cryptography and crypto currency

in #myanmar7 years ago

(ZawGyi)
Cryptography ဆိုတဲ့စကားလုံးအခုတေလာေခတ္စားလာတာေတြ႕လို႔ ကိုယ္ဝါသနာပါတဲ့ဘာသာရပ္၊ လက္ေတြ႕လဲအႀကီးအက်ယ္အသုံးခ်ေနရတဲ့ဘာသာရပ္မို႔ (မေျပာရရင္အိပ္မေပ်ာ္ေတာ့လို႔) cryptography အေၾကာင္းအစပ်ိဳးခ်င္ပါတယ္။ အမွန္က crypto currency အေၾကာင္းေျပာခ်င္တာ။ တကယ္ေတာ့ cryptography ဆိုတာစာလုံးႏွစ္လုံးကိုေရာေရးထားတာပါ crypto ဆိုတာ ဂရိစာမွာ secret လို႔အဓိပၸာယ္ထြက္ၿပီး graphy ကေတာ့ writing ကိုေျပာတာပါ။ crypto-graphy ဆိုေတာ့ secret writing သို႔မဟုတ္ လွို႔ဝွက္ၿပီးေရးသားျခင္းဆိုပါေတာ့။

အေစာဆုံး cryptography ေတြထဲမွာကၽြန္ေတာ္သေဘာက်တာတစ္မ်ိဳးက လွို႔ဝွက္ေျမပုံေတြ၊ ေသတမ္းစာလို၊ အမိန႔္လိုမ်ိဳးေတြကို ကၽြန္ေတြရဲ့ေခါင္းမွာဂတုံးတုန္းၿပီးေရးၾကတာဆိုပါေတာ့၊ ေရးၿပီးေနာက္ဆံပင္ေပါက္လာေတာ့ အဲ့ဆံပင္ေတြေအာက္မွာ message ရွိမွန္းမသိၾကေတာ့ဘူးေလ။ ေနာက္ေတာ့ လူေတြသိကုန္ၾကေတာ့ ကၽြန္ေတြ႕ရင္ေခါင္းျဖတ္ခံ ဂတုန္းတုန္း ရတနာေျမပုံရမယ္ဆိုတာမ်ိဳးေတြျဖစ္လာၾကေရာ။

ေနာက္ပိုင္းမွာ cryptography ေတြသခၤ်ာဆန္လာတဲ့အထဲမွာ Julius Ceasar စစ္ပြဲေတြမွာသုံးတဲ့ Caesar cipher ဆိုတာလဲနာမည္ႀကီးတယ္။ အဲ့ဒိအခ်ိန္တုန္းက သူတိုက္ခဲ့တဲ့စစ္ပြဲေတြမွာသုံးေတာ့ ၿပိဳင္ဖက္ေတြအတြက္အရမ္းကိုခက္ခဲတဲ့လွို႔ဝွက္စနစ္ႀကီးတစ္ခုလိုျဖစ္ေနခဲ့တယ္ဆိုပါေတာ့။ ဒီဖက္ေခတ္မွာေတာ့ ကေလးေတြသခၤ်ာေကာင္းေအာင္ေဆာ့တဲ့အ႐ုပ္ေတြမွာသုံးတဲ့ဟာတစ္ခုျဖစ္ေနပါၿပီ။

အဲ့ေနာက္ပိုင္းမွာ အရမ္းအရမ္းနာမည္ႀကီးတာက ဂ်ာမန္ေတြ ဒုတိယကမၻာစစ္မွာသုံးတဲ့ Enigma machine ဆိုတဲ့လက္ႏွိပ္စက္လိုလိုစက္ပါပဲ။ ဒီဖက္ enigma machine ကလက္ႏွိပ္စက္နဲ႔ရိုက္လိုက္လို႔ထြက္လာတဲ့ အဓိပၸာယ္မရွိတဲ့(ဖတ္မရတဲ့)စာေတြက လက္ခံတဲ့ေနရာက enigma machine နဲ႔ျပန္ဖတ္မွရတယ္ဆိုပါေတာ့။ Enigma Machine ကိုဒုတိယ ကမၻာစစ္မွာစသုံးေတာ့ polan နိုင္ငံကပညာရွင္ေတြက ပထမဆုံးစၿပီးတန္ျပန္ေဖာက္ထြင္းလိုက္ German ေတြကထပ္ၿပီးအဆင့္ျမင့္လိုက္နဲ႔ ႏွစ္နဲနဲလဲၾကာေရာ polan ေတြဆက္မေဖာက္နိုင္ေတာ့ဘူး။ အဲ့လိုနဲ႔ ကမၻာစစ္ႀကီးဆက္ျဖစ္လာတာ ဂ်ာမန္ေတြရဲ့ message ေတြကလုံျခဳံေနေတာ့ အစပိုင္းမွာစစ္ပြဲမွာအသာစီးရေနခဲ့တာ ေနာက္ဆုံးအဂၤလန္နိုင္ငံက Alan Turing ဆိုတဲ့သူက ကမၻာ့ပထမဆုံး ကြန္ပ်ဴတာလို႔ေခၚလို႔ရတဲ့ turing machine ကိုစၿပီးတီထြင္လိုက္ေတာ့မွာပဲ enigma machine ကိုေဖာက္လို႔စပ​ျီးျပန္ရၾကတယ္။ အရင္ Polan ေတြမရေတာ့တဲ့ အဓိကေၾကာင္းအရင္းက လက္နဲ႔လိုက္တြက္လို႔မရနိုင္ေတာ့တဲ့ပမဏမို႔လို႔ပါ အခု turing machine ကစက္နဲ႔မို႔ေဖာက္လို႔ရသြားတယ္လို႔ေျပာလို႔ရပါတယ္၊ ေဖာက္သြားတဲ့ပုံစံစနစ္ကေတာ့ အရင္ ပိုလန္ေတြလုပ္ခဲ့တာကိုဆက္သုံးတာပါပဲ။ အရင္လက္နဲ႔တြက္ရလို႔ေဖာက္လို႔မရနိုင္ဘူးဆိုတဲ့ (unbreakable crypt) က ကြန္ပ်ဴတာနဲ႔လဲေတြ႕ေရာေပါက္သြားေရာဆိုပါေတာ့။ ဒါေတာင္ turing machine ဆိုတာ ဂဏန္းေပါင္းစက္ထက္နဲနဲျမင့္တဲ့စက္ပါ။ ကြန္ပ်ဴတာေတြရဲ့ ေရွ႕ေျပးလို႔ပဲေျပာလို႔ရပါတယ္။

ကြန္ပ်ဴတာစနစ္ေတြ mainframe ေတြ unix ေတြ (linux ရဲ့ေရွ႕ေျပး) ေခတ္ေရာက္လာေတာ့ အေမရိကန္က ပထမဆုံး encryption standard ကို သူတို႔ရဲ့အေရးႀကီးဌာနေတြမွာတေျပးတည္းသုံးဖို႔စၿပီးေတာ့သတ္မွတ္ၾကတယ္။ အဲ့ဒိသတ္မွတ္တဲ့ DES လို႔ေခၚတဲ့ Data Encryption Standard ကိုစိစဥ္တဲ့အထဲမွာ NISTတို႔ NSA တို႔ IBM တို႔ေတြေရွ႕ဆုံးကပါတာေပါ့။ 1970 ေလာက္တုန္းကဆိုေတာ့ အဲ့အခ်ိန္တုန္းကကြန္ပ်ဴတာဆိုတာ တိုက္တစ္လုံးလိုအေဆာက္အဦးထဲမွာကြန္ပ်ဴတာအႀကီးႀကီးကို terminal လို႔ေခၚတဲ့ screen ေလးေတြမွာ လူေတြအမ်ားႀကီးက တစ္လွည့္စီသုံးရတာပါ။ အဲ့ဒိတုန္းက RAM က 128K တို႔ HDD က 5MB တို႔ဆိုတာအေတာ္မ်ားတဲ့ပမာဏေတြဆိုပါေတာ့။ 1970 ေလာက္ကစသုံးလာလိုက္ၾကတာ 1980 ကေန 1990 ေလာက္ေရာက္တဲ့အထိ DES ဆိုတာေတာ္ေတာ္လုံျခဳံတယ္ထင္ထားၾကတာ (ထင္ဆို NSA တို႔ IBM တို႔သုံးေနတာဆိုေတာ့) ကေန တျဖည္းျဖည္းစိုးရိမ္စျပဳလာၾကတယ္ အဓိကက computing power က Moore's law အတိုင္းတက္လာလိုက္တာ 2000 ျပည့္ႏွစ္လဲေရာက္ေရာ DES ကေခတ္ေပၚကြန္ပ်ဴတာေတြအတြက္ ေဖာက္ဖို႔အေတာ္လြယ္လာတယ္။ ဒါနဲ႔ 2001 မွာ နိုင္ငံတစ္ကာက ပညာရွင္ေတြကိုဖိတ္ေခၚၿပီး ၿပိဳင္ပြဲေတြလုပ္ၿပီး encryption အသစ္ကိုတီထြင္ခိုင္းေတာ့ Advanced Encryption Standard (AES) ကို Rijndael ဆိုတဲ့ ဘယ္ဂ်ီယံနိုင္ငံကလူကအနိုင္ရၿပီး ေရွ႕ေရွာက္ US မွာသုံးမယ့္ စံသတ္မွတ္ခ်က္အေနနဲ႔သတ္မွတ္ခဲ့တယ္။ အဲ့ဒိအခ်ိန္ကစၿပီးအခုခ်ိန္ထိသုံးလာၾကတာ အခုထိဆိုပါေတာ့။ အခုေခတ္ external harddrive ေတြဘာေတြဝယ္လို႔ password ေပးလို႔ရတယ္တို႔ဘာတို႔ပါခဲ့ရင္ ေသခ်ာေပါက္ AES သုံးထားတာပဲေလ။

ဒိၾကားထဲေနာက္ထပ္ေပၚလာတာက RSA လို႔ေခၚတဲ့ private key - public key encryption ပါ။ AES တို႔နဲ႔မတူတာက AES မွာ (key) password တစ္မ်ိဳးတည္းနဲ႔ ပိတ္တာေရာ ဖြင့္တာပါလုပ္လို႔ရတယ္။ RSA မွာေတာ့ ပိတ္ဖို႔အတြက္ key တစ္ခုသပ္သပ္၊ ျပန္ဖြင့္တာက key တစ္ခုသပ္သပ္ဆိုပါေတာ့။ အခု အင္တာနက္မွာ https နဲ႔ ဝဘ္ဆိုက္ေတြဝင္ၾကည့္ရင္အဲ့တာ ေသခ်ာေပါက္ RSA ေပါ့။ ဥပမာေစ်းဝယ္တဲ့ဝဘ္ဆိုဒ္မွာ credit card နံပါတ္ေပးခ်င္တယ္ဆိုရင္ ဝဘ္ဆိုဒ္က ပိတ္တဲ့ေသာ့ (public key) ကိုဝယ္တဲ့သူကိုေပးလိုက္ၿပီး ဖြင့္တဲ့ေသာ့ကိုသိမ္းထားတယ္၊ ဝယ္တဲ့သူက credit card နံပါတ္ကို ပိတ္တဲ့ေသာ့နဲ႔ပိတ္ၿပီး ဝဘ္ဆိုဒ္ဆီပို႔ေတာ့ ၾကားထဲက hacker ေတြဘာေတြက ဖြင့္တဲ့ေသာ့မရွိေတာ့ ခိုးၾကည့္လို႔မရဘူးဆိုပါေတာ့။

AES ေတြ၊ RSA/PKI ေတြက လက္ရွိေနာက္ဆုံးေပၚ အလုံခ​ျဳံဆုံးေတြလို႔ ပညာရွင္ေတြကလက္ခံထားၾကပါတယ္။ ဒါေတာင္ လက္ရွိ graphic card ေတြတိုးတက္ပုံမ်ိဳးနဲ႔ဆို AES လဲသိပ္ၾကာၾကာမခံေလာက္ဘူးထင္တယ္။ RSA/PKI ကေတာ့ enigma machine တုန္းကလိုပါပဲ။ computer ေတြပါဝါတိုးလာရင္ သူကလဲ key size ေလးလိုက္တိုးလိုက္ လက္ရွိ computer ေတြအတြက္ခက္သြားလိုက္ေပါ့။

အေပၚမွာေျပာခဲ့တဲ့ cryptography ရဲ့ သမိုင္းကိုၾကည့္မယ္ဆိုရင္ cryptography ဆိုတာေၾကာင္နဲ႔ႂကြက္လို ပိတ္တဲ့ပညာရွင္ေတြက ပိတ္လိုက္၊ ေဖာက္တဲ့ပညာရွင္ေတြကျပန္ေဖာက္လိုက္နဲ႔ ဘတစ္ျပန္ က်ားတစ္ျပန္ တစ္လွည့္စီျဖစ္ပ်က္ေနတာကို သိသိသာသာျမင္ရမွာပါ။ Currency ဆိုတာကေတာ့ နိုင္ငံတစ္နိုင္ငံခ်င္းစီက ထိမ္းခ်ိဳပ္ထားတဲ့ အဲ့ဒိနိုင္ငံရဲ့ စီးပြားေရး (Economy) ရဲ့မ႑ိဳင္လို႔ေျပာလို႔ရပါတယ္။ CryptoCurrency ဆိုတာ cryptography ကိုအေျခခံၿပီး အဲ့ဒိနိုင္ငံေတြရဲ့ထိမ္းခ်ဳပ္မႈေအာက္ကလြတ္လပ္တဲ့ ေငြေၾကးလို႔အဓိပၸာယ္ဖြင့္ၾကပါတယ္။ Bitcon, Litecoin အစရွိတဲ့ currency ေတြဟာ RSA ရဲ့ေနာက္မွထပ္ေပၚတဲ့ (နာမည္ႀကီးလာတဲ့) ECDSA ကိုသုံးၾကပါတယ္။ လက္ရွိနည္းပညာနဲ႔ RSA ေတြ ECDSA ေတြလုံျခဳံတယ္ဆိုတာ ဒုတိယကမၻာစစ္က enigma machine လုံခ​ျဳံတာမ်ိဳးလို႔ပဲျမင္ပါတယ္။ တေန႔မဟုတ္တစ္ေန႔ Turing Machine 2.0 ထြင္လိုက္တဲ့အခ်ိန္မွာ တစ္ကမၻာလုံးရဲ့ ေငြေၾကးေတြက စာရြက္ေတြမဟုတ္ေနပဲ ေဖာက္လို႔ရတဲ့၊ခိုးလို႔ရတဲ့ crypto hash ေတြျဖစ္ေနတယ္ဆိုရင္လို႔ေျပးစဥ္းစားၾကည့္လိုက္ပါ။ ေငြေၾကးအတုထြက္ရင္ လိုက္လံႏွိမ္နင္းမယ့္ ေငြ​ေေၾကးတာဝန္ခံ အစိုးရေတြရွိတယ္။ hash ေတြသာ ကေမာက္ကမျဖစ္ၾကည့္ အစိုးရလဲဖမ္းလို႔နိုင္မွာမဟုတ္သလို သူတို႔ကိုတာဝန္ယူဖန္တီးထားတဲ့သူေတြကလဲ သာမန္ organization ေလးေတြသာသာဆိုေတာ့ ထိုင္ၾကည့္ေနရမယ့္သေဘာပါပဲ။ ဘာနဲ႔တူမလဲဆိုေတာ့ ကၽြန္ေတာ္တို႔ငယ္ငယ္က banking crisis ျဖစ္သလိုပါပဲ။ ကိုယ္စုထားတဲ့ေငြေလးေတြ ဘဏ္ထဲထည့္ထား crisis ျဖစ္ေတာ့ ထုတ္လို႔မရေတာ့ ျပသနာေတြတက္ေပါ့။ ဒီတခါေတာ့ ကိုယ္စုထားတဲ့ေငြေတြက ဘဏ္ထဲမွာမဟုတ္ေတာ့ဘူး ကြန္ပ်ဴတာထဲမွာ hash ေတြအေနနဲ႔ျဖစ္ေနမွာ။ ထုတ္မရတာလဲမရွိေတာ့ပဲ ႐ုတ္တရက္ တျပားမွမတန္ေတာ့တဲ့ hash ေတြျဖစ္ကုန္မွာဆိုပါေတာ့။ တစ္ကမၻာလုံးသာျဖစ္ရင္ ရလဒ္ကေတာ့ global economic crisis ပဲျဖစ္မွာပါ။ ဒါေတာင္ Turing Machine 2.0 ထြက္မွ ဆိုတာအၾကာဆုံးအခ်ိန္ကိုမွန္းေျပာထားတာ။ ၂၀၁၀ မွာတုန္းကတည္းက ECDSA ကတစ္ခါေပါက္ၿပီးၿပီ။ PlayStation 3 စက္ေတြမွာသုံးထားတဲ့ ECDSA က programmer ေတြရဲ့အမွားတစ္ခုေၾကာင့္ေပါက္ခဲ့ဘူးတယ္။ (အဲ့ဒါမွာ PS3 jailbreak ေတြနဲ႔ ခိုးကူးဂိမ္းေတြထြက္လာတာေလ)။ တခ်ိဳ႕ cryptocurrency ေတြလဲ အဲ့လိုအမွာေတြေၾကာင့္ ျပသနာတက္တာေတြလဲရွိပါတယ္။ Turing Machine 2.0 ဆိုတာတကယ္ကတင္စားၿပီးေျပာထားတာ။ အျပင္မွာ research လုပ္ေနၾကတဲ့သူေတြအေခၚနဲ႔ဆို Quantum Computing လို႔ေခၚတဲ့သီအိုရီေတြသုေတသနေတြက လုပ္ေနၾကၿပီ။ လက္ရွိကြန္ပ်ဴတာေတြကို ကစားစရာသာသာေလာက္ျဖစ္သြားေစနိုင္မယ့္ ကြန္ပ်ဴတာသစ္ေတြလို႔ေမၽွာ္လင့္ရတယ္ဆိုပါေတာ့။

ေနာက္ထပ္တစ္ဖက္ကၾကည့္ရင္ Crypto-currency ေတြဟာ သခ်ၤာနဲ႔တြက္ယူရတဲ့ hash ေတြအေပၚမွာအေျခခံပါတယ္။ computing power ရွိရင္ အဲ့ဒိ hash ေတြကို ဘယ္သူမဆိုတြက္ယူလို႔ရတယ္ဆိုပါေတာ့။ ျပသနာက တြက္တဲ့သူမ်ားလာေလ ေနာက္ထပ္ထပ္တြက္ရမယ့္ hash ေတြကပိုၿပီးခက္လာေလ computing power သို႔မဟုတ္ အခ်ိန္ပိုကုန္လာေလပါပဲ။ BitCoin စေပၚခါစကဆို 1$ coin ရဖို႔ Core i7 နဲ႔ခဏေလာက္ေစာင့္လိုက္ရင္ရနိုင္ေပမယ္ အခုဆို 0.1 ရဖို႔ကို graphic card ေကာင္းေကာင္းလိုေနပါၿပီ။ အဲ့ဒိတြက္ခ်က္မႈေတြက hash ထြက္လာဖို႔သက္သက္ပဲျဖစ္ေတာ့ ဘယ္သိပၸံပညာကိုမွ၊ ဘယ္ research ကိုမွ အေထာက္အပ့ံမျပဳတဲ့ စြမ္းအင္ကုန္၊ computing power ကုန္တဲ့လုပ္ငန္းႀကီးကို အခုဆို စီးပြားျဖစ္ datacenter လိုဟာမ်ိဳးေတြနဲ႔လုပ္ေနတဲ့သူေတြပါရွိေနပါၿပီ။ တကမၻာလုံးသာ paper money အစား crypto-currency ျဖစ္သြားၿပီဆိုလို႔ကေတာ့ middle east ကေရနံနဲ႔ခ်မ္းသာတဲ့သူေတြကို တ႐ုတ္တို႔ တိုင္ဝမ္တို႔ ကိုရီးယားတို႔ ဂ်ပန္တို႔က cpu / gpu ထုတ္တဲ့သူေတြကေက်ာ္တက္သြားၿပီး (သူတို႔ဒါကိုေကာင္းေကာင္းသိပါတယ္ သိလို႔လုပ္ေနၾကတာပါ) ေနာက္ဆို႔ electric car ေတြမျဖစ္ထြန္းေအာင္လိုက္လုပ္သလိုမ်ိဳး Quentum Computing မျဖစ္လာေအာင္ လုပ္ႀကံတာေတြေတာင္ျဖစ္လာမလားပဲ။

Cryptocurrency ကအဲ့ေလာက္ဆိုးက်ိဳးေတြခ်ည္းပဲလားဆိုေတာ့လဲမဟုတ္ပါဘူး၊ သူနဲ႔တြဲတဲ့ distributed ledger ေတြ၊ Cipher block chaining ေတြ စတာေတြက ဘဏ္လုပ္ငန္းေတြ၊ အစိုးေတြမွာ လိုအပ္သလိုအသုံးခ်ၾကမယ္ဆိုရင္ တကယ္ကို revolutionary ျဖစ္တဲ့နည္းပညာေတြလို႔ျမင္ပါတယ္။ cryptography as a world currency ဆိုတာကိုေတာ့ လုံး၀ကိုမေထာက္ခံတာပါ။

(Unicode)
Cryptography ဆိုတဲ့စကားလုံးအခုတလောခေတ်စားလာတာတွေ့လို့ ကိုယ်ဝါသနာပါတဲ့ဘာသာရပ်၊ လက်တွေ့လဲအကြီးအကျယ်အသုံးချနေရတဲ့ဘာသာရပ်မို့ (မပြောရရင်အိပ်မပျော်တော့လို့) cryptography အကြောင်းအစပျိုးချင်ပါတယ်။ အမှန်က crypto currency အကြောင်းပြောချင်တာ။ တကယ်တော့ cryptography ဆိုတာစာလုံးနှစ်လုံးကိုရောရေးထားတာပါ crypto ဆိုတာ ဂရိစာမှာ secret လို့အဓိပ္ပာယ်ထွက်ပြီး graphy ကတော့ writing ကိုပြောတာပါ။ crypto-graphy ဆိုတော့ secret writing သို့မဟုတ် လှို့ဝှက်ပြီးရေးသားခြင်းဆိုပါတော့။

အစောဆုံး cryptography တွေထဲမှာကျွန်တော်သဘောကျတာတစ်မျိုးက လှို့ဝှက်မြေပုံတွေ၊ သေတမ်းစာလို၊ အမိန့်လိုမျိုးတွေကို ကျွန်တွေရဲ့ခေါင်းမှာဂတုံးတုန်းပြီးရေးကြတာဆိုပါတော့၊ ရေးပြီးနောက်ဆံပင်ပေါက်လာတော့ အဲ့ဆံပင်တွေအောက်မှာ message ရှိမှန်းမသိကြတော့ဘူးလေ။ နောက်တော့ လူတွေသိကုန်ကြတော့ ကျွန်တွေ့ရင်ခေါင်းဖြတ်ခံ ဂတုန်းတုန်း ရတနာမြေပုံရမယ်ဆိုတာမျိုးတွေဖြစ်လာကြရော။

နောက်ပိုင်းမှာ cryptography တွေသင်္ချာဆန်လာတဲ့အထဲမှာ Julius Ceasar စစ်ပွဲတွေမှာသုံးတဲ့ Caesar cipher ဆိုတာလဲနာမည်ကြီးတယ်။ အဲ့ဒိအချိန်တုန်းက သူတိုက်ခဲ့တဲ့စစ်ပွဲတွေမှာသုံးတော့ ပြိုင်ဖက်တွေအတွက်အရမ်းကိုခက်ခဲတဲ့လှို့ဝှက်စနစ်ကြီးတစ်ခုလိုဖြစ်နေခဲ့တယ်ဆိုပါတော့။ ဒီဖက်ခေတ်မှာတော့ ကလေးတွေသင်္ချာကောင်းအောင်ဆော့တဲ့အရုပ်တွေမှာသုံးတဲ့ဟာတစ်ခုဖြစ်နေပါပြီ။

အဲ့နောက်ပိုင်းမှာ အရမ်းအရမ်းနာမည်ကြီးတာက ဂျာမန်တွေ ဒုတိယကမ္ဘာစစ်မှာသုံးတဲ့ Enigma machine ဆိုတဲ့လက်နှိပ်စက်လိုလိုစက်ပါပဲ။ ဒီဖက် enigma machine ကလက်နှိပ်စက်နဲ့ရိုက်လိုက်လို့ထွက်လာတဲ့ အဓိပ္ပာယ်မရှိတဲ့(ဖတ်မရတဲ့)စာတွေက လက်ခံတဲ့နေရာက enigma machine နဲ့ပြန်ဖတ်မှရတယ်ဆိုပါတော့။ Enigma Machine ကိုဒုတိယ ကမ္ဘာစစ်မှာစသုံးတော့ polan နိုင်ငံကပညာရှင်တွေက ပထမဆုံးစပြီးတန်ပြန်ဖောက်ထွင်းလိုက် German တွေကထပ်ပြီးအဆင့်မြင့်လိုက်နဲ့ နှစ်နဲနဲလဲကြာရော polan တွေဆက်မဖောက်နိုင်တော့ဘူး။ အဲ့လိုနဲ့ ကမ္ဘာစစ်ကြီးဆက်ဖြစ်လာတာ ဂျာမန်တွေရဲ့ message တွေကလုံခြုံနေတော့ အစပိုင်းမှာစစ်ပွဲမှာအသာစီးရနေခဲ့တာ နောက်ဆုံးအင်္ဂလန်နိုင်ငံက Alan Turing ဆိုတဲ့သူက ကမ္ဘာ့ပထမဆုံး ကွန်ပျူတာလို့ခေါ်လို့ရတဲ့ turing machine ကိုစပြီးတီထွင်လိုက်တော့မှာပဲ enigma machine ကိုဖောက်လို့စပ​ြီးပြန်ရကြတယ်။ အရင် Polan တွေမရတော့တဲ့ အဓိကကြောင်းအရင်းက လက်နဲ့လိုက်တွက်လို့မရနိုင်တော့တဲ့ပမဏမို့လို့ပါ အခု turing machine ကစက်နဲ့မို့ဖောက်လို့ရသွားတယ်လို့ပြောလို့ရပါတယ်၊ ဖောက်သွားတဲ့ပုံစံစနစ်ကတော့ အရင် ပိုလန်တွေလုပ်ခဲ့တာကိုဆက်သုံးတာပါပဲ။ အရင်လက်နဲ့တွက်ရလို့ဖောက်လို့မရနိုင်ဘူးဆိုတဲ့ (unbreakable crypt) က ကွန်ပျူတာနဲ့လဲတွေ့ရောပေါက်သွားရောဆိုပါတော့။ ဒါတောင် turing machine ဆိုတာ ဂဏန်းပေါင်းစက်ထက်နဲနဲမြင့်တဲ့စက်ပါ။ ကွန်ပျူတာတွေရဲ့ ရှေ့ပြေးလို့ပဲပြောလို့ရပါတယ်။

ကွန်ပျူတာစနစ်တွေ mainframe တွေ unix တွေ (linux ရဲ့ရှေ့ပြေး) ခေတ်ရောက်လာတော့ အမေရိကန်က ပထမဆုံး encryption standard ကို သူတို့ရဲ့အရေးကြီးဌာနတွေမှာတပြေးတည်းသုံးဖို့စပြီးတော့သတ်မှတ်ကြတယ်။ အဲ့ဒိသတ်မှတ်တဲ့ DES လို့ခေါ်တဲ့ Data Encryption Standard ကိုစိစဉ်တဲ့အထဲမှာ NISTတို့ NSA တို့ IBM တို့တွေရှေ့ဆုံးကပါတာပေါ့။ 1970 လောက်တုန်းကဆိုတော့ အဲ့အချိန်တုန်းကကွန်ပျူတာဆိုတာ တိုက်တစ်လုံးလိုအဆောက်အဦးထဲမှာကွန်ပျူတာအကြီးကြီးကို terminal လို့ခေါ်တဲ့ screen လေးတွေမှာ လူတွေအများကြီးက တစ်လှည့်စီသုံးရတာပါ။ အဲ့ဒိတုန်းက RAM က 128K တို့ HDD က 5MB တို့ဆိုတာအတော်များတဲ့ပမာဏတွေဆိုပါတော့။ 1970 လောက်ကစသုံးလာလိုက်ကြတာ 1980 ကနေ 1990 လောက်ရောက်တဲ့အထိ DES ဆိုတာတော်တော်လုံခြုံတယ်ထင်ထားကြတာ (ထင်ဆို NSA တို့ IBM တို့သုံးနေတာဆိုတော့) ကနေ တဖြည်းဖြည်းစိုးရိမ်စပြုလာကြတယ် အဓိကက computing power က Moore's law အတိုင်းတက်လာလိုက်တာ 2000 ပြည့်နှစ်လဲရောက်ရော DES ကခေတ်ပေါ်ကွန်ပျူတာတွေအတွက် ဖောက်ဖို့အတော်လွယ်လာတယ်။ ဒါနဲ့ 2001 မှာ နိုင်ငံတစ်ကာက ပညာရှင်တွေကိုဖိတ်ခေါ်ပြီး ပြိုင်ပွဲတွေလုပ်ပြီး encryption အသစ်ကိုတီထွင်ခိုင်းတော့ Advanced Encryption Standard (AES) ကို Rijndael ဆိုတဲ့ ဘယ်ဂျီယံနိုင်ငံကလူကအနိုင်ရပြီး ရှေ့ရှောက် US မှာသုံးမယ့် စံသတ်မှတ်ချက်အနေနဲ့သတ်မှတ်ခဲ့တယ်။ အဲ့ဒိအချိန်ကစပြီးအခုချိန်ထိသုံးလာကြတာ အခုထိဆိုပါတော့။ အခုခေတ် external harddrive တွေဘာတွေဝယ်လို့ password ပေးလို့ရတယ်တို့ဘာတို့ပါခဲ့ရင် သေချာပေါက် AES သုံးထားတာပဲလေ။

ဒိကြားထဲနောက်ထပ်ပေါ်လာတာက RSA လို့ခေါ်တဲ့ private key - public key encryption ပါ။ AES တို့နဲ့မတူတာက AES မှာ (key) password တစ်မျိုးတည်းနဲ့ ပိတ်တာရော ဖွင့်တာပါလုပ်လို့ရတယ်။ RSA မှာတော့ ပိတ်ဖို့အတွက် key တစ်ခုသပ်သပ်၊ ပြန်ဖွင့်တာက key တစ်ခုသပ်သပ်ဆိုပါတော့။ အခု အင်တာနက်မှာ https နဲ့ ဝဘ်ဆိုက်တွေဝင်ကြည့်ရင်အဲ့တာ သေချာပေါက် RSA ပေါ့။ ဥပမာစျေးဝယ်တဲ့ဝဘ်ဆိုဒ်မှာ credit card နံပါတ်ပေးချင်တယ်ဆိုရင် ဝဘ်ဆိုဒ်က ပိတ်တဲ့သော့ (public key) ကိုဝယ်တဲ့သူကိုပေးလိုက်ပြီး ဖွင့်တဲ့သော့ကိုသိမ်းထားတယ်၊ ဝယ်တဲ့သူက credit card နံပါတ်ကို ပိတ်တဲ့သော့နဲ့ပိတ်ပြီး ဝဘ်ဆိုဒ်ဆီပို့တော့ ကြားထဲက hacker တွေဘာတွေက ဖွင့်တဲ့သော့မရှိတော့ ခိုးကြည့်လို့မရဘူးဆိုပါတော့။

AES တွေ၊ RSA/PKI တွေက လက်ရှိနောက်ဆုံးပေါ် အလုံခ​ြုံဆုံးတွေလို့ ပညာရှင်တွေကလက်ခံထားကြပါတယ်။ ဒါတောင် လက်ရှိ graphic card တွေတိုးတက်ပုံမျိုးနဲ့ဆို AES လဲသိပ်ကြာကြာမခံလောက်ဘူးထင်တယ်။ RSA/PKI ကတော့ enigma machine တုန်းကလိုပါပဲ။ computer တွေပါဝါတိုးလာရင် သူကလဲ key size လေးလိုက်တိုးလိုက် လက်ရှိ computer တွေအတွက်ခက်သွားလိုက်ပေါ့။

အပေါ်မှာပြောခဲ့တဲ့ cryptography ရဲ့ သမိုင်းကိုကြည့်မယ်ဆိုရင် cryptography ဆိုတာကြောင်နဲ့ကြွက်လို ပိတ်တဲ့ပညာရှင်တွေက ပိတ်လိုက်၊ ဖောက်တဲ့ပညာရှင်တွေကပြန်ဖောက်လိုက်နဲ့ ဘတစ်ပြန် ကျားတစ်ပြန် တစ်လှည့်စီဖြစ်ပျက်နေတာကို သိသိသာသာမြင်ရမှာပါ။ Currency ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံချင်းစီက ထိမ်းချိုပ်ထားတဲ့ အဲ့ဒိနိုင်ငံရဲ့ စီးပွားရေး (Economy) ရဲ့မဏ္ဍိုင်လို့ပြောလို့ရပါတယ်။ CryptoCurrency ဆိုတာ cryptography ကိုအခြေခံပြီး အဲ့ဒိနိုင်ငံတွေရဲ့ထိမ်းချုပ်မှုအောက်ကလွတ်လပ်တဲ့ ငွေကြေးလို့အဓိပ္ပာယ်ဖွင့်ကြပါတယ်။ Bitcon, Litecoin အစရှိတဲ့ currency တွေဟာ RSA ရဲ့နောက်မှထပ်ပေါ်တဲ့ (နာမည်ကြီးလာတဲ့) ECDSA ကိုသုံးကြပါတယ်။ လက်ရှိနည်းပညာနဲ့ RSA တွေ ECDSA တွေလုံခြုံတယ်ဆိုတာ ဒုတိယကမ္ဘာစစ်က enigma machine လုံခ​ြုံတာမျိုးလို့ပဲမြင်ပါတယ်။ တနေ့မဟုတ်တစ်နေ့ Turing Machine 2.0 ထွင်လိုက်တဲ့အချိန်မှာ တစ်ကမ္ဘာလုံးရဲ့ ငွေကြေးတွေက စာရွက်တွေမဟုတ်နေပဲ ဖောက်လို့ရတဲ့၊ခိုးလို့ရတဲ့ crypto hash တွေဖြစ်နေတယ်ဆိုရင်လို့ပြေးစဉ်းစားကြည့်လိုက်ပါ။ ငွေကြေးအတုထွက်ရင် လိုက်လံနှိမ်နင်းမယ့် ငွေ​ေကြေးတာဝန်ခံ အစိုးရတွေရှိတယ်။ hash တွေသာ ကမောက်ကမဖြစ်ကြည့် အစိုးရလဲဖမ်းလို့နိုင်မှာမဟုတ်သလို သူတို့ကိုတာဝန်ယူဖန်တီးထားတဲ့သူတွေကလဲ သာမန် organization လေးတွေသာသာဆိုတော့ ထိုင်ကြည့်နေရမယ့်သဘောပါပဲ။ ဘာနဲ့တူမလဲဆိုတော့ ကျွန်တော်တို့ငယ်ငယ်က banking crisis ဖြစ်သလိုပါပဲ။ ကိုယ်စုထားတဲ့ငွေလေးတွေ ဘဏ်ထဲထည့်ထား crisis ဖြစ်တော့ ထုတ်လို့မရတော့ ပြသနာတွေတက်ပေါ့။ ဒီတခါတော့ ကိုယ်စုထားတဲ့ငွေတွေက ဘဏ်ထဲမှာမဟုတ်တော့ဘူး ကွန်ပျူတာထဲမှာ hash တွေအနေနဲ့ဖြစ်နေမှာ။ ထုတ်မရတာလဲမရှိတော့ပဲ ရုတ်တရက် တပြားမှမတန်တော့တဲ့ hash တွေဖြစ်ကုန်မှာဆိုပါတော့။ တစ်ကမ္ဘာလုံးသာဖြစ်ရင် ရလဒ်ကတော့ global economic crisis ပဲဖြစ်မှာပါ။ ဒါတောင် Turing Machine 2.0 ထွက်မှ ဆိုတာအကြာဆုံးအချိန်ကိုမှန်းပြောထားတာ။ ၂၀၁၀ မှာတုန်းကတည်းက ECDSA ကတစ်ခါပေါက်ပြီးပြီ။ PlayStation 3 စက်တွေမှာသုံးထားတဲ့ ECDSA က programmer တွေရဲ့အမှားတစ်ခုကြောင့်ပေါက်ခဲ့ဘူးတယ်။ (အဲ့ဒါမှာ PS3 jailbreak တွေနဲ့ ခိုးကူးဂိမ်းတွေထွက်လာတာလေ)။ တချို့ cryptocurrency တွေလဲ အဲ့လိုအမှာတွေကြောင့် ပြသနာတက်တာတွေလဲရှိပါတယ်။ Turing Machine 2.0 ဆိုတာတကယ်ကတင်စားပြီးပြောထားတာ။ အပြင်မှာ research လုပ်နေကြတဲ့သူတွေအခေါ်နဲ့ဆို Quantum Computing လို့ခေါ်တဲ့သီအိုရီတွေသုတေသနတွေက လုပ်နေကြပြီ။ လက်ရှိကွန်ပျူတာတွေကို ကစားစရာသာသာလောက်ဖြစ်သွားစေနိုင်မယ့် ကွန်ပျူတာသစ်တွေလို့မျှော်လင့်ရတယ်ဆိုပါတော့။

နောက်ထပ်တစ်ဖက်ကကြည့်ရင် Crypto-currency တွေဟာ သချင်္ာနဲ့တွက်ယူရတဲ့ hash တွေအပေါ်မှာအခြေခံပါတယ်။ computing power ရှိရင် အဲ့ဒိ hash တွေကို ဘယ်သူမဆိုတွက်ယူလို့ရတယ်ဆိုပါတော့။ ပြသနာက တွက်တဲ့သူများလာလေ နောက်ထပ်ထပ်တွက်ရမယ့် hash တွေကပိုပြီးခက်လာလေ computing power သို့မဟုတ် အချိန်ပိုကုန်လာလေပါပဲ။ BitCoin စပေါ်ခါစကဆို 1$ coin ရဖို့ Core i7 နဲ့ခဏလောက်စောင့်လိုက်ရင်ရနိုင်ပေမယ် အခုဆို 0.1 ရဖို့ကို graphic card ကောင်းကောင်းလိုနေပါပြီ။ အဲ့ဒိတွက်ချက်မှုတွေက hash ထွက်လာဖို့သက်သက်ပဲဖြစ်တော့ ဘယ်သိပ္ပံပညာကိုမှ၊ ဘယ် research ကိုမှ အထောက်အပ့ံမပြုတဲ့ စွမ်းအင်ကုန်၊ computing power ကုန်တဲ့လုပ်ငန်းကြီးကို အခုဆို စီးပွားဖြစ် datacenter လိုဟာမျိုးတွေနဲ့လုပ်နေတဲ့သူတွေပါရှိနေပါပြီ။ တကမ္ဘာလုံးသာ paper money အစား crypto-currency ဖြစ်သွားပြီဆိုလို့ကတော့ middle east ကရေနံနဲ့ချမ်းသာတဲ့သူတွေကို တရုတ်တို့ တိုင်ဝမ်တို့ ကိုရီးယားတို့ ဂျပန်တို့က cpu / gpu ထုတ်တဲ့သူတွေကကျော်တက်သွားပြီး (သူတို့ဒါကိုကောင်းကောင်းသိပါတယ် သိလို့လုပ်နေကြတာပါ) နောက်ဆို့ electric car တွေမဖြစ်ထွန်းအောင်လိုက်လုပ်သလိုမျိုး Quentum Computing မဖြစ်လာအောင် လုပ်ကြံတာတွေတောင်ဖြစ်လာမလားပဲ။

Cryptocurrency ကအဲ့လောက်ဆိုးကြိုးတွေချည်းပဲလားဆိုတော့လဲမဟုတ်ပါဘူး၊ သူနဲ့တွဲတဲ့ distributed ledger တွေ၊ Cipher block chaining တွေ စတာတွေက ဘဏ်လုပ်ငန်းတွေ၊ အစိုးတွေမှာ လိုအပ်သလိုအသုံးချကြမယ်ဆိုရင် တကယ်ကို revolutionary ဖြစ်တဲ့နည်းပညာတွေလို့မြင်ပါတယ်။ cryptography as a world currency ဆိုတာကိုတော့ လုံး၀ကိုမထောက်ခံတာပါ။

Credit >> https://www.facebook.com/htoomyintnaung?hc_ref=ARQbrFhFi22U6QxFz-da7zLIAomwGzcmGgZwKd56kGJ_SXDymOpE5ayCMNTZiHMgs78&fref=nf

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 65557.61
ETH 3581.80
USDT 1.00
SBD 2.47