အ​လောင်း​တော်​ကဿ ဖဘုရားဖူးခရီးစဉ်​​လေး

in #myanmar6 years ago (edited)

ကျွန်​မတို့ ဘုရားဖူးအဖွဲ့ဟာမုံရွာမြို့က တည်းခိုခန်းမှာ အိပ်​စက်​အနားယူပြီး မနက်​ ၁နာရီခွဲအချိန်​မှာ ​တော့ အ​လောင်း​တော်​က ဿ ဖ သို့ သွား​ရောက်​ရန်​ လူ​တွေစု​ဝေး​နေပါတယ်​ လူစုံတာနဲ့ ဘုရားဖူး ဧည့်​လမ်းညွှန်​​လေးက ​ပြောပါတယ်​ "ဟုတ်​ကဲ့ အားလုံး လူစုံကြပြီလားဗျ လူစုံရင်​ ကျွန်​​တော်​တို့​တွေ အ​လောင်း​တော်​က ဿ ဖကို သွားဖို့ အသင့်​ဖြစ်​ပြီ​ပေါ့​နော်​"အဲလို​ပြောပါတယ်​ ပြီး​တော့ သူက"ကျွန်​​တော်​တို့ ဘုရားဖူးအဖွဲ့သားများကို အ​လောင်း​တော်​ က ဿ ဖသွားရန်​ ဘုရားဖူးကား သီးသန့်​နဲ့သွားရမှာဖြစ်​ပါတယ်​ ကျွန်​​တော်​တို့ကားကြီးဖြင့်​ သွားရမှာ မဟုတ်​ ဘဲ ဒီက ​နေ အ​လောင်း​တော်​ က ဿ ဖသွားသည့်​ ဘုရားဖူး ကား နှစ်​စီးက လာ​ခေါ်မှာ ဖြစ်​ပါတယ်​ ခရီးလမ်းကလည်း ​တော​တောင်​လမ်း​တွေဖြစ်​လို့ ခရီးလမ်းကြမ်းမယ်​ နည်းနည်း​တော့ သည်းခံပြီး စီး​ပေးကြပါ​နော်​"​ပြောတယ်​ အဲလိုနဲ့ မကြာခင်​မှာ ကား​တွေ​ရောက်​လာပါ​တော့တယ်​FB_IMG_1518350898939.jpg
ကျွန်​မတို့အဖွဲ့သားများဟာလည်းကား​ပေါ်တတ်​ကြပြီး လူပြည့်​တာနဲ့ကားကြီးကစတင်​ထွက်​ခွာလာခဲ့တယ်​ သိပ်​မကြာခင်​မှာ​တော့ကားဂိတ်​ကို​ရောက်​ပြီး အဲဒီမှာ ကား​တွေ ကန်​​တော့ပွဲ​ပေးတာကို ​တွေ့လိုက်​ရတယ်​ ​တော​တောင်​ထဲကို ​မောင်းရမှာ ဆို​တော့ အမှားအယွင်း အတိမ်းအ​စောင်းမရှိ ​စေရန်​ ​တော​စောင့်​နတ်​ ​တောင်​​စောင့်​နတ်​​တွေ ကို ကန်​​တော့ပွဲ ​ပေးတယ်​လို့ ထင်​မိတယ်​ အဲဒီ အ​လောင်း​တော်​က ဿ ဖဘုရားကိုမနက်​သွားမည်​ဆိုရင်
ညကတည်းက ဘုရား ဖူး ဧည့်​လမ်းညွှန်​​လေးက အားလုံးကို အနက်​ဝမ်းဆက်​ အစိမ်းဝမ်းဆက်​ အနီ ဝမ်းဆက်​​တွေမဝတ်​သွားပါနဲ့တဲ့ တခုခုအမှားအယွင်းဖြစ်​မှာဆိုးလို့သူက​တော့ သတိ​ပေးပါတယ်
ကျွန်​မတို့ ဘုရားဖူးယာဉ်​များဟာ တန်းစီ ​မောင်းနှင်​လျက်​အ​လောင်း​တော်​က ဿ ဖသို့ ထွက်​ခွာလာခဲ့ာပါတယ်​ မုံရွာက​နေ အ​လောင်း​တော်​ကသဖကို မိုင်​ ၄၀မိုင်​​ဝေးတယ်​လို့သိရပါတယ်​ ပထမပိုင်း​တော့ လမ်းကဖြူး​နေ​ပေမဲ့ ​နောက်​ပိုင်းမှာ လမ်းကကြမ်း​တော့ ကားကခုန်​ ဖုန်​လုံးကြီးကဝင်​လာ လူကလည်းအိပ်​ငိုက်​ နဲ့ အဆင်​ကို​ပြေ​နေ​တော့တာပဲ အဲလိုနဲ့​မောင်းလာလိုက်​တာ ​တောင်​​ခြေကို​ရောက်​ရှိလာပါတယ်​ အဲမှာပဲ မနက်​စာ စားဖို့ ခရီးတ​ထောက်​နားခဲ့ကြတယ်​ မနက်​စာစားအ​ပေါ့အပါး သွားအပြီးမှာ​တော့ ခရီးဆက်​ခဲ့ကြတယ်​။တောင်​​ခြေက​နေ အ​လောင်း​တော်​ကသဖထိကို ​တောင်​၃၃​တောင်​ကိုဖြတ်​ မိုင်​ ၂၁မိုင်​ ဆက်​ပြီးခရီးနှင်​ခဲ့ကြတယ်​ လမ်းအနိမ့်​အမြင့်​​တွေ အ​ကွေ့အဝိုက်​​တွေ ကြား ​ချောင်း​တွေပါ ဖြတ်​သန်းပြီး မြိုင်​ကြီး စိမ့်​ကြီး ​တောကြီးထဲသို့ ဖြတ်​သန်း ခရီးနှင်​ခဲ့ကြတယ်
မနက်​ ၅နာရီခွဲ ​ကျော်​​လောက်​မှာ​တော့ ​ရောက်​ရှိခဲ့တယ်
အဲ က​နေတဆင့်​ ဆင်​စီးသွားရင်​ ဖြစ်​ဖြစ်​ လမ်း​လျှောက်​သွားဖြင့်​ ဖြစ်​ဖြစ်​ ဆက်​လက်​၍ သွားရအုံးမည်​ဖြစ်​သညိ။မနက်​ ​ဝေလီ​ဝေလင်းဆို​တော့ ဆင်​​တွေကလည်းမရှိ​သေး အဲဒါနဲ့ပဲ ကုန်း​ကြောင်းခရီးဆက်​ခဲ့တယ်​ အထဲကို၁မိုင်​ လမ်း​လျှောက်​ရမယ်​တဲ့ လမ်းတ​လျှောက်​ လမ်း​မြေညှိ​ပေးတဲ့ အဘ​တွေ တံမြတ်​စည်းလှည်း​ပေးတဲ့ ဦး​လေး​တွေ လမ်းပြုပြင်​​ပေးတဲ့ ဦး​လေး​တွေ ဟာ ​စေတနာပါပါ လုပ်​ကိုင်​​နေပါတယ်​ သူတို့လည်းတတ်​နိုင်​သ​လောက်​​လေး ကိုယ်​​တွေဘုရားဖူး ​တွေအတွက်​ အကျိုးပြုသလို ဘုရားဖူး ခရီးသွားများကလည်းပြန်​လည်​လှူဒါန်း ​ပေးကမ်းကြပါတယ်​ မြန်​မာတို့ရဲ့ ချစ်​စရာ့ ဓ​လေ့တခု​ပေါ့ အလှူအတမ်း​ပေးကမ်းရက်​​ရောတာ​လေးက မိနစ်​၃၀​လောက်​လမ်း​လျှောက်​အပြီးမှာ​တော့ အ​လောင်း​တော်​ကဿ ဖ စံ​ကျောင်း​တော်​ရာသို့ ​ရောက်​ရှိခဲ့တယ်​။IMG_20171231_071119.jpg
ဘုရားဝတ်​ပြု ​ရွှေသင်္ကန်းကပ်​နဲ့ ဘုရားဖူး လူများနဲ့ ပြည့်​လျံ​နေပါတယ်​။!FB_IMG_1518350890780.jpg
ကျောက်​တံခါးရှိတဲ့ ​အောက်​ဘက်​ ဂူဝကိုဆက်​သွားခဲ့တယ်​ ​လှေကားလမ်းကကျဉ်းလို့ အတတ်​နဲ့အဆင်း လက်​တန်းလျား​လေးနဲ့ကာထားတယ်​ အန္တရာယ်​လည်းမရှိ​တော့ဘူး​ပေါ့ လက်​တန်းလျား​လေးကိုကိုင်​ဆင်း​တော့ ​ကျောက်​တံခါးဝမှာ​တော့ ဆီမီးအ​မွှေးတိုင်​ ထွန်းညှိပူ​ဇော်​လို့()​ ကျွန်​မတို့သွားတဲ့အချိန်​မှာ​တော့ ​ကျောက်​တံခါးပွင့်​တာကိုမ​တွေ့ခဲ့ရပါဘူး ​ကျောက်​တံခါးကတစ်​နှစ်​မှတစ်​ခါ လပြည့်​​နေ့မှ ပွင့်​တယ်​လို့​တော့ ကြားဖူးပါတယ်​ ​နောက်​တစ်​​နေရာက​တော့ သစ္စာ​ရေတွင်းလို့​ခေါ်တဲ့ ​ရေတွင်း​လေးပါပဲ သူတို့​ပြောပြချက်​အရ​တော့ အဇာတသတ်​မင်း သစ္စာဆိုပြီးလှံ​ထောက်တဲ့​နေ​ရာက ​ရေထွက်​တာတဲ့ အဲ​ရေကို ​သောက်​ရင်​ အန္တရာယ်​ကင်းတယ်​ ကားမူး​ပြေတယ်​ လို့​ပြောကြပါတယ်​ အဲဒါနဲ့ကျွန်​မတို့လည်း ​ဈေးသည်​ ကြီးဆီက ​ရေဗူးခွံ​လေးဝယ်​ပြီး သစ္စာ​ရေတွင်းမှ ​ရေကို ခပ်​ယူခဲ့ပါတယ်​ အပြန်​လမ်းမှာ​တော့ ဆင်​ကြီးနဲ့ဓာတ်​ပုံရိုက်​ ​တော​တောင်​သဘာဝ ရှုခင်း​တွေကို ကြည့်​ရင်း ဓာတ်​ပုံရိုက်​ရင်း ပြန်​လာခဲ့ပါတယ်​။IMG_20171231_073612.jpg
ဘုရားကားရဲ့ ​နေ့လည်​စာအ​ကျွေးအ​မွေးကို စားသုံးပြီး ကျန်​​သေး​သော မဖူးရ​သေး​သော ​နေရာများသို့ ခရီးဆက်​ခဲ့ပါတယ်​။ ဆက်​ရန်
Photo credit by facebook image
MSC 232
@yway

Sort:  

ဒီလကုန်ရင်သွားမှာပါ။လိုက်အုံးမလားခင်ဗျ။

လိုက်​​တော့ပါဘူး ဘုရားပိုဖူးခဲ့

အရမ်းသွားခြင်းတယ်

ရောက်​ မှာ ပါ

ဖတ်ရှုခံစားဖြစ်ပေါ်စိတ်ဟာ ရောက်ချင်မိသည်
စိတ်ဆန္ဒသည် မုံရွာမြို့နှင့် ကသာပဘုရားထံသို့သာ
တောင်ပေါ်သားကျွန်နော် မြင်တွေ့မိတဲ့ ဓါတ်ပုံလေးအတွက်
ကျေးဇူးများစွာတင်မိပါသည်………သူရ

ဟုတ်​ကဲ့ပါ

ကျေးဇူးတင်ပါတယ်

ဗဟုသုတ ရတယ်

ကျေးဇူးပါ မမ။

အင်း

အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်ဗျ

အင်မတန် အေးလျမ်းသာယာတဲ့နေရာလေးတစ်ခုပါဘဲ ဘယ်နှခေါက်လဲမမှတ်မိဘူး ရောက်ဘူးတယ် ဒါပေမယ့်အမြဲသွားချင်နေတုန်းဘဲ

အလောင်းတော်ကဿ ပကိုမရောက်ဖူးဘူး ။

နောက်​ ပိတ်​ရက်​​တွေကျ ရင်​သွား​ပျော်​ ဖို့ ​ကောင်းတယ်

ငယ်ငယ်တုန်းကတော့ ရောက်ဘူးတယ်ဗျ

ပျော်​ ဖို့ ​​ကောင်းတယ်​မလား

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67363.69
ETH 3247.42
USDT 1.00
SBD 2.66