အသည်းနှလုံးကိုဖြုတ်​ယူသွားတယ်

in #myanmar7 years ago (edited)

သူမက​တော့ မြို့ကြီးသူ။ရန်​ကုန်​သူ​လေး​ပေါ့။ကျွန်​​တော်​က​တော့ ရိုးရိုးအအ...​နယ်​ကတက်​လာတဲ့...​မောင်​​တောသား​လေး​ပေါ့။သူမနဲ့.ကျွန်​​တော်​တို့ရဲ့..​တွေ့ဆုံမှု့က...အံ့မခန်း။

အဲ့ဒီ​နေ့က....သူမက...စက်​ဘီး​လေး..စီးလာတယ်​။.ကျွန်​​တော်​ကလဲ....လမ်း​လျှောက်​ရင်း....သူမရဲ့......အလှကို...ခံစားမိသွားတယ်​။ သူမရဲ့အလှ....မြို့သူဆို​တော့...အသားက..ခပ်​​ဖွေး​ဖွေး၊ဆံပင်​ဆံသားကလဲ..သပ်​သပ်​ရပ်​ရပ်​..စရစ်​ထုံးလို့...အင်္ကျီလက်​ရှည်​​လေးနဲ့​ပေါ့။ပိုပြီးလိုက်​ဖက်​လှတဲ့...​ဘောင်းဘီရှည်​ကလဲ..ဝတ်​ထား​တော့..သူမရဲ့အလှ...ထူးခြားလှ​နေ​တော့တယ်​။

ကျွန်​​တော့်​အနား...စက်​ဘီး​လေးနဲ့.ဖြတ်​နင်းသွား​တော့...သင်းပြန့်​​နေတဲ့..သူမရဲ့..​ရေ​မွှေးရနံ့ကလဲ..ခပ်​လှိုင်​လှိုင်​။သူမက​တော့...မသိရှာဘူး၊ကျွန်​​တော့်​ရဲ့..အကြည့်​​တွေက....သူ​မရဲ့​ရှေ့​အောက်​..​ရောက်​​နေတယ်​ဆိုတာကို​လေ။

သင်းပျံ့  ​နေတဲ့.သူမရဲ့..​ရေ​မွှေးရနံ့ရယ်​...လှပတဲ့.သူမရဲ့အလှရယ်​....ခံစားမိ​နေစဉ်​အ​တောအတွင်း...​သူမက​တော့...ကျွန်​​တော့်​မျက်​စိ​အောက်​က​နေ....​ပျောက်​ကွယ်​သွားတယ်​။

ဘယ်​သူဘယ်​ဝါမှန်း....မသိ​ပေမယ့်​....သူမက​တော့ ကျွန်​​တော့်​ရဲ့....နှလုံးသားကို..နှိုးဆွလိုက်​တယ်​။ငေးမှိုင်​လက်​ချဖြစ်​​နေတဲ့ ကျွန်​​တော်​က​တော့ အာ့​နေရာမှာပဲ ကျန်​​နေခဲ့တယ်​။

ဒီလိုနဲ့. သူလာ​နေကျလမ်း​လေးကို အမြဲ​စောင့်​​နေမိခဲ့တယ်​။ဘယ်​​တော့မှမလာ​တော့ဘူးလားလို့လဲ ကိုယ့်​ကိုယ်​ကို ငြီးစူ​နေမိတယ်​။နေ့တိုင်းလိုလို.....​တွေ့​နှိုး...​တွေ့နှိုးနဲ့...​မျှော်​​နေခဲ့ရ.ရက်​​တွေကလဲကြာ။

တ​နေ့မှာ​တော့ ​မျှော်​လင့်​ချက်​မရှိ​တော့ဘူးလားလို့ ​တွေးမိတဲ့ကျွန်​​တော်​ သူမလာ​နေကျ လမ်း..တချက်​ကြည့်​လိုက်​တယ်​။ တိုက်​တိုက်​ဆိုင်​ဆိုင်​ပဲ သူမက. ကျွန်​​တော့်​အ​ရှေ့မှာပင်​ ဖြစ်​​နေတယ်​။
ချက်​ချင်းဆိုသလို "အကို ညီမ စက်​ဘီး​လေး ချိန်းကြိုး​လေး ကျသွားလို့ ပြန်​တပ်​​ပေးပါ့လား ၊ကူညီ​ပေးပါ့လားအကို"ဆိုပြီ အားငယ်​​နေတဲ့ သူမရဲ့ မျက်​နာ ယ​နေ့ထိ မ​မေ့နိုင်​​သေးဘူး။
သူမရဲ့ ​ပြောဆိုစကားသံ​ကြောင့်​ အူတူတူ အ သသ ​မောင်​​တောသား​လေး ကျွန်​​တော်​ ဆွံ့အ သွားမိတယ်​။သူမအသက်​က ကျွန်​​တော်​နဲ့ အသက်​တူရွယ်​တူလို့ အကဲခတ်​ မိပါတယ်​။သူမက​တော့ ယဉ်​​ကျေးစွာနဲ့ အကိုတပ်​​ခေါ်တဲ့ သူမရဲ့ အပြုအမှု အ​ပြောအဆိုက. ကျွန်​​တော့ရင်​ဘတ်​ထဲထိ လာတိုက်​​နေတယ်​။

"​အေး ညီမ "ဆိုပြီး သူမရဲ့ အနား​လေးကပ်​ပြီး သူမရဲ့ စက်​ဘီးက ချိန်းကြိုး​လေးကို ပြန်​တပ်​​ပေးလိုက်​တယ်​။
"​ကျေးဇူးတင်​ပါတယ်​​နော်​အကို"တဲ့ သူမက ​ပြောပြန်​တယ်​။ရပါတယ်​ညီမရယ်​ ​ပြောရင်း သူမနဲ့ကျွန်​​တော်​ မိတ်​ဆက်​ခဲ့မိတယ်​။

သူမလဲ စက်​ဘီး​လေးကို စီးပြီး ထွက်​သွား​လေ​တော့တယ်​။ကျန်​ခဲ့တဲ့ ကျွန်​​တော့်​မှာ​တော့ ရင်​ဘတ်​ထဲ ​ပျော်​မှန်းမသိ ​ပျော်​​နေခဲ့မိတယ်​။

နောက်​ရက်​​တွေလဲ သူမနဲ့ ​တွေ့ရဖို့အ​ရေး သူမလာ​နေကျ ​၊အချိန်​ တို့ကို ​စောင့်​ပြီး ​မျှော်​​နေမိတယ်​။သူမကလဲ ​တွေ့လို့ အပြန်​အလှန်​ နှုတ်​ဆက်​ခြင်းက​နေ သူမနဲ့ သူငယ်​ချင်းဖြစ်​သွား​တော့တယ်​။

အချိန်​ကြာလာ​လေ သူမနဲ့ အရင်းအနှီး ဆုံး သူငယ်​ချင်းအဖြစ်​​ရောက်​လာတယ်​။ကျွန်​​တော့်​ ရင်​ဘတ်​ထဲမှာ​တော့ သူမကို အတိတ်​တခိုးနဲ့ ချစ်​​နေရရှာပြီ။သူမက​တော့ သိမယ်​မထင်​ဘူး။

တ​နေ့ ရင်​ဘတ်​ထဲက အချစ်​​တွေက ​ပေါက်​ဖွားလာပြီး သူမကို ဖွင့်​​ပြောမိတယ်​။
ဖွင့်​​ပြော​ပြောမိချင်း သူမရဲ့ ပြုံးပြုံးနဲ့ ​ပျော်​​နေတဲ့သူမရဲ့ မျက်​နာ ငြိုးနွမ်းတယ်​။ဒါကို ကျွန်​​တော်​ တန်းရိတ်​မိသွားတယ်​။
"ငါ့မှာ ရည်းစားရှိတယ်​ သူငယ်​ချင်းရာ
နင့်​ကို ငါ သူငယ်​ချင်းလိုပဲ ခင်​ချင်​ပါတယ်​ ။ငါတကယ်​စိတ်​မ​ကောင်းပါဘူး။ငါတို့ သူငယ်​ချင်းလိုပဲ ချစ်​ချစ်​ခင်​ခင်​​နေကျမယ်​​လေဟာ"ဆိုပြီး သူမရဲ့ စကားက တုန်​ရီရီနဲ့ ထွက်​​ပေါ်လာတယ်​။

သူမ​တော့​တော့ ​တော်​​တော်​စိတ်​​မ​ကောင်းဖြစ်​မိမှာ​ပေါ့။တကယ်​​တော့ ကျွန်​​တော်​ဖွင့်​​ပြောမိတာကိုက. မှားသွားတယ်​ဆိုတာ ​နောင်​တ ရမိသွားတယ်​။
"​အေးပါသူငယ်​ချင်းရာ၊ငါ​ပြောမိတဲ့အတွက်​ sorryပါ​နော်​။"လို့ ကျွန်​​တော့်​ရင်​ဘတ်​က​နေ စကားလုံးတဖွယ်​ ထွက်​ကျလာတယ်​။

အာ့​နေ့​တော့ သူမနဲ့ ကျွန်​​တော်​ နှစ်​​ယောက်​လုံး လက်​မှိုင်​ငိုင်​​နေကျမိ​လေရဲ့။
ဒီလိုနဲ့. သူမရဲ့ သူငယ်​ချင်း​ကောင်းအဖြစ်​ သူမရဲ့ ​ဘေးမှာ ရှိ​နေမယ်​ဆိုပြီး သူမထံကတိပြုမိ​လေတယ်​။

သူမကလဲ ထပ်​တူညီမျှ သူငယ်​ချင်း​ကောင်းအဖြစ်​နဲ့ ရှင်​သန်​​နေပါ့လို့ ​​ပြော​လေတယ်​။

ရက်​စက်​လှချည်​လားလို့လဲအပြစ်မတင်ရက်​ဘူး။ပျော်​​ပျော်​​နေတတ်​တဲ့သူမ..ကျွန်​​တော့်​​ကြောင့်​....မျက်​နာညှိုးသွားကို စိုးရိမ်​တယ်​။

သူမကလွဲပြီးအခြားသူ​​တျောက် ချစ်​ဖို့ ဘယ်​လိုမှ မဖြစ်နိုင်​တာ့ဘူး။.သူမက..ကျွန်​​တော့်​ရဲ့..အချစ်​​တွေ....ထာဝရ​ပေးလိုက်​မိတဲ့သူပါ။သူမက ကျွန်​​တော့်​ရဲ့ အချစ်​​တွေ မယူ​ဆောင်းသွားနိုင်​​ပေမယ့်
ကျွန်​​တော့်​အချစ်​​တွေကသူမအတွက်​ပဲ ရှိ​နေမှာပါ။

သူမ...မသိ​အောင်​ပဲ...ရင်​ဘတ်​ထဲမှာ.အချစ်​​​တွေ..သိမ်းထားမိတယ်​။
ကျွန်​​တော်​သိလိုက်​မိတာက​တော့ သူမက...ကျွန်​​တော့်​ရဲ့ အသည်းနှလုံးကို ဖြုတ်​ယူသွားတယ်​ဆိုတာပါပဲ။
ခုချိန်​ထိ​တော့ထာဝရ သူငယ်​ချင်း​တွေပါပဲ။

@zawmyo
MSC-061

Sort:  

ငါ့အသဲနှလုံးကိုသူမဆီပေးအပ်ထားတယ်
အချစ်ဆိုတဲ့ဘဝအစိတ်အပိုင်းလေးတစ်ခုက
သူမအတွက်ပါပဲလေ
ရေးတာတွေကောင်းတယ်ဟေ့
ကြိုးစားသွားရင်ဒီထက်ကောင်းမွန်လာလိမ့်မယ်
အားဖြည့်ပေးနေပါတယ်ညီရေ(သူရ)

ဟုတ်​ကဲ့အကို​ရေ ​ကျေးဇူးပါ​ဗျ

သူမရဲ့နားမာ နေခွင့်ရတာပဲ ကျေနပ်တယ်ဟုတ်😁😁

ဒီတစ်​ခုအတွက်​နဲ့ပဲအသက်​ရှင်​ရတာ​ကျေနပ်​​နေပါပြီ😁😁

သူငယ်ချင်းဆိုတော့လည်း သူငယ်ချင်းပဲပေါ့

ဟီးဟီးမနည်းရင်​ကိုပိတ်​အချစ်​ဆိပ်​မတက်​​အောင်​ဖုံးထားမိရတယ်​ဘုရား

သူငယ်ချင်းလေးပါဘဲ သူင်ာချင်းလေးဘဲတဲ့ကွယ် အဲ့သီချင်းထဲကလိုပေါ့

ဟုတ်​ရပါဘူးဗျာ

အတွေ့နောက်ကျသွားတာပေါ့...
နဲနဲစောတွေ့ရင်တောင် ဇာတ်လမ်းက တမျိုးတဖုံ
ပြောင်းသွားနိုင်တယ်.... ခုတော့.. :(

ဟုတ်​တယ်​ဗျ

Good writing,အာ့​နေရာလို့မ​ရေးပါနဲ့လားအကို အဲ့ဒီ​နေရာတို့ထို​နေရာတို့ ​ရေးလို့ရပါတယ်​။By the way,ကျွန်​​တော့်​မှာလည်း သူမရှိတယ်​ဗျ 😁😁

ဟုတ်​ကဲ့ပါဗျာ​နောက်​တစ်​ခါမ​ရေးပါဘူးဗျာ

ဟုတ်​ကဲ့​ကျေးဇူးပါဗျ

ကျွန်တော်နဲ့သူမဇာတ်လမ်းလေးတွေပါလား

ဟုတ်​ပါ့ဗျာဟုတ်​ပါ့

နောက်​​ကောက်​ကျတဲ့ အချစ်​ပ

အချစ်​စစ်​အချစ်​မှန်​​တွေနဲ့ချစ်​ခဲ့မိတာပါဗျာ😁😁😁😁

ဟုတ်​ကဲ့အခုလိုဖတ်​ကြည့်​​ပေးတာ​ကျေးဇူးပါဗျ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65