ပြန်​ပါ​ရွှေဟင်္သာရယ်​ အမြန်​ပျံပါ

in #myanmar6 years ago

"ပြန်​ပါ​ရွှေဟင်္သာရယ်​၊အမြန်​ပျံပါ"


ရင်​ခုံစရာအိပ်​မက်​​တွေ ​ပေလမ်းမထက်​မှာ ကျြဲပန်​​နေ​ပေမဲ့း၊​ ပေလမ်းမက​တော့အရည်​​ပျော်​ကျလို့
ပုံပြက်​ပန်းပြက်​အေးခဲလို​နေ​လေရဲ့ ။မှောင်​မိုက်​တဲ့
လကွယ်​ညရဲ့သန်းကာင်​ယံအချိန်​ ကိုယ့်​အတွက်
အလင်းများ​ပေးမဲ့လမင်း​လေးတစင်း
မီးအိမ်​ကိုဆွဲလို့အလည်​​ရောက်​လာတာ
ကြယ်​​ကြွေချိန်​တုန်းက​တောင်းတဲ့ဆု
အခုမှလာပြီး ပြည့်​​နေသလားကွယ်​ ။

အရွယ်​လွန်​​ရွေ့လျှား လို့
ကိုယ့်​နှစ်​လုံးသား​လေးအနယ်​ထိုင်​ချိန်​မှာ
မင်း​လေးတ​ယောက်​ ​ရောက်​လို့လာတာ
ဝမ်းသာရမှာလား ​သြော်​..ဝမ်းနဲရမှာလား....။

Yulia-Brodaskaya21.png

https://goo.gl/images/fX1DPC

သနပ်​ခါးကိုဘယ်​ညာလူး ဆံထုံး​နဲ့​ယောင်​နဲ့
ရင်​ဖုန်းအိင်္ကျီ​လေးနဲ့။ ငါ့ဘဝရဲ့ပရိုဂရမ်​ကို လာကိုက်​ခဲ့ဘူးတယ်​။
ကိုက်​ခဲ့တဲ့အနာ ကျက်​တာမှမကြာ​သေး စကတ်​တိုတို ရင်​ဖိုဖိုနဲ့ ဗိုင်းရပ်​ပျိုတ​ကောင်​ကလည်းငါ့ပရိုဂရမ်​ကို​နောက်​ထပ်​လာကိုက်​ပြန်​တယ်​။
တော်​ပြီ...တော်​ပြီ ..ဆိုပြီး
ငါ့ဦး​နှောက်​ကို​ဖောမစ်​ချ ငါ့ဘဝအတွက်​ပရိုဂရမ်​ကို ငါကိုယ်​တိုင်​ပြန်​​ရေးလိုက်​တယ်​။ပုဇွန်​ဆိပ်​​လေးဘယ်​လိုငယ်​၊ ပင်​လယ်​ကူးတပ်​တယ်​ဆိုတာလဲ၊ ငါ.. စပါယ်​ရှယ်​ယုံလိုက်​မိတယ်​၊ ငါ့ဘဝရဲအချိန်​​တွေလဲ မြစ်​ကြီးတခုထဲမှာ ​အေး​အေး​ဆေး​ဆေးစီး​မျှောလို့လာခဲ့တယ်

8b.jpg

https://goo.gl/images/bQy9Cu

ငါ့ဘဝအတွက်​ ငါ့တက်​ရမဲ့​လှေခါးငါ့​ဘေးနားမှာ​ချထားလို့ ဂီမ်းစက်​ထဲကဇာတ်​​ကောင်​အလား ငါ့ကိုယ်​ငါ ထင်​မှတ်​မှားကာ ငါ့ဘဝရဲ့အချိန်​​တွေလဲ ဂိမ်းစက်​ကြီးကဘဲ စားသွားခဲ့တယ်​။
ငါ့ဘဝအတွက်​ ငါတက်​ရမဲ့​လှေခါး ငါ့ဖင်​​အောက်​မှာခုထားလို့ အနီးအနားက​လေ​တွေစု ကျွတ်​ကျွတ်​အိပ်​ထဲထည့်​ပြီး လ္ဘက်​ရည်​ဆိုင်​ထိုင်​ကာ အပြိုင်​ထု​နေလိုက်​မိတယ်​။
ဒီလို ဒီိလိုနဲ့ သက်​သီးကိုလက်​ထဲ​ကြွေအကျ အသာ​လေးထိုင်​ပြီး​စောင့်​စား​နေလိုက်​တာ ငါ့ရဲ့နှစ်​လုံးသား​လေးလည်း ​လေးလံပြီးအိပ်​ငိုက်​​နေတယ်​၊
နှစ်​ကိုလစား လကိုရက်​စား နာရီ​တွေအရည်​​ပျော်​ကျသွား​တော့ ငါ့ရဲ့​လှေခါးလဲ​ဆွေးသွာပြီး အရွယ်​​တွေလွန်အချိန်တွေရွေလျှားငါ့ရဲ့အချစ်တွေလဲအိုသွားခဲတယ်​ ဘဝရဲ့အဓိပ္ပာယ်​ဘာဆိုတာလဲ ငါသိလိုက်​တယ်

Modern-Art-and-Modernism--tojpeg_1486562792103_x2.jpg

https://goo.gl/images/onCnmD

တောင်​ထိပ်​မှာကြာစိုက်​ဖို့ အင်​နဲ့အားနဲ့ ​ရောက်​​လာတဲ့မိန်​ခ​လေရယ်​.....၊
ကောင်​ကင်​​ပေါ်ကဓူဝံကြယ်​၊​လှေခါး​ထောင်​​ပေးရင်​​တောင်​၊ မခူးနိုင်​​တော့တဲ့ ဒီလူ့ရင်​ခွင်​မှာ မင်းမ​​ပျော်​ပါနဲ့လား........
ရွှေချလို့လှမလာ​တော့တဲ့၊ ဒီသစ်​ငုပ်​တိုကို​ကျောခိုင်း
အ​နောက်​ဖက်​အရပ်​စူးစူးဆီက
မင့်အဖော်တွေရှိတဲ့တောညို့မှိုင်းမှိုင်းဆီမင်းသွားလိုက်​ပါ။
ရွေသမင်​​တွေအလွန်​​ပေါတဲ့ ဘုံတလာ​ရေတံခွန်​​တောဖက်​မှာ မင့်​ဘဝအတွက်​ ​ရေကန်​အသင့်​ ကြာအသင့်​ ရဲတိုက်​ကြီးကလဲအရန်​သင့်​မို့ ရင်​နင့်​နင့်​နဲ့ ငါ...လမ်းညွှန်​လိုက်​မယ်​။ ​အော်​.....ဒါနဲ့စကားမစပ်​..၊ငါ့အတွက်​မင်းပြန်​လာခဲ့ရင်​ အချိန်​ကို ​နောက်​ပြန်​ဆွဲလို့ရတဲ့ မှော်နာရီလေးတလုံးလောက်တော့.....
လက်ဆောင်ယူပေးခဲ့ပါ့လားမိန်းခ​လေးရယ်​.........

images (21).jpeg
https://goo.gl/images/PvVH7P

Post writer=@yuzana(shineshine)
MSC=146

Sort:  

‌မော်‌ဒန်‌လား ဦးယု။‌ရေတံခွန်‌ က‌ရေ‌တွေ စီး ကျသလို စကားလုံး‌တွေက တ‌ဝေါ‌ဝေါ ထွက်‌ကျလာတာဘဲ‌နော်‌။

စိတ်​ကူး​ပေါ်လာရင်​ ဒီအတိုင်းဘဲ
မ​ပေါ်လို့က​တော့ ညစ်​ထုပ်​လဲမရဘူး​မောင်​​ရေ့

Wow...​စကားလုံး​တွေက​ပြောင်​​မြောက်​လိုက်​တာ....​good

Good တယ်​ဆိုလို့ ​ကျေးဇူးကမ္ဘာပါ

သီချင်းထဲက မဟင်္သာကတော့ ပြင်ဦးလွင်မှာ ပညာရေးမှူးဖြစ်နေပြီဗျ...။ ဦးဦးယု စကားလုံးတွေ အရမ်းမိုက်..။

လမ်းကြုံရင်​ ​ပြောစမ်းပါဟယ်
ဓူဝံကြယ်​ခူးရုံတင်​ ​မက​တော့ဘူးလို့
ပုဇင်း ဖင်​ကြားညှပ်​စီးပြီး အင်္ဂါ ဂြိုလ်​ကို​နေ ခြင်း​ပေါက်​သွားနိုင်​ပြီလို့
အဟပ်​....အဟပ်

ဒီဝတ္ထုတို လေးထဲက ကောင်မလေးကို ခေါ်ကြီး ရဲတိုက်ကြီးမှာ အတူ စံမြန်းမယ်ဗျာ

ကို ကို စိတ်​ကူးယဉ်​......
အဆီအ​ငေါ်​တွေ မတည့်​နိုင်​....
တော်​ပြီ ဆို​တော့ဘူး

အစ်ကိုယုရေ မော်ဒန်လား။ရောသမမွှေလား။ဘာပဲဖြစ်ဖြစ် အဲဒီလိုရေးတော့လည်း ဟိုလိုလို ဒီလိုလို နဲ့ ဘာများလဲဆိုပြီး စာဖတ်သူကို ဆွဲဆောင်ထားတာ ဖတ်လို့တော့ အဆင်ပြေတယ်ဗျ။

ဟို လို လို ဒီ လို လို
စားလုံး​ရေပြည့်​ တပုဒ်​ရ ...ဟိ.

ရို့ ရို့..ခင်မောင်..ခင်မောင်...လန်းတေဟေ့😊😊

ယို့ ယို့ ...
အာ ဟာ့ ...အာ ဟာ့...

အဲ့လို အနုအရွ မော်ဒန်လေးတွေ ခံစားတတ်ချင်နေတာ ဒါပေမဲ့လည်း အသက်ထက် ပိုပြီးရင့်ကျက်နေရတာမို့  ဘဘယုရေးတာပဲ အားပေးရတော့မယ်

တပည့်​​တော်​လဲ ရင်​ထဲ ​ပေါ့သွား​အောင်
ပေါက်​ကွဲကြည့်​တာပါဘုရာ့
နောက်​ ပညာ​ပေး​လေး​တွေဘဲ​ရေးပါ​တော့မယ်​ဘုရာ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ပြန်ချင်ပါဘူး ဟင်္သာရယ် ~~~ အဟက်

ယို့ ..ယို့..
အာ့...ဟာ ၊ အာ့...ဟာ..

ရွှေဟင်္သာကတော့မရှိတော့ပါဘူး ဘဲစုတ်လေးတွေတော့ ကျန်သေးတယ် မှော်နာရီကတော့ ရန်ကုန်ကမှော်ကျောင်းသွားယူရင်ရလောက်တယ်

အ ဟပ်​ အ ဟ၊ပ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63643.10
ETH 2582.85
USDT 1.00
SBD 2.75