ဆောင်းပါတစ်ပုဒ်ရေးသားရာဝယ်၊အပိုင်း(၂)

in #myanmar6 years ago

image

ဆောင်းပါတစ်ပုဒ်ရေးသားရာဝယ်၊အပိုင်း(၂)

မင်္ဂလာပါ မိတ်ဆွေများခင်ဗျာ။

ယခင်အပတ်မှ ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ရေးသားရာဝယ် အပိုင်း(၁)တွင် လိုက်နာအပ်သည့် အချက်များ အားရေးသားတင်ပြခဲ့ပြီးဖြစ် ပါသည်။ယခုအခါ စာရေးသူထားရှိရမည့် စိတ်ထား အားဆက်လက်ရေးသားတင်ပြသွားမည်ဖြစ်ပါသည်။

စာရေးသူထားရှိရမည့်စိတ်ထား

ကမ္ဘာကျော် The Root ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သော စာရေးဆရာ အဲလက်စ်ဟေလီ မှ စာရေးဆရာဖြစ်ချင်တဲ့အာသီသရှိဖို့် ထက် စာရေးချင်တဲ့ အာသီသရှိဖို့က ပိုအရေးကြီးပါတယ်ဟုဆိုခဲ့သည်။စာဆိုတာ စိတ်ကိုရေးတာပါဟု ဆရာပီမိုးနင်းက ပြောခဲ့သည်။မိမိ၏ စိတ်တွင်ပုံဖော်ပြီးမှ စာအဖြစ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။စာမရေးခင် စိတ်ကောင်းအရင်မွေးရမည်။ စိတ်ကောင်းမွေးပြီးရေးမှ စာကောင်းဖြစ်လာမည်ဖြစ်သည်။စာတစ်ပုဒ်အား စိတ်ကောင်းစေတနာ ကောင်းထား၍ ရေးသားမှသာ စာဖတ်သူထံ သို့ ကောင်းမွန်သောစာကောင်းပေကောင်း ရောက်ရှိလိမ့်မည်ဖြစ်ပေသည်။စာကောင်းတစ်ပုဒ်ဆိုရာတွင် မိမိရေးသားလိုက်သော စာသည် သူတစ်ပါး အားမထိခိုက်စေသောစာဖြစ်ရမည်။စာဖတ်သူအတွက်လည်း အကျိုးမရှိ၊သူတစ်ပါးအားထိခိုက်စေလိုသောစာမျိုးဆိုလျင်တော့ မရေးတာလျင် ပို၍ကောင်း ပေသည်။ရေးသားလိုက်သောစာတွင် မိမိ၏ ပုဂ္ဂလိက ခံစားချက်များဖြစ်တဲ့ အလိုမကျ မှု ဒေါသ၊လိုချင်မှုလောဘတွေသာ ထည့်သွင်းဖော်ပြပြီး စာဖတ်သူအတွက် အကျိုးမဖြစ်ထွန်းစေသော စာများသည် စာဖတ်သူအား စာပေအဆိပ်သင့်စေ နိုင်သည်။စာပေအဆိပ်သင့်ခြင်းသည် အစားအစာ အဆိပ်ထက်ပိုမိုဆိုးဝါး လေသည်။ပျက်ဆီးခြင်းအတိ အထိဒုက္ခရောက်စေနိုင်သောကြောင့် စာဖတ်ရှုသူများအနေဖြင့်လည်း စာကောင်း ပေကောင်းကို ရွေးချယ်ဖတ်ရှူ့တတ်ရန် အရေးကြီးသည်။စာကောင်းတစ်ပုဒ်ဖြစ်လာစေရန် စာရေးသားသူသည် ပေးလိုမှု ဒါန၊စာဖတ်သူ၏ အကျိုးကိုလိုလားသော မေတ္တာ၊ အဝိဇ္ဇာကိုရှောင်ဖယ်၍ သိမြင်သော ဝိဇ္ဇာတို့ကို ရှေးရှုကာ ရေးသားအပ်ပေ သည်။
image
Credit image source
စာတစ်ပုဒ် ရေးသားဖို့ရေးစရာ အကြောင်းရှိရမည်။ထိုအကြောင်းအရာကို ကောင်းစွာရေးသာဖော်ပြတတ်ရမည်။စာတော့ရေးချင်တယ် ရေးစရာအကြောင်း မရှိလျင်လည်း မဖြစ်ပေ။ရေးသားစရာ အကြောင်းသည် မိမိကိုယ်တွေ့ ကြုံခဲ့ရသော ဘဝအတွေ့အကြုံများ၊မိမိကြည့်ခဲ့ရသော ရုပ်ရှင်အကြောင်း၊ဖတ်ခဲ့သောစာအုပ် အကြောင်း၊ မိမိပတ်ဝန်းကျင် တွင်ဖြစ်ပျက်နေသော အဖြစ်အပျက်များ၊စသဖြင့် ရေးသားစရာအကြောင်း အရာကားမရှားပေ။သို့သော် ထိုအကြောင်းအရာများကို သိသော်ငြား သိသည်။စာဖတ်သူစိတ်ဝင်စားအောင်၊ဖတ်ချင်စဖွယ်ဖြစ်အောင်၊စာဖတ်သူအကျိုး ဖြစ်ထွန်းအောင် ပြန်လည် ရေးသာဖော်ပြ တတ်ဖို့တော့ခက်ပေလိမ့်မည်။ရေးစရာ အကြောင်းအရာများ မည်မျှပင်များပြားနေပါစေ ကောင်းမွန်စွာ မရေးသားတတ်လျင်တော့ စာကောင်းတစ်ပုဒ် မဖြစ်လာနိုင်ပေ။ထို့ကြောင့် စာကောင်းရေးတတ်ဖို့ စာကောင်းပေကောင်းများကို ဖတ်ရှုရမည်။စာဖတ်ချိန်သီးသန့်ပေး၍ စာဖတ်နာရမည်။ မိမိနှင့် လိုက်ဖက်မည့် ရေးသားဟန်နှင့် စကားလုံးအသုံးအနှုန်းများကို အတုခိုးသင့် ခိုးရမည်။အတုခိုးဆိုရာတွင် အကုန်လုံးကူး ချခြင်းကိုမဆိုလိုပေ။စာရေးဆရာကြီးများ၏ ရေးသားတင်ပြဟန်ကို အတုယူရန် သာဖြစ်သည်။
image
Credit image source
စာ၏ အလှအပ သဘာဝကိုပေါ်လွင်အောင် ရေးသားရာတွင် ကံ၊ကံ၏အကျိုး၊မေတ္တာတရား၊ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ချင့်ချိန်ဖော်ပြမှု၊တရားမျှတမှု၊တကယ့်လက်တွေ့ဘဝကို ထင်ဟပ်စေမှု ၊ဆန်းသစ်သော စိတ်ကူးဖြင့် ဉာဏ်ကွန့်မြူးလျက် စကားလုံးလှလှ လေးများကို ရေးသားနိုင်ခြင်းဖြင့် စာဖတ်သူ၏ ဘဝင်ကို ကိုင်လှုပ်နိုင်ပေမည်။မိမိကိုယ်တိုင် ဖန်တီးရေးသားနိုင်သောစာမျိုးဖြစ်က ပိုကောင်းသည်။ရေးသားသော စာသည် ရှင်းလင်းရမည်၊မှန်ကန်တိကျရမည်၊ယဉ်ကျေး၍ အစီအစဉ်တကျဖြင့် ဖတ်ချင်စဖွယ် ဖြစ်ရမည်။

အချုပ်အားဖြင့် ဆိုရသော် စာရေးသားသူတစ်ယောက်သည် ပထမ စေတနာဟုခေါ်သော ရည်ရွယ်ချက်၊ဒုတိယ ဝေဒနာခေါ် ခံစားချက်၊ တတိယ အနုပညာခေါ် ဖန်တီးနိုင်စွမ်း တို့နှင့် ပြည့်စုံရမည်။ထိုအချက် ၃ ချက်ဖြင့် ပြည့်စုံ မှသာ မိမိရေးသားမည့်စာအပေါ် ရည်ရွယ်ချက်ကောင်းကောင်းဖြင့် ခံစားချက်အပြည့်နှင့် ခံစားရေးသားကာ စာဖတ်သူဖတ်ချင်စဖွယ် ဖြစ်အောင် အနုပညာဖြင့် ဖန်တီး တင်ပြနိုင်မည် ဖြစ်ပါသည်....။

@zinminhtet
Msc.126

Sort:  

စေတနာ ဝေဒနာနဲ့ အနုပညာပေါင်းစပ်ထားမှသာလျှင် ဆောင်းပေါးကောင်းတစ်ပုဒ်ဖြစ်တယ်ဆိုတာ မှတ်သားရပါတယ် ကထက်ရေ

ဟုတ် မစု

စာပေ အဆိပ် မသင့်ဖို့ မေတ္တာပွားပြီး စိတ်ငြိမ်းချမ်းစွာ ရေးသားရမည်ပေါ့

ဟုတ်ကဲ့

စာဖတ်​သူအ​ပေါ်​စေတနာ၊​မေတ္တာအပြည့်​ဖြင့်​တခုခုရသွား​စေ​အောင်​ကြိုးစား​ရေးသင့်​သည်​​ပေါ့ရှင်​။

ဟုတ်ကဲ့

ကျွန်တော်ကတော့ တည့်ရေးတာများတယ်ဗျ။

အဲ့တာလည်းကောင်းတာပဲ 😁

ဗဟုသုတ တိုးရပါတယ် ကိုမင်းထက်ရေ

ကျေးဇူးပါခင်ဗျ

ပြောပြသောအချက်များနှင့်ပြည့်အောင်ကြိုးစားရပါမည်

ဟုတ်

မှတ်သားဖွယ်ရာကောင်းပါပေ့ စာရေးဆရာ။

စာရေးဆရာဖြစ်ဖို့ ကြိုးစားရအုံးမယ်

စေတနာနဲ့ရေးထားတဲ့အတွက် သူများတွေလဲ အကျိုးရှိစေမှာပါ

အားပေးတာကျေးဇူးပါ

သူငယ်ချင်းဆီ မလာဖြစ်တာ ကြာသွားပြီ ... စာတွေ တင်ပြထားတာ အတော်လေးကောင်းတယ်ကွာ

အခုမလာလို့  မရတော့ဘူးလေ gp တူသွားပီ 😁

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87