
in #myanmar6 years ago (edited)

ပျက်​စီးလာ​သောသဘာဝပတ်​ဝန်းကျင်​"(အပိုင်း-၁)


ပုဂံgathering ပြီးကတည်းက အလုပ်​ကိုမယ်​မယ်​ရရမလုပ်​တော့ဘူးဗျာ ၊ မလုပ်​ရဆိုသင်္ကြန်​ပြီးကတဲရွာလိုက်​တဲ့မိုး တလထက်​တလပိုပိုဆိုးလာသလား​အောက်​မေ့ရတယ်​၊မင့်​ဟာက မင့်​အလုပ်​ကမိုးရွာထဲလုပ်​ရတာလား​မေးစရာရှိပါတယ်၊မိုရွာထဲ​တော့ဘယ်​ဟုပ်​မလဲဗျာ ဒါ​ပေမဲ့မိုးကရက်​ရှည်​စွေ​တော့ လျှပ်​စစ်​ကိုကိုင်​ရတာအန္တရယ်​များတယ်​၊​၊ပတ်​ဝမ်းကျင်​က စိုထိုင်းဆ​တွေများပြီး မီးပလပ်​ထိုးလိုက်​တာနဲ့လက်​မှာကျင်​ကနဲကျင်​ကနဲခံစားရတယ်​၊မီး​ကြွေးထားတဲ့စက်​ပြာ​တွေကိုင်​ရမှာ ဒီလိုဆို​တော့ စက်​ပြင်​ရတာဘယ်​အာယုံရပါ့မလဲ၊

Screenshot_20180831_142752.png

https://goo.gl/images/CNpknx

စက်​ပြင်​သမားကပြင်​နေတဲ့အချိန်​စိတ်​ညိမ်​မှ​ဗျ နိုမိုဆို မဖြစ်​သင့်​တာ​တွေဖြစ်​မ​လောင်​သင့်​တာ​တွေ​လောင်​ကုန်​တော့တာ၊ ခုလဲ​နေပွင့်​လောက်​တယ်​ဆိုပြီး ရှိတဲ့အဝတ်​က​လေး​လျှော်​အပြင်​မှာလှမ်းပြီးညီတ​ယောက်​ရဲ့တိုက်​ခန်းဆီထွက်​လာတာ လမ်းခုလပ်​လဲ​ရောက်​ရော့
သွားပြီ သွားပြီ ဆိုင်းလဲမဆင့်​ဗုံလဲမဆင့်​မထစ်​ချုန်​ဘဲ ဗြုန်းဆိုရွာလိုက်​တဲ့ရန်​ကုန်​မိုး​ကြောင့်​ရှိစုမဲ့စုအဝတ်​အစား ရှော်​လို့
ဖွတ်​ထားတာ​ခြောက်​ခါနီးမှ ဒီမိုးကပြန်​ရှော်​ပေး​နေတယ်​၊၊ ဒီမိုးကိုကျွန်​တော်​မုန်းတယ်​ဗျာ တခါတ​လေပုဇဉ်း​တွေ​သေးပန်း​နေသလို မိုးဖွဲ​တွေများရက်​ရှည်​ယို​နေရင်​အဝတ်​စို​တွေကလဲ​နေနဲ့မ​ခြောက်​ရ အခန်းထဲမှာ​လေနဲ့​ဘဲ​ခြောက်​နေရ​တော့ အနံ့​တွေကလဲ​ဟောင်​လို့ပွာလို့၊​ရေများရာကြမိုးကရွာ အထက်​အညာကြမိုးကမရွာလို့ လွန်​တွေဆွဲရ ၊ရှင်​ဥပဂုတ်​မီးပူ​ဇော်​ရနဲ့၊ အလုပ်​တွေရှူပ်​ရှက်​ခပ်​နေကြတာ။

empresa-sustentavel.jpg

https://goo.gl/images/cmAZqF

ဒီရာသီဥတုမမှန်​တာ​တွေကလည်း လူသား​တွေရဲ့မိုက်​ပြစ်​တွေဘဲ​လေ၊ တချို့​နေရာကြလဲထိမ်းမနိုင်​သိမ်း​မနိုင်​အောင်​မို​ကောင်းလို့​ရေ​ဘေး​တွေခံစာ​နေကြရ၊လူ​တွေလဲဒုက္ခ​ရောက်​နေကြ၊ကျွန်​တော်​တို့နိုင်​ငံမှာလည်း မီး​ဘေးနဲ့​ရေ​ဘေး ဒီ​ဘေးနှစ်​ဘေးသာမရှိရင်​အေး​အေး​ဆေး​ဆေးဘဲ၊ တခြားဘာသဘဝ​ဘေးမှမရှိ​တော့ဘူး၊
ဒီရာသီဥတုသဘာဝ​ဘေး​တွေကလဲ ကမ္ဘာကြီးပူ​နွေးလာတာနဲ့လဲဆိုင်​တယ်​တဲ့၊ကမ္ဘာကြီးပူ​နွေးလာတာကလဲ သစ်​ပင်​တွေခုပ်​လှဲတာနဲ့ဆိုင်​ပြန်​ရော့​၊ ဒီ​တော့ လူ​တွေကသစ်​ပင်​တွေစိုက်​ကြ ၊သစ်​တော​တွေထိမ်းသိမ်းကြဆိုပြီး​အော်​နေကြတာ၊ ခက်​တာကဒီလုပ်​ရပ်​ဟာသိပ်​တော့မလွယ်​လှဘူးဗျ၊မလွယ်​လို့ဆိုပြီးမလုပ်​ဘဲ​နေလိုကမဖြစ်​ပြန်​ဘူးဗျ၊ ဒီကိစ္စကလူနဲ့ ပတ်​ဝန်းတို့ရဲအညမညသ​ဘောတရား၊​တခုကတိုးတက်​လာရင်​ဘယ်​အ​ကြောင်​အရာဖြစ်​ဖြစ်​နောက်​တခုခုက​တော့ဆုပ်​ရုတ်​လာတာအမှန်​ဘဲဗျာ့

deforestazione_2.jpg

https://goo.gl/images/L52Jyb

အခုမိုးအ​ခေါင်​ဆုံး​ဒေသဖြစ်​တဲ့မြန်​မာပြည်​အလယ်​ပိုင်းကိုကြည့်​လိုက်​၊​တောင်​ကုန်း​တောင်​တန်းမရှိ ပြန်​တွေကြီး၊ပြန်​တွေခြည်းဆို​တော့လူ​တွေကစိုက်​ကြပျိုးကြမိမိစားဝတ်​နေ​ရေးဆို​တော့၊​တောင်​တန်းမရှိ​မြေလွတ်​မရှိ​တော့သဘာဝ​ပေါက်​မယ့်​အပင်​ကဘယ်​နေရာ​ပေါက်​ရမလဲ၊ ရာသီဥတု​ဖောက်​ပြန်​နေပြီသစ်​ပင်​စိုက်​ကြပါဆို စိုက်​စရာ​နေရာကမရှိ၊အညာသား​တွေသွားစိုက်​ခိုင်းရင်​တော့ မင်းတို့ရာသီဥတု​ဖောက်​ပြန်​တဲအ​ရေးကာကွယ်​ဖို့ထက်​အစာအိမ်​မှာအစာမပြတ်​ဖို့အ​ရေးအရင်​လုပ်​ရအူးမယ်​ဟလို့​ပြောမှာအ​သေအခြာပါဘဲ ဒီ​တော့သစ်​ပင်​စိုက်​ပွဲကို တနှစ်​လာလဲဒီ​နေရာလုပ်​လိုက်​၊စိုက်​ပြီးပြစ်​ထား​သေ၊​နောက်​တနှစ်​လာလဲ ဒီ​နေရာတနှစ်​မပြည့်​ခင်​မပြုစု​တော့​သေ၊နှစ်​တိုင်းဒီ​နေရာခြည်းဘဲထပ်​ထပ်​ပြီးဟန်​ရေးပြစိုက်​နေသလိုလို၊ အဲ့ဒီ​တော့ လူ​နေမူဘဝတိုးတက်​လာတာနဲ့အမျှ သဘာဝပတ်​ဝမ်းကျင်​ဆိုတာဆုပ်​ယုပ်​လာမှာသဘာဝဘာ၊ဒီ​တော့သဘာဝပတ်​ဝမ်းကျင်​သူများနိုင်​ငံ​တွေဘယ်​လိုထိမ်းမလဲ ဒါကို ကျွန်​တော်​တို့​လေ့လာမှဖြစ်​လိမ့့်​မယ်​ဒါမှသာလျှင်​ရာသီဥတု​ဖောက်​ပြန်​မှူ့​ဘေးကကင်း​ဝေးပြီးမြန်​မာပြည်​အလယ်​ပိုင်းမိုး​ခေါင်​ရှေားဘဝကကင်း​လွပ်​ပြီးစိန်းစိုတဲ့သစ်​တော​တွေမြန်​မာပြည်​အလယ်​ပိုင်းမှာဖြစ်​ပေါ်လာလိမ့်​မယ်​၊

x5uhzotazx.jpg

https://goo.gl/images/BqdjRS

ဒါမှသာလျှင်​တနိုင်​ငံလုံးမိုးကိုမျှတစွာရွာသွန်​သဖြင့်​မိုး​ကောင်းလို့​ရေတအားကြီးတဲ့​ဒေသ​တွေလဲ​ရေကြီးမှူဒဏ်​သက်​သာလာလိမ့်​မယ်​၊သဘာဝပတ်​ဝန်းကျင်​ဘယ်​လိုထိမ်းမလဲ​နောက်​အပတ်​ဆက်​ရေးပါအုံးမည်​......
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရမှာတော့ အမှန်ပဲ။လူတွေက ထိန်းသိမ်းရမှာ ဆိုတာ နားလည်ကြတယ်။သေသေချာချာ မလုပ်ဖြစ်တာလေး တစ်ခုပါပဲ။

အမှန်တွေချည်းပါပဲ့ ဦးယုရေ

ဟုပ်​တယ်​ သစ်​ပင်​စိုက်​တဲ့သူ​တွေက တနှစ်​လာလဲဒီ​နေရာ ​နောက်​နှစ်​လဲ ဒီ​နေရာ စိုက်​စရာ​နေရာ မရှိဘူး​လေ​နေရာက

သဘာဝပတ်​၀န်းကျင်​ထိန်းသိမ်းရင်​အားလုံးမျှတပြီးဆိုးကျိုး​တွေလည်းမခံစားရပြီ....

ဟုတယ်​ မိုးလဲ ​နေရာအနှ့မျှတစွာရွာရင်
တအားရွာ​နေတဲ့​နေရာ​တွေမရွာ​တော့ဘူး

ပြုပြင်​နိင်​ဖို့ ​ပြောပြ​ပေးပါအုံးဗျာ 😊😊

အဓိက က​တော့ .....​နောက်​ပိုစ်​လာမယ်​ဗျာ

အဲဒီခေါင်းစဉ်နဲ့ ပြိုင်ပွဲက ပြီးသွားဘီလေ ☺☺☺
သဘာဝ ပတ်ဝန်းကျင်က ပြတ်သတ်ထွက်သွားတဲ့ ကြိုးတစ်ချောင်းလိုဖြစ်နေတာကို မရ ရအောင် အတင်းဆွဲပြီး ဆက်ထုံးဆက်ထားရသလိုပါ အဲဒီဆက်ထုံးက ကြိုးအကောင်းအတိုင်းပြန်ဖြစ်လာဖို့မလွယ်တော့ဘူး ယုရေ ☺☺

ဟုပ်​တယ်​ နှစ်​အ​တော်​များများကို အချိန်ယူရမယ်

ဒီနှစ်​ မိုးအရမ်း​ကောင်းတယ်

အ​ကောင်းလွန်​​နေ​တော့တာဗျာ

ခေါင်းစဉ် သေချာရေးပါဟ😏

န​ဘော်​သ​ရေနိုင်​ပါတယ်​ဆို
သူများမန့်​စရာ​တွေရကုန်​ပြီ ခိ

ဦးယုနဲ့မတ်မတ်ကြည်ကအသက်သိပ်ကွာလောက်ဘူးထင်တယ်...
ဒါပေမယ့် ဦးယုက ပိုနုတယ်😋😋😋
.
ပြေးပီ🚴🚴🚴😁😁😂😂😂

ပတ်ဝန်းကျင် ထိန်းသိမ်းချင်စိတ်ရှိတာနဲ့တင်ချီးကျူးပြီ ဖျက်နေသူကသာများတာဆိုတော့လေ

ဟုပ်​ပါ့ ဗျာ တနှစ်​ထက်​တနှစ်​ဆိုးလာတာ လူ​တွေဂရုထားမိရင်​သိတ်​​ကောင်းမှာဘဲ

ကျနော့ကိုတော့ မုန်းပါနဲ့ဗျာ😌😁😁

မုန်းလို့ဟုပ်​ဖူး....မုန်းလို့ဟုပ်​ဖူး...
ရွှေမန်းတင်​​မောင်

ဘယ်လိုဆက်ထိန်းမလဲ နည်းလမ်းတွေ သိချင်လိုက်တာဗျို့။
ဗဟုသုတ ရတော့မှာ ပျော်ပြီယေ။

အဓိက က​တော့ အင်းးးအဓိက​ပေါ့​လေ
လာမယ်​​လေ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62094.36
ETH 2436.39
USDT 1.00
SBD 2.50