လူတော်လူကောင်း

in #myanmar6 years ago

ကျွန်တော်ဟာမြန်မာနိုင်ငံမှာနေထိုင်တဲ့ဗမာလူမျိုးမြန်မာနိုင်ငံသားစစ်စစ်ပါ
မြန်မာနိုင်ငံနဲ့ပက်သက်လာရင်အရာရာဟာကျွန်တော်တို့နဲ့မြန်မာလူမျိုးတစ်စုလုံးနဲ့သက်ဆိုင်ပါတယ်
ကျွန်တော်တို့နေထိုင်တဲ့မြန်မာနိုင်ငံတော်ကြီးတိုးတက်ပြောင်းလဲဖို့ဆိုတာကလည်း တစ်ဦးတစ်ယောက်တည်း ကောင်းရုံတော်ရုံနဲ့မရပါဘူး
မြန်မာတစ်မျိုးသားလုံးတူညီကြိုးစားမှသာတိုးတက်ပြောင်းလဲမှာပဲ
မည်သည့်အဖွဲ့အစည်းကိုမဆို တိုးတက်ပြောင်လဲလို ချင်ရင်လူတော်လူကောင်းများမြောက်များစွာရှိနေဖို့လိုအပ်ပါတယ်
အဲဒါကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီးတိုးတက်ပြောင်းလဲဖို့ ဆိုတာ ဌာနအသီးသီးမှ လူတော်လူကောင်းတွေရှိနေဖို့လိုအပ်ပါတယ်
လူတော်ဆိုတာအဘယ်နည်း
လူတော်ဆိုသည်မှာ မည်သည့်ပညာ မည်သည့်အလုပ် မည်သည့်ကိစ္စမဆို လူတစ်ကာထက်ပို၍သိမြင် တက်မြန် တွေးသော နိုင်တောသူမျိုးကိုလူတော်ဟုခေါ်ပါသည်
လူကောင်းဆိုသည်မှာအဘယ်နည်း
လူကောင်းဆိုသည်မှာ လူတစ်ဖက်သားအပေါ်အပစ်မမြင်တက်ချင်း ကူညီရိုင်းပင်းချင်း စာနာတက်ချင်း မိမိအတွက်မကြည့်ပဲအများအကြိုးအတွက်စွန့်လွှတ်အနှစ်နာခံတက်သူများကို လူကောင်းများဟုသတ်မှတ်ရပေမည်

လူကောင်းတစ်ယောက်ကိုလူတော်တစ်ယောက်ပြောင်းလဲပြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကြီးအတွက်များစွာအကျိုးရှိပေမည်
တစ်ယောက်စနှစ်ယောက်စမှတစ်ဆင့်လူကောင်းလူတော်များစွာရှိလာမယ်ဆိုရင် အမိမြန်မာနိုင်ငံတော်ကြီးဟာ အလွန်တိုးတက်ပြောင်းလဲလာမည့်နိုင်ငံတော်ကြီး ဖြစ်လာပေလိမ့်မည်
လူတော်တစ်ယောက်ကလူကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ မလွယ်ကူလှပါဘူး
လူတစ်ယောက်၏ပင်ကိုဗီဇတစ်ခုကို ပြောင်းလို့ဖို့ဆိုတာမလွယ်ကူပါဘူး
အဲဒီလိုမလွယ်ကူတဲ့ကြားထဲကနေ လူတော်တစ်ယောက်က လူကောင်းတစ်ယောက်အဖြစ်ပြောင်းလဲလာခဲ့မယ်ဆိုရင် အလွန်ပင်တန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်
တိုင်းပြည်နဲ့လူမျိုးအတွက် အင်မတန်တန်ဖိုးမဖြတ်နိုင်တဲ့လူမျိုးဖြစ်လာပါလိမ့်မယ်
ထိုလိုလူမျိုးများပြားလာရင်တော့ အမိနိုင်ငံတော်ကြီးဒီရေအလားတိုးတက်ပြောင်းလဲလာမှာမလွှဲပါဘူး
ထိုကြောင့်လူကောင်းကလူတော်ဖြစ်လာအောင် လူတော်ကလူကောင်းတစ်ယောက်ဖြစ်လာအောင် ဝိုင်းဝန်းပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်
တိုးတက်ဖို့လိုချင်တဲ့အဖွဲ့အစည်း တိုးတက်ချင်တဲ့နိုင်ငံတိုင်းမှာလူကောင်းလူတော် လူတော်လူကောင်းများစွာရှိနေဖို့လိုအပ်ကြပါတယ်လို့အကျန်ပြုရင်း စာသားလေးကိုနိဂုန်းချုပ်လိုက်ပါရစေ
ရေးသူ ဇော်မျိုးထွန်း

image
written by @zawmyotun
MSC250

Sort:  

မြန်မာစာရဲ့ အဆုံးသတ်တွေမှာ ပုဒ်ကလေးတွေထည့်သင့်ပါတယ်

ဟုတ်ကဲ့ပါအကို

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64599.25
ETH 3467.96
USDT 1.00
SBD 2.55