ကြီးပွားချင်သလား၊အပိုင်း(၅)

in #myanmar6 years ago (edited)

၃။ #အများသဘောကို မလိုက်နှင့်

အများသဘောကိုမလိုက်နှင့်ဟူသည် မည်သည့်အခါမဆိုအများသဘောကို ဆန့်ကျင်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။အများသဘောသည်အမှားပေါတတ်၏။လောက၌ ပညာရှိသူတို့သည်ရှားပါး၍ ပညာမဲ့သူတို့သည် ပေါများကြလေသည်။သူများယောင်တိုင်းလိုက်ယောင်စရာမလို။အများသဘောသည် မှားကမှားသည်ဟု ညွှန်ပြရဲရမည်။အမှန်ကို ညွှန်ပြနိုင်ရမည်။ကျွန်တော်ကတော့အများသဘောပါ၊အများဆန္ဒအတိုင်းပါဟူ၍ ခပ်ပေါ့ပေါ့ ဆုံးဖြတ်ချက် မျိုးချတတ်သူသည် လူဖျင်းဖြစ်သည်။ကောင်းမွန်သောအချက် များကိုကျိုးကြောင်းဆင်ခြင်၍ တိုင်ပင် ဆွေးနွေးကာဆုံးဖြတ်ချက်ချမှတ်သင့်သည်။ ရေလိုက်ငါးလိုက်သည် နေသင့်သည့်နေရာ တွင်သာနေအပ်ပေသည်။အရာရာကို ရေ လိုက်ငါးလိုက် နေလျင်တော့ ဘယ်သောအ ခါမှ ကြီးပွားလိမ့်မည်မဟုတ်ပေ။
image
Credit image source!
အောင်မြင်ချင်သူတိုင်းဟာ အောင်မြင်နေသူ များကို စံနမူနာပြအဖြင့် ထားအပ်သည်။သူ တို့တောင်ချမ်းသာနေတာ ငါဘာလို့်မချမ်း သာရမှာလဲဟူသော အောင်စိတ်ကိုမွေးမြူ ရပေမည်။အလွယ်ဆုံးနည်းကကတော့ အောင်မြင်နေသူတွေရဲ့ နည်းလမ်းအတိုင်း လိုက်နာ လုပ်ဆောင်ရန်ဖြစ်သည်။ အောင် မြင်ကြီးပွားကြသူတွေသည် ငွေနောက်လိုက် သူတွေမဟုတ်လဲ ငွေကိုစေခိုင်းသူများသာ ဖြစ်သည်။ငွေ၏ အရှင်သခင်များဖြစ်ပြီး ငွေကြေးကို ကျေးကျွန်တစ်ယောက်လို ခိုင်း စေနိုင်သူများဖြစ်ကြသည်။ကြီးပွားသူတွေနဲ့ တူညီတဲ့စိတ် တူညီသော အပြုအမှုကို ပြုလုပ်နိုင်မှသာ မိမိလည်းတူညီသော ရလဒ်ကိုရရှိနိုင်မည်။ဆင်းရဲသူတွေဟာ အရာရာကိုကြောက်ရွံ့စိတ်မွေးမြူကြသည်။ပတ်ဝန်းကျင်ကိုဂရုစိုက်တတ်သည်။ဝေဖန်ပြစ်တင်မှုတွေကို စိုးထိတ်ကြသည်။ ငါဒီလိုလုပ်ရင် ငါမိသားစုကြိုက်ပမလား။သာအသိုင်းအဝိုင်း သဘောတူပမလားဟူ၍ စိုးရိမ်တတ်ကြသည်။ပြောဆိုပြစ်တင်မှုတွေ ကိုကြောက်ရွံ့ပြီး စိတ်ဓာတ်နိပ်ပါးသူတို့၏ အကြံဉာဏ်ကို သာယူဆောင်လိုက် ကြသည်။အမြင်မကျယ်တဲ့ပတ်ဝန်းကျင်၊ စိတ်ဓာတ်နိပ်ပါးတဲ့ပတ်ဝန်းကျင်၊လှောင် ပြောင်အတင်းပြောတတ်တဲ့ ပတ်ဝန်းကျင် တွေသည် မိမိအတွက်အဆိပ်အတောက် သာဖြစ်၏။ထိုပတ်ဝန်းကျင်မှ အများစကား သည် ကောင်းမွန်သော အကြံဉာဏ်ဖြစ်လာ နိုင်စရာအကြောင်းမရှိနိုင်ပေ။ထိုပတ်ဝန်း ကျင်ကနေရုန်းထွက်နိုင်အောင် ကြိုးစားရ မည်။

Credit image source!
သစ်ပင်တစ်ပင်ဖြစ်ဖို့ မျိုးစေ့ရှိရမည်။ထိုမျိုးစေ့သည် မြေဆီမြေနှစ်ကောင်းမွန်၍ ပတ်ဝန်းကျင် ရေမြေဥတုသင့်တော် သော နေရာတွင်ရှိရမည်။ရေ၊မြေ၊လေ၊အပူအ အေးဓာတ်သင့်တင့်မျှတကောင်းမွန်မှသာလျင် အပင်ကောင်းဖြစ်၍ အသီးကောင်းသီး မည်ဖြစ်သည်။စိတ်သည်မျိုးစေ့နှင့်တူ၍ ရုပ်ခန္ဓာသည် မျိုးစေ့ကိုကာထားသော အခွံနှင့်တူသည်။မိမိကျင်လည်ရာ ပတ် ဝန်းကျင်သည် မြေဆီမြေနှစ်နှင့်တူ၏။ပတ်ဝန်းကျင်ကောင်းသည် ကောင်း မွန်သောမြေဆီမြေနှစ်နှင့်တူ၏။မိမိ၏ ကောင်းမွန်သောဆန္ဒကိုအားပေးသူများသည် ရေလောင်းပေးသူများနှင့်တူပေသည်။မိမိကိုယ်တိုင်မျိုးစေ့ချ၍ အပင်ဖြစ် လာလျင်လည်း မိမိကိုယ်တိုင်ပင် ရိတ်သိမ်းရမည်ဖြစ်သည်။ ကိုယ်ပြုတဲ့ကံသည် ကိုယ့်ထံသာ ပြန်လာလိမ့်မည်။ မိမိသည်ကောင်းမွန်သော အပင်ကို ရိတ်သိမ်းချင်လျင်တော့ မျိုးစေ့ကို ကောင်းမွန်သောနေရာတွင်သာချဖို့လိုအပ်ပေ လိမ့်မည်။ ပတ်ဝန်းကျင်အများစကားတွေနားယောင်၍ လမ်းမှားလိုက်မိလျင်တော့ ရေစီးကြောင်း တွင်မြောပါနေသော မျိုးစေ့ကဲ့သို့ပင်ဖြစ်ပေတော့မည်။...။

@zinminhtet
MSC.126

Sort:  

ရည်ရွယ်ရာ…အိပ်မက်လမ်း…ရောက်အောင်သွားမယ်…မကြောက်တမ်းပဲ

အဲလဲ့ 😁

ကိုယ်​ရည်​ရွယ်​တဲ့လမ်းကို​ရောက်​​အောင်​ဘယ်​လိုအခက်​အခဲရှိရှိသွားရမှာ​ပေါ့​နော်​။

ဟုတ်ပါတယ်

ဟုတ်ပါတယ်

ကိုစိုက်တဲ့အပင်ကိုယ်ရိတ်သိမ်းရမယ် မှန်တာဗျာ

ဟုတ်ပါတယ်ခင်ဗျ

ကိုစိုက်တဲ့အပင်ကိုယ်ရိတ်သိမ်းရမယ် မှန်တာဗျာ

ကိုစိုက်တဲ့အပင်ကိုယ်ရိတ်သိမ်းရမယ် မှန်တာဗျာ

ဗဟုသုတ ​ကောင်​​တွေ​ကောင်း​တွေ၇ပါတယ်

ကျေးဇူးပါ

ဗဟုသုတ ​ကောင်​​တွေ​ကောင်း​တွေ၇ပါတယ်

လေ့လာမှတ်သားမိပါတယ်

ဟုတ်ကဲ့

ရည်ရွယ် အိပ်မက်လမ်း ရောက်အောင်သွားမယ် မကြောက်တမ်းပဲ

ပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှု့ကြောင့် မတွန့်ဆုတ်ဘဲ မိမိရည်ရွယ်ရာပန်းတိုင်ကို ရောက်အောင်သွားရမယ်။

အကောင်းဆုံးပေါ့ခင်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.030
BTC 57932.25
ETH 2469.34
USDT 1.00
SBD 2.37