To my junior officer(4)

in #myanmar6 years ago (edited)

image
ညီငယ်​အရာရှိသို့ ​ပေးစာ(၄)

သို့....
ညီ​ငယ်​​ရေ တို့​တွေ ​နေ့စဉ်​နဲ့အမျှ သွားလာ လုပ်​ကိုင်​ကြရတဲ့ လုပ်​ငန်းနယ်​ပယ်​မှာ မိမိထက်​အသွယ်​အရွယ်​ကြီးသူ၊ရာထူးကြီး သူ၊မိမိနဲ့ အဆင့်​တူတဲ့ရဲ​ဘော်​ရဲဘက်​များကို ဆက်​ဆံ​ပြောဆိုမှု ပြုလုပ်​​နေကြရမှာဖြစ်​တယ်​။ထိုအခါ ​နေ့စဉ်​အသုံးပြုလိုက်​နာရမယ့်​ ယဉ်​​ကျေးမှု ထုံးတမ်းများနှင့်​ ကျင့်​ဝတ်​ဆိုင်​ရာများကို​ပြောပြလိုတယ်​။အရာထမ်းလျာသင်​တန်းသားတစ်​ဦးဟာ သင်​တန်းသို့ စတင်​​ရောက်​ရှိပြီး တစ်​ပတ်​၊နှစ်​ပတ်​ခန့်​အတွင်းမှာပင်​ မိမိထက်​ရာထူးကြီးမြင့်​သူများကို မည်​ကဲ့သို့ ရို​သေ​လေးစားစွာ ​ပြောဆိုဆက်​ဆံရမည်​ဆို​သော ထုံးတမ်းအစဉ်​အလာ ကိုနားလည်​သ​ဘော​ပေါက်​ပြီး ဖြစ်​သင့်​တယ်​။အထက်​အရာရှိကို အ​လေးပြုခြင်း၊စကား​ပြောလျှင်​ မတ်​တပ်​ရပ်​ အ​နေအထားဖြင့်​ ​ပြောဆိုခြင်း စသည့် ဓ​လေ့ထုံးတမ်း များကို သိရှိလို်​က်​​နာ ဖို့လိုအပ်​​ကြောင်း အကို့အ​နေနဲ့ မှာကြားလိုတယ်​။

မိမိ၏ အထက်​အရာရှိများကိုအရိုအ​သေ​ပေးရမည်​ကိုသိရှိနားလည်​ထားသလို အခြား ဌာနဆိုင်​ရာ အရာကြီးများ၊ မိမိနှင့်​အဆင့်​တူညီတဲ့ရဲ​ဘော်​ရဲဘက်​များကို မည်​ကဲ့သို့ ဆက်​ဆံရမည်​ဆိုတာကိုလည်း သိရှိ ထားဖို့လိုအပ်​မှာဖြစ်​တယ်​။လေးစားစွာ ဆက်​ဆံသည်​ဆိုရာ၌ မိမိထက်​အဆင့်​မြင့်​​သောအရာရှိကြီးများကိုသာမက မိမိထက်​အသက်​အရွယ်​အားဖြင့်​ ကြီးရင့်​သူများ ကိုလည်းရို​သေစွာဆက်​ဆံပါလို့ အကိုအ​နေနဲ့ ထပ်​မံ မှာကြားလိုတယ်​။အရပ်​ဖက်​ဌာနဆိုင်​ရာ အရာရှိများတွင်​ အများအားဖြင့်​ ဌာနအများစုမှာ ရာထူး၊အဆင့်​တံဆိပ်​များ တပ်​ဆင်​ထားခြင်းမရှိတာ​ကြောင့်​ ၄င်းတို့၏ အသက်​အရွယ်​ကြီးရင့်​မှု​ပေါ်မူတည်​၍ ​လေးစားယဉ်​​ကျေးစွာဆက်​ဆံခြင်းဟာ ​ကောင်းမွန်​​သော အ​လေ့အကျင့်​​ကောင်းပဲဖြစ်တယ်​။ မိမိနှင့်​ ဌာနချင်းမတူညီကျတဲ့ တက္ကသိုလ်​ ပါ​မောက္ခ၊​ဆေးရုံအုပ်​ကြီး​တွေ ပြည်​နယ်​တရားသူကြီးအ​ဆင့်​ရှိသူတို့ဟာ သူတို့ထက်​အသက်အရွယ်​အားဖြင့်​ငယ်​ရွယ်​တဲ့ အရာရှိ ငယ်​တစ်​ဦးက သူငယ်​ချင်းသဖွယ်​ ဆက်​ဆံသည်​ကို နှစ်​ခြိုက်​ကြမည်​မဟုတ်​​ကြောင်း သတိချပ်​ထားဖို့လိုအပ်​တယ်​။
image

ယဉ်​​ကျေးမှု ထုံးတမ်းများကို​ပြောကြားပြီး​နောက်​အကို့ဌာနရဲ့ အထက်​လူကြီးများအ​ပေါ်ပြုကျင့်​ရမယ့်​ ကျင့်​ဝတ်​ ၁၀ပါးကို လည်း သိရှိလိုက်​နာဖို့ လိုအပ်​​ကြောင်း ​ပြောကြား လိုတယ်​။လမ်းသွားလမ်းလာပြုလုပ်​စဉ်​ ညီ့ထက်​ရာထူးငယ်​ရွယ်​တဲ့ဝန်​ထမ်းငယ်​တစ်​ဦးက ခါးညွှတ်​၍ အရိုအ​သေ​ပေးနှုတ်​ဆက်​လာလျှင်​ မိမိကလည်း ခါးညွှတ်​၍ ပြန်​လည်​နှုတ်​ဆက်​သင့်​ပါတယ်​။ခန္ဓာကိုယ်​ကိုမတ်​မတ်​ထား၍ ခါးအထက်​ပိုင်းကိုသာ အနည်းငယ်​ညွှတ်​​၍ နှုတ်​ဆက်​ရမှာဖြစ်​တယ်​။မိမိကို အမျိုးသမီးတစ်​ဦးနဲ့ မိတ်​ဆက်​​ပေးသည့်​အခါမှာလည်း မိမိမှ ခါးကိုအနည်းငယ်​ညွှတ်​၍ ပြန်​လည်​နှုတ်​ဆက်​သင့်​တယ်​။
image
ထမင်းစားဝိုင်းတစ်​ခုမှာ ထမင်းသုံး​ဆောင်​​နေစဉ်​မှာလည်း အ​ကြောင်းတစ်​စုံတရာ​ကြောင့်​ ထမင်းဝိုင်းမှ ​ခေတ္တထွက်​ခွာရမည်​ဆိုပါက မိမိထိုင်​​နေ​သောထိုင်​ခုံကို​နောက်​သို့ ဆွဲ၍ ခါးကိုအနည်းငယ်​ညွှတ်​၍ ခွင့်​ပန်​ပြီးမှာသာ ထွက်​ခွာသင့်​တယ်​။ထိုထမင်းဝိုင်း ညီက အကြီးဆုံးပုဂ္ဂိုလ်​ဖြစ်​​နေပါကလည်း ထိုခွင့်​ပန်​တဲ့ အရပ်​သူ၊ အရပ်​သား၊ အရာရှိငယ်​ကို ကုလားထိုင်​မှ ထိုငိလျက်​အ​နေအထားဖြင့်​သာ ခါးကိုအနည်းငယ်​ညွှတ်​၍ ခွင့်​ပြုသင့်​တယ်​။မိမိထိုင်​​နေစဉ်​အတွင်းမှာ တစ်​ဦးတစ်​​ယောက်​က မိတ်​ဆက်​​ပေးပါက အိ​နြေ္ဒရစွာ မတ်​တပ်​ရပ်​ပါ။ခုန်​ထရန်​မလိုပါ။လက်​ဆွဲနှုတ်​ဆက်​ရာတွင်းလည်း မိမိ၏ အထက်​အရာရှိဖြစ်​ပါက ထိုသူက လက်​ကမ်း​ပေးမှသာ နှုတ်​ဆက်​ရမှာဖြစ်​တယ်​။မည်​သူကမဆို လက်​ကမ်း​ပေးလျင်​ လက်​ဆွဲနှုတ်​ဆက်​ရမယ်​ဆိုတာ သိထားရမယ်​။ကမ်း​ပေး​သောလက်​ကို ဆွဲ၍ မနှုတ်​ဆက်​ခြင်းဟာရိုင်း ပြမှုတစ်​မျိုးပဲဖြစ်​​ကြောင်း အကို့အ​နေနဲ့ ​ပြောကြားလိုတယ်​။ဆု​ပေးပွဲအခမ်းအနားမှအပ အမျိုးသမီးတစ်​​ယောက်​ကို မည်​သည်​အခါမျှ လက်​ဆွဲမနှုတ်​ဆက်​သင့်​​ကြောင်းကိုလည်း သတိချပ်​ထားဖို့လိုအပ်​တယ်​။လက်​ဆွဲနှုတ်​ဆက်​စဉ်​မှာ လက်​ဟာတံ​တောင်​ဆစ်​နဲ့ တစ်​တန်းတည်းဖြစ်​သင့်​တယ်​။ထိုထက်​ပိုပြီး မနိမ့်​မမြင့်​သင့်​ဘူး။အခြားပုဂ္ဂိုလ်​ ရဲ့လက်​ကို အားဖြင့်​ မကိုင်​ရသလို ​ပျော့ဖတ်​ဖတ်​အ​နေအထားနဲ့လည်း မကိုင်​ရဘူး။လက်​ဆွဲနှုတ်​ဆက်​ရာမှာ အထက်​​အောက်​နှစ်​ကြိမ်​ခန့်​သာ လှုပ်​ယမ်းသင့်​တယ်​။လက်​ဆွဲနှုတ်​ဆက်​စဉ်​ ခါးအနည်းငယ်​ တစ်​ချက်​ညွှတ်​လိုက်​ပါက ပို၍ ယဉ်​​ကျေး​သော အမှုအရာကိုဖြစ်​​စေတယ်​။လက်​ဆွဲနှုတ်​ဆက်​ စဉ်​ တစ်​ဖက်​လူရဲ့မျက်​လုံးကို ခင်​မင်​ရင်းနှီးစွာကြည့်​ပါလို့ မှာကြား​ရေးသားရင်း အကို့စာကို ဒီမှာ ရပ်​အုံးမယ်​။

...စီနီယာ 👮

Author by Minhtet yeyint.
Photo credit google
@zinminhtet
MSC-126

Sort:  

နှစ်​ပတ်​အတွင်းခန့်​မှာပင်​ ဆိုတဲ့စကားမှာ " နှစ်ပတ်"သည် အချိန်ကိုဖေါ်ပြ "အတွင်း" ဆိုတာနေရာပြပုဒ်ပါ၊ "ခန့်" ဆိုတာက အချိန်ပြဝိဘတ်ဖြစ်ပါတယ်၊ ဒါ့ကြောင့် သုံးသင့်တာက နှစ်ပတ်ခန့် အတွင်းမှာပင် လို့ဖြစ်ရပါ့မယ်သားရေ။

ဟုတ့်​ကဲပါဆရာ ပြင်​လိုက်​ပါမယ်​ခင်​ဗျ

အားလုံးလည်းသိထားသင့်တဲ့အကြောင်းအရာလေးတွေပါ

အား​ပေးတာ​ကျေးဇူးတင်​ပါတယ်​ခင်​​ဗျာ

ပါဝါပွိုင့် မသုံးဘူးလား သူငယ်ချင်း အမြဲသုံးပါလား ပါလိုက် မပါလိုက်နဲ့ ဖြစ်နေတယ်

This comment has received a 0.21 % upvote from @speedvoter thanks to: @sawlwin.

Power point က kamaလာဘူး​လေ

သိခွင့် ရတဲ့ အတွက် ကျေးဇူးပါ

စည်းကမ်းတွေများလှချည့်

ကျင့်​ဝတ်​​တွေပါ ဆရာ :-)

သိခွင့်ရလို့ကျေးဇူးပါ

ဝိုး အလန်းဗျ

ဗိုလ်လောင်းတွေ့ ဆရာမဖြစ်ချင်တာ 😁😁😁

ဆရာမ​တွေကိုလည်း တ​လေးတစားအ​လေးပြုပါတယ်​ ခင်​​ဗျ 😊

လာအားပေးသွားတယ်ဗျာ..

အားရှိသွားပါပြီ

မှတ်​သားစရာ​လေး​တွေပါ။အ​ရေးအသားလည်းမိုက်​တယ်​။

ကျေးဇူးတင်​ပါတယ်​ခင်​​ဗျာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 69430.02
ETH 3814.93
USDT 1.00
SBD 3.66