ကြီးပွားချင်သလား ၊အပိုင်း(၄)

in #myanmar6 years ago

၂။ သူများနှင့် မတူအောင် လုပ်ပါ


Credit image source https://www.google.com/search?biw=360&bih=341&tbm=isch&sa=1&ei=9-YDW4qTLNa9rQGxypCABA&q=new+ideas&oq=new+idea&gs_l=mobile-gws-wiz-img.1.0.0l5.13633.17111..18935...0....596.2776.0j5j2j1j1j1......0....1.........35i39j0i67.E8vcUt5Rztc%3D#imgrc=f3nWjTkTZQj07M

ကြီးပွားလိုသူတွေအတွက် လိုက်နာရန် အချက်များမှ နံပါတ်စဉ် ၂ ဖြစ်တဲ့ သူများနဲ့မတူအောင်လုပ်ပါဆိုတဲ့အချက်ကို ဆက်လက်တင်ပြပါမည်။တွေးကြည့်ရင် သူများမတူအောင်နဖူးတွင် ဂြိုလ်ပေါက် နေရမည်လားဆိုသော် မဟုတ်ပေ။ဆိုလိုချင်သည် မှာ သူများလုပ်ခဲ့သည့် နည်းလမ်းဟောင်းများကို ကောင်းသည်ဆိုးသည် မိမိ၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ခြင်း မရှိဘဲ အလွယ်လမ်းမလိုက်ရန်ဖြစ်သည်။သူများလုပ်သလိုလိုက်လုပ်ရင် သူလိုကိုယ်လိုနှင့် သူများထက်သာနိုင် မည်မဟုတ်ပေ။ကိစ္စတစ်ခုကို ဖြေရှင်း ဆောင်ရွက်ရတော့မည်ဆိုလျင် အများအားဖြင့် မေးတတ်သည်မှာ ရှေ့လူတွေဘယ်လိုလုပ်သွားသလဲဆိုသော စကားဖြစ်သည်။ထို့နောက် အေးဒါဆို အဲ့တိုင်းလုပ်လိုက်ပေါ့ကွာ ဟူ၍ဖြစ်သည်။
လောက၌အလွယ်ကြိုက်သူများသည်။နည်းလမ်းဟောင်းတွေကိုခင်တွယ်တတ်သူ များသည်။ထိုသူများသည် ဘဝ၌ သူမသာ ကိုယ်မသာဘဝနှင့်သာ ဖြတ်သန်း ကြရလေသည်။ထူးချွန်သူများ ဖြစ်လာကြမည်မဟုတ်ပေ။သူများထက် ထူး ချွန်လိုလျင် သူများထက် ပိုလုပ်နိုင်ရမည်ဖြစ်သည်။ပိုကောင်းသောနည်းလမ်းသစ်များကိုလည်း ရှာဖွေရလိမ့်မည်။အထူးသဖြင့် မြန်မာလူမျိုး အများစုသည့် ရှေးရိုးစွဲ အစဉ်အလာကြီးမား ကြသည်။ခေတ်နှင့်လျော်ညီသလား၊သင့်တော်သလားပင် မစဉ်းစားတော့ဘဲ တို့များ ဘိုးစဉ်ဘောင်ဆက် ဒီလိုဘဲ လုပ်လာကြတာကွဲ့ ဟူ၍ နည်းလမ်းဟောင်းတွေကို မစွန့်လွတ်နိုင် ကြပေ။

"ရှေးထုံးလည်း မပယ်နှင့်၊ဈေးသုံးလည်း မလွယ်နှင့် "ဟူ၍ စာချိုးလေးပင် ထားလိုက်ကြသေးသည်။"ဈေးသုံးလည်း မလွယ်နှင့်"ဟူသည်မှာတော့ ယနေ့ခေတ်ထိ လိုက်နာဖွယ်ရာရှိပါသည်။ဈေးသုံးလွယ်ရင်တော့ မိသားစုစီးပွားရေး ထိခိုက်တတ်သောကြောင့် ဖြစ်သည်။ရှေးထုံးကတော့ ပယ်သင့်သည်များကို ပယ်ရမည်ဟု စာရေးသူကတော့ ထင်သည်။ခေတ်နှင့် မကိုက်ညီသည်များကို ပြင်ကိုပြင်ရမည်။"ဒို့များ ရှင်ဘုရင်တွေလက်ထက်က ဓားနဲ့လှံနဲ့ စစ်တိုက်ကြတာကွဲ့ ဟူ၍ ယခုခေတ် တွင်ရောထိုသို့ စစ်တိုက်မည်လော။သူမတူအောင် နိုင်ငံတကာက စစ်လက်နက်ဆန်းများကို အပြိုင်အဆိုင် စွန့်ဦး တီထွင်နေကြချိန်မှာ ရှေးရိုးစွဲ အတိုင်း ဓားထိုင်သွေးနေမည်ဆိုလျင်တော့ တိုင်းတစ်ပါးက ခလုတ်တစ်ချက်နှိပ်၍ပင် နိုင်ငံအား သိမ်းပိုက်သွားပေလိမ့်မည်။စွန့်ဦးတီထွင်သူများသာ အောင်မြင်သောသူများ ဖြစ်လာကြသည်။

စာရေးသူတို့ တပ်က မိုင်းလင်္ကာထဲတွင် ပါသော စာသားလေးကို တိုက်ဆိုင်၍ ဖော်ပြပါမည်။
" လမ်းဟောင်းစွန့်လေ လမ်းသစ်ဖွေ အပင်ပန်းခံသင့်" ဟူ၍ဖြစ်သည်။ဆိုလိုသည်မှာ စစ်ကြောင်းများချီတက်ရာတွင် ပုံမှန်သွားလာနေကြ လမ်းဟောင်းများကို အသုံးမပြုသင့်ဘဲ တခြားလမ်း ကြောင်းသစ်ကို ရှာဖွေသွားပါဟူ၍ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်သွားလာနေကြ လမ်းကြောင်းတွင်ရန်သူက မိုင်းထောင်၍ စောင့်ဆိုင်းတတ်သောကြောင့်ဖြစ်သည်။လမ်းကြောင်းဟောင်းအတိုင်းသွားလျင် ကျိမ်းသေမုချ ခြေထောက်တစ်ဖက်တော့ပေးဆပ်ရလိမ့်မည်။သို့တည်းမဟုတ် အသားစများကို တစ်စစီလိုက်ကောက်ရတတ်သည့် ရှေ့ထွက်မိုင်းနှင့်လည်း ကြုံရနိုင်သေး သည်။ဒီလမ်းကြောင်းက သွားနေကြပဲ၊အနီးဆုံးလမ်းပဲဟူ၍ အလွယ်လမ်းလိုက်မယ်ဆိုလျင်တော့ အသက်နဲ့ခန္ဓာ အိုစားကွဲသွားပေလိမ့်မည်ဖြစ်သည်။ထို့ကြောင့် လမ်းဟောင်းအတိုင်းသွားလျင်တစ်ရက်ခန့်ကြာမည့်ခရီးကို တောတိုး၍ လမ်းသစ်ထွင်ကာ တစ်ပတ်ခန့်ချီတက်ရသည်။ြေ
ခထောက်ဆိုတာကလည်း ပြတ်သွားရင် အတက်ပြန်ထွက်တတ်သည့် အမျိုးမဟုတ် တာကြောင့် ဖြစ်သည်။မိတ်ဆွေတို့လည်း နည်းလမ်းဟောင်းလေးနဲ့ လုပ်လိုက်ရင် လွယ်နေတာပဲဟူ၍ နည်းလမ်းဟောင်းကို လိုက်မည်လား။ကိုယ်တိုင် စဉ်းစားဆုံးဖြတ်၍ အချိန်ပေးလေ့လာကာနည်းလမ်းသစ်များ ရှာဖွေမည်လား ဆုံးဖြတ်ပါလေ။

image
Credit image source https://www.google.com/search?biw=360&bih=341&tbm=isch&sa=1&ei=9-YDW4qTLNa9rQGxypCABA&q=new+ideas&oq=new+idea&gs_l=mobile-gws-wiz-img.1.0.0l5.13633.17111..18935...0....596.2776.0j5j2j1j1j1......0....1.........35i39j0i67.E8vcUt5Rztc%3D#imgrc=TtQqwh7jc5YIYM:

နည်းလမ်းသစ်များကို အကြိမ်ကြိမ်အခါခါ စမ်းသပ်ပြီးမှသာ အောင်မြင်ကြရသူများပင်ရှိသေးသည်။သောမက်အယ်ဒီစင် သည်မီးလုံးကိုတီထွင်ဖို့ အကြိမ်ကြိမ်အခါခါ ရှုံးနိမ့်မှုနှင့်ကြုံပြီးမှသာ စွန့်ဦး တီထွင်သူဖြစ်လာခြင်းဖြစ်သည်။တယ်လီဖုန်းများပင် ဗားရှင်းမြှင့်ရသေးသည်မဟုတ်လော။မိတ်ဆွေတို့လည်း အတွေးအခေါ် အယူအဆဟောင်းတွေ၊နည်းလမ်းဟောင်း တွေကို စွန့်လွှတ်သင့်သည်များကို စွန့်လွှတ်၍ ၊ပိုမိုကောင်းမွန်အောင် ပြုပြင်သင့်သည်များကို ပြုပြင်ခြင်းဖြင့် မိမိတို့၏ ဦးနှောက်ကို ဗားရှင်းမြှင့်ကာ သူများထက်သာလွန်သောသူများဖြစ်နိုင်ကြစေရန် တိုက်တွန်းရေး သားလိုက်ရပါသည်။...။
ဆက်ရန်.....။

@zinminhtet
Msc.126

Sort:  

ကျွန်တော် ဈေးသုံးကြွယ်လိုက်တော့ ဒီနေ့ ထိသွားတယ်

ပလုံပီပေါ့

ကိုယ့်ကိုယ်ပိုင် brand တစ်ခုဖြစ်လာအောင်လုပ်လို့ဆိုလိုတာလား

ဟုတ်ကဲ့ ပြင်သင့်တာပြင်၊ ပြောင်းသင့်တာပြောင်းရမှာပါ၊ စွန့်ဦးတီထွင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ

မျှဝေတာ ကျေးဇူးပါ

ဟုတ်ကဲ့ လာရောက်ဖတ်ပေးတာကျေးဇူးပါခင်ဗျာ

မှတ်သားစရာပါ

ဟုတ် bro

အဆင်ပြေမဲ့ နည်းလမ်းသစ်တွေရှာဖွေရမယ်။

ရှာတွေ့ပါစေ ဗျာ

နည်းလမ်းသစ်ကိုရှာဖွယ်နေတာပဲ
ကိုယ့်ဦးဏှောက်နဲ့လိုက်မမီဘူးရယ်

ဟဲဟဲ 😁

သူများနဲ့မတူတဲ့လမ်းကို​ဖောက်​ရမှာပါ။မှန်​ပါတယ်​။

ဟုတ်ကဲ့

မှန်တယ်ဗျာ ကျနော်လဲအဲ့လိုပဲတွေးတယ် သူများတွေယာဉ်စည်းကမ်းဖောက်နေရင်လဲ ငါကလိုက်နာရမယ် သူတို့နဲ့ မတူလို့လို့ဘဲတွေးလိုက်တယ်ဗျာ

လေးစားပါတယ်ဗျာ

ကိုယ်နဲ့အဆင်ပြေမယ့်လမ်းကိုဖောက်ရမှာပေါ့

ဟုတ်

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 58211.91
ETH 2476.26
USDT 1.00
SBD 2.38