အ​ဖော်​မွန်​သူငယ်​ချင်း

in #myanmar6 years ago (edited)

ဒီလမာ သံ​ဝေဂရစရာ အဖြစ်​ပျက်​​လေး တခု ကြုံခဲ့တယ်​။ အဲဒါက လုပ်​​ဖော်​ကိုင်​ဖက်​ အကို​တ​ယောက်​ ​လှေကား​ပေါ်က​ချော်​ကြတာ​ခြေဖ​နောက်​ရိုး ကျိုးသွားတယ်​။ ​လှေကားအမြင့်​ကလဲမ​ပြောပ​လောက်​ဘူး။သူဖြစ်​ဖို့ အဖို့ပါလာ​တော့လဲ ကျိုးပီ​ပေါ့။ သူကိုဝိုင်းပီး​ဆေးရုံတင်​ကြ​ပေါ့။ ​ဆေးရုံတင်​​တော့​ဆေးရုံတတ်​ရပီ​လေ။ အဲမာ စဖြစ်​ပီ သူမာ့ ​စောင့်​မယ်​သူ သူငယ်​ချင်းမိတ်​​ဆွေအ​ပေါင်းအသင်းဆိုတာမရှိဘူး ဘယ်​သူမာ့မလာကြဘူး ။ကျောင်းတုန်းကအ​ပေါင်းသင်းနည်းတာလား ဘာလား​ပေါ့ ။ သူငယ်​ချင်းဆိုတာကလဲရှိ​သေးတယ်​​လေ။ ​မေးထူး​ခေါ်​ပြောသူငယ်ချင်း၊အရင်းနှီးဆုံးစိတ်​တူကိုယ်​တူသူငယ်​ချင်း။တိုက်​ခန်းအတူငှား​နေတဲ့သူ​တေလဲမလာကြဘူး။ လုပ်​​ဖောက်​ကိုင်​ဖက်​နှစ်​​ယောက်​ကဘဲ သူကို​စောင့်​​ရှောင့်​ဖို့ညအိပ်​​နေ​ပေးခဲ့လိုက်​ရတယ်​။ အဲလိုနဲ့ခွဲစိတ်​မူ​တေပီးတဲ့အထိအလှည့်​ကြ ကူ​စောင့်​​ပေးကြတယ်​။ဆေးရုံကဆင်းပြန်​​တော့လဲ ​ခြေကျိုးကြီးနဲ့ငါးလွှာကိုတတ်​ရတယ်​။သူဆိုရင်​ သူအိမ်​က အရမ်းအဆင်​​ပြေတဲ့လူတန်းစားထဲမာပါတယ်​။ ​ကိုယ့်​ဘ၀တတ်​လမ်း​ကိုယ်​​ဒူးကိုယ်​ချွန်​လုပ်​ချင်​​တဲ့စိတ်​တခုထဲနဲ့ ပင်​ပန်းဆင်းရဲစွာနဲ့ သူများအလုပ်​ မာယာ​တေဖုံး​နေတဲ့ရန်​ကုန်​လို​နေရာမျိုးမာဒုက္ခခံပီးကြိုးစားရတာ။ မိဘ​တေကလဲသင်​ဖူးတာရှိတယ်​ ငယ်​ငယ်​က ငါ့သား ပညာတတ်​ကြီးဖြစ်​​အောင်​ကြိုးစား ပညာတတ်​ကြီးဖြစ်​ရင်​​ဘောပင်​ကိုင်​ရမာ ငါတို့လို ကူလီ​တေနဲ့ လယ်​ (မိဘ​တေကလယ်​လုပ်​ငန်းလုပ်​ကိုင်​သူ​တေ)မလုပ်​ရဘူးတဲ့။ ဒါ​ပေမယ့်​ဗျာ စကားလုံးသာကွာပီးလှသွားတာပါ သားတို့က ကူလီ​တေ ၊အလုပ်​ရှင်​က မိဘ​တေလို လယ်​ပိုင်​ရှင်​​တေပါဘဲ။ ခုဏကဟာပြန်​ဆက်​အူးမယ်​။သူခမျာ့ငါးလွှာ​ပေါ်မာ ​ခြေကျိုးကြီးနဲ့ အစား​သောက်​ဆင်းရဲ။အတူ​နေတဲ့သူငယ်​ချင်း​တေကလဲဘာမာ့မချက်​တတ်​ကြဘူး​လေ။နေရာတိုက်​ခန်းကလဲကြပ်​ကြပ်​​လေး။ ရန်​ကုန်​ဆို​တော့သိကြတဲ့အတိုင်းဘဲ ​ကျောတ​နေရာစရာ​လေးရဖို့ကိုမလွယ်​ဘူး။ သူ့မိဘ​တေလဲအ​ကြောင်းမကြားရဲရှာဘူး ။သိရင်​ဟိုကချက်​ချင်းလိုက်​လာကြမာ။ အကိုရယ်​ချုပ်​ရိုးဖြည်​ပြီးရင်​အမြန်​ပြန်​ပါလို့ မနည်း​ပြောရတယ်​။သူတပတ်​​လောက်​​ အ​နေဆင်းရဲအစားဆင်းရဲ​ခြေကျိုးကြီးနဲ့၅လွှာမာပြုစုသူမရှိဝဋ်​ခံရတယ်​။သံ​ဝေဂရတာက ကိုယ်​မာ့အ​ဖော်​မွန်​သူငယ်​ချင်းမိတ်​​ဆွေ​တေလိုအပ်​တယ်​ဆိုတာဘဲ တနယ်​ရပ်​ခြားမိကွဲဖကွဲ​နေပီးလုပ်​​နေရတဲ့အချိန်​မာ့ အ​ဖော်​မွန်​သူငယ်​ချင်းဆိုတာဘုရား​ပေးတဲ့ဆုပါ။ ​ရေ​ခြား​မြေခြားတနယ်​တ​ကျေးထွက်​ပီးအလုပ်​လုပ်​​နေကြတဲ့သူငယ်​ချင်း​တေ ကျန်းမာ​ပျော်​ရွှင်​အလုပ်​ကိုင်​​တေအဆင်​​ပြေကြပါ​စေ အ​ဖော်​မွန်​​သူငယ်​ချင်း​ကောင်း​တေနဲ့​တွေ့ကြပါ​စေ•••••
@zawthu

IMG_20180217_230952.jpg

Sort:  

ကျေးဇူးပြု၍ ကျနော့်အကောင့်အား follow လုပ်ထားပေးပါ အပြန်အလှန် v+c လုပ်ပေးပါးမည်ခင်ဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64916.21
ETH 3483.89
USDT 1.00
SBD 2.45