သတိရမိတယ်​​ကျောင်းသားဘဝ

in #myanmar6 years ago (edited)

image

ဆယ်​တန်း​တွေစာ​မေးပွဲ​ဖြေ​နေတဲ့ကာလဆို​တော့ ငယ်​ငယ်​က​ကျောင်းသားဘဝကိုပြန်​သတိရမိတယ်​။ဆယ်​တန်းတုန်းက ကျွန်​​တော်​တက်​တဲ့ကျူရှင်​က တစ်​လရှစ်​​ထောင်​​ပေးရတယ်​။ခု​ခေတ်​ကျူရှင်​လခ​တွေက​တော့ ဘယ်​လို​တောင်​ဖြစ်​​နေပြီလဲမသိဘူး။ငယ်​ငယ်​က စာ​မေးပွဲနီး​ပေမယ့်​လည်း စိတ်​ထဲမှာသိပ်​ဖိအားမရှိခဲ့ဘူး။ဘာလို့လဲဆို​တော့ ဆရာ​တွေကျက်​ခိုင်းတာမှန်​သမျှ ပုံမှန်​ ကျက်​ခဲ့တာဆို​တော့ စာ​မေးပွဲနီး​တော့ သာသာယာယာ ပြန်​​နွေးယုံပဲ​လေ။မြန်​မာစာဆို ခက်​စစ်​ကလွဲလို့ အတိအကျ မကျက်​ဘူး။စကား​ပြေနားလည်​​အောင်​ဖတ်​တယ်​။အမှတ်​​ပေးစည်းမျဉ်းအတိုင်း အဆင်​​ပြေအောင်​​ရေးချလိုက်​တာပဲ။မြန်​မာစာ​ဖြေတဲ့​နေ့က​တော့လက်​မ​လေး​ထောင်​နို်င်​​ခဲ့တယ်​။ဒါ​ပေမယ့်​ စာစီစာကုံး အားနည်းခဲ့လို့ ဂုဏ်​ထူးမှတ်​မမီလိုက်​ဘူး။၃မှတ်​လိုသွားတယ်​။

အင်္ဂလိပ်​စာ​က​တော့ မ​ဖြေခင်​ညက ​ချွေးပြန်​တဲ့​ညပဲ။အင်္ဂလိပ်​ grammar ကိုအ​တော်​အားနည်းခဲ့တယ်​။ဆရာ​ကောင်း​ကောင်းနဲ့ မသင်​ဘူးတာရယ်​။ကြောက်​လို့​ရှောင်​ ၊​ရှောင်​လို့​ကြောက်​ဖြစ်​ခဲ့တာ။ကိုက်​ဆရာမကို အဲ့ညက ဆရာမသားဘာကျက်​ရမှန်းမသိ​တော့ဘူးလို့် ​ချွေး​တွေပျံပြီး​ပြော​တော့ ဘာကျက်​ရမှန်းမသိရင်​ ​စော​စောအိပ်​တဲ့။စာ​မေးပွဲကာလမှာ အင်္ဂလိပ်​မ​ဖြေခင်​ည အိပ်​​ရေးအဝဆုံးပဲ။စာ​မေးပွဲခန်းထဲ​ရောက်​​တော့ ​တွေ့သမျှ​မေးခွန်းအကုန်​​ဖြေတာပဲ တစ်​ပုဒ်​မကျန်​ဘူး။essay၊ letter ပုံစံအတိုင်းဝင်​​အောင်​​ရေးတယ်​။ ဟုတ်​​သော်​ရှိ၊မဟုတ်​​သော်​ရှိ စာရွက်​ထဲ​တော့ စာ​တွေပြည့်​သွားတာပဲ။အဲ့လိုနဲ့ပဲ အင်္ဂလိပ်​စာက အမှတ်​အနဲဆုံးရခဲ့တယ်​ဆိုပါ​တော့။
image
သင်္ချာ​နေ့က​တော့ ကျွန်​​တော်​က ​ရှေ့၇ခန်းနဲ့ ​နောက်​ဆုံး၁ခန်းပဲ ကြည့်​တာဆို​တော့ အဲ့အခန်းက ပါတဲ့ပုဒ်​စာ​တွေက​တော့ မဆိုးပါဘူး။အကုန်​ရတယ်​ဆိုပါ​တော့။နောက်​ဓာတုေ​ဗဒ​နေ့ အ​ဖြေနိုင်​ဆုံး​နေ့ပဲ။မှန်းထားတဲ့အတိုင်း ဂုဏ်​ထူးလဲပါ​အောင်​​ဖြေနိုင်​ခဲ့တယ်​။ရူပ​​​ဗေဒ ​ဖြေတဲ့​နေ့ကြ​တော့ တစ်​ညလုံး ကိုက်​ကတွက်​စာ​တွေပြန်​ရှင်း​နေတာနဲ့ Def​တွေလုံးဝပြန်​ကျက်​ချိန်​မရလိုက်​ဘူး။ အရင်​က ဘယ်​​လောက်​ကျက်​ခဲ့ကျက်​ခဲ့ စာ​မေးပွဲ ခန်းထဲ​ရောက်​​တော့ အစ​ဖော်​လို့ကိုမရတာ။ရူပဆရာက Def ကိုသီချင်းလိုလုပ်​သင်​ခဲ့တာ ဆို​တော့ ပြန်​​တွေးလိုက်​တိုင်းဟိုသီချင်းလိုလို ဒီသီချင်းလိုလိုနဲ့ တို်​င်​ပတ်​​နေ​တော့တာပဲ။ဒီကြားထဲ ဓာတုက Def​တွေက​ခေါင်းထဲ​ရောက်​​ရောက်​လာတယ်​။တွက်​စာ​တွေအကုန်​​ဖြေနိုင်​​ပေမယ့်​ Def​တွေတစ်​ခုမှမ​ဖြေခဲ့ရဘူး။ဒုတိယအမှတ်​အနဲဆုံး ဘာသာ ဆိုပါ​တော့။နောက်​ပြီး​တော့ ကြားထဲနှစ်​ရက်​ပိတ်​တယ်​။ကျွန်​​တော်​က ဝိပ္ပံဘာသာတွဲဆို​တော့ ​နောက်​​ဖြေရမှာက ​ဘောဂ​ဗေဒဘာသာရပ်​။သူ့မှာက အခန်း၆ခန်းရယ်​ပါတာ။ရက်​ကလဲနှစ်​ရက်​ပိတ်​ထားတာဆို​တော့ သာသာယာယာ ပဲ။ဂုဏ်​ထူးမှတ်​ထိ ပါ​အောင်​​ဖြေနိုင်​ခဲ့တယ်​ဆိုပါ​တော့။စာ​မေးပွဲပြီး​တော့ ပထမဆုံးလုပ်​တာက အိမ်​ပြန်​ပြီး တစ်​ပတ်​လုံးအိပ်​​ရေးပျက်​ခဲ့သမျှ အတိုးချပြီးအိပ်​​တော့တာပဲ။
Photo credit google.
@zinminhtet
MSC-126

Sort:  

၁၀တန်း​ကျောင်းသူဘဝကိုလွမ်းသွားမိပြီ။

က​လေးဘဝကအမှတ်​တရ​လေး​တွေများကြီးပဲ

ဘာလိလို နဲ့ ကျ​နော်​ ဆယ်​တန်း​ဖြေပီးတာ
၂ နှစ်​​တောင်​ရှိပီပဲဗျာ

အသက်​​တွေလည်ြီးကုန်ြီ

အကို​ပြောမှ ၁၀တန်း​ဖြေတုန်းကအချိန်​ကိုပြန်​သတိရသွားတယ်

ဆယ်​တန်းတုန်းကရည်းစားကိုသတိရတာလား ညီ​လေး

ဟုရပါဘူးဗျား

This post has received a 0.13 % upvote from @drotto thanks to: @banjo.

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch . If your post has more upvotes, your post will appear in the trending page. To get more upvotes, you can bid for @steembidbot vote. please check it out here: https://steembottracker.com/

You got a 4.52% upvote from @nado.bot courtesy of @zinminhtet!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

@minnowfairy has given a 7.14% upvote on your post.

You got a 8.68% upvote from @adriatik courtesy of @zinminhtet!

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 59479.71
ETH 3174.48
USDT 1.00
SBD 2.44