အထီးကျန်​ခြင်း

in #myanmar6 years ago

ကျနော့်အမေမှာ အကျင့်တစ်ခုရှိပါတယ်
TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။
ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။
ကျနော် အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျနော်က ပိတ် ,
အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ရှိပါတယ်...

အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက
"နင် တို့နားမလည်ပါဘူး" တဲ့ ...
ကျနော်အဲဒီတုန်းက
တကယ်နားမလည်ခဲ့တာပါ ..

တစ်ရက် ...
ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ်
မိုင် (၄၀၀) လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းက
ဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့ တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။

အပျင်းပြေလို ပြေငြား ဆေးလိပ်သောက် ပီကေ၀ါးပေမယ့်လည်း ကားမောင်းနေရတာဟာ
သိပ်အထီးကျန်လွန်းပါတယ် ။
နောက်ဆုံး FM တွေဖွင့်တယ်။
ဟုတ်တယ် ။ FM က ဘာနေနေ ဘာသီချင်းသံပဲလာလာ
အနည်းဆုံး လူတစ်ယောက် အသံကြားနေရတယ် ကိုယ်တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်နေတယ်လို့မခံစားရတော့ဘူး ။
FM က ဘာပဲလာလာ ကျနော့်အတွက် အရေးမကြီးဘူး ။
ဘယ်လို အသံပဲထွက်နေနေ အနည်းဆုံး ကျနော့်မှာ အဖော် ရှိတယ်လို့ ခံစားစေရတယ် ။
တွေးမိ စဉ်းစားနေရင်း
ကျနော့် စိတ်ထဲမှာ ဖျတ်ခနဲ တစ်ယောက်ယောက်ကို အပြေးအလွှား သတိရသွားမိတယ် . .

အ မေ !!!
မိုင်ပေါင်း ၄၀၀ လောက်လေးကို တစ်ယောက်ထဲ ဖြတ်နေရတဲ့ ကျနော်လို လူငယ်တောင် ငြီးငွေ့အထီးကျန်လွန်းနေရင် နှစ်ပေါင်းများစွာ အိမ်ထဲမှာ တစ်ယောက်ထဲ နေရှာတဲ့ အသက် ၆၀ ကျော်အမေဟာ ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ ???

TV ကစကားသံတွေနားထောင်ပြီး အ၀တ်တွေလျှော်နေတဲ့
TV က ကြော်ညာသံတွေကြားပြီး
တံမြတ်စည်းတွေ လှည်းနေတဲ့
TV က ဟာသ တွေ ကြည့်ပြီး မရယ်နေတဲ့ အမေ
TV က ...
TV ထဲက ...

အမေရယ် ...
ဘယ်အချိန်ကတည်းက
ဘယ်လောက်တောင်
အထီးကျန်ဖြစ်နေခဲ့တာလဲ အမေရယ်.

Credit to Original WriterFB_IMG_1521717985729.jpg

Sort:  

Congratulations @zawmoewin! You have completed some achievement on Steemit and have been rewarded with new badge(s) :

You made your First Comment

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 64689.90
ETH 3450.92
USDT 1.00
SBD 2.50