ကျွန်တော့်ရဲ့အတ္တ

in #myanmar8 years ago

ကျွန်တော်မှာမကောင်းမှန်းသိပေမယ်ယခုအချိန်ထိပြုပြင်လို့မရသေးသောအကျင့်တစ်ခုရှိပါသည်။ထိုအကျင့်ကတော့ကျွန်တော့်ကိုနာကျင်စွာခံစားရအောင်ပြုလုပ်တဲ့သူတိုင်းကိုအငြိုးကြီးစွာလက်တုန်ပြန်ခြင်းဖြစ်သည်။ကျွန်တော်ဘယ်သူကိုမှသွားစလေ့မရှိသလိုကျွန်တော်ကိုလာစလျှင်လည်းသိပ်မကြိုက်ပါ။ကျွန်တော်ကတစ်ယောက်ထဲသီသန်နေရတာကိုသဘောကျနှစ်ခြိုက်သည်။ထိုကြောင့်အပေါင်းအသင်းတေကိုလဲများများစားစားမထားခဲ့ပါ။ကျွန်တော့်ကိုနာကျင်ခံစားရအောင်ပြုလုပ်သူမှန်သမျှကိုကျွန်တော်ခံစားရတာထက်နှစ်ဆပိုပြီးခံရအောင်ပြုလုပ်တက်ပါသည်။အကယ်၍ကျွန်တော်နှင့်အင်အားချင်းညီမျှသူမဟုတ်ပါကစိတ်ထဲတွင်တေးမှတ်ထားပြီးကျွန်တော်အလှည့်ရောက်မှကျွန်တော်ခံခဲ့ရတာထက်နှစ်ဆနာကျင်ခံစားရအောင်ပြုလုပ်တက်ပါသည်။

ကျွန်တော်ကိုနာကြည်းအောင်ပြုလုပ်ထားသူများအားလုံးကိုမှတ်သားထားသည်။ထိုသူများကိုကျွန်တော်လုံးဝမကျေနပ်ပါ။ထိုသူများကိုအခါအခွင့်မသင်၍မည်သိုမှတုန့်ပြန်ခြင်းမပြုလုပ်ဘဲအသာငြိမ်ခံနေခြင်းဖြစ်သည်။ကျွန်တော်ကိုနာကြည်းအောင်ပြုလုပ်ထားသူများအားလုံကိုကျွန်တော်ပြီးပြည့်စုံချိန်တွင်အားလုံးကိုပြန်၍လက်တုန့်ပြန်မည်ဖြစ်သည်။ယခုအချိန်မှာကျွန်တော်သူတို့ပြုသမျှနုနေရခြင်းမာအားမတန်သေး၍ခေတ္တခနမာန်ရှော့ထားခြင်းဖြစ်သည်။ခိုသူများကိုအနိုင်ယူရန်အတွက်ကျွန်တော်နည်းလမ်းမျိုးစုံသုံးမည်။ကောင်းတာရောမကောင်းတာရောသုံးမည်ဖြစ်သည်။ကျွန်တော်လောကတွင်ဘယ်သူ့ကိုမျှအလွန်းအမင်းယုံကြည်ခြင်းမရှိတော့ပါ။အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်ကိုယ်တိုင်ခံရဖူးသောကြောင့်ဖြစ်သည်။မိမိအယုံကြည်ရဆုံးသောသူများကသာလျှင်မိမိကိုဒုတ်ခပြန်ပေးတက်သောကြောင့်ဖြစ်သည်။ကျွန်တော်ရဲ့ကျောင်းပြောင်းလက်မှတ်ကိုကျွန်တော်နှင့်အတူတူနေသောသူငယ်ချင်းကယုတ်မာကောက်ကျစ်စွာဖျက်စီးပစ်ခဲသည်။ထိုကြောင့်ကျွန်တော်ကျောင်းထွက်လိုက်ရသည်။ထိုပြသနာကြုံရသည့်နောက်ပိုင်း၌လူတိုင်းကိုမယုံသင့်ကြောင်းကိုကောင်းကောင်းနားလည်သဘောပေါက်ခဲ့ပါသည်။
ကျွန်တော်ရဲ့အကျင့်ကိုမပြုပြင်နိုင်သေးပေမယ့်ခွင့်လွှတ်သည်းခံတက်ရန်သင်ပြပေးခဲ့သောသူတစ်ဦးရှိပါသည်။ထိုသူ၏သွန်သင်ဆုံးမပြသပေးမူကြောင့်သာကျွန်တော်ယခုလိုပြောင်းလဲလာခြင်းဖြစ်ပါသည်။သူကိုကျွန်တော်ရန်ကုန်ရောက်မှခင်မင်ခြင်းဖြင့်သည်။သူကကျွန်တော်ထက်၃နှစ်သာကြီးပြီးကျွန်တော်ကိုညီအရင်းပမာသဘောထား၍သွန်သင်ဆုံးမပေးခဲ့ပါသည်။ကျွန်တော်ကိုသူကလူတစ်ယောက်ကိုတစ်ရက်လျှင်အနည်းဆုံးသုံးကြိမ်ခွင့်လွှတ်သည်းခံပေးရန်စေခိုင်းခဲ့သည်။ကျွန်တော်ရဲ့အကျင့်အရတစ်စုံတစ်ယောက်သောသူကကျွန်တော်ကိုတစ်ချက်ရိုက်လျှင်ထိုသူ့အားနှစ်ချက်သုံးချက်ပြန်ရိုက်ရမှကျေနပ်သောကျွန်တော်အတွက်အလွန်ခက်ခဲသောခိုင်းစေမူဖြစ်တော့လေသည်။သို့သော်ကျွန်တော်သူခိုင်းစေသည့်အတိုင်းကြိုးစားပြီးနေကြည့်သည်။အစပိုင်း၌မည်သို့မှအဆင်မပြေပါစိတ်ကိုမနည်းကြိုးစား၍ထိန်းနေရသည်။ကျွန်တော်၏်ကြိုးစားပမ်းစားလိုက်နာမူကြောင့်တဖြည်းဖြည်းနဲ့အကျင့်သားရလာသည်။လူတစ်ဖက်သားအပေါ်တော်ရုံတန်ရုံကိတ်စများကိုခွင့်လွှတ်နားလည်ပေးလာနိုင်ခဲ့သည်။သိုပါသော်လည်းကျွန်တော့်ရဲ့မာနနှင့်သိက္ခာတရားကိုထိပါးစော်ကားလာပါကခွင့်မလွှတ်နိုင်သေးပါပြန်လည်၍လက်တုန်ပြန်မိမှာအမှန်ပင်ဖြစ်တော့လေသည်။

ကျွန်တော်အပေါ်ကောင်းသူများနှင့်ကျေးဇူးရှိသူများအားလုံ၏ကျေးဇူးကိုကျွန်တော်ဘယ်သောအခါမှမမေ့ပါ။ထိုသူများ၏ကျေးဇူးကိုပြန်လည်ဆပ်နိုင်အောင်အမြဲတမ်ကြိုးစားလျှက်ရှိပါသည်။ကျွန်တော့်ရဲ့ဘဝမှာအဓိကရည်မှန်းချက်ကြီးသုံးခုရှိပါသည်။ထိုရည်မှန်းချက်များအမြန်ပြည့်အောင်ကြိုးစားအကောင်ထည်ဖော်ရန်ပြင်ဆင်နေပါသည်။ထိုရည်မှန်းချက်သုံးခုကတော့ - ၁။ကျွန်တော့်ရဲ့အမေနဲ့ကျွန်တော်ရဲ့မိသားစုကိုစိတ်းချမ်းသာကိုယ်ချမ်းသာထားနိုင်ရေး
၂။ကျွန်တော်အပေါ်မှာကျေးဇူးရှိသူများအားလုံးနှင့်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများအားလုံးတို့၏အခက်အခဲပြသနာများကိုကူညီဖြေရှင်းပေးရန်
၃။ကျွန်တော့်ကိုနားကြည်းမုန်းတီးအောင်ပြုလုပ်ထားသူမျာကိုပြန်လည်၍လက်တုန့်ပြန်ရေး
တိုဖြစ်ပါသည်။ကျွန်တောကြိုးစားသမျှအရာအားလုံးတို့သည်ထိုအချက်သုံးချက်ပြည့်စုံရန်အတွက်သာဖြစ်သည်။ကျွန်တော်အသက်ရှင်နေသောရည်ရွယ်ချက်မှာလည်ထိုအချက်သုံးချက်ပြည့်စုံဖို့ပင်ဖြစ်တော့သည်။FB_IMG_1501602314670.jpg

@zawhtat
MSC-249

Sort:  

ရည်းမှန်းချက်​ကို​တော့ ပြည့်​​အောင်​ကြိုးစားပါ။ဒါ​ပေမယိ့ လက်​တုန့်​ပြန်​တာက​တော့ ကိုယ်​အတွက်​သာမက သူ့အတွက်​လည်းမ​ကောင်းပါ။သူလုပ်​ခဲ့တဲ့ မ​ကောင်းမူကို သူတ​နေ့ပြန်​ခံရပါလိမ့်​မယ်​။

ဟုတ်ကဲ့လက်တုန့်မပြန်ဖြစ်အောင်ကြိုးစားနေပါတယ်ဗျ

ဂွတ်တယ်ဗျာ

ကျေးကျေးဘဒို

Goodတယ်။

ဟုတ်ကျေးကျေး

လက်တုံ့ပြန်ခြင်း လက်စားခြေခြင်းက မိမိအတွက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေပါတယ် အချိန်မီပြုပြင်နိုင်ခဲ့လို့ လေးစားပါတယ်
mscမှာ အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးစားသွားပါ

ဟုတ်ကဲ့ကျေးဇူးပါဗျ

လက်​စား​ခြေခြင်းက မ​ကောင်းဘူးbro

ဟုတ်ကဲ့ပါ

အမှန်ကိုသိလို့  အမှားကိုအောင်နိုင်တာ လူတော်တစ်ယောက်ပါ

ဟုတ်ကဲ့

မကောင်းမှန်းသိနေတာဘဲကွယ်
အဲ့အကျင့်လေး ကိုပြင်လိုက်ပါလားကွယ်

ပြင်ဖို့ရာကြိုးစားနေဆဲပါဗျာ

မေတ္တာထားတာကောင်းပါတယ် Bro
လက်တုန့် မပြန်ပါနဲ့ 

ဟုတ်ကဲ့ပါမပြန်ဖစ်အောင်ကြိုးစားနေပါတယ်ဗျ

ညီ Proဆို ပုံ‌လေး‌တွေ ထပ်‌ဖြည့်‌ရင်‌ ပို‌ကောင်းမလားလို့။မ‌ကျေနပ်‌ စိတ်‌ဟာ ကိုယ့်‌ ကို ပထမဆုံး ပူ‌လောင်‌‌စေပါတယ်‌ညီ။အား‌ပေး‌နေပါတယ်‌ အတူတူ ကြိုးစား ကြတာ‌ပေါ့။

ဟုတ်ကဲ့ထပ်ထည့်လိုက်ပါမယ်အကိုခုလိုအကြံပေးတဲ့အတွက်ကျေးဇူးပါဗျာ

ကောင်းတယ် အညာသားရေ

ဟုတ်ကဲ့အမကျေးကျေးနော်

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.081
BTC 59475.47
ETH 1566.79
USDT 1.00
SBD 0.42