လောဘ၏ နိဂုံး.....

in #myanmar8 years ago (edited)

လောဘ၊ဒေါသ၊မောဟ ဟူသည်ပုထုဇဉ်တိုင်းတွင်ရှိကြလေသည်။

တစ်ခါတုန်းကပင်လယ်ကမ်းခြေနားမှာ တဲကလေးတစ်လုံးနဲ့ဆင်းဆင်းရဲရဲ နေထိုင်ရတဲ့ လင်မယားနှစ်ယောက်ရှိတယ်။ငါးမျှားတံ၊ပိုက်ကွန် တွေနဲ့ဖမ်းကြရင်း ရတဲ့ရေသတ္တ၀ါတွေကိုဈေးမှာရောင်းချရင်းနဲ့ ရပ်တည်ကြတယ်ပေါ့။ဒီမှာပြောစရာရှိတာက ယောက်ကျားကစရိုက်တအားမကြမ်းပေမယ့် မိန်းမကတော်တော်စရိုက်ကြမ်းတယ်။ငါးမရတဲ့ရက်တွေဆိုရင် ယောက်ကျားကိုဆူပူကြိမ်းမောင်းတယ်။ရက်ခြားလိုလို မိန်းမရဲ့ဆူပူကြိမ်းမောင်းတဲ့ဒဏ်ကို ခံနေရတဲ့ တံငါသည်ပါပဲ။သားသမီးကမရှိ မိန်းမကမလုပ်ကူ သူတစ်ယောက်ထဲပင်ပမ်းကြီးစွာရှာဖွေ ပြီးတော့ သူပဲရောင်းရပါတယ်ဈေးမှာ။

Capture.JPG
credit - you tube

ငါးမပါလာတဲ့နေ့ကြရင်တဗျစ်တောက်တောက်နဲ့ပြောနေတဲ့မိန်းမစကားသံတွေကြောင့် ညစာမစားပဲနေခဲ့ရတဲ့ညတွေမနည်းဘူး။ငါးနည်းနည်းလေးရှာနိုင်တဲ့အခါကျရင်လဲ ဒါလေးနဲ့ဘယ်လိုချက်ရမလဲ။မနက်စာတောင်မရဘူး။ညစာဘယ်လိုစားမလဲ။ဒီလိုတွေပြောခံရရှာတယ်။တစ်ေန့တော့မိန်းမကအစောကြီးထခိုင်းပြီးတော့ ငါးဖမ်းခိုင်းတာနဲ့ လှေလေးတစ်စင်းနဲ့ ပိုက်ကွန်ကိုယူပီးတော့ စိတ်ပျက်လက်ပျက် ငါးထွက်ရှာရတယ်။

Capture.JPG
credit - you tube

ကံကောင်းချင်တော့ပိုက်ကွန်ချလိုက်တဲ့အခါမှာရွှေရောင်တောက်ပနေတဲ့ရွှေဝါရောင်ငါးကြင်းကြီးတစ်ကောင် တော်တော်ကြီးကြီးပါပဲ ဖန်းမိလိုက်တယ်။ဒီအခါမှာပိုက်ကွန်ကိုဆွဲတင်လိုက်တဲ့အချိန်မှာငါးကြင်းကြီးက လူလိုစကားပြောပါတယ်။
"အရှင့်သား ကျွန်တော်မျိုးက ကြိမ်စာသင့်နေတဲ့ငါးကြင်းကြီးပါ။ငါးကြင်းအစစ်မဟုတ်ပါဘူး။ကျွန်တော်မျိုးရဲ့အသားကိုလဲ အရှင့်သား စားလို့မရပါဘူး။ဒါကြောင့်ပြန်လွှတ်ပေးပါ။အရှင့်သားရဲ့ကျေးဇူးကိုလဲမမေ့ပါဘူး။လိုရာကိုတောင်းပါ"
လို့ပြောပြီးတော့ပြန်လွှတ်ခိုင်းတယ်။ဒါနဲ့ပဲ တံငါသည်က သနားတာနဲ့ပြန်လွှတ်ပေးလိုက်တယ်။သွားလိုရာသွားပါငါးကြင်းမင်းသားလေး အသင့်ကိုလွှတ်ပေးပါ့မယ်ဆိုပြီးတော့ ပိုက်ကွန်ထဲကနေလွှတ်ပေးလိုက်ပါတယ်။

Capture.JPG
credit - you tube

အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း မိန်းမကတဗျစ်တောက်တောက်နဲ့ ပေါ့လေ။အသုံးမကျတဲ့ယောက်ကျားငါးတစ်ကောင်တောင်မရှာနိုင်ဘူးဆိုတော့။မဟုတ်ပါဘူးကွာ ငါးတစ်ကောင်မိပါတယ်ဆိုပြီးတော့အစဆုံးဇာတ်လမ်းကိုပြောပြလိုက်ပါတယ်။ယောက်ကျားက သူတပါးကိုကူညီခဲ့တာကို အကောင်းမမြင်တဲ့အပြင် ရှင်တော်တော်အသုံးမကျတဲ့ယောက်ကျားဆိုပြီးတော့ထပ်ဆူခံလိုက်ရတယ်။ပြီးတော့ သူကလိုရာတောင်းလို့ပြောထားတာရှင်အခုသွားတောင်း။ကျွန်မအိမ်အစုတ်နဲ့မနေချင်တော့ဘူး။အိမ်အသစ်နဲ့နေချင်တယ်သွားတောင်းချေ။ဟုတ်လားမဟုတ်လားဆိုတာကြည့်မယ်ဆိုပြီးတော့အိမ်ပေါ်ကနေမောင်းထုတ်တယ်။ဒါနဲ့ပဲ ပင်လယ်ကမ်းစပ်ဆီပြန်သွားပြီးတော့။ရွှေငါးကြင်းကြီးရေ မိန်းမကြောက်တဲ့ကျုပ်လိုတံငါသည်ကို ကူညီပါအုံးဆိုပြီးတော့အော်ဟစ်လိုက်တဲ့အခါမှာ ငါးကြင်းကြီးကပေါ်လာတယ်ရေပေါ်ကို။ငါးကြင်းကြီးက အရှင့်သားကကျွန်တော်မျိုးရဲ့အသက်ကို ကူညီပါ့မယ် ဘာလိုချင်ပါသလဲလို့ပြောတော့ တံငါသည်က သူ့မိန်းမအိမ်အသစ်လိုချင်တဲ့အကြောင်း ပြောပါတယ်။ဒါနဲ့ပဲငါးကြီးက တံငါသည်ကိုအေးအေးဆေးဆေးသာပြန်ပါ သင့်မိန်းမလိုချင်တာဖြစ်စေရမယ်လို့ပြောလိုက်တယ်။တံငါသည်လဲ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ အိမ်ကိုပြန်လာတယ်။အိမ်ရောက်တော့တံငါသည်ဟာအံ့အားသင့်စွာနဲ့ သူ့ရဲ့တဲစုတ်နေရာမှာအိမ်အသစ်တစ်လုံးဖြစ်နေတာကိုအံ့အားသင့်စွာတွေ့လိုက်ရတယ်။သူ့မိန်းမကလပြုံးပျော်နေလို့တံငါသည်လဲစိတ်ချမ်းသာခဲ့ရတယ်။ငါးကြင်းကြီးကိုလဲစိတ်ထဲကနေကျေးဇူးတွေတင်နေမိတယ်။ဒါတောင်မိန်းမက တံငါသည်ကို ကျွန်မသွားပြောခိုင်းလို့ရတာရှင့်အစွမ်းအစနဲ့ဆို ဒီလိုအိမ်တစ်လုံးရဖို့ဝေလာဝေး ၊ အခွင့်အရေးဆိုတာရတုန်းအသုံးချတတ်ရတယ် ဆိုပြီးတော့အပြောခံလိုက်ရပါသေးတယ်။

Capture.JPG
credit - you tube

ကြာလာတော့မိန်းမကတစ်စခန်းထလာပြန်တယ်။သူများအိမ်တွေကိုကြည့်ပြီးတော့ အိမ်ကနည်းနည်းကျဉ်းနေတယ်။အိမ်ကြီးအိမ်ကောင်းနဲ့နေချင်တယ်။ခပ်ကျယ်ကျယ်လေးလိုချင်တယ်လို့ပြောလာပြီးတော့ တံငါသည်ကို ငါးကြင်းကြီးထံကနေ ထပ်ပြီးတော့သွားတောင်းခိုင်းပြန်တယ်။တံငါသည်လဲတော်တော်ကိုစိတ်ဆိုးလာတယ်။ငါမယူပေးနိုင်ဘူး။ဒါတောင်တော်တော်လွန်နေပြီ။အဲဒီလိုပြောလိုက်တော့ မိန်းမကလဲဒေါသကြီးစွာနဲ့ ရှင်ဒီပါးစပ်လေးပဲစိုက်ရတာ ဘလာဘလာပေါ့ဗျာ။နားတွေကိုညည်းလို့ပေါ့။ဒါနဲ့ပဲတစ်ခါပြန်သွားရပြန်တယ် ကမ်းစပ်ကို။ကမ်းစပ်ရောက်တော့ ရွှေငါးကြင်းကြီးကိုခေါ်တာပေါ့။သူ့မိန်းမအကြောင်းပြောပြတော့။သဘောကောင်းတဲ့ငါးကြင်းကြီးက သူလဲသူများတွေကိုအားကျတော့ နေချင်မှာပေါ့လေ။ကျွန်တော်မျိုးလုပ်ပေးပါ့မယ် အရှင့်သားစိတ်မညစ်ပါနဲ့ အိမ်ကိုသာပြန်ပါလို့ပြောတာပေါ့။

Capture.JPG
credit - you tube

နောက်တစ်ခါ မိန်းမကလောဘကတတ်လာတာအတောမသပ်နိုင်ဘူး။အလကားလဲရနေတော့ သူတော်တော်လိုချင်နေတယ်။မချင့်ချိန်တော့ဘူး။ရဲတိုက်ကြီးနဲ့နေချင်ပြန်တယ်ဆိုပြီးတော့ တံငါသည်ကိုပူဆာပြန်တယ်။ထုံးစံအတိုင်း ရွှေငါးကြင်းကြီးဆီလာရပြန်တယ်။ငါးကြင်းကြီးက ရေထဲကနေပေါ်လာပြီးတော့ အရှင့်သားရဲ့မိန်းမကဘာလိုချင်ပြန်ပြီလဲ။မပြီးတော့ဘူးလားလို့ဒီတစ်ခါတော့မျက်နှာမကောင်းတော့ပဲနဲ့ ပြန်မေးတယ်။တံငါသည်ကြီးလဲငါးကြင်းကြီးကိုအားနာပြီးတော့ဘာမှပြန်မပြောရဲဘူး။မိန်းမကလဲကြောက်ရတယ်။ငါးကြင်းကြီးကလဲစဉ်းစားတယ်။ဒီတစ်ခါတော့လုပ်ပေးလိုက်ပါမယ်လေ။ငါ့အသက်သခင်ကျေးဇူးရှင်ကမိန်းမကြောက်ရတော့အိပ်ကောင်းခြင်းမအိပ်ရ ၊စားကောင်းချင်းမစားရဖြစ်နေမယ် လုပ်ပေးလိုက်မှပါလေလို့စဉ်းစားတယ်။အရှင့်သား အိမ်ကိုသာပြန်ပါစိတ်ချလက်ချ။ကျွန်တော်မျိုးလုပ်ဆောင်ပေးပါမယ်ဆိုပြီးတော့ပြောလိုက်တယ်။ဒါနဲ့ပဲ တံငါသည်လင်မယားဟာ။စည်းစိမ်အပြည့်နဲ့နေနေရတယ်။ကြာလာတော့ မိန်းမကစဉ်းစားတယ်။လောဘကမသပ်နိုင်ပြန်ဘူး။ဒီအခြေအနေကိုမကျေနပ်ပြန်ဘူး။ဒါနဲ့ယောက်ကျားကို ရှင်လဲငါးကြင်းကြီးဆီသွားနေရတာမျက်နှာပူနေရော့မယ်။ဒီတစ်ခါကျုပ်အတွက်နောက်ဆုံးတစ်ခါသွားပေးပါလို့ပြောပြန်တယ်။နောက်ဆုံးတစ်ခါဆိုတော့ တံငါသည်ကြီးလဲ သွားဖို့ဆုံးဖြတ်လိုက်တယ်။မိန်းမဆီက ကတိလဲတောင်းလိုက်တယ်။ဒါနောက်ဆုံးနော်လို့။ပြီးတော့မေးလိုက်တယ်။မင်းကဘာလိုချင်တာလဲဒီတစ်ခါ။ကျွန်မစဥ်းစားတယ်။ကျွန်မသာဘုရင်မတစ်ပါးဖြစ်မယ်ဆိုရင် လက်ညှိုးညွှန်ရာရေဖြစ်ပြီလေလို့ပြောသတဲ့။

Capture.JPG
credit - you tube

နောက်ဆုံးတစ်ခါဆိုတော့မျက်နှာပူလွန်းလို့ ကမ်းစပ်ကိုကျောပေးပြီး နေနေတယ်တံငါသည်ကြီး။ပြီးတော့ငါးကြင်းကြီးကိုခေါ်လိုက်တယ်။ငါးကြင်းကြီးကလဲရေပေါ်တတ်လာတယ်။မေးတာပေါ့။မပြီးသေးဘူးလားဘာလိုချင်ပြန်သတဲ့လဲလို့တံငါသည်ကြီးကိုမေးတယ်။တံငါသည်ကြီးက ဘုရင်မကြီးဖြစ်ချင်ကြောင်းပြောပြတော့ ငါးကြင်းကြီးက တဟားဟားနဲ့ရယ်မောပြီးတော့ရေထဲပြန်ငုပ်သွားတယ်။တံငါသည်လဲသူ့ကိုဘာမှမပြောသွားတော့စိုးရိမ်ပြီးအိမ်ကိုပြန်လာတဲ့အခါမှာတော့ အရင်ဘ၀လို တဲစုတ်ထဲမှာငိုနေတဲ့ဇနီးသည်ကိုမြင်လိုက်ရတယ်။ထူးခြားတာက မိန်းမရဲ့ခေါင်းမှာ ဘုရင်မရဲ့သရဖူကြီးဟာနေရာယူနေပြီးတော့ ဘယ်လိုမှချွတ်မရ ဖျက်စီးလို့လဲမရ ဖြစ်နေတာပါပဲ။တံငါသည်မိန်းမကငိုကြီးချက်မနဲ့ သူမှားတာ သူလောဘကြီးတာကို နောင်တရပြီး တံငါသည်ကြီးကို ငါးကြင်းကြီးဆီသွားတောင်းပန်ပေးဖို့ ဒီသရဖူကြီးကိုချွတ်ပေးဖို့ငိုယိုပြီးအကူညီတောင်းတာပေါ့။တံငါသည်ကြီးလဲမိန်းမကိုသနားပြီးတော့ ကမ်းစပ်ဆီလာ ငါးကြင်းကြီးကိုခေါ်ပေမယ့် ငါးကြင်းကြီးကရေပေါ်ကိုတတ်မလာတော့ပါဘူး။တံငါသည်ကြီးလဲ နေ့တိုင်းလိုလိုကမ်းစပ်ကိုသွားပေမယ့် ငါးကြင်းကြီးကိုမတွေ့ရတော့ပါဘူး။နောက်ဆုံးတော့ အ၀တ်အစားနွမ်းနွမ်းနဲ့ ဘုရင်မသရဖူဆောင်းထားတဲ့ ဘုရင်မတစ်ပါးရယ် တံငါသည်ကြီးရယ်ဆင်းဆင်းရဲရဲနဲ့ အရင်လိုပဲပြန်နေရလေတယ်။

လောဘသပ်နိုင်ကြပါစေ။
ချစ်လှစွာဖြင့်
ဇာမဏီဇော်လင်း (နေပြည်တော်)
MSC-210

Sort:  

လူ့အလို နတ်​မလိုက်​နိုင်​သလို လူ့​လောဘကို ​ရွှေငါးကြင်းကြီးလည်း မလိုက်​နိုင်​ပါလား​နော်​ .. ​အော်
လောဘ ​လောဘ ..

ဟုတ်ပဗျာ။ရေထဲကကိုတတ်မလာတော့တာ နားအေးသွားရော။

အော်.......လောဘ...လောဘ

သြော်....လာဘဒေါသမောဟ

လောဘအတောမတတ်နိုင်ပါဘူးကွယ်
လောဘရှိသူကိုလိမ် လို့ရတယ်တဲ့

မျှားလိုက်ရင်ပါသွားရောလောဘရှိတဲ့သူက ကွီးထွေးရေ။

ကောင်းလိုက်​တဲ့ ဥပမာ​လေဲး့ ​ရေးသားထားတာ အရမ်း​ကောင်းပါတယ်
လောကမှာလိုတာမရ ရတာမလိုဆိုသလိုပဲ ​လောဘကိုအ​တောမသတ်​နိုင်​ကြဘူး​လေ

လောဘကြီးဘာလောက်ရဆိုလားအာ့လဲရှိသေးတယ်ဟိဟိ။

ဒီပုံပြင်လေး ကြားဖူးတယ်

ဟုတ်တယ်မြန်မာလိုဘာသာပြန်ထားတာမြန်မာစကားကိုပဲ။ဟိဟိ

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ကြိုက်တယ်။

မောင်ညီမလေးတို့တတွေလဲလောဘသပ်နိုင်ကြပါစေကွယ်။

ရ​လေလို​လေ​နော်​ လူ​တွေ​လောဘများ
Good ပါတယ်​ကိုဇာ​ရေ

အိုတစ္ဆေပေါ့ကိုအောင်ကြီးတစ်ရာရေ။

သြော် လူလောဘ အတောမသတ်နိုင်တဲ့ လူ့လောဘ အင်အတနိကြောက်စရာကောင်းပါလား

ဟုတ်ပါ့ဗျာကိုကျော်ရေ။

လောဘတရားဆိုတာ​​ကြောက်​ဖို့အလွန်​​ကောင်းပါတယ်​​နော်​။အလိုကြီးအရနည်းဆိုတဲ့စကားလည်းရှိ​ပေသား

ဟုတ်ငန်းဥကျော်စားမယ်မမ။

Good ဗျာ

ဟုတ်ပဗျာ။

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 59951.46
ETH 1580.22
USDT 1.00
SBD 0.42