ပဲ့တင်သံ

in #myanmar6 years ago (edited)

အချိန်ကညီအစ်ကိုမသိတသိအချိန်။ချောင်းစပ်ဘေးကခြုံပုတ်မှာ လှုပ်လှုပ်နဲ့အရာတစ်ခု။ချောင်းစပ်မှာက ဗျိုင်းတွေ ငါးလေးတွေကိုလာစားနေကြတယ်။ခြုံပုတ်ထဲလှုပ်နေတာက ကိုသိန်းမြင့်။ငါးတွေလာစားတဲ့ ဗျိုင်းတွေကို ဘယ်လိုဖမ်းရမလဲချောင်းနေတာ။ဗျိုင်းတွေရဲ့အသွားအလာတွေကိုခြုံပုတ်ထဲကနေပြီးတော့အကဲခတ်နေတယ်။ကိုသိန်းမြင့်နဲ့ မမခင်နဲ့က လင်မယားတွေ။မမခင်က ကိုသိန်းမြင့်ထက် လေးနှစ်ကြီးတယ်။သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်။သားက (၇) နှစ် ၊ သမီးက (၃)နှစ်။လယ်ကိုင်းတွေမရှိတော့ ကြုံရာအလုပ်လုပ်ရင်းနဲ့ပဲ ဘ၀ကိုဖြတ်သန်းသွားနေကြတယ်။သားကိုလဲကျောင်းမထားနိုင်ဘူး။ငါးရှာ၊ဖားရှာ ကြုံရာကျပန်း အလုပ်တွေလုပ်ပေါ့။သားကိုတော့မမခင်နဲ့အဖော်လုပ်ဖို့ ထားထားတယ် ငယ်လဲငယ်သေးတော့။သမီးကတော့ဘာမှမလုပ်တတ်သေးဘူး။ဝင်ငွေရအောင်တော့ကိုသိန်းမြင့်ပဲလုပ်နေရတာ။ဗျိုင်းတွေကတော်တော်လေးတော့များတယ်။အရင်ငါးတွေပဲရတော့ဝင်ငွေသိပ်မကောင်းဘူး။ဗျိုင်းဆိုတော်တော်ရမှာ။တစ်ကောင်နှစ်ထောင်ပဲထား။တစ်နေ့ဆယ်ကောင်ဆိုရင်တော်တော်လေးရမယ်။အကောင်ကြီးလေပိုရလေပေါ့။စဉ်းစားရင်းနဲ့ကိုသိန်းမြင့်တစ်ယောက်အကြံတစ်ခုရတယ်။ဗျိုင်းတွေကငါးကြိုက်တယ်။ငါးနဲ့မျှားရမယ်။ဟုတ်ပြီ။
16x.jpg
photo credit - google image & Soe Hlaing
နောက်တစ်နေ့ နေ့လည်မှာ ကိုသိန်းမြင့်တစ်ယောက်သူ့အသိမြန်မာဆေးဆရာတစ်ယောက်ဆီက နေပြီးတော့မေ့ဆေးသွားတောင်းလာတယ်။မေ့ဆေးကိုအရည်ဖျော်ပြီးတော့ ငါးအသေလေးတွေကို စိမ်ထားလိုက်တယ်။ညနေစောင်းတော့ ကိုသိန်းမြင့်ငါးအသေလေးတွေကို ချောင်းစပ်မှာသွားချထားလိုက်တယ်။ထင်တဲ့အတိုင်းပဲ ဗျိုင်းတွေငါးလေးတွေကိုစားလိုက်ကြတာအများကြီးပဲ။ချောင်းစပ်ဘေးခြုံထဲကနေ၀မ်းလျားမှောက်ပြီးတော့ ကိုသိန်းမြင့်အသံလုံလုံနဲ့ကြည့်ရင်း တအားကိုပျော်နေမိတယ်။ပိုက်ဆံတွေအများကြီးရတော့မယ်ကွလို့စိတ်ထဲမှာပြောရင်းပြုံးနေမိတယ်။ဗျိုင်းတွေလဲငါးတွေစားကြပြီးတော့တဘုန်းဘုန်းလဲကုန်တာပဲ။(၁၃)ကောင်တောင်မှ။နောက်ထပ်ဗျိုင်းတွေမလာတော့ဘူး။မှောင်ခါစလဲဖြစ်နေပြီ။ကိုသိန်းမြင့်တစ်ယောက်ပျော်ပျော်ကြီးသွားကောက်တယ်။ဗျိုင်းတွေအကုန်လုံးရဲ့ခြေနှစ်ချောင်းကိုကြိုးနဲ့ချည်။ပြီးတော့ဝါးလုံးနဲ့ချိတ်ပြီးတော့အိမ်ကိုလေလေးတချွန်ချွန်နဲ့ပြန်သွားလေရဲ့။အိမ်ရောက်တော့မိန်းမကလဲအပျော်ကြီးပျော်နေရှာတယ်။ငွေရမှာဆိုတော့မိန်းမကလဲပြုံးလို့ပျော်လို့။ကိုသိန်းမြင့်ကိုလဲဘာစားမလဲ ဘာချက်ပေးရမလဲပေါ့။
Blog Dead Heron.jpg
photo credit - google image
ကိုသိန်းမြင့်ကနေအုံးမိန်းမရေ အသီးရွက်လေးသွားပြီးတော့လှည့်ပတ်ခူးလိုက်အုံးမယ်။ဗျိုင်းသားနဲ့စားကြတာပေါ့မင်းဗျိုင်းတစ်ကောင်ကိုင်ပြီးတော့ချက်ထားလိုက် လို့ပြောပြီး ရေမိုးချိုးပြီးတော့အပြင်ပြန်ထွက်သွားတယ်။ကိုသိန်းမြင့်စဉ်းစားတယ် ဘယ်သူ့အိမ်ကဟင်းရွက်သွားခိုးရမလဲလို့ပေါ့။အင်း...ဦးအင်းဆီမှာ အသီးရွက်တွေတော်တော်ကောင်းတာသူစိုက်ထားတဲ့စိုက်ခင်းက။ဦးအင်းရဲ့စိုက်ခင်းထဲသွားခိုးဖို့ဆုံးဖြတ်လိုက်တယ်။ည(၇)နာရီခန့်ပေါ့။ရွာဆိုတော့ခြံစည်းရိုးကမရှိဘူး။ဦးအင်းကအိမ်နောက်ဖေးကမြေကွက်လပ်မှာ ဟင်းသီးဟင်းရွက်စိုက်ခင်းလုပ်ထားတာ။အတော်ပဲပေါ့။ဆလပ်ရွက်တွေတွေ့တယ် အရွက်တွေမှ ဖားဖားကြီး စိမ်းစိုနေတာပဲ။ငါးပိရည်နဲ့တို့စားလိုက်လို့ကတော့ တဂွမ်းဂွမ်းနဲ့နေမှာ။ဗျိုင်းသားနဲ့လဲလိုက်မှာ။မိန်းမကတော့ဗျိုင်းသားဟင်းချက်နေပြီ။ခိုးတာဆိုတော့မြန်မြန်လေးနဲ့များများလေးခိုးလိုက်တယ် ကိုသိန်းမြင့်။ဦးအင်းကရေဒီယိုကလာတဲ့သီချင်းကိုလိုက်ဆိုရင်းနဲ့ငြိမ့်နေတယ်။ခွေးလဲမမွေးထားတော့အေးဆေးပဲ။
salad-e1520314577887.jpg
photo credit - google image
အိမ်ရောက်တော့ မိသားစုတတွေ စားလို့ကောင်းလိုက်ကြတာလေ။ဗျိုင်းသားကလဲလတ်လတ်ဆတ်ဆတ်၊ဆလပ်ကလဲလတ်လတ်ဆတ်ဆတ်ဆိုတော့ သားအမိသားအဖ လေးယောက်စားလိုက်ကြတာ။ထမင်းတောင်အိုးပြုတ်ေရာ။ငါးပိရည်ပန်းကန်ဆိုနည်းနည်းပဲကျန်တယ်။စားပြီးတော့အိပ်ကြမယ်ပေါ့။ညသန်းခေါင်လောက်လည်းရောက်ရော မိသားစုလေးယောက်လုံးဗိုက်နာပြီးတော့ရစ်လာတယ်။ဝမ်းတွေအဆက်မပြတ်သွားကြတယ်။အိမ်သာပေါ်တောင်မတတ်နိုင်တော့ဘူး။တစ်ယောက်ကတတ်သုံးယောက်ကအောက်မှာဝမ်းတွေသွား။မနက်မိုးလင်းတော့မျော့မျော့လေးပဲကျန်တယ်။သမီးအငယ်ဆုံးလေးကတော့လှုပ်ကိုမလှုပ်တော့ဘူး။တကယ်က ဆလပ်ရွက်ကို ပိုးကျနေလို့ ဦးအင်း နေ့ခင်းတုန်းက ပိုးသပ်ဆေးတွေ ဖျန်းထားတာ မသိကြပဲနဲ့စားမိကြတာ။ဗျိုင်းတွေကို မေ့ဆေးခပ်ခဲ့တဲ့ ကိုသိန်းမြင့်တို့မိသားစု ခုတော့အလူးအလဲပါပဲ။ပိုဆိုးတာက ညသန်းခေါင်ကြီးလဲဖြစ်ပြန် လေးယောက်လံလဲဝမ်းလျှောတာဆိုတော့ ဆရာဝန်လဲသွားမခေါ်နိုင်ရှာ။မနက်ကျတော့နည်းနည်းလေးသက်သာတာနဲ့ ကိုသိန်းမြင့်တစ်ယောက်ဆရာဝန်ကိုသွားခေါ်လေရဲ့။ဒါပေမယ့် အငယ်ဆုံးသမီးလေးက အသက်ပါ ပါသွားရှာတယ်။အစာအိမ်ကနုတာကိုး။ဆရာဝန်ပြောပြမှ ပိုးသတ်ဆေးရဲ့ ဒါဏ်ကိုခံလိုက်ရတယ်လို့သိရတဲ့ ကိုသိန်းမြင့်တစ်ယောက်တော့ ၀ဋ်ဆိုတာနောက်ဘ၀မကူးပါလားဆိုတဲ့ အသိတရားရခဲ့ပေမယ့် အခါနှောင်းသွားခဲ့လေပြီ။မိမိမကောင်းကြံခဲ့တဲ့ ပဲ့တင်သံရဲ့ ရိုက်ခတ်မှုကားခံလိုက်ရပေပြီ။တန်ပြန်လာတဲ့ ပဲ့တင်သံက တန်ဖိုးကြီးလှပေစွ။မိမိရင်သွေးလေးရဲ့အသက်ကိုကား ပြန်လည်ပေးဆပ်လိုက်ရပေပြီ။ကိုသိန်းမြင့်နဲ့ မမခင်မှာအော်ဟစ်ငိုကြွေးနေကြရပေပြီတကား။
12744564_673858229419027_240083516766351873_n.jpg
photo credit - google image & ဘ၀မှတ်စု
ကောင်းတာလုပ်ရင်ကောင်းတဲ့ပဲ့တင်သံပဲလာမှာပေါ့ဗျာ။MSC အဖွဲ့သားအပေါင်းတို့လဲ သူတစ်ပါးအပေါ်ကို မကောင်းမကြံကြပဲနဲ့ မိမိရဲ့စိတ်ကိုဖြူစင်အောင်ထားနိုင်ကြပါစေဗျာ။ဖြူစင်တဲ့စိတ်ထားများဖြင့် ညီအစ်ကိုမောင်နှမသဖွယ် ဖေးဖေးမမ ရိုင်းပင်းကူညီကြရင်း တိုးတတ်အောင်ဆောင်ရွက်နိုင်ကြပါစေလို့ဆန္ဒပြုရင်း..............
ချစ်လှစွာဖြင့်...
Author :@zarmanizawlinn
Capture.PNG
MSC-210
@zarmanizawlinn
https://steemit.com/@zarmanizawlinn
3.jpg
new_steemit.gif

Sort:  

သူများကို ထိခိုက်နစ်နာအောင်လုပ်တဲ့ ၀ဋ်က
ချက်ချင်းလည်တာပဲ။သတိပြုဆင်ခြင်သင့်ပါတယ်။

အံမယ်သူတောင်ချောသွားပြီ မှတ်တောင်မမှတ်မိဘူးနှင်းရယ်။ဝဋ်ဆိုတာလည်တယ် ကျွတ်ဆိုတာတွယ်တယ်အာစရိရေ သတိထားရမယ်။ဝဋ်လည်မှာကြောက်ရင် အမှတ်တေးလည်းမထားနဲ့ ကျွတ်တွယ်မှာကြောက်ရင် မြက်ခင်းထဲမသွားနဲ့။ငါဘာတွေပြောနေမိလဲ။

အရင်ထဲက ချောတာပါ။ခုမှ အမြင်မှန်ရတယ်ပေါ့။
ကျွတ်တွယ်ရင် ဦးအင်းဆီကပိုးသတ်ဆေးတိုက်လိုက်မယ်။

ဟဟ ဂရုထဲဝင်ကြည့် သူတော်တော်တင်းနေတယ်။ပြောရဲဘူးတအား တော်ကြာကတုံးနဲ့လာပွတ်နေလို့။

Very Beautiful💜

ဝတ်​​​ကြွေး​တွေတကယ်​​ကြောက်​ဖို့​ကောင်းတယ်​ကိုဇာ

ဟုတ်ပါ့ကိုအောင်ကြီးတစ်ရာရေ။ခုဝဋ်ကြွေးတွေကနောက်ဘ၀မကူးတော့ဘူး။ခုဘ၀တင်ပေးဆပ်ရတာ ကြောက်ဖို့ကောင်းလာပြီ။ခေတ်ပျက်နေပီလေဗျာ။ပိုပိုနီးလာတယ်သေခြင်းတရားတွေနဲ့။

သနားစရာ ကလေးလေးက ဘာမသိညာမသိသေရရှာတယ်။ ကံနှင့် ကံ၏အကျိုး ကြောက်စရာအလွန်ကောင်းပါလား။

ဟုတ်တယ်ကွီးရွှေရေ ရွာကတကယ့်အဖြစ်အပျက်လေးကို အခြေခံပြီးရေးထားတာ ရေးရင်းသနားမိပါတယ်ဗျာ။

ဝဋ်ကြွေးဆိုတာ ဒီဘဝမှာတင် အကျိုးပေးသလို နောင်ဘဝ နောင်ဘဝလည်း ဆက်တိုက်ကို လိုက်နေတော့မှာဗျာ ကြောက်စရာကောင်းလှပါတယ်

ဟုတ်ပါတယ်ကိုကျော်ရေ။ထင်းခွေမကြုံရင်ရေခပ်တော့ကြုံမှာအမှန်ပါပဲဗျာ။

အရမ်း​ကြောက်​စရာ​ကောင်းတဲ့ ဝဋ်​​ကြွေးပဲဗျာ ... အရင်​တုန်းက​ပြောကြတယ်​ .. ​နောင်​ဘဝ ​နောင်​ခန္ဓာဆပ်​လိမ့်​မယ်​တဲ့​လေ .. ခု​တော့ ဒီဘဝမှာတင်​ဆပ်​လိုက်​ရ​ပေါ့ ... က​လေးမ​လေးက သနားစရာဗျာ .. ဒါလဲ ကိုယ်​မသိတဲ့ ဝဋ်​​ကြွေး​လေပဲလား ...

အရိပ်လိုပဲ မိမိလုပ်တဲ့ကံဟာ အမြဲလိုက်နေတာ ကံနိမ့်တဲ့အချိန်ခံရတာပါပဲအစ်ကိုရေ။ကြောက်စရာကောင်းတယ်။မမြင်ရတဲ့အန္တရာယ်ကပိုဆိုးတာပေါ့ဗျာ။

ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာစမြဲပါ

အမှန်ပါပဲမမရေ။တစ်ချိန်ချိန်ပြန်လာမှာပါပဲ။

ကံကံ၏အကျိုးကို တစ်ခါတည်း မြင်သွားတယ်ဘဒိုရေ

ဟုတ်ပကိုစိုင်းရေ။လာအားပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုယ်လုပ်သမျှ ကိုယ်ပဲ ခံစားရတာပါ။ကောင်းတာလုပ်ရင် ကောင်းတာ ပြန်လာမယ်။မကောင်းတာလုပ်ရင် မကောင်းတာ ပြန်လာမှာပဲ။ ကြောက်ဖို့ ကောင်းပါ၏

ဟုတ်တယ်ကိုအောင်ဆန်းလွင်ရေ။တူသောအကျိုးပေးမှာပဲဗျာ။ကောင်းတာပဲများများလုပ်ရင်တော့မကြောက်နေရတော့ဘူးပေါ့ဗျာ။ကောင်းတာများများလုပ်ကြပါစို့အစ်ကိုရေ။

ကိုယ်​ပြုသည့်​ကံ ကိုယ်​ထံပြန်​တဲ့ ​ကောင်းတာလုပ်​​တော့​ကောင်းတာရမယ်​ မ​ကောင်းတာလုပ်​​တော့လည်း ကိုယ့်​ပဲပြန်​ခံရမယ်

ဟုတ်ပါ့ညီမရေ။ကံကံ၏အကျိုးကတော်တော်ကြောက်ဖို့ကောင်းတယ်ဗျာ။ကောင်းတာလုပ်ရင်းသေကြတာပေါ့။အားပေးတာကျေးဇူးပါညီမရေ။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.031
BTC 69067.71
ETH 3754.33
USDT 1.00
SBD 3.72