Myanmar security and the dangers drugs(3)

in #myanmar7 years ago

image
မြန်​မာနိုင်​ငံလုံခြုံ​ရေးနှင့်​ မူးယစ်​​ဆေးဝါးအန္တရာယ်​၊အပိုင်း (၃)

Myanmar security and the dangers of drugs-part(3)

မြန်​မာနိုင်​ငံ​သို့​ ​ရောက်​ရှိလာပုံ

ကျွန်​​တော်​တို့ မြန်​မာနိုင်​ငံသို့ ဘိန်းများမည်​သို့​ရောက်​ရှိလာသနည်းဟူ​သော်​ သမိုင်းမှတ်​တမ်းများအရ ၁၈၅၀ခုနှစ်​မှာ အီတလီနိုင်​ငံ ၊​ဗီးနစ်​မြို့သား Caeser Fredericke ဆိုတဲ့ သူဟာ မြန်​မာနိုင်​ငံကိုအလည်​လာရင်း ပဲခူးမြို့မှာဘိန်းအ​ရောင်းအဝယ်​လုပ်​ခဲ့ပါသတဲ့​ဗျာ။ သူ့ရဲ့မှတ်​တမ်း​တွေမှာဆိုရင်​ သူဟာ အိန္ဒိယအ​နောက်​ကမ်းရိုးတန်းရှိ ကန်​​ဘေမြို့က​နေ ဘိန်းများကိုနှစ်​ကြိမ်​တိုင်​တိုင်​စွန့်​စားယူပြီး ကျွန်​​တော်​တို့မြန်​မာပြည်​ ပဲခူးမြို့မှာ ​ဈေးတက်​ချိန်​ကို​စောင့်​ပြီး ၂နှစ်​ကြာမျှအချိန်​ယူ​ရောင်းချခဲ့တယ်​လို့​​ရေးသားထားပါတယ်​။၂ နှစ်​အတွင်းမှာပဲ သုံးစွဲသူများ၍လူကြိုက်​များပြီး ​ဈေးတက်​ပုံပါပဲ။၁၆၁၃ခုနှစ်​ ဒတ်​ခ်ျ​ ကုမ္ပဏီ ရဲ့မှတ်​တမ်းတစ်​ခုမှာ​တော့ မလက္ကာမြို့မှာ ဘိန်း​ပေါင်​ချိန်​၂၀၀ခန့်​ကို ​နှစ်​စဉ်​​ရောင်းချရ​ကြောင်းနှင့်​ ထိုဘိန်း​တွေကိုပဲ ယိုးဒယားနယ်​စပ်​မှတဆင့်​ မြန်​မာနိုင်​ငံ ပဲခူးတိုင်းထဲယူ​ဆောင်​ကာ အမြတ်​ကြီးတင်​​ရောင်းချခဲ့တယ်​​ဖော်​ပြထားပါတယ်​။
image

ဘိန်းဟာဆိုရင်​ဖြင့်​ နယ်​ချဲ့ အင်္ဂလိပ်​ရဲ့အ​မွေခံပစ္စည်းလိုပဲဆိုရမှာဖြစ်​ပါတယ်​။ အင်္ဂလိပ်​လူမျိုး ဂျွန်​ပင်​ကာတန်​ ဆိုတဲ့ လူရဲ့ခရီးသွားမှတ်​တမ်းမှာလဲ ​အေဒီ ၁၅၈၀ခန့်​ကတည်းက အိန္ဒိယက​နေ ပုသိမ်​ဆိပ်​ကမ်းကို အာရပ်​ကုန်​သည်​များမှတဆင့်​ ဘိန်းများသယ်​​ဆောင်​လာခဲ့ပုံကို ​ရေးသားထားခဲ့ပါတယ်​။ရေခြား​မြေခြား တိုင်းတစ်​ပါးသားများဟာဆိုရင်​ဖြင့်​ ကျွန်​​တော်​တို့မြန်​မာနိင်​ငံသို့ ​ရေ​ကြောင်းခရီးမှတဆင့်​ သ​င်္ဘော ဆိပ်​ကမ်းမြို့​တွေဖြစ်​တဲ့ ပဲခူး၊မုတ္တမ၊ စစ်​​တွေ၊သံတွဲ ဆိပ်​ကမ်းများကို သ​င်္ဘော များဖြင့်​သယ်​​ဆောင်​လာခဲ့ကြတာဖြစ်​သည်​။အစပထမမှာ​တော့ကျွန်​​တော်​တို့မြန်​မာလူမျိုး​တွေဟာ ဘိန်းကို မရှူတတ်​ မသုံးစွဲတတ်​​သေး​ပေ။ထိုအခါ အင်္ဂလိပ်​နယ်​ချဲ့တို့ကပဲ ဘိန်းကို အခမဲ့​​ပေး၍ဝါဒဖြန့်​ခြင်း၊ ရှူပုံရှူနည်းပြ​သ​ပေးခြင်းတို့အပြင်​ရခိုင်​နယ်​တွင်​စပြီး လိုင်​စင်​ရဘိန်းခန်းများ ဖွင့်​လှစ်​​ပေးခြင်းပင်​ပြုလုပ်​ခဲ့​လေသည်​။ လိုင်​စင်​ရတဲ့လူ​တွေက​တော့ တရုတ်​နှင့်​ ဘင်္ဂါလီလူမျိုးများသာဖြစ်​ကြသည်​။ရခိုင်​ပြည်​နယ်​ရှိရဟန်းရှင်​လူတို့မှ ဘိန်းခန်းများထပ်​မဖွင့်​​အောင်​ ​မေတ္တာရပ်​ခံခဲ့ကြ​သော်​လည်း နယ်​ချဲ့ြ​ဗိတိသျှတို့ရဲ့ အကြံအစည်​က ကျွန်​​တော်​တို့မြန်​မာလူမျိုးများအား ဘိန့်​ဓ​လေ့စွဲကပ်​​စေပြီး မျိုးချစ်​စိတ်​ဓာတ်​များ ရှင်​သန်​ထ​မြောက်​မှု ​လျော့နည်း​စေရန်​၊နှစ်​ရှည်​စွာအလွယ်​တကူအုပ်​ချုပ်​နိုင်​​ရေး ဟူ​သော မဟာ​ဗျူဟာ စီမံကိန်းအရ ပရိယာယ်​ အမျိုးမျိုးနဲ့ တင်​​​​သွင်း ဖြန့်​​ဝေခြင်းအား ဆက်​လက်​လုပ်​​ဆောင်​ခဲ့​ကြသည်​။ဘိန်းတင်​သွင်း​ရောင်းဝယ်​မှုနှင့်​ ဘိန်းခန်းများအတွက်​ လိုင်​စင်​များထုတ်​​ပေးပြီး ထိုလိုင်​စင်​များမှလည်း အခွန်​များစွာရယူကြ၏။
image
မြန်​မာနိုင်​ငံရဲ့​မြောက်​ပိုင်း​ချင်းတွင်း​ဒေသ၊ချင်း​တောင်​တန်း၊ကချင်​ပြည်​နယ်​၊ရှမ်းပြည်​နယ်​တို့ သို့ အာသံပြည်​နယ်​မှဘိန်းမျိုး​စေ့များ​ရောက်​ရှိလာပြီး​နောက်​ ဘိန်းခင်းများစတင်​ပြန့်​ပွားလာလေသည်​။မြန်​မာနိုင်​ငံကို အင်္ဂလိပ်​တို့ သိမ်းပိုက်​ပြီး​နောက်​ပိုင်းတွင်​ ဘိန်းစိုက်​ပျိုး ထုတ်​လုပ်​ခြင်း အ​လေ့အထ များလာပြီး​နောက်​ ကချင်​​တောင်​တန်းများမှာလည်း တရားဝင်​ဘိန်းစိုက်​ပျိုးခွင့်​အား မှတ်​ပုံတင်​ ခွင့်​ပြုခဲ့​၏။

ြ​​ဗိတိသျှအစိုးရက ဘိန်းသယ်​ယူခြင်း၊​ရောင်းချခြင်းတို့ကို ကိုယ်​တိုင်​ပြုလုပ်​ပြီး ဘိန်းဆိုင်​​ပေါင်း ၂၁၆ဆိုင်​ခန့်​ ဖွင့်​လှစ်​ခဲ့သည်​။ဘိန်း​ရှူသူနှင့်​ စားသုံးသူများကိုလည်း တရားဝင်​မှတ်​ပုံတင်​စနစ်​ဖြင့်​ ​ရောင်းချခဲ့ပါသည်​။ထိုကဲ့သိြု့​ဗိတိသျှတို့၏ အ​မွေဆိုးဖြစ်​သည့်​ ဘိန်းကို ကျွန်​​တော်​တို့မြန်​မာနိုင်​ငံသားတို့ သုံးစွဲလာကြခြင်းသည်ြ​ဗိတိသျှတို့ပြန်​လည်​ ဆုတ်​ခွာသွားချိန်​ ၄င်းတို့ မှတ်​ပုံတင်​ထားခဲ့သည့်​ ဘိန်းစားသူဦး​ရေမှာ ၄သောင်း၈ထောင်​ကျော်​ရှိခဲ့ပြီဖြစ်​သည်​။အ​ကြောင်း​ကြောင်းအမျိုးမျိုး​ကြောင့်​ မှတ်​ပုံမတင်​ခဲ့သည့်​ ဘိန်းစားသူဦး​ရေမှာ ထိုထက်​ပင်​ ပိုမိုများပြားနိုင်​​ကြောင်း​ရေးသား တင်​ပြအပ်​ပါသည်​ခင်​​ဗျာ။

ဆက်​ပါအုံးမည်

References -​ ဒေါက်​တာ တင်​ထွန်းဦး ​၏ ​ကောင်းကျိုးမ​ပေး မူးယစ်​​ဆေး

▶တင်​​မောင်​ရင်​(မဟာဝိဇ္ဇာ)၊​ရွှေတြိဂံ​မြေက ဘိန်းဖြူ သံသရာ

▶မူးယစ်​​ဆေးဝါး ပ​​ပျောက်​​ရေး ကြိုးပမ်း​ဆောင်​ရွက်​ချက်​များ(မူးယစ်​​ဗဟို)၊ပြည်​​ထဲ​ရေးဝန်​ကြီးဌာန

▶မြန်​မာနိုင်​ငံအတွင်း ခြိမ်း​ခြောက်​လာနိုင်​သည့်​ စိတ်​ကြွ​ဆေး အန္တရာယ်​(မူးယစ်​​ဗဟို)၊ပြည်​ထဲ​ရေးဝန်​ကြီးဌာန

▶ဘိန်းဘုရင်​ခွန်​ဆာ၊​စော​ဒေါင်းညို

▶တပ်​မ​တော်​သမိုင်း၊ သတ္တမတွဲ
Photo credit google image
@zinminhtet
MSC-126

Sort:  

သမိုင်းကိုသိတော့ မအတော့ဘူးပေါ့ကွာ သိပ်ကောင်းတဲ့ post ပါ

ကျေးဇူးပါပဲ သူငယ်​ချင်း ​ရေ

သမိုင်းတခုကိုသိခွင့်​ရ​ကျေးဇူးပါ။

အား​ပေးတာ​ကျေးဇူးပါ

သိခွင့်ရပါတယ် ကိုဇင်ရေ

အား​ပေးတာ​ကျေးဇူးတင်​ပါတယ်

အခုလိုတင်​ဆက်​​ပေးတဲ့အတွက်​ ​ကျေးဇူးပါအကို​ရေ

အား​ပေးတာ​ကျေးဇူးပါ 😊

အင်္ဂလိပ်အမွေဆိုးတွေပေါ့ သူ့ကျွန်ဖြစ်ခဲ့ရတာဆိုတော့

စနစ်​တကျနဲ့ကိုဖျက်​စီးခဲ့တာဆရာ​ရေ

ဗဟုသုတအများကြီးရပါတယ်​ရှင်

ကျေးဇူးပါ 😊

မူးယစ်ဆေးဟာ ကြောက်ဖို့ကောင်းတယ်။ဖိလစ်ပိုင် လိုတွယ်လိုက်ရမှာ။

ဟုတ်​တယ်​ အဲ့လိုချရမှာ

ကောင်းပါတယ်​ဗျာပညာ​ပေး​လေး​ပေါ့

စောင့်ျှော်အားပေးနေပါတယ်😊👍

တစ်​ချိန်​ကအင်္ဂလိပ်​​တွေရဲ့တဖြည်းဖြည်းဖြန့်​ခဲ့တဲ့အဆိပ်​​လေး​ပေါ့​ဗျာ

ဟုတ်​တယ်​​ဗျ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71