Independent day လွတ်​လပ်​​ရေေ့

in #myanmar7 years ago (edited)

ဒီ​နေ့ဟာဆိုရင်​ မြန်​မာပြည်​သူ့ကျွန်​ဘဝမှ လွတ်​​မြောက်​ပြီး လွတ်​လပ်​​ရေး ရခဲ့သည်​မှာ နှစ်​ ၇၀ တိုင်​တိုင်​ရှိခဲ့ပြီဖြစ်​သည်​။

မြန်​မာနိုင်ငံ အနှံအပြား လွတ်​လပ်​​ရေး​နေ့ကိုကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​ အားကစားပြိုင်​များ ​ပျော်​ပွဲရွှင်​ပွဲများ ပြုလုပ်​​လေ့ရှိကျသည်​။စာ​ရေးသူတို့်ငယ်​စဉ်​ကဆိုလျင်​ လွတ်​လပ်​​ရေး ​နေ့မတိုင်​မီကတည်းက အိမ်​က​ပေး​သောမုန့်​ဖိုးကိုကြိုစုထားကျ​သည်​။လွတ်​လပ်​​ရေး​နေ့​ရောက်​ပီ ဆိုလျင်​စာ​ရေးသူတို့ ညီအစ်​ကိုစုထား​သောပိုက်​ဆံများနှင့်​ သကြားလုံးထုတ်​များ ဝယ်​သည်​။ ထို့​နောက်​ လမ်းထဲမှ က​လေးများအား အာလူး​ကောက်​ပြိုင်​ပွဲ၊သံပုံးရိုက်​၊အ​ပြေးပြိုင်​ပွဲ အစရှိသည့်​တို့ ပြုလုပ်​​ပေး​လေ့ရှိသည်​။ မုန့်​ဖိုးတစ်​​နေ့ ၁၀၀ကျပ်​ရသည်​ကို စုပြီး လုပ်​ရသဖြင့်​ များများစားစား​တော့ဆုမချနိုင်​။သကြားလုံးသာ​ဝေ​ပေးနိုင်​သည်​။မည်​သို့ပင်​ဖြစ်​​စေ က​လေး​တွေ​ပျော်​​နေကျတာကိုမြင်​ရတာ စိတ်​ချမ်းသာသည်​။က​လေးဆိုတာမျိုးက ​ဆော့​နေရရင်​ကို​ကျေနပ်​​နေတဲ့အမျိုးကိုး။က​လေး​တွေဆို​ပေမယ့်​ အဲ့ချိန်​က စာ​ရေးသူတို့လဲက​လေးပဲဖြစ်​သည်​။စာ​ရေးသူထိုအချိန်​ကမှ ၇တန်း​ကျောင်းသား​လောက်​​ဖြစ်​မည်​ထင်​သည်​။စာ​ရေးသူတို့ ညီအစ်​ကိုနှစ်​​ယောက်​က အကျင့်​တစ်​ခုရှိသည်​။အဲ့တာက ငယ်​စဉ်​ကတည်းကရတဲ့မုန့်​ဖိုးကိုစု၍ အ​ဖေ့​မွေး​နေ့၊အ​မေ့​မွေး​နေ့ဖြစ်​​စေ၊ သီတင်းကျွတ်​ လူကြီးမိဘ​တွေကိုဖြစ်​​စေ မုန့်​ပဲသ​ရေစာလက်​​ဆောင်​တခုခုနဲ့ကန်​​တော့​လေ့ရှိသည်​။ငယ်​စဉ်​က လွတ်​လပ်​​ရေး​နေ့ဆိုလျင်​ပင်​ စိတ်​ထဲမှာ လွတ်​လပ်​​နေသလိုခံ စား​နေရသည်​။စာ​ရေးသူတို့မိဘ​တွေကလဲ လွတ်​လပ်​​ရေး ​နေ့ဆိုလျင်​ ဘယ်​​လောက်​ပဲ​ဆော့​ဆော့ မပိတ်​ပင်​၊ဆူလေ့မရှိ။ "ဒီ​နေ့လွတ်​လပ်​​ရေး​နေ့ပဲ ငါ့သား​တွေ လွတ်​လွတ်​လပ်​လပ်​ ​နေ"ဟု​ပြော​လေ့ရှိသည်​။ image
image

ဒီ​နေ့လဲ စာ​ရေးသူတို့​နေထိုင်​ရာ အသိုက်​အဝန်း​လေးထဲ မနက်​ပိုင်းလွတ်​လပ်​​ရေး​နေ့ အခမ်းအနားပြုလုပ်​ပြီး​နောက်​ ​အားကစားပွဲများ၊​ပျော်​ပွဲရွှင်​ပွဲများ ပြုလုပ်​ကျသည်​။ က​လေး​တွေကို လွတ်​လပ်​​ရေး ​နေ့ရဲ့အရသာကိုသိ​စေချင်​သည်​။လွတ်​လပ်​​ရေးရဖို့မည်​သို့ကြိုးစားခဲ့ရသည်​ကို သိ​စေချင်​သည်​။
image
image
လွတ်​လပ်​​ရေးသည်​ အမှုမဲ့အမှတ်​မဲ့​နေလျင်​ ဖျတ်​ခနဲဆိုသလို ခဏအတွင်းမှာပင်​ တိုင်းတစ်​ပါးရဲ့ ကျွန်​ပြုခံရပြီး ဆုံးရှုံးနိုင်​​ပေမယ့်​ ပြန်​ရဖို့ကြိုးစားယူ မယ်​ဆိုလျင်​​တော့ အသက်​​သွေး​ချွေး​မြောက်​များစွာ စ​တေးပြီး၊အချိန်​အတန်​ကြာ​အောင်​ကြိုးပမ်းမှ ပြန်​ရယူနိုင်​တာမျိုးဖြစ်​​ပေသည်​။
image
Author-Minhtet Yeyint
@zinminhtet A13
MSC-126

Sort:  

Good post;bro.

Respect bro

ဟုတ်

မှန်ပါပေသည်

အားပေးနေပါတယ်ဗျ

အမှတ်​တရတ​ပေါ့ ။
...
😃😃

ဟုတ်​ကဲ့

Good Writing bro..

ဟုတ်​ကဲ့

Good post for Myanmar history and culture.
@shwebote
HFS B5

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 76416.42
ETH 2864.57
USDT 1.00
SBD 2.57