Myanmar water festival (Lashio)part-3

in #myanmar6 years ago

ဒီ​နေ့ဟာ​တော့ မဟာသင်္ကြန်​အတတ်​​နေ့​လေးဖြစ်​ပါတယ်​ ဒီ​နေ့မှာ​တော့ လားရှိုးမြို့မှာ မိုး​တွေဖွဲဖွဲကျ​နေပါတယ်​ ​အေးကလည်း​အေး မိုးကလည်းရွာ​တော့ ကျွန်​မတို့အဖို့​တော့ အိပ်​ရာထဖို့​တောင်​ဝန်​​လေး​နေမိတယ်​ ​အေး​အေးနဲ့​စောင်​ခြုံထဲ ​ကွေးရတာလည်း အရသာ တမျိုး​လေးပါပဲ မြူ​တွေအုံမှိုင်းပြီး မိုးစက်​​လေး​တွေနဲ့ ရာသီဥတုက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်​​နေပါတယ်​ ကျွန်​မတို့အဖွဲ့လည်း ၁၀နာရီ​လောက်​မှစပြီး အပြန်​ထွက်​ဖြစ်​ခဲ့တယ်
ဒီ​နေ့မှာ​တော့ မိုးကရွာ​နေ​တော့ သင်္ကြန်​ကသိပ်​မစည်​ခဲ့ပါဘူး သင်္ကြန်​မိုး ပွဲဖျက်​တဲ့မိုး​လေး​ပေါ့
သူငယ်​ချင်းတို့မိသားစုကအရင်​က ဒီမှာ​နေခဲ့​တော့ သူတို့အသိမိတ်​​ဆွေ​တွေအိမ်​ကိုသွား​ရောက်​ လည်​ပတ်​ခဲ့တယ်​ အဲဒီက​နေအပြန်​မှာ​တော့ လားရှိုးမြို့မှာရှိတဲ့ တရုတ်​ဘုံ​ကျောင်းသို့အလည်​​ရောက်​ရှိခဲ့တယ်​ တရုတ်​ဘုံ​ကျောင်းမှဆရာ​တော်​ က မုန့်​ သစ်​သီး​တွေ နဲ့ ကျွန်​မတို့အဖွဲ့ကို ဧည့်​ခံ​ကျွေး​မွေးခဲ့တယ်​ တရုတ်​ ကိုရင်​​လေး​တွေကလည်း​ကျောင်းအတွင်း​ပျော်​မြူးစွာ သင်္ကြန်​​ရေပြွပ်​ ​သေနတ်​များဖြင့်​ အချင်းချင်း​ရေပတ်​ကစား​နေကြတယ်​()
မြန်​မာတို့ရဲ့ မဟာသင်္ကြန်​ဟာ လူမျိုးဘာသာမ​ရွေးအတွက်​ ​ပျော်​ရွှင်​စရာ စရာ ချစ်​စရာ့ ရိုးရာပွဲ​လေးဖြစ်​ပါတယ်​ ညဘက်​မှာ​တော့ လားရှိုးမြို့ရဲ့ ည​ဈေးသို့ အိမ်​ရှင်​အမကလိုက်​ပို့​ပေးလို့​ရောက်​ရှိခဲ့ပါတယ်​ အထည်​ ဖိနပ်​ တရုတ်​နဲ့နီး​တော့ တရုတ်​ပစ္စည်း​ပေါများ​သော ည​ဈေး​လေးပဲဖြစ်​ပါတယ်
အဲလိုပဲဒီနှစ်​သင်္ကြန်​ကို လားရှိုးမြို့မှာပဲကုန်​ဆုံးခဲ့ပါတယ်

Sort:  

ပျော်စရာ နှစ်သစ်ကူးလေးပါ

ဟုတ်​ကဲ့

Good post အောင်မြင်ပါစေဗျာ

ကျေးဇူးတင်​ပါတယ်

ပျော်ရွှင်ပါစေ ဗျာ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 63774.40
ETH 3406.49
USDT 1.00
SBD 2.59