ဆုံချင်​ပါ​သေးတယ်

in #myanmar6 years ago (edited)

လွန်​ခဲ့တဲ့ လပိုင်း​လောက်​က​ပေါ့ ၅လပိုင်း​လောက်​က သူငယ်​ချင်း​တွေပြန်​အဆက်​အသွယ်​ရခဲ့တယ်​ !
ရရခြင်း​တော့ ဖုန်း​တွေဆက်​ကြ facebook account​တွေ add ကြနဲ့ ငယ်​သူငယ်​ချင်း​တွေ​လေ
ငယ်​ငယ်​ကခင်​ကြတာဆို​တော့ ​ဝေး​နေကြတာလည်း ကိုးနှစ်​ ​ကျော်​ပြီ အဲ​လောက်​အချိန်​ထိ မဆုံဖြစ်​ကြတာ အပြင်​မှာပြန်​မ​တွေ့ရ​သေး​ပေမဲ့ ခုလိုနည်းပညာ​ခေတ်​ကြီးမှာ ဖုန်းထဲက​နေပြန်​​တွေ့ဖြစ်​ခဲ့ကြတယ်​ ဘာ​တွေလုပ်​​နေလဲ ဘယ်​မှာလုပ်​လဲ ချစ်​သူ​ရောရှိ​နေပြီလား ​မေးဖြစ်​​ပြောဖြစ်​ခဲ့ကြတယ်​ တစ်​​ယောက်​ကိုအဆက်​အသွယ်​ရ​တော့ ​နောက်​လူ​တွေပါ အကုန်​ အဆက်​အသွယ်​ရသွားတယ်​ သူတို့က​တော့ ခုထိ ဒဂုံမှာပဲ​နေကြတာဆို​တော့ အဲလိုနဲ့ facebookမှာ Best friend foreverဆိုတဲ့ group​လေးကို သူငယ်​ချင်းတ​ယောက်​ကဖွဲ့လိုက်တယ်​ FB_IMG_1521110947901.jpg
ညဘက်​ဆို groupထဲမှာ ဟို​ပြောဒီ​ပြောနဲ့ သူတို့ကအများ ကိုယ်​ကတ​ယောက်​တည်း တ​နေရာမှာ ​နေတာ ဆို​တော့ ​တွေ့ဖို့ ချိန်းကြတယ်​ အင်း​လေ ​တွေ့မယ်​​ပေါ့ Screenshot_2018-03-15-17-21-15-998_com.facebook.katana.png

အဲအချိန်​တုန်းက မိုးတွင်းဆို​တော့ ငါမိုးကုန်​ရင်​ လာလည်​မယ်​​ပေါ့ အဲတုန်းက အလုပ်​မှာလည်း overtime ဆင်း​နေရ​တော့ သီတင်းကျွတ်​ကျရင်​ လာခဲ့မယ်​​လေ ​ပြောလိုက်​တယ်​ အဲလိုလည်းသီတင်းကျွတ်​ ​ရောက်​ခါနီး​တော့ အလုပ်​ကသူငယ်​ချင်း​တွေက ပြည်​သူ့ရင်​ပြင်​မှာ night marketရှိတယ်​တဲ့ သွားကြမလားတဲ့ အစက​တော့မသွားဘူး​ပေါ့ သူငယ်​ချင်း​တွေနဲ့​တွေ့ဖို့ချိန်းထားတယ်​လို့ ​ပြောလိုက်​တယ်​ ဖြစ်​ချင်​​တော့ ​တူမ​လေးကလည်း သူတို့လိုက်​မယ်​တဲ့ သွားကြမယ်​တဲ့ ပိတ်​ရက်​က၃ရက်​ဆို​တော့ တစ်​ရက်​ကို ဒဂုံသွားမယ်​ ​နောက်​တစ်​ရက်​ကို ရင်​ပြင်​သွားမယ်​​ပေါ့ အဲလိုအစီအစဉ်​ဆွဲထားလိုက်​တယ်​ဒဂုံကသူငယ်​ချင်း​တ​ယောက်​ကအမလာရင်​ ​ရေ​ကျော်​ပွဲ​ဈေးသွားမယ်​တဲ့ သွား​ပေါ့ ကိုယ်​ကလည်း ​ပြောလိုက်​တယ်​ အဲမှာပဲ ​နောက်​တ​ယောက်​က ​ရေ​ကျော်​​ဈေးဆိုမလိုက်​​တော့ဘူးတဲ့ မသွားချင်​ဘူးတဲ့ ကျန်​တဲ့သူ​တွေက​တော့ သွားမယ်​ဆိုတာချည်းပဲ
တွေ့မဲ့​တွေ့လည်းသူငယ်​ချင်း​တွေအကုန်​ဆုံချင်​တာကို အဲအချိန်​မှာ အ​မေကလည်း ​ရေ​ကျော်​​ဈေးကို လူငယ်​​တွေချည်း သွားမလို့လားတဲ့ မသွားနဲ့တဲ့ ရန်​ဖြစ်​တာ​တွေ ဘာ​တွေနဲ့ အန္တရာယ်​များတယ်​တဲ့
သွားချင်​ရင်​ ပြည်​သူ့ရင်​ပြင်​ပဲသွားတဲ့ အဲဒါနဲ့ပဲ သူတို့ကိုမလိုက်​ဖြစ်​​တော့ဘူးလို့ ​ပြောလိုက်​တယ်​ Screenshot_2018-03-15-17-21-50-926_com.facebook.katana.png
ဖြစ်​ချင်​​တော့ မိုးကလည်းရွာ​တော့ အ​ကြောင်းပြချက်​ရသွားတယ်​ မသွားဖြစ်​လိုက်​ဘူး
အဲလိုနဲ့ ​နောက်​မှ​တွေ့ကြမယ်​​ပေါ့ ​နောက်​မှဆိုတာကြီးက တကယ်​​တော့ မ​သေချာတာ ကြီးပါ 

နောက်​ပိုင်းကျ​တော့ ကျွန်​မကအစိုးရအလုပ်​ ​လေး​ခေါ်တာ​တွေ့လို့ ​လျှောက်​လွှာတင်​လိုက်​တယ်​ အဲဒီကစပြီးမအား​တော့တာ ပိတ်​ရက်​ဆိုရင်​လည်း သင်​တန်းကတတ်​ရ​သေး တန်​​ဆောင်​တိုင်​ ​ကျ​တော့လည်း ​နေပြည်​​တော်​သွား ပိတ်​ရက်​​လေးမှာနား​ပေါ့ ၁၂လပိုင်းပိတ်​ရက်​ကျ​တော့ ဘုရားဖူးဖို့ အ​ကြောင်းပါလာ​တော့ နှစ်​သစ်​ကူးပိတ်​ရက်​​လေးမှာ ဘုရားဖူးသွားခဲ့တယ်​ ပြန်​လာရင်​ လာ​တွေ့မယ်​​ပေါ့ ၄ရက်​​နေ့ကလွတ်​လပ်​​ရေး​နေ့ဆို​တော့
အဲလို​ပြောထားလိုက်​တယ်​ ဖြစ်​ချင်​​တော့ ဘုရားဖူးသွား​နေတုန်းဖုန်းကဝင်​လာတယ်​ ညီမ​ရေး​ဖြေ ​အောင်​တယ်​တဲ့ နှုတ်​​ဖြေ လာ​ဖြေဖို့ ၃ရက်​​နေ့မနက်​၉နာရီအ​ရောက်​တဲ့ အဲလိုလည်းကြား​ရော ဝမ်းလည်းသာတယ်​ ငါ​တော့တဆင့်​​အောင်​ပြီ​ပေါ့ စိတ်​လည်းညစ်​ခဲ့တယ်​ ဒီတခါလည်း ငါသွားမ​တွေ့နိုင်​​တော့ဘူး​ပေါ့ နှုတ်​​ဖြေအတွက်​လည်းစိတ်​ကပူမိတယ်
ကား​ပေါ်မှာပဲစာလည်းကြည့်​ ဘုရား​ရောက်​ရင်​ ဘုရားဆင်းဖူးလိုက်​နဲ့ နှုတ်​​ဖြေအတွက်​ ကြိုတင်​ပြင်​ဆင်​ခဲ့တယ်​ ဘုရားကားကလည်း၂ရက်​​နေ့မနက်​၃နာရီမှ ​ရောက်​တယ်​ မနက်​မိုးလင်း​တော့ အလုပ်​သွားတတ်​ ​နေ့လည်​ကျ​တော့ gate passယူပြီး ​နေပြည်​​တော်​သွားခဲ့တယ်​ ၃ရက်​​နေ့မှာ interview​ပေါ့ ခုံနံပါတ်​က​ရှေ့မှာဆို​တော့နေ့လည်​၂နာရီကားနဲ့ပြန်​မယ်​​ပေါ့ကံဆိုးချင်​​တော့ ခုံနံပါတ်​က ​နောက်​ကစ​ခေါ်​နေတယ်​ အဲမှာပဲ ​နေ့လည်​ကားလည်းမမှီပဲ ည​နေ၃နာရီမှ interview​ဖြေပြီးခဲ့တယ်​ ​နေပြည်​​တော်​မှာတစ်​ညထပ်​အိပ်​ပြီး မနက်​ ၇နာရီကားနဲ့ ပြန်​လာခဲ့တယ်​ အိမ်​​ရောက်​​တော့အိပ်​တာ​ပေါ့ အတိုးချပြီး
နောက်​​နေ့ကျ​တော့ သူငယ်​ချင်း​တွေ groupမှာထပ်​​ပြောကြတယ်​ ၃လပိုင်းပိတ်​ရက်​ ​တွေ့ကြမယ်​​ပေါ့ FB_IMG_1521110694150.jpg
အဲလိုကျ​တော့လည်းတစ်​​ယောက်​က ငါကပုသိမ်​သွားစရာရှိတယ်​တဲ့ အဲဒါနဲ့ ​နောက်​အပတ်​​တွေ့မယ်​​ပေါ့ FB_IMG_1521110694150.jpg]()အဲဒီအချိန်​မ​ရောက်​ခင်​မှာပဲ FDAကဖုန်းဆက်​တယ်​ ညီမ သင်​တန်းတတ်​ရမယ်​တဲ့ ​နေပြည်​​တော်​မှာ သူငယ်​ချင်း​တွေနဲ့လည်း​တွေ့ဖို့အချိန်​မရှိ​တော့ ဝန်​ထမ်းဖြစ်​ဖို့အ​ရေး လုပ်​စရာရှိတာ​တွေလုပ်​ပြီး ​နေပြည်​​တော်​ကို သငိတန်းတတ်​ဖို့​ရောက်​လာခဲ့တယ်​ ခုလည်းစဉ်းစားမိတယ်​ ၉နှစ်​​လောက်​​ဝေးကွာ​နေတဲ့ သူငယ်​ချင်း​တွေနဲ့​တွေ့ဖို့ ပိတ်​ရက်​​လေး​တွေကို ......
Writer by @yway
Photo credit by facebook photo
MSC-232

Sort:  

သူငယ်​ချင်း​တွေလားပြန်​ဆုံချင်​လိုက်​တာဗျာ...တစ်​​ယောက်​နဲ့တစ်​​ယောက်​မိုင်​​ပေါင်းများစွာ​ဝေးကွာ​နေကြတာ။

အင်းပြန်​ဆုံချင်​​နေတာ

5ting ကမ္ဘာကြီးကကျင်းကျင်းလေးပါ

အလုပ်သစ်မှာ ပျော်ရွှင်ပါစေ

ဟုတ်​​ကဲ့ဆရာ

သူငယ်​ချင်း​တွေဆုံရင်​​ပျော်​စရာကြီး​နေမယ်​....

ဆုံချင်​​နေတာ

အန်တီတို့တောင် ခုထိ မူလတန်းတုန်းက သူငယ်ချင်းတွေနဲ့ ဆုံပြီး လည်ကောင်းတုန်း ..

ဝိုးးမိုက်​တယ်

ဟုတ်တယ်ဗျာ အလုပ်တွေနဲ့ ဖြစ်သွားတော့ တစ်ခါတွေ့ဖို့တောင် တော်တော်ကြိုးစားနေရတယ်။

ဟုတ်​တယ်

သူငယ်ချင်းဆိုတာ ဘယ်တော့မှ မမေ့နိင်မဲ့ အမှတ်တရတွေပါ

ဟုတ်​တယ်

တွေ့ချင်တဲ့ စိတိလေးရှိရင် တစ်ရက်ရက် တွေ့ရမာပါ ညီမ😁 fighting

ဟုတ်​အမ

မဆုံသောလမ်း
မင်းပဲရွေးချယ်သွားပြီး
ကျန်နေသူက အရူးမီး
ဟေး လှည့်ကြညိ့ဦး

အဆို​တော်​ ဖြစ်​ ထိုက်​ ပါ​ပေ တယ်

‌ဇော်‌ပိုင်‌ သီချင်း ကိုမှ ဆိုရသလားကွာ။

😁😁😁

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63175.14
ETH 3047.55
USDT 1.00
SBD 3.63