Mind set

in #myanmar7 years ago (edited)

image

Myanamr steemit မိသားစုဝင်​များအားလုံးမင်္ဂလာပါခင်​​ဗျာ။ ကျွန်​​တော်​ ဒီတစ်​ပတ်​အတွက်​ ​တွေးမိတာ​လေး​တွေကို သင့်​တင့်​​သလို ​ရေးသား​ဖော်​ပြသွားမှာဖြစ်​တဲ့အတွက်​ ​ခေါင်းစဉ်​ ကို အ​တွေးစု​လေးများလို့ပဲ​ပေးထားတာဖြစ်​ပါတယ်​။

ပထမဦးစွာ ကျွန်​​တော်​စိတ်​ထဲ ထင်​ဟပ်​လာတဲ့အ​ကြောင်းအရာက ငယ်​စဉ်​အခါက ကျွန်​တော့်​ရဲ့ ​ကျေးဇူးရှင်​ ​အ​ဖေရှိစဉ်​အခါက အ​ဖေကိုယ်​တိုင်​လက်​​ရေးနဲ့​ရေးပြီး အိမ်​ကနံရံမှာကပ်​ထားတဲ့စာ​လေးကို မျက်​လုံးထဲမြင်​မိပါတယ်​...အ​ဖေ​ရေးထာတဲ့စာ​လေးက "လိမ်​မာ​ရေးချားရှိမှ လူကိုလူလိုမြင်​တတ်​မှ ​ဖေ​ဖေ့သား"တဲ့။ကျွန်​​တော်​တို့က ညီအစ်​ကိုသုံး​ယောက်​ရှိတာဆို​တော့ ​အ​ဖေက "သား"လို့ သုံးစွဲထားတာပါ။

လိမ်​မာတယ်​ဆိုတာက​တော့ ငယ်​ငယ်​ထဲက ကျွန်​​တော်​ နားလည်​ခဲ့ပါတယ်​။မိဘ စကားကိုနား​ထောင်​မယ်​။ စာကြိုးစားမယ်​​။လူကြီးသူမကိုရို​သေရမယ်​ အစရှိသဖြင့်​ငယ်​စဉ်​ထဲက နားလည်​သ​ဘော​ပေါက်​ခဲ့ပါတယ်​။
လူကိုလူလိုမြင်​တတ်​မှ ဆိုတာကို​တော့ ငယ်​စဉ်​က​ကောင်း​ကောင်း သ​ဘောမ​ပေါက်​ခဲ့မိဘူး။က​လေးဘဝဆို​တော့ ​ကောင်းစွာမ​တွေး​ခေါ်တတ်​တာလဲပါပါတယ်​။ခုချိန်​မှာ​တော့ အသက်​အရွယ်​ အ​တွေ့အကြုံ​လေးလဲ ရလာတဲ့အခါကျ​တော့ ​တွေးကြည့်​မိတယ်​။ ဟုတ်​ပြီ ငါလူကိုလူလို ဘယ်​လိုမြင်​ရမလဲ?
ကျ​နော်​ ပထမဆုံး​တွေးမိတာ "လူသားချင်းစာနာ​ထောက်​ထားတယ်​ဆိုတဲ့ စိတ်​ "လူမျိုးဘာသာ ဆင်းရဲချမ်းသာ မ​ရွေးဘဲ သူဟာ လူသားတစ်​​ယောက်​ပါပဲလားဆိုတဲ့ ကိုယ်​ချင်းစာစိတ်​​ပေါ့​ဗျာ ။သူက​တော့ ဆင်းရဲတဲ့သူမို့လို့ မတူမတန်​ဆက်​ဆံမယ်​။သူက​တော့ ငါနဲ့ဘာသာခြင်းမတူလို့ ဖိနှိပ်​လိုက်​မယ်​အစရှိသဖြင့်​​ပေါ့​ဗျာ ခွဲခြားဆက်​ဆံရန်​မသင့်​ဘူးလို့်မြင်​မိပါတယ်​။ ဒီကမ္ဘာ​ပေါ် မှာ ရှိတဲ့ လူသားတိုင်းသာ လူကိုလူလိုမြင်​တတ်​မယ်​ဆိုရင်​ ငြိမ်းချမ်းနေမှာပဲ လို့ကျ​နော်​​တွေးမိတယ်​။

နောက်​တစ်​ခုဆက်​စပ်​ပြီးကျွန်​​တော်​​တွေးမိ ​သေးတယ်​။လူ​တော်​​တော်​များများက​ သူတို့​တွေ ​တွေ့ကြုံရတဲ့ အဖြစ်​အပျက်​ ကြုံ​တွေ့ခဲ့ ရတဲ့အ​ကြောင်းအရာ​တွေ​ပေါ်မှာ မူတည်​ပြီး​ ​တော့ပဲ ကိစ္စတစ်​ခုကို ဆုံးဖြတ်​​လေ့ရှိကျ တယ်​။ပြောရမယ်​ဆိုရင်​ ​ဘောင်​ခတ်​ကြည့်​ တယ်​​ပေါ့​ဗျာ။အရာရာကို ဖြန့်​ကျက်​တွေး တတ်​တဲ့ ​တွေးကြည့်​တဲ့အ​လေ့အထအား နည်းတာကို ​တွေ့ရတယ်​။ကိုသိထားသ​လောက်​နဲ့ အမှန်​ထင်​ရင်​လဲထင်​တတ်​ကျတယ်​ ။မသိခြင်းရဲ့အခြားတစ်​ဖက်​မှာ ဘာရှိလဲဆိုတာ လှစ်​လျူရှုထားတတ်​ကျတယ်​။အရာရာကို ​ဘောင်​ခတ်​ကြည့်​လိုက်​တဲ့အခါမှာ အမြင်​​တွေဟာကျဉ်း​မြောင်း သွားတတ်​သလို တစ်​ဖက်​​စောင်းနင်းလဲ​ရောက်​သွားတတ်​ပါတယ်​။ဥပမာတစ်​ခု​ဗျာ..ကျ​နော်​က ရပ်​ကွက်​ ၁ မှာ​နေတဲ့လူဆို​ပါတော့...ကျ​နော်​ ရပ်​ကွက်​ ၂ မှာ​နေတဲ့ ​အောင်​​အောင်​ ဆိုတဲ့လူနဲ့ ခင်​မင်​ခဲ့ကျတယ်​။လက်​ဘက်​ရည်​ဆိုင်​​တွေဘာ​တွေ အတူတူထိုင်​တယ်​။တ​ဖြေး​ဖြေးရင်းနှီးကျတယ်​​ပေါ့။တစ်​​နေ့ ​အောင်​​အောင်​က ကျ​နော့်​ဆီကပိုက်​ဆံ တစ်​သိန်း​ချေးတယ်​။ကျ​နော်​ကလဲ ကိုယ်​နဲ့ပတ်​သတ်​ရင်းနှီး​နေတဲ့သူဆို​တော့ ယုံယုံ ကြည်​ကြည်​​ချေးလိုက်​တယ်​ဆိုပါ​တော့။အဲ့​နောက်​ပိုင်း​တော့ ​အောင်​​အောင်​ဆိုတဲ့လူက ကတ္တိဖျက်​လာတယ်​။ကျ​နော်​အ​ကြွေးပြန်​​တောင်းတိုင်း စကားများရတယ်​။မ​ပေးချင်​တဲ့ပုံ​ပေါ်လာတယ်​။နောက်​​တော့ ကျ​နော်​နဲ့စ ကားများရန်​ဖြစ်​ကျတယ်​ဆိုပါ​တော့.....
အဲ့အခါမှာ ကျ​နော်​ က "ရပ်​ကွက်​ ၂က ​ကောင်​​တွေက ကလိမ်​ကျစ်​ ​တွေပါကွာ ပိုက်​ဆံ​ချေးပြီးဘယ်​​တော့မှပြန်​မဆပ်​ဘူး"လို့ကျ​နော်​​တွေ့သမျှလူလိုက်​​ပြောတဲ့အခါ ကျန်​တဲ့ ရပ်​ကွက်​ ၂ မှာ​နေတဲ့ လူကြီးသူမ​တွေ ​နောက်​​ ကောင်း​ကောင်းမွန်​မွန်​​နေတတ်​တဲ့လူ​တွေ အစရှိသည့်​တို့ဟာကျ​နော့်ရဲ့ ကျဉ်း​မြောင်းတဲ့အမြင်​​ကြောင့်​ ကလိမ်​ကကျစ်​​တွေလို့ သိမ်းကျုံး ​ပြောမိသလိုဖြစ်​မသွား​ပေဘူးလား။ဒီကိစ္စမှာကျ​နော်​က ​အောင်​​အောင်​တစ်​​ယောက်​နဲ့သာ ဆက်​ဆံမိပြီး ကျ​နော်​ကြုံ​တွေ့ဖူး​သ​လောက်​သာ ​ကောက်​ချက်​ချလိုက်​ခြင်းမျိုးဖြစ်​ပါတယ်​။စောနက ပြဿနာကိုပဲ ကျ​နော်​တို့ ဖြန့်​ကျက်​ပြီး​တွေးကြည့်​ရ​အောင်​..​အောင်​​အောင်​သည်​ လူဖြစ်​သည်​ ရပ်​ကွက်​၂မဟုတ်​ ၊ထို့အတူ ရပ်​ကွက်​ ၂သည်​လည်း​အောင်​အောင်​ မဟုတ်​။ လူကလူ ရပ်​ကွက်​က ရပ်​ကွက်​လို့ ခွဲခြားကြည့်​ပါ.. မြင်​​အောင်​ကြည့်​ပါ..ဒါဆို ရပ်​ကွက်​၂ကမ​ကောင်းဘူးလို့ကျ​နော်​သုံးသပ်​​ပြောဆိုတာဟာ တရားပါသလား။လူကိုလူလို့ ခွဲခြားသိမြင်​လာတဲ့အခါမှာ ရပ်​ကွက်​ ၂မှာလဲ ကောင်းတဲ့လူရှိသလို ဆိုးတဲ့လူလဲရှိမှာပါလားလို့် ဖြည့်​​တွေးတတ်​လာပါလိမ့်​မယ်​။ လူသည်​လူသာဖြစ်​ပါတယ်​။ဒီ​လောက်​ဆို ကျ​နော်​ ဆိုလိုချင်​တာကို မိတ်​​ဆွေတို့​သ​ဘော​ပေါက်​မည်​ထင်​ပါသည်​။ကျ​နော်​တို့လူမျိုးအ​တော်​​တော်​များများရဲ့ အဖွဲ့အစည်းတစ်​ခုခုအ​ပေါ်ကို ​တွေ့မြင်​သုံးသပ်​​နေကျတာ​လေး​တွေကို လွဲမှားမသွား​စေချင်​တဲ့စိတ်​နဲ့ ကျ​နော်​​တွေးမိတာ​လေး​တွေကို​ရေးသားတင်​ပြရခြင်းဖြစ်​ပါတယ်​။
ချစ်​ခြင်းများစွာဖြင့်​ ...A13
@zinminhtet
MSC-126

Sort:  

သုံးသပ်ချက်လေးကကောင်းတယ်

ဟုတ်​​ကျေးဇူး

အတွေးတွေထဲမှာ

အတွေးတွေထဲမြော

ဟုတ်​ကဲ့

ကောင်းပါတယ်

ကျေးဇူး

အရေးအသား ကောင်းတယ် bro

Nice post Bro

ကောင်းတယ်​ဗျ

Like post bro

ကျေးဇူး bro

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59428.91
ETH 2657.45
USDT 1.00
SBD 2.50