ငယ်​ဘဝ အမှတ်​တ​လေးများ

in #myanmar6 years ago (edited)

၈တန်းနှစ်​ ပြီးတဲ့အချိန်​ ၉တန်း​ရောက်​ချိန်​ကစပြီး ကျွန်​မ ဟာ စာနဲ့ နပန်းသတ်​ခဲ့ရတဲ့ အချိန်​​တွေ ဖြစ်​လာခဲ့တယ်​ bioတွဲကို ယူပြီး စာ​တွေကျတ်​လိုက်​ရတာ မနည်းမ​နော ​တွေ
အရင်​ကစာသိပ်​မကျတ်​ခဲ့​တော့ များတယ်​ ထင်​ခဲ့ရတယ်​ အရွယ်​ကလည်း​ရောက်​လာ​တော့ စာမရလို့ အရိုက်​ခံရမှာ အဆင့်​ များမှာ စာ​မေးပွဲကျမှာ ကို ပို​ကြောက်​ခဲ့တယ်​ ကျွနိမ၉တန်းနှစ်​ကို​ရောက်​တဲ့အချိန်​မှာ ကျွန်​မတို့ ဒဂုံ က ​ကျောင်း​တွေက ​မနက်​နဲ့ ည​နေ နှစ်​ချိန်​​ကျောင်း​တွေ ၉တန်း​ရောက်​​တော့ ကျွန်​မက မနက်​ ၇နာရီက​နေ ၁၂ထိ မနက်​​ကျောင်းဖြစ်​သွားပြီး သူငယ်​ချင်းက ည​နေ​ကျောင်းဘက်​ဖြစ်​သွားတယ်​ FB_IMG_1520317088530.jpgအရင်​လိုသိပ်​မ​တွေ့ဖြစ်​ခဲ့ စာလည်းများလာ​တော့ နှစ်​ယော်က်​သား ပိတ်​ရက်​​လောက်​ပဲ ​တွေ့ဖြစ်​​တော့တယ်​ ​ဘေးအိမ်​ကအတန်းတူ သူငယ်​ချင်းနဲ့က​တော့ ​ကျောင်းမတူ​ပေမဲ့ ကျူရှင်​အတူတူတတ်​ဖြစ်​ခဲ့တယ်​ FB_IMG_1520317688244.jpg၉တန်း​အောင်​ပြီးချိန်​မှာ​တော့ ကျွန်​မ​ကျောင်း​ပြောင်းခဲ့တယ်​ ခု ရှစ်​မိုင်​နားက အထက၃ မရမ်းကုန်းကို အဲဒီ့မှာက အ​ဖေအလုပ်​နဲ့လည်းနီး အ​ဖေ့အမျိုးအိမ်​လည်းရှိ​တော့ အမျိုး​တွေကလည်း အပျိုကြီး အ​ဒေါ်​တွေဆို​တော့
စာပိုလုပ်​​အောင်​ အဲကို ပို့ခဲ့တယ်​လို့ ထင်​တယ်
အဲလိုနဲ့ ဒဂုံကသူငယ်​ချင်း​တွေနဲ့ ခွဲပြီး မရမ်းကုန်းမြို့ကို​ရောက်​လာခဲ့တယ်
မရမ်းကုန်း ၉မိုင်​က အ​ဒေါ်တို့အိမ်​ကို​ရောက်​​တော့
ကိုယ့်​အတွက်​က ​နေရာ အသစ်​ လူအသစ်​ ပတ်​ဝန်းကျင်​အသစ်​ နဲ့ ကြုံခဲ့ရတယ်​ အရင်​ကလို ခင်​ပြီးသား ​ပေါင်း​နေကြ သူငယ်​ချင်း​တွေ မဟုတ်​​တော့ ခုမှ မျက်​နှာချိုသွင်း ပြီး ​ပေါင်းရတယ်​ အ​ဒေါ်တို့အိမ်​​ရှေ့က သူငယ်​ချင်းနှစ်​​ယောက်​က က​လေး​တွေ
အကြီး​ကောင်​​လေးက ​ခြောက်​တန်းတတ်​မှာ အငယ်​မ​လေးက သုံးတန်း က​လေးနှစ်​​ယောက်​က ခင်​တတ်​ကြတယ်​ FB_IMG_1520320765590.jpgချစ်​ဖို့​ကောင်းတယ်​ ဒီလိုနဲ့ ​အောင်​စာရင်း​တွေထွက်​ပြီးတဲ့အခါမှ​တော့ ​ကျောင်းမဖွင့်​ခင်​ကျူရှင်​ ကြိုတတ်​ခဲ့တယ်​ ကျူရှင်​တတ်​​တော့ သူငယ်​ချင်းများရမလား ​ပေါ့ လာတတ်​တဲ့သူ​တွေက က​လေး​တွေ နှစ်​တန်း သုံးတန်း ငါးတန်း ကိုးတန်းက​တော့ ​ကောင်​မ​လေးသုံး​ယောက်​ သူတို့ကလည်း သူတို့အုပ်​စု​တွေနဲ့ ဆရာမက​တော့​ပြောရှာပါတယ်​ဆယ်​တန်း​ကျောင်းသားတစ်​​ယောက်​လာမယ်​တဲ့
ကိုယ်​လည်းသူငယ်​ချင်းအသစ်​တစ်​​ယောက်​ရပြီ​ပေါ့
အ​တွေးနဲ့တင်​​ပျော်​​နေမိတယ်​ ကျူရှင်​တတ်​တာ ဒုတိယ​နေ့လည်း သူက​ရောက်​မလာ​သေး
တတိယ​နေ့ကျမှ လာတတ်​တယ်​ FB_IMG_1520320477611.jpg​ယောက်ျား​လေးသူငယ်​ချင်းဖြစ်​​တော့ စလာကတည်းက သူကဂျစိကန်​ကန်​နဲ့ ဒဂုံကသူငယ်​ချင်း​တွေ​လောက်​​တော့
ခင်​လို့မရဘူး စာသင်​​တော့လည်း သူကစိတ်​သိပ်​မဝင်​စားဘူး ​ယောက်ျား​လေးဆို​တော့ ​ဘောပင်​လှည့်​လိုက်​ အရုပ်​​တွေဆွဲလိုက်​နဲ့ ဆရာမက အိမ်​စာ ​ပေးပြီး မနက်​ဖြန်​ ကျတ်​လာဖို့ စာ​မေးမယ်​​ပေါ့ ​ရေးြေုဖ​ဖြေရမယ်​တဲ့ အဲဒီ့မှာ စတာပဲ ကိုယ်​က​တော့ ကျတ်​လိုက်​ရတာ သူက​ဖြေနိုင်​ပြီး ကိုယိကမ​ဖြေနိုင်​ရင်​ အရှက်​ကွဲမယ်​​ပေါ့ ​အလွတ်​ဆိုကြည့်​ ​ရေးကျတ်​ ထပ်​ခါထပ်​ခါ စာလုံး​ပေါင်းကအစ ​ရေးကျတ်​လိုက်​ရတာ ကျူရှင်ကို​ရောက်​​တော့ ဆရာမ က အတန်းစုံသင်​​တော့ လက်​မလည်​ဘူး ဒါကိုသူက ​ကောင်း​ကောင်းသိပုံရတယ်​ အရင်​နှစ်​​တွေကတည်းက သူက ဆရာမ ဆီမှာ တတ်​​နေကျဆို​တော့ ဆရာမက လာပြီး ​ဖြေမယ်​တဲ့ ​ပြောပြီး ​မေးခွန်း​တွေ ​ရေးချ ​ပေးခဲ့တယ်​ ကိုယ်​က​တော့ စဉ်းစားတွက်​ချက်​ ​ရေး​ပေါ့ သူက​တော့ သာသာယာယာပဲ ကြည့်​လိုက်​​တော့
အထူးထုတ်​ ထဲက ကူး​ရေး​နေတာ ​ကောင်း​ကောင်းကြီး ​အော်​... ​တော်​​တော်​လည်းတရားကျပါတယ်​ FB_IMG_1520318590496.jpg
ကျတ်​လာတဲ့သူကအမှားပါနိုင်​​သေးတယ်​ သူကကူး​ရေး​နေ​တော့ ​အေး​ဆေးပဲ ပြီးရင်​ ကိုယ်​က​ပဲအမှတ်​ကနည်းအုံးမယ်​ အဲဒါနဲ့ စိတ်​ကမရ​တော့ဘူး ​မေးလိုက်​တယ်​ နင်​ ဘာ​တွေကူး​နေတာလဲလို့ သူကလည်းပြန်​​ဖြေတယ်​ ငါစာမကျတ်​ရ​သေးလို့ ကူးလိုက်​တာတဲ့ မ​ဖြေရင်​ ဆရာမက အိမ်​ကိုတိုင်​မှာဆိုးလို့တဲ့
သူ​ဖြေတဲ့ပုံစံက ကျူရှင်​​တောင်​စိတ်​ပါလို့တတ်​တာမဟုတ်​ အိမ်​ကထား​ပေးလို့တတ်​တဲ့သ​ဘော သူငယ်​ချင်းအရင်းကြီးမဟုတ်​​တော့လည်းမ​ပြောပြရဲဘူး
အမှန်​ဆို ဒီအရွယ်​​ရောက်​​နေပြီပဲ အသိတရားရှိရမှာ​လေ ဒီတနှစ်​​လေးကို ​သေ​သေချာချာ ကြိုးစားရမှာကို စလာကတည်းကခိုးချလို့်​ ကိုယ်​က​တော့ မှားတဲ့​နေရာ​တွေမှား အ​ဖြေလွှာ က သူက​တော့ အကုန်​မှန်​လို့ ဆရာမက​တော့ သူ့ကို​တော်​​တယ်​​ပေါ့
ကိုယ်​က​တော့ စကား​တွေများများမ​ပြော ချင်​လို့
ဘာမှကိုမ​ပြောပြခဲ့ဘူး ကိုယ်​ကိုယ်​တိုင်​ကအသိဆုံးပဲ​လေ ကိုယ်​ဘယ်​​လောက်​ရပြီး သူဘယ်​​လောက်​ရတယ်​ဆိုတာ အဲလိုနဲ့​​ကျောင်းမဖွင့်​ခင်​ တလကို စာ​တွေကျတ်​ရင်းမှတ်​ရင်း နဲ့ပဲကုန်​လွန်​လာခဲ့တယ်
ဆက်​ရန်​....
Photo credit- facebook photo
Writer by @yway
MSC-232

Sort:  

ဆက်​ပါဦးဗျာ​...ပြီ​တော့ သင့်​​တော်​သလို စာပိုဒ်​​လေး​တွေ ခွဲ​ရေးရင်​ ပို​ကောင်းတယ်​ အစ်​မ..။

ဟုတ်​ကဲ့​ကျေးဇူးတင်​ပါတယ်

စာကျက်​ရင်​ ​ရေးကျက်​တာအ​ကောင်းဆုံးဘဲ

အဲဒါမှမ ​မေ့ တာ

မိမိဘဝကို မိမိကိုယ်တိုင်ဖန်တီးရတာပဲလေ။Right!

ကျောင်းသား ဘဝကို ပြန်​တမ်းတ သတိရတယ်

ဒီလိုအ​ကြောင်း​လေး​တွေဖတ်​ရရင်​ ငယ်​သူငယ်​ချင်း​တွေကိုသတိရတယ်​ ခု​တော့တစ်​​နေရာစီ

Copy မကြိုက်တဲ့ ညီမငယ် steemit မှာလဲ copy မရှိတော့ကြိုက်တယ်မလားကွယ်😁

ငယ်​ဘဝ​ အမှတ်​တရ​တွေရင်​ဝယ်​ပိုက်​ကာ ​ရှေ့ဆက်​​လျှောက်​ပါ

ဇာတ်‌လမ်း‌လေး‌တွေ ‌ပြော‌တော့မယ်‌‌ပေါ့

ငယ်​ဘဝ​လေး😁😁😁

ကိုယ်တိုင်ကျက်တော့ကိုယ်တိုင်ရတာပေါ့ စာကြိုးစားတဲ့ညီမနောက်ဆုံးဆယ်တန်းနှစ်ခြင်းပေါက်အောင်တယ်မလို့လားဗျ

ဟုတ်​တယ်

ငယ်ဘဝ လေးတွေ တွေးရတာရင်ခုန်မိတယ်ဗျာ

ဟုတ်

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67363.69
ETH 3247.42
USDT 1.00
SBD 2.66