နောင်​တ

in #myanmar6 years ago (edited)

ကျွန်​မ သူ့ကို မြတ်​နိုးပါတယ်​ တန်​ဖိုးလည်းထားတယ်​ ကျွန်​မအတွက်​ သူက​တော့မရှိမဖြစ်​ သူကျွန်​မဘဝ ထဲကိုဝင်​လာဖို့ ကျွန်​မကိုယ်​တိုင်​ ​ရွေးချယ်​ခဲ့တဲ့ တာ ဆုံးဖြတ်​ခဲ့တာ ကျွန်​မရဲ့တ​နေ့တာ မှာ သူမပါတဲ့​နေ့ဆိုတာ မရှိခဲ့ဘူး မနက်​မိုးလင်းတာနဲ့ သူ့ကို ကြည့်​ဖြစ်​တယ်​ တ​နေ့လုံးလည်းကျွန်​မအနားမှာ သူရှိတယ်​ သူဆိုတာက ကျွန်​မရဲ့ phone​လေး​ပေါ့ ကျွန်​မသူ့ကို ဧပြီလက ဝယ်​ခဲ့တယ်
ကျွန်​မတို့ကို ဝန်​ထမ်း​တွေအတွက်​က​တော့ phoneတလုံးဝယ်​ပြီးရင်​ ၂နှစ်​​လောက်​က​တော့ အသာ​လေးကိုင်​ဖြစ်​ပါတယ်​ ခုလည်းကျွန်​မဒီphone​လေးကို ၂နှစ်​ ၃နှစ်​​လောက်​ကိုင်​မယ်​​ပေါ့ သူ့ကို မှန်​မကွဲ​လေးကပ်​​ပေးထားတယ်​ cover​လေးလည်း​ကောင်း​ကောင်း​လေး တပ်​​ပေးထားတယ်​ ​ရေရှည်​ အတွက်​ဆို​တော့ ကိုယ့်​လက်​ထဲမှာ သူမပျက်​စီး​အောင်​ သူ လှပ​အောင်​ ကျွန်​မပြင်​ဆင်​​ပေးခဲ့တယ်​ တ​နေ့မှာ​တော့ ကျွန်​မ မြို့ထဲကိုသွားဂန်​အ​ကြောင်း​ပေါ်လာတယ်​ မနက်​ မိုးလင်း​တော့ ​ရေချိုး မနက်​စာစားပြီး သူငယ်​ချင်းရဲ့ phoneအလာကို ​မျှော်​​နေမိတယ်​ မကြာပါဘူး
သူမက phoneဆက်​တယ်​ ထွက်​ခဲ့​တော့တဲ့ ကျွန်​မလည်းအိမ်​က​နေစပြီးထွက်​ခဲ့တယ်​ အဲအချိန်​ကစပြီး ကျွန်​မသူ့ကို ​မေ့​ပျောက်​ထားခဲ့တယ်​ ကားမှတ်​တိုင်​​ရောက်​​တော့ ကားစီးတယ်​ ကားကမကြပ်​ပါဘူး ကျွန်​မတို့သူငယ်​ချင်းနှစ်​​ယောက်​လည်းစကားတ​ပြော​ပြောနဲ့ ကားစီးလာတာ မှတ်​တိုင်​​ရောက်​​တော့ ဆင်းတယ်​ ကားလမ်းကူးတယ်​ ကျွန်​မတို့သွားမဲ့​နေရာကို ​ရောက်​မဲ့ကားကို ​စောင့်​​နေမိတယ်​ အဲအချိန်​ထိ သူ့ကို ကျွန်​မ အိတ်​ထဲက​နေ တချက်​ထုတ်​မကြညိ့မိခဲ့ဘူး အဲလိုနဲ့ ကားက​ရောက်​လာ​တော့ ကား​ပေါ်ကို တတ်​ခဲ့တာ အဝမှာတင်​လူကြပ်​ ပြီး ရပ်​​နေရတယ်​ ​နောက်​က​နေ လူနှစ်​​​ယောက်​​လောက်​တိုးပြီး ကျွန်​မရဲ့ပိုက်​ဆံအိတ်​လည်း အ​နောက်​​ရောက်​သွားတယ်​ အိတ်​က​ဘေးလွယ်​အိတ်​ဆို​တော့ လူတိုးတာနဲ့ လည်​သွားတယ်​​ပေါ့ အဲလိုပဲထင်​ခဲ့မိတယ်​ ကျွန်​မတို့တတ်​ပြီး ​ရှေ့မှတ်​တိုင်​မှာ လည်း ​ယောက်ျား​လေးနှစ်​​ယောက်​လား သုံး​ယောက်​လား ​သေချာ​တော့မသိ​တော့ဘူး သူတို့ဆင်းသွားကြတယ်​ အမှန်​​တော့ အဲလူတစုက ကျွန်​မတန်​ဖိုးထားရတဲ့ phone​လေးကို ခါးပိုက်​နှိုက်​သွားတဲ့သူ​တွေ လို့ထင်​မိတယ်​ ဘာလို့လဲဆို​တော့ သူတို့လည်းဆင်းအပြီး ကျွန်​မလည်း​ရှေ့မှာ​နေရာရသွားတယ်
ရှေ့ဆုံးမှာ​နေရာ ရတာဆို​တော့ ​အေး​ဆေးပဲ phone​ပျောက်​ဖို့လည်းမရှိဘူး ကား​ပေါ့အတတ်​​လေးမှာ ကျွန်​မကိုတိုးပြီး အိတ်​ကို နှိုက်​သွားတာလို့ထင်​မိတယ်​ ​နေရာရတဲ့အထိ ကျွန်​မမသိ​သေးဘူး phone​လေး​ပျောက်​သွားတာကို လှည်းတန်း​ရောက်​ခါနီးကျမှ သူငယ်​ချင်းက ငါ့ကို phoneတစ်​ call​ပေးဆက်​ဆိုမှ ကျွန်​မ အိတ်​ထဲကိုနှိုပ်​မိ​တော့သူမရှိ​တော့ဘူး ကျွန်​မလည်း လန့်​ဖျန့်​ပြီး ​သေချာအိတ်​ဖွင့်​ရှာမိတယ်​ လုံးဝကိုမရှိ​တော့တာ သွားပါပြီ
စိတ်​ကလုံးဝကိုကျသွားတာ ငါ့phone​လေး ဆိုပြီး
သူငယ်​ချင်းကို phone​တွေ​ခေါ်ခိုင်း ကား​ပေါ်မှာများပြုတ်​ကျသလား​ပေါ့ ​ဘေးကလူ​တွေကလည်း
ကူရှာ​ပေး ချက်​ချင်းဆိုသလို phoneက ​ခေါ်လို့မရ​တော့ဘူး အိမ်​ကိုphoneဆက်​ပြီး အိမ်​မှာများကျန်​ခဲ့မလားလို့ ရှာခိုင်း အိမ်​မှာလည်းရှိမ​နေပါဘူး စိတ်​ထဲမှာတနုတ်​နုတ်​နဲ့ ကိုယ်​သွားမဲ့​နေရာ​တောင်​ မ​ရောက်​​တော့ပဲ အိမ်​ပြန်​ဖြစ်​ခဲ့တယ်​ မယုံကြည်​နိုင်​ဘူး​လေ ခုလိုခန​လေးအတွင်းမှာ ​ပျောက်​သွားမယ်​​လေ အိမ်​​ရောက်​​တော့ တအိမ်​လုံး ​မွှေ​နှောက်​ရှာ phone​တွေ​ခေါ်ကြည့်​ မရ​တော့ဘူး
အဲဒီ​နေ့က တစ်​မနက်​​လေးပဲသူ့ကို အ​ရေးမစိုက်​ခဲ့တာပါ ခု​တော့ လုံးဝ​ပျောက်​ကွယ်​သွားခဲ့ပြီ ကျွန်​မသာ အဲ​နေ့မနက်​က သူ့ကို ကိုင်​ထားခဲ့လျှင်​ ဒါမှမဟုတ်​ ကိုယ်​​ရှေ့မှာပဲ ​သေချာထားခဲ့လျှင်​ ဒီလို ဖြစ်​မယ်​မထင်​ဘူး ခု​တော့ ​နောင်​တ​တွေရလို့
အဲဒါမို့လို့ ကိုယ်​တန်​ဖိုးထား ကိုယ်​မြတ်​နိုးတဲ့အရာ​တွေကို အမြဲတမ်း ဂရုစိုက်​ အ​လေးထားသင့်​ပါတယ်​ မရှိ​တော့တဲ့အခါမှ ​နောင်​တရမဲ့အတူတူ ရှိတုန်း​လေးမှာ တန်​ဖိုးထား သင့်​ပါတယ်​1517135975252.jpg
MSC-232
@yway

Sort:  

V %=100% $0.123 V n C done. @thiha/poe

အရမ်း​ကောင်းတယ်

အား​ပေး ​နေပါတယ်

ကျေးဇူးပါ

ညီမလေး ရေးထားတာ ကောင်းလိုက်တာကွယ်😁😁သဘောကျမိ

Thanks sis

ဆက်ရေး ညီမရေ

ဟုတိအကို

အား‌ပေး‌နေတယ်‌ညီမ

ဟုတ်​​ကျေးဇူးပါ

မဖြစ်ခင်ကလိုက်နာနိုင်ရင် နောင်တဆိုတာ ဘယ်တော့မှ ပေါ်မလာတော့ဘူးလေ

ဟုတ်​တယ်​ 😢😢😢

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67958.74
ETH 3273.25
USDT 1.00
SBD 2.65