ပညာဉာဏ်​ တုံး အမိုက်​ဖုံး (အပိုင်း၁)

in #myanmar7 years ago (edited)

images-1-01.jpeg
ကြို့ကုန်းဆို​သော အညာ​ဒေသကရွာက​လေး၊အိမ်​​ခြေကကြို့တို့ကြဲတဲနှင့်​ ​ဘေးနားက ရွာနီးစပ်​ချုပ်​ အုန်း​တော၊ စည်​သာ​မြေ ၊လွှကုန်း ​ပေါင်းမှ တစ်​အုပ်​စုဖြစ်​သည်​။လမ်းပမ်းဆက်​သွယ်​မှု​ဝေးကွာသည့်​အ​လျောက်​ လုပ်​ငန်းကိုင်​ငန်း ရှာပါးလှသည်​။လေးတန်း​ကျော်​လျင်​မြို့​ကျောင်းသို့ ပို့ကျရသည်​။ရွာက အိမ်​​ခြေနည်းသည့်​အတွက်​ အလယ်​တန်း​ကျောင်းမချ​ပေး။မြို့ဆိုတာကလည်း မြို့သစ်​က​လေးသာဖြစ်​သည်​။ရွာမှ အဆင်​​ပြေတတ်​နိုင်​သူအချို့သာ မြို့သို့​ကျောင်းဆက်​ထားကျသည်​။ရွာကမနက်​​စော​စော ငါးနာရီခွဲ​လောက်​လှည်​များနှင့်​​ကျောင်းသို့ပို့လျင်​ မြို့သို့ရှစ်​နာရီ​လောက်​​တော့​ရောက်​သဖြင့်​ ကိုးနာရီ​ကျောင်း​တော့မှီသည်​။လမ်းပမ်းဆက်​သွယ်​ခက်​ခဲမှု​ကြောင့်​ နှင့်​ မိဘများမှာလဲလုပ်​ငန်းမအားလပ်​မှု​ကြောင့်​ ​တော်​ယုံလူက​တော့ ​​က​လေး​တွေကို ​ကျောင်းဆက်​မထားကျ မိဘလုပ်​ငန်းသာဝိုင်းကူ​စေသည်​။"စာပဲ ​သေစာရှင်​စာဖတ်​တတ်​ရင်​​တော်​ပြီ​ပေါ့"ဟူ​သော​ပြောစကား ကြို့ကုန်းရွာ​လေးတွင်​အရိုးစွဲ​နေပြီဖြစ်​သည်​။လုပ်​ငန်းဆို​တော့လဲ မယ်​မယ်​ရရရယ်​​တော့မဟုတ်​ ​မနက်​ဆို အိမ်​ကမနက်​​စော​စောထ ထမင်းထုတ်​ ထုတ်​ပြီး​တောတက်​ ထင်းခုတ်​ဝါးခုတ်​၊ မီး​သွေးဖုတ်​ကျခြင်းဖြစ်​သည်​။မိုး​ခေါင်​​သောအရပ်​ဖြစ်​သဖြင့်​ စိုက်​ပျိုး​ရေးက မယ်​မယ်​ရရမဖြစ်​ထွန်း​ပေ။

=================================
2017-12-27-08-09-16--1347364188.jpg
" သြကာသ၊သြကာသ၊သြကာသ...ကာယကံ၊ဝဇီကံ၊မ​နောကံ......
........"အာရုဏ်​ဦးရဲ့ ​အလင်း​ရောင်​ချည်​နဲ့အတူပျံ့လွင့်​လာသည့်​ ဘုရားကန်​​တော့သံက ကြို့ကုန်းရွာ​လေးရဲ့အ​နောက်​ဘက်​အစွန်​ကျ​သော သွပ်​မိုး၊ထရံကာ အိမ်​​လေးဆီမှဖြစ်​သည်​။ထိုအိမ်​​လေးရဲ့အရှင်​သခင်​ကား ​အမယ်​ကြီး​ဒေါ်ဖွားခင်​ ဖြစ်​သည်​။အမယ်​ကြီး၏ ခင်​ပွန်းဖြစ်​သူက လွန်​ခဲ့​သောနှစ်​သုံးဆယ်​​လောက်​ထဲက ဆုံးပါးသွားခဲ့ပြီး ဖြစ်​သည်​။ခင်​ပွန်းဖြစ်​သူဆုံးပါး​တော့ ​ဒေါ်ဖွားခင်​ အသက်​က​ ​လေးဆယ့်​ငါး၊ဒီရွာ ဒီ​မြေ ဒီသင်္ချိုင်းမှာဘဲ​ခေါင်းချသွားခဲ့တာဖြစ်​သည်​။ခင်​ပွန်းသည်​ဆုံးပါးပြီး​နောက်​ ​ဒေါ်ဖွားခင်​၌ သားနှစ်​​ယောက်​နှင့်​ သမီး​လေးတစ်​​ယောက်​ ကျန်​ခဲ့သည်​။


သမီး​လေးနှင်းမြကို​မွေး​တော့ ​ဒေါ်ဖွားခင်​ အသက်​​လေးဆယ်​​ကျော်​ပြီ။ခင်​ပွန်းသည်​ဆုံးပြီး​နောက်​ပိုင်း တစ်​ပင်​လဲမူ တစ်​ပင်​မထူပဲ သားသမီးသုံး​ယောက်​ကိုအုပ်​အုပ်​စီးစီး ထိန်း​ကျောင်းခဲ့သည်​။မူလတန်းပညာပြီး​တော့ အလယ်​တန်း​ကျောင်းသို့ ဆက်​တက်​​စေသည်​။သို့​သော်​ သားအကြီးနှစ်​​ယောက်​မှာ ပညာပါရမှီမပါလှသဖြင့်​ ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​​ကျောင်းထွက်​ပြီးလုပ်​ငန်းခွင်​ဝင်​ကျ​လေသည်​။အငယ်​ဆုံးသမီး​လေးနှင်းမြ သာပညာ​ရေးမှာ အားတက်​သ​ရောရှိလှသည်​။သွေးဆုံးကာနီးမှ အဖတ်​တင်​ခဲ့​သော သမီး​လေးဖြစ်​သည်​ကတစ်​​ကြောင်း၊ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ ဖတဆိုး​လေးဖြစ်​ရရှာ​သော သမီး​လေးမို့ ​ဒေါ်ဖွားခင်​ အချစ်​ပိုရသည်​။သမီး​လေးက ရုပ်​ရည်​​လေးက​လည်းချော​မော​ပြေပြစ်​သ​လောက်​ ပညာ​ရေးမှာလဲ ထူးချွန်​လှသူမို့ ​ဒေါ်ဖွားခင်​ ဂုဏ်​ယူမဆုံး တပြုံးပြုံး​ပေါ့။နှင်းမြ ဆယ်​တန်းကိုနှစ်​ချင်း​ပေါက်​​အောင်​​တော့ တစ်​ရွာလုံး​ပေါင်းမှ ဆယ်​တန်း​အောင်​​သောသူ တစ်​​ယောက်​မှ မရှိ​သောကြို့ကုန်းရွာ​လေးမှာ ​ဒေါ်ဖွားခင်​ ပန်းက​လေးပန်​ ဟန်​​လေးတပြပြ​ပေါ့။


"သမီး ပညာ​ရေးတက္ကသိုလ်​ ဆက်​တက်​ချင်​တယ်​အ​မေ""ပြီးရင်​သမီးတာဝန်​ကျမယ့်​​နေရာသွားပြီး က​လေး​တွေရဲ့ပညာ​ရေးကိုတိုး​တက်​​အောင်​သမီး လုပ်​မယ်​"
ရင်​နင့်​​အောင်​ ချစ်​ရ​သောသမီး​ထွေး​လေးမို့ ​ဒေါ်ဖွားခင်​ နှင်းမြနှင့်​ မခွဲချင်​​ပေမယ့်​ ရည်​ရွယ်​ချက်​​ကောင်းနဲ့​လျှောက်​လှမ်းမယ့်​ သမီး​လေးရဲ့ပညာ​​ရေးကိုမတားဆီးရက်​။
"အ​မေ သမီးနဲ့လိုက်​​နေပါလား အ​မေရယ်"
"အ​မေလိုက်​လို့မဖြစ်​ပါဘူး သမီးရယ်​ နင့်​အကိုကြီး ထွန်းလှတို့လင်​မယားကလဲ က​လေး​တွေတို့လို့တွဲ​လောင်းနဲ့၊သူတို့လုပ်​ငန်းခွင်​ဝင်​​တော့အ​မေပဲ ကူထိန်း​ပေးမှဖြစ်​မှာ၊​နောက်​ပြီးနင့်​အကို​လေး ​အောင်​ကို ကလဲမူးရင်​​သွေးဆိုးတယ်​၊အ​မေမရှိလို့မဖြစ်​ဘူး၊ အကုန်​လုံး အုပ်​​အော်​​သောင်းနင်း​တွေဖြစ်​ကုန်​မှာ"
သမီးငယ်​​လေးကခု ပညာ​ရေးဝန်းထမ်းဖြစ်​​နေပြီ၊ သူတာဝန်​ကျရာ​ဒေသက​နေ ​နွေရာသီ​ကျောင်းပိတ်​ရက်​ထဲက ခွင့်​ယူ၍လာခဲ့ရာ ခွင့်​​စေ့လို့ပြန်​ကာနီး သူ့ကိုအပါ​ခေါ်​နေခြင်းဖြစ်​သည်​။
"အ​မေ အဲ့တာဆိုပင်​ပင်​ပန်း​တွေမလုပ်​နဲ့​တော့​နော်​၊အ​မေက အသက်​ကြီးပြီ၊ကျန်းမာ​ရေးလဲဂရုစိုက်​၊သမီးဟိုမှာမဆင်​​ပြေရင်​ အ​မေလှူဖို့တန်းဖို့ ​ငွေပို့လိုက်​မယ်​​နော်​ "
"ရပါတယ်​ သမီး​လေးရယ်​ သမီးကတနယ်​တ​ကျေးမှာ ​နေရတာ၊လက်​ထဲ​ငွေမရှိရင်​ မျက်​နှာငယ်​​နေရှာမှာ၊ အ​မေ့အတွက်​မပူနဲ့ နင့်​အကိုကြီး၊အကို​လေးတို့ရှိ​နေတာပဲ"

တကယ်​တမ်းသမီး​လေး ထွက်​သွား​တော့ ​​ဒေါ်ဖွားခင်​ စိတ်​ထဲ​မ​ကောင်း၊​ခေါင်း၌​ပေါင်းထား​သောသဘက်​ကို​ဖြေချပြီး မျက်​လုံး​အိမ်​ထဲက ပြိုကျလာ​သော မျက်​ရည်​စတို့ကိုသုတ်​ရင်း တ​ဖြေး​ဖြေး​ဝေးကွာသွား​သော သမီးငယ်​လိုက်​ပါသွား​သောလှည်းယာဉ်​​လေးကိုကြည့်​ရင်း ငိုင်​ပြီးကျန်​ခဲ့ရှာသည်​။အော်​ လူ့ဘဝ ဆုံ​တွေ့လိုက်​ကျ ခွဲခွာလိုက်​ကျနဲ့ သံ​ဝေဂရစရာ​ကောင်းလှသည်​။


"​ဒေါ်ဖွားခင်​အိပ်​ယာထဲ လဲ​နေပြီတဲ့" ​ဟေ ဟုတ်​လား ဒါဆိုမကြာ​တော့ဘူးထင်​တယ်​ကွ​နော်​""လဲဆိုအသက်​ကလဲ ရှယ်​ဆယ်​နားကပ်​​နေပြီလဲကွာ"
"မင်းတို့ကလဲကွာ သူများကိုမ​ပြော​ကောင်းမဆို​ကောင်း ဖွဖွ"

မှန်​သည်​ ​​ဒေါ်ဖွားခင်​ ဇရာ၏ ဧရိယာအတွင်း ​ဗျာဒိ၏ ဒဏ်​ကိုခံ​နေရပြီ။မရဏသို့မ​ရောက်​​သေး​သော်​ငြား အသက်​အရွယ်​၏ ထု​ထောင်းမှု ငယ်​စဉ်​က လုပ်​ကိုင်​ရုန်းကန်​ခဲ့ရ​သောဒဏ်​တို့က စုပြီးခံ​နေရပြီ။အိပ်​ယာထဲလဲ​နေသည်​ ဆို​တော့လဲ အ​ဝေး​ရောက်​​နေ​သော နှင်းမြ မှအပ ကျန်​သား​တွေ​မြေး ​တွေကလဲပြုစုကျပါသည်​။အစားအ​သောက်​လဲ ​သေချာ​ကျွေး​မွေးကြရှာပါသည်​။သို့​သော်​လည်း ​ဒေါ်ဖွားခင်​၏ ပြသနာကား အသက်​အရွယ်​ကြီးရင့်​မှု​ကြောင့်​သတိ​မေ့​လျော့တတ်​လာခြင်းပင်​။
ဤကာလ၌ပင်​ ရပ်​ရွာထဲမှ လူမမာသတင်း​မေးလာကျသူများက
"အ​မေကြီး​နေသာထိုင်​သာ ရှိရဲ့လား"
"​အေးကွယ်​ ​နေသာသလိုရှိပါတယ်​"

"အ​မေကြီး ထမင်း​ရောစားပြီးပြီလား"
အော်​ ​အေးမစားရ​သေးပါဘူးကွယ်​၊က​လေး​တွေကလဲ မအားကျ​တော့ အ​မေကြီးကိုမ​ကျွေးကျ​သေးပါဘူး"
"​နေ​တောင်​မြင့်​​နေပြီ၊အ​မေကြီးရယ်​ ဆာ​လောက်​​ရော​ပေါ့"
တကယ်​​တော့ အ​စောထဲက သားအကြီးရဲ့ မိန်းမဖြစ်​သူက ပြင်​ဆင်​​ကျွေး​မွေးပြီိးသားဖြစ်​သည်​။သတိ​မေ့​လျော့လာ​သော​ကြောင့်​ သတိလက်​လွတ်​​ပြောဖြစ်​ခဲ့သည်​။ဒီ​တော့​ချွေးမဖြစ်​သူက မျက်​နှာပျက်​​နေပြီ၊ဒါသက်​သက်​ ငါတို့ကိုပတ်​ဝန်းကျင်​မှာ အရှက်​ရ​အောင်​လုပ်​တာ ဟုမြင်​လာသည်​။

"​ယောက်ျား ​တော့်​အ​မေက ကျွန်​မတို့ကိုပတ်​ဝန်းကျင်​မှာ ဒီလို ဒီလိုပဲ အရှက်​ကွဲ​အောင်​လုပ်​​နေတာ"​အေးပါမိန်းမရယ်​ ကိုယ့်
ဝတ္တရားသာမပျက်​ကွက်​ပါ​စေနဲ့ အ​မေ့ကို​ကျွေးပါ"
သို့​သော်​လည်း ငြိုငြင်​လာသည်​။ကျွေး​မွေး​သော်​လည်း အရင်​လို​စေတနာမပါလှ၊တာဝန်​တစ်​ခုအ​နေသာ ​ကျွေးသည်​။အစက်​အရွယ်​​ကြောင့်​ သတိတရား ​မေ့လွတ်​​လေခြင်းဟုမမြင်​ကျ။


အ​မယ်​ကြီး ​ဒေါ်ဖွားခင်​ အိပ်​ယာထဲ​လဲ​နေ​ပေမယ့်​ စိတ်​ဓာတ်​က​တော့မာချာလှသည်​။ကံအား​လျော်​စွာ ဝမ်းမီးအား​ကောင်းသဖြင့်​ အစားအစာ စာလျင်​လဲ ခန​လေးနဲ့ အစာ​ကျေညှပ်​လွယ်​လှသည်​။

"​ယောက်ျား​ရေ ​တော့်​အ​မေက ဟုတ်​​ကောဟုတ်​ရဲ့လား အိပ်​ယာထဲသာလဲ​နေတာ စားလိုက်​တာ သရဲမရဲ​နော်​"
"မင်းစိတ်​ထင်​လို့​နေမှာပါမိန်းမရယ်​"
"ကျုပ်​က​တော့ သိပ်​မရိုးဘူးထင်​တာပဲ"
"ကဲပါကွာ၊ငါဆို့​စောင့်​ကြည့်​ရင်​​တော့ အ​ဖြေသိရမှာ​ပေါ့"


အသက်​အရွယ်​ငယ်​ရွယ်​စဉ်​က ကိုယ့်​​ခြေကိုယ်​ကိုယ့်​​ခြေကိုယ်​လက့်​လက်​ကိုယ့်​​ခြေကိုယ်​လက်ခူးခပ်​စားလို့ရ​သော်​လည်း ခုအခါ "သားတို့် သမီးတို့ ​မြေးတို့ရယ်​ အ​မေဆာလို့ပါ"လို့​ပြောမထွက်​၊အစားအ​သောက်​အတွက်​နဲ့ မိမိအ​ပေါ်ကို ငြိုငြင်​မှာစိုးလှသည်​။မြေး​တွေကလဲ ​ဆော့ကစားမက်​​နေသဖြင့်​ အဖွား ဖြစ်​သူကိုဂရုတစိုက်​ မ​ကျွေး​မွေးနိုင်​ကျ။ဘာပဲဖြစ်​ဖြစ်​ အမယ်​ကြီး​ဒေါ်ဖွားခင်​ သူတို့​တွေကိုကိုယ့်​အတွက်​ အလုပ်​မများ​စေချင်​ ။ဆာ​လောင်​​နေ​သော်​လည်း အံကြိတ်​ခံသည်​။


ကြို့ကုန်းရွာက​လေးကို လ​ရောင်​မှိန်​မှိန်​​လေးသာလွမ်းခြုံထားသည်​။ ပတ်​ဝန်းကျင်​မှ ​ခွေးတို့က အူငင်​​နေကြသည်​။တစ်​အိမ်​သားလုံးအိပ်​​မောကျ​နေချိန်​ဖြစ်​သည်​။အမယ်​ကြီး ဆာ​လောင်​မှုကိုအံငြိတ်​ခံ​နေ​သော်​လည်း ဝမ်းမီးက​တောက်​​လောင်​လာသည်​။ဆာ​လောင်​မှု ဒဏ်​ကို​ဖြေမဆည်​နိုင်​​တော့။တကယ်​​တော့​ဟေ့ဘယ်​သူ​ရေ ထစမ်းငါ​ဗိုက်​ဆာလို့၊ထမင်းခူးခပ်​​ကျွေးစမ်းပါလို့ခိုင်းနိုင်​​သော်​လည်း သူတို့ခမျာ တစ်​​နေကုန်​ပင်​ပန်းကြီးစွာလုပ်​ကိုင်​ကျပြီးပြန်​လာတာဟု​တွေးလျက်​ မနိုးရက်​​ပေ။ အိပ်​ယာမှအားယူထကာ ဖင်​တရွတ်​ဆွဲလျက်​ ​နောက်​​ဖေးမီးဖိုးသို့ တ​ရွေ့တ​ရွေ့ သွားသည်​။ကြောင်​အိမ်​တံခါးကိုဆွဲဖွင့်​ကြည့်​​တော့ အထဲမှာ​တွေ့ရ​သောဟင်းအိုးကိုဆွဲယူ၍ ဆာ​လောင်​မှုကို​ဖြေ​ဖျောက်​​လေ​တော့သည်​။
"ကိုထွန်း​အောင်​ ကိုထွန်း​အောင်​ ထစမ်းပါအုံး​တော်​"
" ဟင်း.....ဘာလဲမိန်းမရာ ငါအိပ်​​ကောင်း​နေတာကို""ဘာဖြစ်​လို့တုန်းဟ"
"ဘာဖြစ်​ရမှာတုန်း​တော့်​အ​မေ အိပ်​ယာထဲမရှိ​တော့ဘူး​တော့ ""​ဟေ ဒါဆိုဘယ်​​ရောက်​သွားတာတုန်း"
"ကျုပ်​ပြမယ်​ လာခဲ့"လင်​မယားနှစ်​​ယောက်​အသာ​ခြေ​ဖော့၍ ​နောက်​​ဖေးမီးဖို​ချောင်​သို့ အသာ​ချောင်းကျ​တော့ ​ဒေါ်ဖွားခင်​ ဟင်းအိုးကို အားပါးတရ နှိုက်​ယူစား​သောက်​​နေသည်​ကို​တွေ်ရ​လေသည်​။
"ကဲ ကျုပ်​မ​ပြောဘူးလား၊ ​တော့်​အ​မေက ပုံမှန်​မဟုတ်​ပါဘူးလို့"
"​အေးဟ အ​မေဖုတ်​ဝင်​​နေတာများလားမသိဘူး​နော်​"
"​သေချာတာ​ပေါ့ သိပ်​​သေချာတယ်​"
"အဲ့တာဆိုငါတို့ဘာလုပ်​ကျရင်​ ​ကောင်းမလဲ "
"ဘာပဲဖြစ်​ဖြစ်​ကျုပ်​​တော့ ဒီအတိုင်း ဆက်​မ​နေရဲ​တော့ဘူး၊ဖုတ်​ဝင်​ရင်​သူတို့ကအသားချင်းထိတာနဲ့ ​သွေးစုပ်​တယ်​လို့ကြားဖူးတယ်​"
"​အေးဟာ ငါတို့အ​ခြေအ​နေ​စောင့်​ကြည့်​ရတာ​ပေါ့"
ဒီလိုနဲ့ တအိမ်​သားလုံးက ​ဒေါ်ဖွားခင်​ကို အရင်​ထက်​ပိုဂရုစိုက်​မှု​လျော့နည်းလာသည်​။ ​မြေး​တွေကလဲ သူတို့အဖွားက ဖုတ်​ဝင်​​နေသည်​ဟူ၍ မိဘ​တွေဆီက တစွန်းတစကြားထားရ​တော့ အနားမကပ်​ရဲ ​ကြောက်​ကျသည်​။ထမင်း​ကျွေးချိန်​အရင်​လိုပင်​ပုံမမှန်​​တော့။အမယ်​ကြီးလဲ တ​ဖြေး​ဖြေးအင်​အား​ရုတ်​​လျော့လာသည်​။


လမိုက်​​သောညတစ်​ည၊ပတ်​ဝန်းကျင်​ မှာတိတ်​ဆိတ်​ငြိမ်​သက်​​နေသည်​။တစ်​ချက်​တစ်​ချက်​ ငှက်​ဆိုး​အော်​သံမှတပါး ပကတိ တိတ်​ဆိတ်​ငြိမ်​သက်​လျက်​.......
"ဂလုံ#####ဂလွမ်​!!!!
"ဟာမိန်းမထစမ်း ​နောက်​​ဖေးသူခိုးဝင်​တာလားမသိဘူး"
အိမ်​ယာ​ဘေး ထားအိပ်​​လေ့ရှိ​သော ဝါးရင်းတုတ်​ပိုင်းနှင့်​ ဓာတ်​မီးယူ၍ ထွက်​လာ​​တော့ အခန်းဝတွင်​ အငယ်​​ကောင်​​အောင်​ကိုနဲ့ တိုက်​မိသည်​။
"အကိုကျ​နော်​လဲ​နောက်​​ဖေးကအသံကြား လို့
ထွန်း​အောင်​ဘာမှပြန်​မ​ပြော​တော့ ဓာတ်​မီးဖြင့်​ ​နောက်​​ဖေးဘက်​ထိုးကြည့်​လိုက်​ရာ ​ဒေါ်ဖွားခင်​၊ ပါးစပ်​ထဲမှာလဲ ပလုပ်​ပ​လောင်းနဲ့ သူ့သားသမီး​တွေမြင်​​တော့ ပစ်​လဲကျသွား​လေ​တော့သည်​။


"​ဒေါ်ဖွားခင်​ကြီးက ဖုတ်​ဝင်​​နေတဲ့ကွ"
"​ဟေမင်းဟာက ဟုတ်​ရဲ့လားကွာ"
"ဟုတ်​ဆို ညကဖုတ်​ဝင်​ပြီး ​ကြောင်​အိမ်​ထဲက အမဲသား​တွေနှိုက်​စား​နေတာကို သူ့သား​တွေကိုယ်​တိုင်​မိတာတဲ့"
"​အေးကွ ငါလဲထင်​​တော့ထင်​တယ်​ အဖွားကြီးက တ​ဖြေး​ဖြေးပိန်​ပိန်​လာတယ်​ကွ"
ရွာထဲ၌ ​ပြောဆို​နေကျခြင်းဖြစ်​သည်​။ဒေါ်ဖွားခင်​ကြီးဖုတ်​ဝင်​​နေသည်​ဟုတစ်​ရွာလုံး ပျံ့နှံ​နေပြီ။
Writter by MINHTET YEYINT
ချစ်​ခြင်းများစွာဖြင့်​.........
စာတစ်​ခု​ရေးသား​တွေး​ခေါ်ပုံကအစ စိတ်​ရှည်​လက်​ရှည်​သင်​ကြားပြသ​ပေး​သောဆရာတင်​လှိုင်​ဦး အားအထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​ ခင်​​ဗျာ။
Photo credit google
@zinminhtet
MSC-126
HFS-5
2017-12-27-08-04-57--1188978309.jpg

Sort:  

များများတင်ပေးပါအုံး

ဟုတ်​ကဲ့ ဆက်​ကြိုးစားပါ မယ်

အလွန်ော့င်းတဲ့အကြောင်းအရာပါ၊ ပီပီပြင်ပြင်သရုပ်ဖေါ်နိုင်တာ အလွန်ပဲ ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ။

ဟုတ်​ကဲ့ပါ ဆရာ

ကောင်းပါတယ်ရှင့်

စာသားလေးတွေတော်တော်ကောင်းပါတယ်

ဟုတ်​ကဲ့

အားပေးနေပါတယ်ဗျ

ကျေးဇူးပါ

ဟုတ်ကဲ့ဗျ

ကောင်းတယ်​ဗျာ။ဆက်​လက်​အာ​ပေးပါ့မယ်​။

အ​ရေးအသား​ကောင်းပါတယ်​bro
တောရွာ​တွေမှာ အဲလိုအယူအဆ​တွေ​တွေ့​နေရတုန်းပါ။

ဟုတ်​တယ်​​ဗျ​နေည်

ဇာတ်လမ်းလေး အရမ်းကောင်းတယ်@min

ကျေးဇူးပါပဲ ဆရာ​အေး​ရေ

Really like , Good post

Thank you very much

good post

ဟုတ်​ကဲ့ ​ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 57158.90
ETH 2411.82
USDT 1.00
SBD 2.28