံး Recycle ပြုလုပ်​၍ အသုံးပြုပါ။

Recycle ပြုလုပ်​သုံးစွဲ ပုံတို့ကို ​အောက်​ပါပုံများတွင်​​လေ့လာကြည့်​ပါ။Plastic-bottles.jpgplastic-bottles-recycling-ideas-9.jpgdownload.jpegplastic-bottles-recycling-ideas-fb__700.jpg

သစ်​​တောပြုန်းတီးမှု

သစ်​​တောဟုဆိုရာတွင်​ သစ်​ပင်​၊ဝါးပင်​များ၊​တောရိုင်းတိရိစ္ဆာန်​များ၊သစ်​ခွများ၊ သစ်​ဥ၊သစ်​မြစ်​များအားလုံးကိုဆိုလိုခြင်းဖြစ်​သည်​။ သစ်​​တောသံယံဇာတများသည်​ သဘာဝအ​လျောက်​ဖြစ်​​ပေါ်​နေခဲ့​သော်​လည်း လူတို့၏ မ​တော်​သုံးစွဲမှု​ကြောင့်​ ပြုန်းတီးမှုဖြစ်​ရသည်​။ သစ်​​တောသံယံဇာတများသည်​ ​မြေဆီလွာပြုန်းတီးမှု ၊​ရေလွှမ်းမိုးမှုတို့ကိုကာကွယ်​သဖြင့်​ ​မြေကြီးသယံဇာတကိုလဲအ​ထောက်​အကူပြု သည်​။မြေ​အောက်​​ရေဖြစ်​​ပေါ်​စေခြင်း၊မိုးရွာသွန်း​စေခြင်း စသည်​တို့သည်​ သစ်​​တောသယံဇာတ​ပေါများခြင်း​ကြောင့်​ဖြစ်​သဖြင့်​ သစ်​​တောသယံဇာတ​ပေါများခြင်းသည်​ အခြား​သောသယံဇာတများ​ပေါများခြင်းနှင့်​ စပ်​ဆက်​​နေ​ပေသည်​။

မြန်​မာနိုင်​ငံ၏ သစ်​​တောဖုံးလွှမ်းမှုအ​နေဖြင့်​၁၉၆၆ခုနှစ်​ တိုင်းတာချက်​အရ မြန်​မာနိုင်​ငံ အကျယ်​အဝန်း ၂၆၁၂၂၈ စတုရန်းမိုင်​တွင်​ သစ်​​တော ၁၄၉၈၉၈ စတုရန်းမိုင်​(ဧက ၉သန်း​ကျော်​) ရာခိုင်​နှုန်းအားဖြင့်​ ၅၇ ရာခိုင်​နှုန်း ဖုံးလွှမ်း​နေ​ကြောင်း ​ကြေညာခဲ့ပါသည်​။ FAOမှထုတ်​ပြန်​သည့်​ Forest Resource Assessment (FRA-2000)အရ နိုင်​ငံ​တော်​ဧရိယာ စုစု​ပေါင်းဧက (၁၆၇)သန်းအနက်​ ဧက ၈၇သန်းခန့်​ ရာခိုင်​နှုန်းအားဖြင့်​ ၅၂ရာခိုင်​နှုန်းသည်​ သစ်​​တောများဖုံးလွှမ်းလျက်​ရှိသည်​။တော​ကောင်း၊​တောညံ့စုစု​ပေါင်း ဧရိယာ ဧက ၈၇သန်းအနက်​ စိုက်​ခင်းဧရိယာအ​နေဖြင့်​ ဧက ၂သန်းခန့်​သာရှိပြီး ကျန်​ဧက၈၅သန်းခန့်​မှာ သဘာဝမှဖန်​တီး​ပေးထား​သောသစ်​​တောကြီးများဖြစ်​သည်​။
မြန်​မာနိုင်​ငံ၏ သစ်​​တောဖုံးလွှမ်းမှု အ​ခြေအ​နေ အ​နေဖြင့်​_
(က)ထူထပ်​သည့်​​သစ်​​တော(​တော​ကောင်း)မှာ ၆၂.၅သန်း။
(ခ)ရွက်​အုပ်​ပွင့်​သစ်​​တော(​တောပျက်​)မှာ ၂၄.၉၁သန်း။
(ဂ)​တောင်​ယာရှိသည့်​သစ်​​တောမှာ ၂၉.၄၅သန်း။
(ဃ)အခြားအသုံးချ​မြေမှာ ၄၇.၀၃သန်း။
(င)​ရေပြင်​ဧရိယာမှာ ၃.၂၉သန်းဖြစ်​သည်​။

ထိုစာရင်းဇယားများကိုကြည့်​ခြင်းဖြင့်​ ကျွန်​​တော်​တို့မြန်​မာနိုင်​ငံသည်​ သဘာဝတရားကြီး၏ ဆုလာဘ်​ကိုပိုင်​ဆိုင်​ခွင့်​ရထားပြီးသားဖြစ်​​လေသည်​။သစ်​​တောများ ပြုန်းတီး​စေမှုအ​ကြောင်းအရင်းများကို​လေ့လာရာတွင်​ လယ်​ယာ​မြေများတိုးချဲ့ခြင်း၊ ​ရွှေ့​ပြောင်း​တောင်​ယာလုပ်​ကိုင်​မှု၊အလွန်​အကျွံ့စားကျက်​​မြေချခြင်း၊ ထင်းထုတ်​ယူသုံးစွဲမှုများ ပြားခြင်း ၊စီးပွားဖြစ်​သစ်​ထုတ်​လုပ်​ခြင်း၊ အ​ခြေခံအ​ဆောက်​အဦနှင့်​ စီးပွား​ရေးလုပ်​ငန်းဖြစ်​ထွန်း​ပေါ်​​ပေါက်​လာခြင်း၊ လူဦး​ရေတိုးပွားလာခြင်းနှင့်​ ​ကျေးလက်​​နေပြည်​သူများဆင်းရဲမွဲ​တေမှု၊ ​တောမီးများ​လောင်​ကျွမ်းခြင်းနှင့်​ ​တောမီးရှို့ခြင်း တို့​ကြောင့်​ဖြစ်​သည်​။
Twinn-hills-late-fire.gif

သစ်​​တောပြုန်းတီးမှုသည်​ သစ်​​တောရှိသည့်​နိုင်​ငံအများစုတို့ အ​ရေးတကြီး​ဖြေရှင်းရမည့်​ Forestry Issue တစ်​ခုပင်​ဖြစ်​သည်​။ထို့​ကြောင့်​ ကမ္ဘာ့နိုင်​ငံအများ စုတွင်​ သစ်​ပင်​စိုက်​ပျိုး​ရေး စီမံကိန်းများချမှတ်​လျက်​​ဆောင်​ရွက်​​နေကြပါသည်​။ မြန်​မာနိုင်​ငံ၏ သစ်​​တောဖုံးလွှမ်းမှုမှာ ၁၉၇၅ခုနှစ်​တွင်​ ၅၇ရာခိုင်​နှုန်း ရှိရာမှ ၁၉၉၀ပြည့်​နှစ်​တွင်​ ၅၀ရာခိုင်​နှုန်း ထိ​လျော့ကျလာခဲ့သည်​။ အာရှပစိဖိတ်​နိုင်​ငံများ၏ စုစု​ပေါင်း​မြေဧရိယာ၏ ၂၁ရာခိုင်​နှုန်းတွင်​သာ သစ်​​တောကျန်​ရှိရာ မြန်​မာနိုင်​ငံတွင်​ ၄၉ရာခိုင်​နှုန်းခန့်​ ကျန်​ရှိသည်။
Screenshot_2018-01-31-13-56-55-1.png
Deforestation_2074483b.jpg

သစ်​​တောများပြုန်းတီးခြင်းသည်​ သဘာဝပတ်​ဝန်းကျင်​ပျက်​စီးယိုယွင်းမှုနှင့်​ များစွာ သက်​ဆိုင်​လျက်​ရှိ​ပေသည်​။ သစ်​​တောများသည်​ ​မြေဆီလွှာ ထိန်းသိမ်း လျက်​ရှိရာ သစ်​​တောပြုန်းတီးသွားသည့်​အခါ ရွာသွန်း​သောမိုး​ရေတို့သည်​ ​အတားအဆီးမဲ့မှု​ကြောင့်​ ​မြေ​အောက်​သို့ စိမ့်​​ဝင်​မှုမရှိ​တော့ဘဲ ​မြေဆီလွှာများအားတိုက်​စားကာ တဟုန်​ထိုး မြစ်​​ချောင်းများ အတွင်းသို့ စီးဝင်​ကျကုန်​သည်​။ထိုအခါ ​ရေနှင့်​အတူ ပါရှိလာ​သော အနယ်​အနှစ်​တို့​ကြောင့်​ မြစ်​​ချောင်းများ တိမ်​​ကောလာခြင်း၊ ရုတ်​တရက်​မြစ်​​ရေ မြင့်​တက်​ခြင်း၊ ​ရေလွမ်းမိုးခြင်း စသည့်​ သဘာဝ​ဘေးအန္တရာယ်​များ လက်​ငင်းခံစားရနိုင်​သည်​။ရေရှည်​တွင်​ ​မြေ​အောက်​​ရေရှားပါးလာခြင်းမျိုးပါ ဖြစ်​​ပေါ်လာနိုင်​သည်​။ထို့အပြင်​ သစ်​​တောသစ်​ပင်​များသည်​ မလိုလားအပ်​​သော ကာ​ဗွန်​ဒိုင်​​အောက်​ဆိုက်​များကို စုတ်​ယူ၍ လူသားတို့ အတွက်​လိုအပ်​​သော ​အောက်​ဆီဂျင်​ကို ထုတ်​လွှတ်​​ပေးသည်​ဆိုတာ ကျွန်​​တော်​တို့ငယ်​စဉ်​အခါကပင်​ ​ကျောင်းသင်​ခန်းစာတွင်​ သင်​ကြားခဲ့ဖူးပြီးသားဖြစ်​သည်​။ယ​နေ့​ခေတ်​တွင်​ မြန်​မာနိုင်​ငံသည်​ ကမ္ဘာ့နိုင်​ငံများနည်းတူ စက်​မှုပညာတွင်​ ရင်​​ဘောင်​တန်းနိုင်​​ရေးအတွက်​ ကြိုးစားလျက်​ရှိရာ စက်​ရုံအလုပ်​ရုံများ များပြားလာသည်​နှင့်​အမျှ ကာ​ဗွန်​ဒိုင်​​အောက်​ဆိုက်​ ထုတ်​လွှတ်​မှုသည်​လည်းများပြားလာလျက်​ရှိ​ပေသည်​။
smoke-factory.jpg
Screenshot_2018-01-27-08-23-42-1.png

ထိုစက်​ရုံများမှ စွန့်​ပစ်​​ရေဆိုးများသည်​လည်း တချို့စည်းကမ်းမဲ့စွာ မြစ်​​၊ချောင်းများအတွင်းသို့ စွန့်​ပစ်​လျက်​ရှိ​သော​ကြောင့်​ ​ရေ​နေ သတ္တ၀ါ တို့၏ ​ဂေဟစနစ်​ကို ယိုယွင်းပျက်​စီးမှုဖြစ်​​​ပေါ်စေလျက်​ရှိသည်​။ခေတ်​မီတိုးတက်​လာမှုနှင့်​ အပြိုင်​ သဘာဝပတ်​ဝန်းကျင်​သည်​လည်း လိုက်​ပါ​ပြောင်းလဲယိုယွင်းလာလျက်​ရှိ​ပေသည်​။သဘာဝပတ်​ဝန်းကျင်​ကို ယိုယွင်းမှုဖြစ်​​စေသည့်​အတွက်​ စက်​ရုံအလုပ်​ရုံများ ပိတ်​ပါဆိုလျင်​လည်း ကျွန်​​တော်​တို့နိုင်​ငံသာ ​နောက်​ကျကျန်​ခဲ့မည်​ဖြစ်​သည်​။ ဒါဆို ကျွန်​​တော်​တို့ အ​နေနှင့်​ နိုင်​ငံအတွက်​ ဒီထက်​ပိုကြီးကျယ်​စွာ​ပြောရလျင်​ ကမ္ဘာကြီးအတွက်​ ဘာလုပ်​​ပေးနိုင်​မလဲ။
အ​ဖြေကရှင်းပါတယ်​၊ကျွန်​​တော်​တို့သစ်​ပင်​စိုက်​ဖို့လိုပါမည်​။သင်​ သစ်​ပင်​စိုက်​ပျိုးခြင်းသည်​ ကမ္ဘာကြီးကိုကယ်​တင်​ခြင်းဟုမှတ်​ယူပါ​လေ။

မြန်​မာနိုင်​ငံတွင်​လည်း ဌာနဆိုင်​ရာအလိုက်​၊မြို့နယ်​၊ရပ်​ကွက်​၊​ကျောင်းများအလိုက်​ သစ်​ပင်​စိုက်​ပျိုးပွဲ​တော်​များ ပြုလုပ်​လျှက်​ရှိသည်​ကို တီ​ဗွီ၊သတင်းစာ၊ဂျာနယ်​များတွင်​​တွေ့မြင်​​​နေရသည့်​အတွက်
ဝမ်း​မြောက်​ရပါသည်​။သို့​သော်​ စိတ်​မ​ကောင်းဖြစ်​ရသည်​လဲရှိသည်​။ ထိုအရာမှာအခြားမဟုတ်​ နှစ်​စဉ်​နှစ်​တိုင်း သစ်​ပင်​စိုက်​ပျိုးပွဲ​တော်​ ပြုလုပ်​တိုင်း ဒီ​နေရာမှာပဲပြန်​ပြန်​လုပ်​​နေကျတာ​ကြောင့်​ ဖြစ်​သည်​။ အ​ဖြေက​တော့ သစ်​ပင်​​တော့စိုက်​​သော်​လည်းမိမိစိုက်​ပျိုး​သော သစ်​ပင်​ ကို ရှင်​သန်​​အောင်​ပြုစုမှုအားနည်းခြင်း​ကြောင့်​ဖြစ်​သည်​။ထိုကဲ့သို့ For Show လုပ်​ရပ်​မျိုးမ ဖြစ်​​စေရန်​လည်း သတိပြုသင့်​ပါ​ကြောင်း အပြုသ​ဘောအ​နေနှင့်​ တင်​ပြလိုပါသည်​။

သယံဇာတ ကျိမ်​စာသင့်​ခြင်း
where-do-raw-materials-come-from.jpg

မြန်​မာနိုင်​ငံသည်​ ​​မြေ​ပေါ်​မြေ​အောက်​ သဘာဝသယံဇာတ များအလွန်​​ပေါကြွယ်​လှ​သောနိုင်​ငံဖြစ်​ပါသည်​။ထိုသို့ များပြား​သော်​လည်း လူသားတို့ ၏မ​တော်​​လောဘများ​ကြောင့်​ သဘာဝတရားမှ ဒဏ်​ခတ်​ခြင်းကို ခံကျရခြင်းဖြစ်​သည်​။ထို​ကြောင့်​ သယံဇာတ ကျိမ်​စာသင့်​ခြင်း ဟူ၍ ​ခေါင်းစဉ်​ခွဲဖြင့်​ ​ရေးသားတင်​ပြရခြင်းဖြစ်​ပါသည်​။

သဘာဝသယံဇာတအရင်းအမြစ်​များတွင်​ မှီတင်း​နေထိုင်​​သော သတ္တ၀ါများ၊ ​မြေ၊သစ်​​တော၊တွင်းထွက်​ပစ္စည်း၊​ရေထု၊ လူသားတို့အားစွမ်းအင်​​ပေးစွမ်းနိုင်​​သော အရင်းအမြစ်​များ အားလုံးကိုဆိုလိုပါသည်​။
မြေ​အောက်​သယံဇာတများတွင်​ ​ရေနံ၊သဘာဝဓာတ်​​ငွေ့၊​မြေ​အောက်​​ရေ၊သတ္တုများဖြစ်​သည်​။မြေ​အောက်​​ရေနှင့်​ သဘာဝဓာတ်​​ငွေ့တို့သည်​ စနစ်​တကျသုံးစွဲလျင်​ အလိုအ​လျောက်​ပြန်​လည်​ဖြည့်​တင်း နိုင်​သည့်​အတွက်​ ရာသက်​ပန်​သုံးစွဲနိုင်​ပါသည်​။

မြေ​ပေါ်သယံဇာတ များတွင်​သစ်​​တောများ၊​တောကိုမှီခို​နေရ​သော တိရစ္ဆာန်​ များ၊သန့်​ရှင်း​သော​လေတို့ဖြစ်​သည်​။ မြန်​မာနိုင်​ငံသည်​ သစ်​​တောဖုံးလွှမ်းမှု များပြား​သော နိုင်​ငံဖြစ်​​သောအတွက်​ နိုင်​ငံ၏ နိုင်​ငံခြားဝင်​​ငွေရရှိ​ရေးအတွက်​ သစ်​များ တစ်​ဖက်​နိုင်​ငံများသို့​ တင်​ပို့​ရောင်းချသည်​များလဲရှိသည်​။ ထိုသို့​ရောင်းချရာတွင်​ သစ်​ကုန်​ကြမ်းများထက်​ သစ်​များ ကိုအ​ချောထည်​ပြုလုပ်​​ရောင်းချခြင်းက သစ်​​တောပြုန်းတီးမှုပိုမိုသက်​သာ​စေမည့်​အပြင်​ တိုင်းပြည်​၏ ဘဏ္ဍာ​ငွေတိုးပွား​စေနိုင်​မည်​ဟု ထင်​ပါသည်​။

တွင်းထွက်​သယံဇာတများအ​နေဖြင့်​ဆိုလျင်​ ​ရွှေ၊​ငွေ​၊​ကြေး၊သတ္တု ၊​ကျောက်​သံပတ္တမြား စုံလင်​စွာထွက်​ရှိ​ပေသည်​။

ရေလုပ်​ငန်းတွင်​ဆိုလျင်​ ငါး၊ပုစွန်​နှင့်​ အစရှိသည့်​​ရေထွက်​ပစ္စည်းများမှစ၍ ပုလဲရတနာများအထိ ရရှိနိုင်​သည်​။

အထက်​ပါတင်​ပြချက်​များကိုကြည့်​ပါက မြန်​မာနိုင်​ငံတွင်း​နေထိုင်​သူတို့အတွက်​ သဘာဝတရားကြီးက ​ကောင်းမွန်​​သော ဆုလာဘ်​ကို ​ပေးထားပြီးသားဖြစ်​​ပေသည်​။
ထိုဆုလာဘ်​အ​ပေါ် ​ကောင်းမွန်​စွာ အသုံးမချတတ်​လျင်​​တော့ ထိုသဘာဝ သယံဇာတ၏ကျိန်​စာကိုသင့်​​ပေလိမ့်​မည်​ဖြစ်​​ပါသည်​။ထိုမျှလောက်​ သယံဇာတများ​ပေါများ​သော်​လည်း ကျွန်​​တော်​တို့နိုင်​ငံမှာ နည်းပညာအားနည်း​သော​ကြောင့်​ တစ်​ဖက်​တိုင်းတစ်​ပါးတို့၏ သဘာဝသယံဇာတအ​ပေါ်ချယ်​လှယ်​မှုကို ခံစား​နေကျရပါသည်​။ ဥပမာ-ဖားကန့်​​ဒေသတွင်​ ​ဧရာမချိုင့်​ဝှမ်းကြီးများဖြစ်​​လောက်​သည်​အထိ ကျောက်​စိမ်းများ အလွန်​အကျွံထုတ်​လုပ်​ခြင်း။
သယံဇာတများအလွန်​အကျွံထုတ်​လုပ်​ခြင်း​ကြောင့်​ ​တော​တောင်​​တွေပြုန်းတီးမှု မဖြစ်​​စေရန်​အထူးဂရုပြုသင့်​​ပေသည်​။

ဥတုရာသီ ​တောကိုမှီ၏

ဆိုသကဲ့သိုပင်​ ရာသီဥတုသည်​ ​တော​တောင်​​ပေါ်တွင်​မှီတင်း​နေ​ပါသည်​။ကျွန်​​တော်​တို့ငယ်​စဉ်​က ​ကျောင်းသင်​ခန်းစာတွင်​ ​နွေရာသီ ၃လ၊မိုးရာသီ ၅လ ၊​ဆောင်းရာသီ ၄လဟူ၍ သင်​ကြားခဲ့ဖူးသည်​။ယခုအခါ ထိုကဲ့သို့ မျှတ​သောရာသီဥတု မဟုတ်​​တော့သည်​ကို မိတ်​​ဆွေတို့လဲ သတိပြုမိကျလိမ့်​မည်​ထင်​ပါသည်​။မိုးများခြင်း၊ အပူချိန်​မြင့်​မားခြင်း၊အ​အေးလွန်​ကဲခြင်း တို့ သည်​ ​ဖောက်​လွဲ​ဖောက်​ပြန်​ဖြစ်​​ပေါ်လာသည့်​ ရာသီဥတု၏ လက္ခဏာများပင်​ဖြစ်​သည်​။မိုးများခြင်း၏ ​နောက်​ဆက်​တွဲဆိုးကျိုးများအ​နေဖြင့်​ စိုက်​ပျိုးသီးနှံများပျက်​စီးခြင်း၊ ​ရေကြီး​ရေလျှံခြင်းများဖြစ်​​ပေါ်လာသည်​။

ကမ္ဘာကြီးပူ​နွေးလာမှုနှင့်​ အတူ ​ရေခဲမြစ်​များ အရည်​​ပျော်​ဆင်းခြင်း​ကြောင့်​ ကမ္ဘာ​ရေမျက်​နှာပြင်​သည်​လည်း တစ်​​နေ့တခြား မြင့်​တက်​​လာ​နေပြီဖြစ်​သည်​။ ​နောင်​တစ်​ချိန်​တွင်​ ကမ္ဘာတိုက်​ကြီးများ ​ရေ​အောက်​သို့ နစ်​မြုပ်​မသွားနိုင်​ဘူး မ​ပြောနိုင်​​ပေ။ ထို့​ကြောင့်​လဲ ကမ္ဘာ့နိုင်​ငံအသီးသီး သဘာပတ်​ဝန်းကျင်​ပြုပြင်​ထိန်းသိမ်းခြင်းလုပ်​ငန်းများကို အင်​တိုက်​အားတိုက်​​ဆောင်​ရွက်​​နေကျခြင်းဖြစ်​​ပေမည်​။မီး​တောင်​​ပေါက်​ကွဲခြင်း၊ ​မြေငလျှင်​များလှုပ်​ခြင်း၊ပင်​လယ်​ပြင်​တွင်​ အပူချိန်​မြင့်​မားမှု​ကြောင့်​ ​လေဖိအားနည်းရပ်​ဝန်းများ ဖြစ်​​ပေါ်ကာ မှုန်​တိုင်းများတိုက်​ခတ်​ခြင်း၊ဆူနာမီလှိုင်းလုံးကြီးများဖြစ်​​ပေါ်လာခြင်းတို့သည်​ သဘာဝတရားကြီးက လူသားတို့အား ပြန်​လည်​ဒဏ်​ခတ်​ခြင်းပင်​ဖြစ်​သည်​။

နိဂုံး
အချုပ်​အားဖြင့်​ဆိုရ​သော်​ ကျွန်​​တော်​ အထက်​၌တင်​ပြခဲ့ပြီး​သော ယိုယွင်းပျက်​စီး​စေမည့်​ ကိစ္စရပ်​များကို မိမိတို့ တတ်​နိုင်​စွမ်းသည်​ဘက်​မှ မပြုလုပ်​ကျဖို့လိုပါသည်​။ထိုမျှတင်​မကပဲ မိမိတို့လက်​လှမ်းမီရာ ပညာ​ပေး​ဆွေး​နွေးခြင်းများပြုလုပ်​ကျရ​ပေမည်​။မြန်​မာစကားပုံတစ်​ခုဖြစ်​သည့်​"အရိပ်​​နေ​နေ အခက်​ချိုးချိုး"ဟူ​သောစကား၏အဓိပ္ပါယ်​ကို ကျယ်​ပြန့်​စွာ စဉ်းစားကြည့်​လျင်​ ကျွန်​​တော်​တို့်သည်​ ​​​တော​တောင်​သစ်​ပင်​ ၏အရိပ်​အာဝါသကို ခိုလုံ​နေကြရသူများဖြစ်​သည်​။ထိုအရိပ်​အာဝါသ​ကြောင့်​ ကျွန်​​တော်​တို့​ဘေးကင်းလုံခြုံစွာ​နေထိုင်​နိုင်​ခြင်း ဖြစ်​​ပေရာ ကျွန်​​တော်​တို့အားလုံးသည်​ အခက်​ချိုးသူများမဖြစ်​​စေရန်​ သတိပြုကျရ​ပေမည်​။ဆောင်းပါးအား ပြန်​လည်​​ကောက်​နုတ်​တင်​ပြရ​သော်​ စည်းကမ်းမဲ့အမှိုက်​များစွန့်​ပစ်​ခြင်းကို အထူးဂရုပြု​ရှောင်​ကြည်​ပါ။ပလတ်​စတစ်​ အသုံးပြုခြင်းကို အတတ်​နိုင်​ဆုံး​လျှော့ချပါ။ Bottle-Recycling.jpg

သစ်​​တောများ ပြုန်းတီးမှုကို သင့်​အ​နေနဲ့မကာကွယ်​​နိုင်ရင်​​တောင်​ သစ်​​တောပြုန်းတီးမှုအစားထိုးနိုင်​​အောင်​သစ်​ပင်​စိုက်​ပါ။စိုက်​ပျိုးသည့်​သစ်​ပင်​ကိုရှင်​သန်​​အောင်​ပြုစုပျိုး​ထောင်​ပါ။

ယိုယွင်းပျက်​စီးစပြု​နေ​သော မြန်​မာ့သဘာဝပတ်​ဝန်းကျင်​ ကို ကယ်​တင်​နိုင်​ဖို့အတွက်​ သင့်​ အ​နေနှင့်​ သစ်​ပင်​စိုက်​ပျိုးပါ၊
family_tree.jpg

နောင်​လာမယ့်​ကျွန်​​တော်​တို့ရဲ့ မျိုးဆက်​သစ်​များ သဘာဝတရားကြီးအတွင်းမှာ ​ကောင်းမွန်​စွာ ရှင်​သန်​​နေထိုင်​သွားနိုင်​ဖို့ ကျွန်​​တော်​တို့အားလုံးမှာ တာဝန်​ရှိ​ပါသည်​ဟု တိုက်​တွန်း​ပြောကြားရင်း ကျွန်​​တော်​၏​ဆွေး​နွေးတင်​ပြမှုကို ရပ်​နားခွင့်​ပြုပါခင်​​ဗျာ။

Ps-သစ်​​တောဆိုင်​ရာအချက်​အလက်​များအား နိုင်​ငံ​တော်​ကာကွယ်​​ရေးတက္ကသိုလ်​တွင်​ သစ်​​တောဦးစီးဌာနမှ သင်​ကြားပို့ချ​သောသင်​ခန်းစာမှ ​ကောက်​နုတ်​​ဖော်​ပြထားခြင်းဖြစ်​ပါသည်​။ဓာတ်​ပုံများအား googleမှ ကူးယူ​ဖော်​ပြထားပါသည်​။

မြန်​မာစတီးမစ်​မိသားစုဝင်​များအားလုံး မြန်​မာ့ သဘာဝပတ်​ဝန်းကျင်​ နှင့်​ အလှကို ​ထိန်းသိမ်းကာကွယ်​နိုင်​သူများဖြစ်​ကြပါ​စေလို့ဆု​တောင်းရင်း....

Author- Minhtet Yeyint
@zinminhtet
MSC-126
Photo credit google.

Sort:  

တကယ့်ကိုတော်ပါပေတယ်
ဆုရပါစေရှင့်

ကျေးဇူးပါမမို

ဗဟုသုတ​စေပါတယ်​​ကျေးဇူးပါ

wow!! တကယ်ကိုပြည့်ပြည့်စုံစုံဖော်ပြထားတာပဲ။ ဆုရပါစေ ko zinminhtet ရေ။

ကျေးဇူးတင်​​ပါတယ်​​ မဇင်​ဇင်​​ရေ

ပြည့်စုံပါပေတယ်ဗျာ ။ ဆုရပါစေ။

တင်ပြပုံ အရေးအသားကောင်းတယ် Bro
ဆုရပါစေဗျာ

အ​ရမ်း​ကောင်းပါတယ်​။ဆုရရှိပါ​စေ။

တင်ပြပုံလေးကောင်းပါတယ် ဆုရပါစေဗျာ

ဆုရရင်​ မုန့်​​ကျွေးမယ်

ဗဟုသုတရပါတယ်

ကောင်းပါတယ် bro

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.029
BTC 66293.76
ETH 3282.25
USDT 1.00
SBD 2.70