*မုသားဆိုကြရာဝယ်​*

in #myanmar6 years ago (edited)

မုသားဆိုကြရာဝယ်

Credit image source -
ဗုဒ္ဓဘာသာဝင်​တိုင်း မုသာဝါဒဟူ​သော ကံကို သိကြလိမ့်​မည်​။မုသားဆိုရခြင်း၏ အကျိုး အပြစ်​ကိုသိသူရှိသလို မသိသူများလည်း ရှိ လိမ့်​မည်​ဖြစ်​သည်​။မြတ်​စွာဘုရားရှင်​၏ အဆုံးအမတိုင်းတွင်​ မုသာဝါဒကံကို ​ရှောင်​ကျဉ်​ကြရန်​ ဆုံးမထား၏။ဥပမာဆို​သော်​ ငါးပါးသီလတွင်​လည်း မုသာဝါဒကံကို ​ရှောင်​ကျဉ်​ကြရန်​ ​ဟောကြားထားသည်​ကို​တွေ့ရပါမည်​။

ထိုကဲ့သို့ မုသာဝါဒကံကို ကျူးလွန်​ခြင်းမပြုရန်​ မြတ်​​ဗုဒ္ဓက အထပ်​ထပ်​အခါခါ ​ဟောကြားဆုံးမထား​သော်​ငြားလည်း ကျန်ုပ်​ တို့ ပုထုဇဉ်​လူသားများမှာ မုသာဝါဒကံကို အလွယ်​တကူပင်​ ကျူးလွန်​မိကြ​လေသည်​။ ဘာလို့ကျူးလွန်​မိလဲဆို​သော်​ မုသာဝါဒကံကိုကျူးလွန်​ခြင်း​ကြောင့်​ ခံရမည့်​အပြစ်​များကို ဆင်​ခြင်​ရာတွင်​ အားနည်းခြင်းနှင့်​ အသိတရား​ပေါ်တွင်​ သတိထားမှုကင်းလွတ်​မှု​ကြောင့်​ဟုထင်​ပါသည်​။

မုသာဝါဒကံကို ကျူလွန်​ခြင်းသည်​ယခု ဘဝတွင်​သာမက​နောင်​ဘဝများစွာတွင်​ပါဆိုးကျိုးပြုတတ်​​ပေသည်​။ သာဓကအားဖြင့်​ တစ်​ခုတင်​ပြချင်​ပါသည်​။
ကဿပဘုရားရှင်​လက်​ထက်​​တော်​ အခါကဖြစ်​၏။ဥပါသကာ ငါးရာတို့သည်​ ဘာသာတရားအလွန်​ကိုင်းရှိုင်းကြ၏။ကုသိုလ်​​ကောင်းမှုကိုလည်း စိတ်​တူကိုယ်​တူ မကြာခဏဆိုသလို ​ဆောင်​ရွက်​​လေ့ရှိကြရာ မြတ်​စွာဘုရား ၏​ကျောင်း​တော်​တို့သွား​ရောက်​၍ တရားနာ​လေ့ရှိကြသည်​။ထိုဥပါသကာငါးရာတို့၏ ဇနီးတို့သည်​လည်း ခင်​ပွန်းသည်​တို့နှင့်​အတူ ​ကောင်း​မှုအတူ တကွပြုကြ​လေသည်​။

တစ်​​နေ့တွင်​ ထိုဥပါသကာ ငါးရာတို့၏ ဇနီးငါးရာထဲမှ တစ်​​ယောက်​​သောမိန်းမ သည်​ တခြား ကုန်​သည်​​ယောက်ျားတစ်​ဦးနှင့်​​ဖောက်​ပြန်​​လေ၏။ထိုအခါ ထိုမိန်းမ ဖြစ်​သူ၏ ​ယောက်ျားမှ ရိပ်​မိ၍ ​မေးမြန်းရာ မဟုတ်​မှန်​​ကြောင်း လိမ်​ညာ​ပြောဆို​လေသည်​။ထိုသို့ လိမ်​ညာ​ပြောဆို​သော်​လည်း ​ယောက်ျားဖြစ်​သူမှ မယုံ​သောအခါ အနားမှာရှိ​သော ​ခွေးနက်​ကြီးအား လက်​ညိုးထိုး၍ ကျွန်​မလိမ်​ညာ​ပြောဆိုလျင်​ ​နောင်​ဘဝမှာ​ခွေးနက်​ကြီး အစားခံရပါ​စေဟု
ကျိန်​ပြ၏။ယောက်ျားကမယုံ​သော အခါ ထိုမိန်းမ၏ အ​ပေါင်းအပါအ​ဖော်​မိန်းမတို့အား​မေးမြန်းရာ ၄င်းတို့ကပါ ဝိုင်းဝန်းလိမ်​ညာ​ပေး​လေသည်​။

ဖောက်​ပြန်​​သောမိန်းမ ​သေလွန်​​သောအခါ သီလ​စောင့်​​သောလင်​​ယောက်ျားအား လိမ်​ညာ​ပြောဆိုခဲ့​သော​ကြောင့်​ ဟိမဝန္တာ​တောရှိ ကဏ္ဏမုဏ္ဏ အမည်​ရှိ​သော ​ရေအိုင်​တွင်​ နတ်​ပြိတ္တာမ ဖြစ်​​လေသည်​။ ကျန်​အ​ပေါင်းအပါ အ​ဖော်​မိန်းမတို့သည်​လည်း ထိုမိန်းမ၏ အ​​ခြွေအရံ ကျွန်​မများ ဖြစ်​ကြ၏။ထိုနတ်​ပြိတ္တာမသည်​ ​နေ့အခါတွင်​ နတ်​စည်းစိမ်​ကို ခံစားရ​သော်​လည်း ညအခါတွင်​ လိမ်​ညာခဲ့​သောကံ​ကြောင့်​ ​ခွေးနက်​ကြီးအစားခံရ​လေသည်​။နေ့အခါတွင်​ နတ်​စည်းစိမ်​ခံစားရခြင်းမှာ ရတနာသုံးပါးကိုကြည်​ညို၍ ဥပုဒ်​သီတင်း​စောင့်​တည်​ခြင်း၊ ကုသိုလ်​​ကောင်းမှုပြုခဲ့​သောကံအဟုန်​​ကြောင့်​ဖြစ်​သည်​ဟု ​ဗုဒ္ဓဘာသာအပြစ်​ပြ ဝတ္ထုမှာ​ဖော်​ပြ ထားပါသည်​။

မုသားဆိုရရာတွင်​အ​ကြောင်းအမျိုးမျိုး ရှိသည်​။မိမိအပြစ်​မှလွတ်​​အောင်​ မုသား ဆိုရခြင်း၊မိမိအားသူတစ်​ပါး အထင်​ကြီး​စေလို​သော​ကြောင့်​ မုသားဆိုခြင်း၊မိမိအားသူတစ်​ပါးအထင်​​သေးသွားမည်​ဆိုး၍ မုသားဆိုရခြင်း၊မိမိအလို​လောဘ ပြည့်​​စေရန်​ မုသားဆိုရခြင်း၊ရယ်​​မော​ပြောရွှင်​ လို၍ မုသားဆိုရခြင်းတို့ဖြစ်​သည်​။ မည်​သို့ပင်​ဖြစ်​​စေကာမူ မုသားစကားဆိုခြင်း သည်​ အပြစ်​ကျူးလွန်​ခြင်းသားဖြစ်​၏။ တချို့များ မုသားမပါလင်္ကာမ​ချောဟူ၍ပင်​ မုသားစကားကိုလှိုင်​လှိုင်​ သုံးကြ​လေသည်​။
အချင်းချင်းမုသားစကားကို ဟာသ သဖွယ်​ ​ပြော၍ တ​သော​သောရယ်​​မောကြသည်​။မုသားစကားကို ထမင်းစား​ရေ​သောက်​သဖွယ်​ ​ပြောဆို​နေကြသည်​ကို​တွေ့ရသည်​။

ကျန်ုပ်​ငယ်​စဉ်​ကဖတ်​ခဲ့ဖူး​သော ဦးဖိုးကျား​ရေးသားခဲ့​သောမင်းက​တော်​ ဝတ္ထုတွင်​ ညွှန့်​​မေသည်​ မိမိကိုချစ်​ကြိုက်​​နေ​သော မြို့အုပ်​မင်း အထင်​​သေးမည်​ဆိုး၍ အ​ကြော်​​ရောင်း၍ ​ကျောင်းထား​ပေးရ​သော မိခင်​ကြီးသည်​ ဆီမရှိ​သော ဆံပင်​ စုတ်​ညစ်​​နေ​သော အဝတ်​တို့ ကြမ်းတမ်း​သောရုပ်​ရည်​ရှိ​သော​ကြောင့်​ မိမိအားလာ​ရောက်​​တွေ့ဆုံစဉ်​ အိမ်​မှာခိုင်း​သော အ​စေခံမကြီးဖြစ်​​ကြောင်း မြို့အုပ်​မင်း အား လိမ်​ညာ​ပြောဆိုခဲ့ပါသည်​။ ဤသည်​မှာ မိမိအား အထင်​​သေးမည်​ကိုရှက်​ရွံ့စိတ်​​ကြောင့်​ မုသားစကား ဆိုခဲ့ခြင်းဖြစ်​​ပေသည်​။

မိမိ​ပြောဆိုလိုက်​​သော မုသားစကားသည်​ တစ်​ဖက်​သား၏ ထိခိုက်​နစ်​နာနိုင်​မှုအကြီးအငယ်​​ပေါ်မူတည်​၍ ယခုဘဝတွင်​​ရော ​နောင်​သံသရာမှာပါ အပြစ်​ကြီးငယ်​ဖြစ်​​ပေါ်နိုင်​သည်​။အထက်​​ဖော်​ပြပါ ဖြစ်​စဉ်​တွင်​ ညွှန့်​​မေသည်​ မုသားစကားဆိုခဲ့ခြင်း​ကြောင့်​ မိခင်​ဖြစ်​သူနှင့်​ ရှင်​ကွဲ၊​သေကွဲ ကွဲခဲ့ရကာ သူမ၏ အမှားအတွက်​ ပူ​ဆွေး​သောက​ရောက်​ကာ ယူကျုံးမရ ဖြစ်​ရ​လေသည်​ကို ​တွေ့ရှိရသည်​။
မုသားစကားကို နှစ်​ခြိုက်​စွာ​ပြောဆို​လေ့ရှိသူများသည်​ ​နောင်​ဖြစ်​ရာဘဝတွင်​စကားမပီခြင်း၊သွားများညီညီညာညာမ​ပေါက်​ခြင်း၊ ပါးစပ်​မှ အပုတ်​နံထွက်​ခြင်း၊အသားအ​ရေ​ခြောက်​ကပ်​ခြင်း၊ဣ​နြေ္ဒ​ဖောက်​ပြန်​ခြင်း၊သြဇာအာဏာမရှိခြင်းနှုတ်​လျှာကြမ်းတမ်းခြင်း၊ လျှပ်​​ပေါ်​လော်​လီခြင်း၊တည်​ကြည်​​သောသမာဓိမရှိခြင်း ဟူ​သော ဆိုးကျိုးများကို ခံစားကြရမည်​ဖြစ်​ပါသည်​။

အချုပ်​အားဖြင့်​ဆိုရ​သော်​ မုသားစကား​ပြောဆို​လေ့ရှိသူတို့သာ်​ ​လောကီ၊​လောကု တ္တရာနှစ်​ဖြာအကျိုးကို ယုတ်​​စေတတ်​​သော​ကြောင့်​ မ​ပြောအပ်​​ပေ။ထို့​​ကြောင့်​ မြတ်​​ဗုဒ္ဓ မှ ချစ်​သားတို့ မုသားကို ရယ်​စရာအဖြစ်​ပင်​ မ​ပြောဆိုအပ်​ဟု ​ဟောကြားဆုံးမထားခြင်း ဖြစ်​​ပေ​တော့သည်​...။

Credit image source-

@zinminhtet
MSC-126

Sort:  

မုသားမပါ၊ လင်္ကာမချော
ပြောဆိုကြ ဓမ္မတာ
ဖုံကွယ်တဲ့စကားပါ။
မှန်တာကိုထုတ်ပြန်တော့
မခံသာရင်မှာထိ
ကြိုက်ခဲပါဘိ။ ။

မုသားအတွက်သတိထားစရာ

ဟုတ်​ပါတယ်​ခင်​​ဗျ

မုသားမပါ လင်္ကာမချော ဆိုပြီး အသေးအမွှားလေးကစလို့ လိမ်နေတတ်ကြတဲ့ လောကကြီးအလယ်မှာ ညည်းငွေ့ဖွယ်ပါပဲ...

မုသားမပါလင်္ကာမ​ချောဆိုပြီး လိမ်​လို့​ကောင်း​နေကြတယ်​ထင်​တယ်​ 😊

မုသားမဆိုမိ​အောင်​​တော့အတတ်​နိုင်​ဆုံး​ရှောင်​ကြဉ်​​နေပါတယ်​ရှင်​။

တခါတ​လေ​တော့လဲ ​ပြောမိတာပါ ပဲ 😊

မုသားဆိုတာကိုယ့်အတွက်ကြိုးမရှ်ရင်တောင်သူအတွက်အကျိုးရှိမယ်ဆိုပြောသင့်ရင်ပြောရမယ်နေရာတခါအမှန်ပြောတိုင်းမကောင်းပါဘူး/မှေန်တဲ့စကားတွေကခါးတာများတယ်/နားဝင်ဆိုတယ်/လူတွေကမုသားသာမပြောစေချင်တာနားဝင်းဆိုတဲ့စကားကြဘယ်သူမှခံနိုကြတာမဟုတ်ဘူး😊

အဲ့တာလည်းဟုတ်​တာပဲ​နော်

မုသားဆိုတာမကောင်းမှန်းကြတယ် ဒါပေမယ့်လည့်း အရာတွေဟာ အဲ့မုသာကြာင့် လူတစ်ဖက်သား အေးချမ်းသွားတာလည်း ကြတယ်

ဟုတ်ပါတယ်

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

သိထားမှတ်ထားသင့်တာတွေ တင်ပြပေးတာ ကျေးဇူးပါ

အား​ပေးတာ​ကျေးဇူးပါ

မုသဝါဒရဲ့ အကျိုးအပြစ်ကို သိခွင့်ရတဲ့အတွက် ကျေးဇူးပါ ကထက်ရေ

ဟုတ်​ကဲ့ လာ​ရောက်​ဖတ်​ရှု​ပေးတာ​ကျေးဇူးတင်​ပါတယ်

အတတ်​နိုင်​ဆုံး​မ​ပြောမိ​အောင်​ကြိုးစားသင့်​ပါတယ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63696.24
ETH 2486.53
USDT 1.00
SBD 2.69