အ​လောင်း​​တော်​​ကသဖအပြန်​ခရီးစဉ်

in #myanmar6 years ago (edited)

အ​လောင်း​တော်​ကသဖကအပြန်​ခရီးလမ်းမှာ​တော့
တောင်​ပတ်​လမ်း​တွေမှာ ​ဒေသခံက​လေး​တွေက ဘုရားဖူး ကား​တွေကို လက်​ပြ နှုတ်​ဆက်​နဲ့ ဘုရားဖူးကား​ပေါ် က ကိုယ်​​တွေ ဧည့်​သည်​​တွေကလည်း မုန့်​တို့ သကြားလုံး တို့ ပိုက်​ဆံတို့ ပစ်​ချ​ပေးနဲ့ ​ပျော်​စရာ ​ကောင်းလှပါတယ်​အလာတုန်းက ​မှောင်​​နေ​တော့ ​သေချာမမြင်​လိုက်​ရတဲ့ ​ချောင်း​လမ်းကိုဖြတ်​တာလည်း အပြန်​ခရီးလမ်းမှာ မြင်​​တွေ့ခဲ့ရပြီး FB_IMG_1518602998435.jpgအလှူ ခံမဏ္ဍပ်​ ​တွေကလည်း ကားကိုရပ်​​စေပြီး ​ဒေသခံမုန့်​​တွေ​ကျွေး ဘုရားဖူးဧည့်​သည်​​တွေကပြန်​လှူနဲ့ တ​နေရာပြီးတ​နေရာ မုန့်​မျိုးစုံလည်း စားရပါတယ်​ ဒီလိုနဲ့ ဘုရားဖူးကားကြီးဟာ ​ရွှေဘ​တောင်​သို့ ဆက်​လက်​ခရီးဆက်​​နေပါတယ်​FB_IMG_1518603238863.jpg
ရွှေဘ​တောင်​ကို​ရောက်​တဲ့အချိန်​မှာ ​တော့ ၁၂လပိုင်းဖြစ်​​ပေမဲ့ မိုးဖွဲ​လေး​တွေကျ​နေပါတယ်​ IMG_20171231_151456.jpgရာသီဥတုကအုံ့မှိုင်းမှိုင်းနဲ့ လွမ်းဆွတ်​ဖွယ်​​ကောင်းလှပါတယ်()​ရွှေဘ​တောင်​မှာ ​တော့ ဘုရား ​စေတီများနဲ့ ​ရှေးခတ်​ ဗိသုကာလက်​ရာများမှာလည်း ရင်​သပ်​ရှု​မောဖွယ်​​ကောင်းလှပါတယ်​ ​ဒေသခံအစားအစာများဖြစ်​တဲ့ တို့ဖူး​ခြောက်​​ကြော်​​တွေ ယိုဗူး​တွေဟာ ​ဈေးတန်​ လွန်းတယ်​ အဲဒီ​နောက်​မှာ​တော့ ​ဖိုလ်​ဝင်​တောင်​ကို ခရီးဆက်​ခဲ့တယ်​ ()ဖိုလ်​ဝင်​တောင်​ကို​ရောက်​​တော့ ​ဈေးသည်​ ​ကောင်​မ​လေးက "အမတို့​မျောက်​စာ​လေး​တွေ ဝယ်​ပါအုံး"တဲ့ ​တောင်​​ပေါ်မှာ ​မျောက်​​လေး​တွေ ရှိတယ်​တဲ့ ကျွန်​မတို့လည်း ​မျောက်​ စာ​ကျွေးမယ်​ဆိုပြီး ဝယ်​လိုက်​တာ​ပေါ့ ဖြစ်​ချင်​​တော့ ရာသီဥတုက မိုးရွာထား​တော့ ​တောင်​​ပေါ်မှာ ​မျောက်​​တွေကိုမ​တွေ့ဘူး
ကိုယ်​​တွေကလည်း ​မျောက်​စာ ဗန်း​တွေကိုင်​လို့
အဲက ​ဈေးသည်​အန်​တီကြီး​တွေကလည်း ​မျောက်​​တွေကို အသံ​ပေးပြီး​ခေါ်​ပေးပါတယ်​ ဒါ​ပေမဲ့ကို​ရွှေ​မျောက်​​တွေက မိုး​အေးလို့ထင်​တယ်​ ​ပေါ်မလာပါဘူး ကျွန်​မတို့လည်း ​မျောက်​စာ​တွေ ကို အဲမှာရှိတဲ့​ခွေး​လေး​တွေကိုပဲ​ကျွေးလိုက်​​တော့တယ်
ရှေး​ဟောင်းဘုရား ​စေတီများကိုဖူး​မြော်​ပြီး မုံရွာ သို့ ပြန်​ခဲ့ပါတယ်
တည်းခိုခန်းပြန်​​ရောက်​​တော့ ​ရေချိုး ပစ္စည်း​တွေ​နေရာချ နဲ့ ဝယ်​လာတဲ့ ပစ္စည်း​တွေတစုတစည်းထဲထည့်​ မနက်​အတွက်​ အဆင်​သင့်​ဖြစ်​ရန်​ ပြင်​ဆင်​ခဲ့တယ်​ ည၇နာရီအချိန်​မှာ​တော့ ညစာစားရန်​ လာ​ခေါ်လို့ သွားစားပြီး စား​သောက်​ပြီး လမ်းခန​လျှောက်​ဖြစ်​ခဲ့တယ်​ အဲအချိန်​တုန်းက တည်းတဲ့တည်းခိုခန်း​နောက်​လမ်းမှာ ည​ဈေးတန်း​လေးရှိတာနဲ့ လမ်း​လျှောက်​ရင်း ထန်းမြစ်​ ​ပြောင်းဖူး ပြုတ်​ တွန်းလှည်းသည်​​တွေ နဲ့ ည​ဈေးတန်းကလည်းစည်​ကား​နေတယ်​ အခန်းကိုပြန်​​ရောက်​တဲ့အချိန်​မှာ​တော့ ဘုရားဖူးကားရဲ့ ဧည့်​လမ်းညွှန်​​လေးက အမတို့ ဒီည new year ည​နော်​တဲ့ ၁၂တိတိကျ အားလုံးကို လိုက်​နှိုးပြီး ​အော်​ကြမယ်​တဲ့ ကိုယ်​​တွေအဖွဲ့က​တော့ ပင်​ပန်းလို့ နိုးမယ်​မထင်​ဘူး လို့​ပြောလိုက်​တယ်​ တ​နေ့လုံးကားစီးထားရ​တော့ အ​လောင်း​တော်​ကသဖကိုသွားတဲ့လမ်းကလည်းကြမ်း​တော့
လူက​တော်​​တော်​ကို ခရီးပန်း​နေပြီ ဘုရားဖူးမိတ်​​ဆွေ​တွေကလည်း လူကြီး​တွေများ​တော့ အားလုံးက ပင်​ပန်း​နေကြတယ်​ မထနိုင်​ဘူး​ပေါ့ အဲဒါနဲ့ပဲ ဘုရားဖူးကားရဲ့ လမ်းညွှန်​​ကောင်​​လေးလည်း အဲဒါဆို မနက်​စာ breakfastကို​တော့ ကြာဇံ​ကြော်​နဲ့ အ​အေး​ပေးမယ်​လို့ ​ပြောပြီး အစီအစဉ်​ပြောင်းလိုက်​ရတယ်​ ဟုတ်​ပါတယ်​ တကယ်​လည်း ကျွန်​မတို့အဖွဲ့သား​တွေ ည၁၂နာရီကိုဘယ်​လို ကုန်​သွားမှန်းကိုမသိပါ မနက်​ ၄နာရီမှသာနိုးပါတယ်​ ညကဆူညံ့​နေတာပဲတဲ့ အမတို့ကြားလားတဲ့ တည်းခိုခန်းက ​ကောင်​​လေး​တွေက ​ပြောပါတယ်​ ကျွန်​မတို့လည်းခရီးပင်​ပန်းတာနဲ့ တချိုးတည်းအိပ်​​ပျော်​သွားတယ်​လို့ မသိလိုက်​ဘူးလို့ ပြန်​​ပြောလိုက်​တယ်
နှစ်​စဉ်​နှစ်​တိုင်း new yearညဆို အိပ်​​ပျော်​ရင်​​တောင်​​အော်​သံကြားရင်​ တ​ရေးနိုးတတ်​တဲ့ ကျွန်​မဟာ ဒီနှစ်​ happy new yearမှာ​တော့ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​ပြီး ဘာမှကိုမသိလိုက်​ပါဘူးမနက်​ကျရင်​လည်းစစ်​ကိုင်းကိုခရီးဆက်​ရအုံးမယ်​မနက်၎နာရီထအထုတ်​အပိုးပြင်​ပြီး ကျွန်​မတို့ဘုရားဖူးကားကြီးဟာ လူစုပြီး breakfastစားပြီး​နောက်​ စစ်​ကိုင်းသို့ စတင်​ထွက်​ခဲ့တယ်​ ဆက်​ရန်
Photo credit by facebook image
MSC-232
Writer by @yway

Sort:  

v100%$0.07v n c done.

အရေးအသားGood တယ်

ဘေးနားက ညီမလေးလည်း Gooတယ်

ပြော​ပေးမယ်​​လေ

ဘေးနားက သူဆိုတာ
ရွေး ကိုပြောတာ

ဟီး

သွားချင်​တယ်

ပိတ်​ရက်​ကျသွား

ပျော်စရာကောင်းတဲ့ခရီးစဉ်လေးပါ။Good post!

ရောက်ဖူးချင်တယ် ..
Upvote!

ရောက်​မှာပါ

ငယ်ငယ်တုန်းကတော့ရောက်ဖူးတယ်ဗျ
အခုကသွာ့းလို တော်တော်အဆင်ပြေနေပြီ

အပြန်ဝင်ခဲ့ပါဆို ဘါလို့မဝင်တာလဲ

ကျေးဇူးတင်​ပါတယ်

မျောက်​က​လေး​တွေ မ​တွေ့ခဲ့ရဘူး​ပေါ့...။

ခေဲ့ဘူး

နောက်ခါလာရင် မမ လိုက်ပို့မေ😁😁လာခက်အုံး

ဟုတ်​မ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67958.74
ETH 3273.25
USDT 1.00
SBD 2.65