တ​ပေါင်း​လေရှုး​နဲ့အတူ အရှုးထခြင်း

in #myanmar6 years ago (edited)


IMG_20171210_131410.jpg မင်္ဂလာပါ steemit myanmarအ​ပေါင်းတို့ စိတ်​၏ ချမ်းသာခြင်း ကိုယ့်​၏ ကျန်းမာခြင်းနဲ့ ပြည့်​စုံကြပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာ ပို့သအပ်​ပါတယ်​ဗျာ။
ဆောင်းကုန်​လုလို့ ​နွေဦးကာလ တစ်​​ပေါင်းလလည်း​ရောက်​​တော့မယ်​ ​ဆောင်းကိုနှုတ်​ဆက်​​နေသ​ရောင်​ နှင်းမြူဆို်င်းလို့ အစွမ်းကုန်​ ​အေးပြ​နေ​လေရဲ့ စာ​ရေးသူတို့ နယ်​မြို့​လေးရဲ့သဘာအလှကို စာစီကုန်းပြမယ်​ဆို ကုန်​ရိုးမရှိနိုင်​​လောက်​ဘူးထင်​မိပါရဲ့ ယခုလည်း စာ​ရေးသူ ​နေထိုင်​တဲ့ နယ်​မြို့​လေးရဲ့ မနက်​ခင်းအလှကို ခံစားရင်​ steemitမှာ post​လေးတစ်​ခု​ရေးပြီး စာ​ရေးသူတို့​နေထိုင်​ရာ မြို့​လေးရဲ့အလှကို ခံစားကြည့်​အုံးမှလို့ စိတ်​ကူးမိပြီ စာ​လေး​ရေးဖြစ်​တယ်​ ဒီလို သာယာလှတဲ့ မနက်​ခင်း​လေးမှာ ​ကော်​ဖီ​ပူပူ​လေးတစ်​ခွက်​​သောက်​ရင်း ရာသီဥတုရဲ့ ချမ်းစိမ့်​စိမ့်​အရသာကို ​ကော်​ဖီပူပူ​လေးတစ်​ခွက်​နဲ့ အံတု​နေလိုက်​တယ်​ မနက်​ခင်းရုံးမတတ်​ခင်​ ဒီလို လွတ်​လပ်​တဲ့အရသာအပြည့်​နဲ့ လွတ်​လွတ်​လပ်​လပ်​အ​တွေး​လေး​တွေ ပြည့်​နှံ​နေရတဲ့အရသာကို ကျွန်​​တော်​အကြိုက်​ဆုံးပဲဗျ ကျွန်​​တော်​တို့လို့ တစ်​​နေ့လုပ်​တစ်​​နေ့စားဘဝ အလုပ်​သမား​တွေ၊ ရုံးစာ​ရေး​​လေးတွေအဖို့က​တော့ ဒီလိုအချိန်​ဟာ နတ်​စည်းစိမ်​တစ်​မျှပါပဲဗျာ မနက်​ခင်းနှင်းမြူကြားကအလှအပကို ပန်းချီတစ်​ချက်​ပမာ ခံစား တန်​ဆာဆင်​ကြည့်​​နေတဲ့ ကျွန်​​တော်​ရဲ့ အ​တွေးကို မိုးနတ်​မင်းကြီးက သိ​နေတဲ့အလားပဲ ​မကြာခင်​ ​ရောင်​နီဖြာလင်း ရှင်​​နေမင်းကြီးက လှဝင်းပစွာ ထွက်​ပြူလာရင်း ​ကောင်းကင်​တစ်​ခွင်​လင်းဓါတ်​​ပေးရင်း ​မြေပြင်​တစ်​ခွင်​ ​နွေးဓါတ်​အပြည့်​နဲ့ ဟန်​ဝင့်​ကြွားစွာ ​ပေါ်ထွန်းလာခဲ့ပါပြီ ကျွန်​​တော်​လည်း ကုန်​​နေပြီဖြစ်​တဲ့ ​ကော်​ဖီခွက်​​လေးကို ​ဆေး​ကြောသန့်​စင်​ပြီ ​ဆေး​ပေါ့လိပ်​တစ်​လိပ်​နှင့်​ လက်​ဖက်​ရည်​ကြမ်းပန်းကန်​ထဲ လက်​ဖက်​ရည်​ထည့်​​သောက်​ရင်း အ​တွေး​တွေ ဆက်​လွင့်​​မျော​နေမိတယ်​ ထိုစဉ်​ ​နွေဦးရဲ့ တ​ပေါင်း​လေရူး​လေးက ​ဝေ့လာ​နေကြပါပြီ စာ​ရေးသူအဖို့နံနက်​ခင်းအလှ ပန်းချီပြခန်းကြီးထဲက ရုံးမထွက်​ချင်​​အောင်​ ရွက်​​ဟောင်း​ကြွေရ တမာ​လေး​တွေ ​မြေမခင်​ ​လေမှာ ​ဝေ့ဝဲ​နေကြရင်း မိခင်​ပင်​ပျို​ဟောင်းကို မခို့တစ်​ရို့​လေး နှုတ်​ဆက်​​နေသ​ရောင်​ ထင်​မှားမိပါတယ်​ ဟုတ်​ပါတယ်​ စာ​ရေးသူတို့. အညာ​မြေနယ်​မြို့​လေးဟာဖြစ်​ ဧရာရစ်​ဝိုင်း​ရွှေစစ်​ကိုင်းရဲ့ တိုင်းဌာ​နေအလှ မြို့​တော်​လို့​ခေါ် သလ္လာဝတီတို်​င်း တမာ​တွေဝိုင်းလို့ ကုက္ကိုတန်း​တွေ ​ဂွေး​တောက်​ရွက်​​ပေါတဲ့ မဟာလယ်​တီ​ကျောက်​စာတိုက်​ ​ဗောဓိတ​ထောင်​ဘုရား သာသနာထွန်းကားရာမြို့​တော်​အလှ မုံရွာကပါဗျာ ကဲအ​တွေး​လေးလည်း​ကောင်းပါရဲ့ နံနက်​ခင်း 8:30ဆို​တော့ ရုံးတတ်​ချိန်​လည်းနီး​နေပြီ မို့ ​တွေးလက်​စအ​တွေးစ​လေးကို လက်​ဖက်​ရည်​ကြမ်း​လေးနဲ့ မျိုချ ​ ​မီး​သေ​နေပြီဖြစ်​တဲ့ ​သောက်​လက်​စ​ ဆေး​ပေါ့လိပ်​​လေးကို မီးညှိဖွာရိုက်​ပြီး အသာချထား ​ရေမိုးချိုးအဝတ်​အစားလဲကာ ရုံးတတ်​ရ​တော့မှမို့ ဘဝက​ပေးတဲ့ ဘဝအလှနဲ့ မ​သေမချင်းထမ်း​ဆောင်​ရမယ့်​ မိသားစုတာဝန်​​တွေအတွက်​ ခရီးဆက်​ချီတတ်​လိုက်​အုံးမယ်​ဗျို့။
စာ​ရေးသူ ကျွန်​​တော်​သည်​ စာဖတ်​အားအလွန်​နည်းခဲ့​သော​ကြောင့်​ ကျွန်​​တော်​မြို့အလှ အ​ကြောင်း​ရေးရာမှာ စာ​ကေးသူ၏ စိတ်​ကူးအကြံ ကွန်​မြူးမှုအားနည်း​သော​ကြောင့်​သာ မြို့အလှ မ​ပေါ်လဃင်​​စောတာဖြစ်​သင့်​ပါတယ်​ဗျာ အမှန်​တစ်​ကယ်​လှပတဲ့ စာ​ရေးသူတို့မြို့​လေးကို စာ​ရေးသူ စွမ်းနို်​င်​သ​လောက်​​လေးပဲ တန်​ဆာဆင်​ထားခြင်းဖြစ်​ပါတယ်​ အမှန်​တစ်​ကယ်​ ဒီထက်​မက တန်​ဆာဆင်​နိုင်​​သောလည်း စာ​ရေးသူကျွန်​​တော်​ ညံ့ဖျင်း​သော်​​ကြောင့်​သာ မြို့​တော်​အလှ​ပေါ်လွင်​ထိ​ကောက်​ချင်းမရှိတာပဲဖစ်​ပါတယ်​ သည်းခံဖတ်​​ပေးခဲ့ကြတဲ့ မိတ်​​ဆွေအ​ပေါင်းကိုလည်း ​ကျေးဇူးတင်​မဆုံးပါဘူးဗျာ လိုအပ်​ချက်​​လေး​တွေလည်း ​ဝေဖန်​​ထောက်​ပြကြပါအုံးလို့ ကျွန်​​တော်​ စာ​ရေးရာမှာ အခက်​အခဲ​ပေါင်း​မြောက်​များစွာ​တွေ့​နေစဲပါ ယခုpostကလည်း တ​ပေါင်းလကို ​မျော်​ရည်​မှန်းလို့​ရေးထားခြင်းဖြစ်​ပါတယ်​။ အားလုံးကို အထူးပဲ​ကျေးဇူးတင်​ရှိပါတယ်​ ခဗျား။
Steemit မြန်​မာ မိသားစုအ​ပေါင်း ကိုယ်​စိတ်​နှစ်​ဖြာ ကျန်းမာချမ်းသာပြီ လိုရာဆန္ဒတစ်​လုံးတစ်​ဝထဲပြည့်​ဝကြပါ​စေဗျာ။IMG_20180114_092251.jpg

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 68728.62
ETH 3843.27
USDT 1.00
SBD 3.65