ဘဝခရီး

in #myanmar7 years ago (edited)

မထင်​မှတ်​ထားတဲ့...ခရီးတစ်​ခုကို...သွားခဲ့မိတယ်​။..ခရီးတစ်​ခု...ထူးဆန်း​ထွေ​ပြား​တော့....ကိုယ့်​မှာ....​ယောင်​ချာချာ လည်​​နေတယ်​​ပေါ့။ဘယ်​​လောက်​ပဲ.....ခက်​ခဲပါ​စေ၊ဘယ်​​လောက်​ပဲ....ကြမ်းတမ်းပါ​စေ၊​ရောက်​​အောင်​​တော့သွားရမှာပဲ။ခရီးဆုံး​အောင်​​တော့...လှမ်းရအုံးမှာပဲ​လေ။

အာ့ခရီးက....အ​ဖော်​အ​ပေါင်း​တွေနဲ့...စည်းစည်းကားကားသွားရတာမျိုးမဟုတ်​ပဲ.....ကိုယ်​တစ်​​ယောက်​တည်းပဲ...သွားရတဲ့...အခိုက်​အတန့် ​ပေါ့။တစ်​​ယောက်​တည်းဆို​တော့.....အားငယ်​လာမယ်​။ကြောက်​စိတ်​​တွေလဲ...တက်​တက်​ဖြာဖြာ...​ပေါ်ထွက်​လာမယ်​။..ကဲ...အာ့ခရီးကို....ဘယ်​လိုမျိုး...ရင်​ဆိုင်​ပြီး...ဖြတ်​သန်းနိုင်​ပါ့မလဲ။

အဲ့ဒီအ​တွေးက...ခရီးကို...မသွားခင်​ကတည်းမှာပဲ....​ခေါင်းထဲ.ကို...​ပြေးဝင်​​ရောက်​လာတယ်​ဆိုတာ​ကော.....သတိထားမိ​လေရဲ့။ဘာပဲဖြစ်​ဖြစ်​.မျက်​စိစုံမှတ်​.၊အံ​ကြိတ်​​လျှောက်​ဆိုရင်​လဲ....​လျှောက်​လှမ်းသွားရအုံးမယ်​​လေ။ဘာဖြစ်​လို့လဲဆို​တော့...ကိုယ့်​ရဲ့....မထင်​မှတ်​ထားတဲ့..ခရီးဖြစ်​​နေလို့​လေ။

ဟုတ်​ပါတယ်​....ခရီးဆိုတာက....ဘဝ..ခရီးကို..ဆိုလိုတာပါ။အခုဆိုရင်​..ကျွန်​​တော့်​မှာ....ခရီးတစ်​ခုရှိ​နေပါတယ်​။အဲ့ဒီခရီးကို...သွားဖို့...ကျွန်​​တော့်​မှာ...အ​ဖော်​မရှိပါဘူး။လောကဓာတ်​ကပဲ...သတ်​မှတ်​လိုက်​တဲ့..ခရီးတစ်​ခုပါ။ဘယ်​လိုပဲဖစ်​ဖြစ်​....အဲ့ဒီဘဝခရီးကို...ကျွန်​​တော်​..အ​ရောက်​လှမ်း​နေမှာပါ။

ဘဝခရီးကို..​လျှောက်​လှမ်းဖို့...ကျွန်​​တော်​..​လေ့လာမှု့​တွေ..ပြုလုပ်​ရပါအုံးမယ်​။လေ့လာမှု့​တွေ...လုပ်​ထားမှ...ဘယ်​လိုပုံစံ​လျှောက်​လို့​လျှောက်​ရမှန်းမသိတဲ့...မထင်​မှတ်​ထားတဲ့...ခရီးဖြစ်​​နေတာ​ကြောင့်​...လွယ်​လွယ်​​ကူကူနဲ့....​လျှောက်​လှမ်းနိုင်​မှာပါ။travel-alone.jpg

လေ့လာမှု့​တွေနဲ့အတူ....စွန့်​စားမှု့​တွေပါ..အဲ့ဒီဘဝခရီးအတွက်​...အ​ဖော်​အဖြစ်​နဲ့..​ခေါ်ပါရ​စေအုံး။တစ်​​ယောက်​တည်း​လျှောက်​ရတာမို့...လက်​နက်​အ​နေနဲ့.ယူသွားတဲ့သ​ဘောပါ။

ဟုတ်​ပြီ၊ကျွန်​​တော်​က..​လေ့လာမှု့နဲ့..ခရီးဆက်​ပြီး...စွန့်​စားမှု့ကိုပါ..အ​ဖော်​​ခေါ်လာခဲ့တယ်​။ကျွန်​​တော်​...အ​ဖော်​​ခေါ်လာခဲ့တဲ့..စွန့်​စားမှု့ရဲ့​နောက်​မှာ...​နောက်​လိုက်​နှစ်​​ယောက်​ရှိ​နေ​သေးတယ်​ဗျ။သူတို့က​တော့...​အောင်​မြင်​မှု့နဲ့...ကျဆုံးမှု့​ပေါ့။
စွန့်​စားမှု့ရဲ့ ​နောက်​လိုက်​ဖြစ်​တာ​ကြောင့်​ သူတို့ကိုလဲ မ​ခေါ်မဖြစ်​ ​ခေါ်သွားရအုံးမယ်​။

ဝိုး..ဒါဆိုရင်​.ကျွန်​​တော့မှာ...​လေ့လာမှု့၊စွန့်​စားမှု့၊​အောင်​မြင်​မှု့၊ကျဆုံးမှု​တွေဆိုပြီး​တော့...​ဘော်​ဒါ​လေး​ယောက်​ရ​နေပြီ​လေ။
ကဲ..တစ်​​ယောက်​တည်းသွားရမယ်​ဆိုတဲ့ခရီး.အခု​တော့...ငါး​ယောက်​ဖြစ်​​နေပြီ။
georgebernardshaw1-2x.jpg
ခရီးကို...​အ​ရောက်​လှမ်းဖို့...အဆင်​သင့်​ဖြစ်​​နေပြီ​လေ။ခရီးဘယ်​​လောက်​ကြမ်းကြမ်း..ကျွန်​​တော်​..မ​ကြောက်​​တော့​ချေ။ဘဝခရီးတစ်​​လျှောက်​​တွေ့လာသမျှ..အရာအားလုံးကို....​ဘော်​ဒါ​လေး​ယောက်​နဲ့..ကျွန်​​တော်​..အ​ကောင်းဆုံး​ဖြေရှင်းမယ်​​ပေါ့။ဝေးလိုက်​စမ်းပါ..ခရီး​ပေါ့..၊ငါ..ဇွဲမ​လျှော့...​ရောက်​​အောင်​​လျှောက်​မယ်​ဆိုပြီး..ဟစ်​​ကြွေး ပစ်​အုံးရမလား။

ဒီလိုနဲ့...ခရီးတစ်​ခု...​လျှောက်​ရင်း..လမ်းခုလတ်​တ​နေရာ...နား​လေ​တော့..​ဘော်​ဒါ​တွေနဲ့..စကားဆုံမိပါ​လေရဲ့။ကိုယ်​ကဲ..အကြီးအကဲဆို​တော့....အတန်​တန်​မှာရတယ်​၊သတိ​ပေးရတယ်​။ဘော်​ဒါ​တွေကို...ဂရုလဲစိုက်​ရ​သေးတယ်​ဗျ။

ပလန်​အစီအစဉ်​​တွေ...ထပ်​ဆွဲရ​သေးတယ်​။မထင်​မှတ်​တဲ့ခရီးဖြစ်​လို့..အ​တွေး​ပေါင်း​စုံနဲ့ စုစည်းထားရတယ်​။
ကဲ..အခု​တော့ .နားရင်း.နားရင်း.နဲ့..ခရီး​လျှောက်​​နေရပြီ။သို့​ပေမယ့်​...ခရီးက..မ​ရောက်​​သေး။ဤခရီးကို...."ဘဝ"ခရီးဟု​ခေါ်သည်​။

ရှေ့ဆက်​ပြီး...ခရီးကို...​​ဘော်​ဒါ​တွေထပ်​ရပြီး.​လျှောက်​ရအုံးမယ်​ထင်​။အခု​တော့...ခရီးတစ်​ဝက်​က​နေ.....စာကို..ဒီ​နေရာမှာတင်​..အဆုံးသတ်​ ခဲ့ပါပြီ။

Steemitဝင်​မိသားစုအားလုံး.​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျ။
@zawmyo
MSC-061Beautiful-Travel-Photography-beautifulfeed-36.jpg

Photos credit from google

Sort:  

လူလို့ဖြစ်လာရင်မြ်းတမ်းတဲ့ဘဝရှိသလို အေးချမ်းတဲ့ဘဝဆိုတာရှိပါတယ်@zaw

ဟုတ်​ကဲ့

good post လေးပါ အားပေးလျှက်

ဟုတ်​ကဲ့​ကျေးဇူးပါဗျ

ကောင်းတယ်​ဗျ အား​ပေး​နေပါတယ်​ဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါဗျ

ဟုတ်​ကဲ့​ကျေးဇူးပါ

အရေးအသားကြွေပြီလေ 😁😁

အော်​ မဟုတ်​ရပါဘူးဗျာ😁😁

ကျေးဇူးပါဗျ

လျှောက်လှမ်းမဲ့ခရီးမှာ မိမိနဲ့အတူလိုအပ်တဲ့အဖော်တွေပါတော့ ပိုကောင်းတာပေါ့..bro
Good post.

ဟုတ်​ကဲ့အကို ​ကျေးဇူးပါ

ဘဝခရီး ဆက်ကာ လျှောက်လှမ်းရပေအုံးမည် အရှည်ကြီးကြီးကျန်နေသေးသပေါ့

ဟုတ်​တယ်​ဦး​ရေ😁😁

ကိုတွေလို…ခရီးသွားတစ်ယောက်ပါလားဟ…

ဟုတ်​ပါ့ဟုတ်​ပါ့😁😁

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58130.32
ETH 2361.48
USDT 1.00
SBD 2.38