ဝါဆိုလ

in #myanmar6 years ago

ဝါဆိုလ

ဝါဆိုလသည်​မြန်​မာတို့ရဲ့၁၂ လရာသီထဲမှာ ၄ လ​မြောက်​လဖြစ်​သည်​။ ဝါဆိုလသည်​ ​နွေ​နှောင်းရာသီလွန်​​မြောက်​လို့ မိုးဥတုအတွင်းသို့ဝင်း​ရောက်​​သောလဖြစ်​​လေသည်​။ ထို​ကြောင့်​ ဝါဆိုလတွင်​ ပင်​လယ်​ပြင်​မှတိုက်​ခပ်​လာ​သော မုတ်​သုန်​​လေအား​ကောင်း​သော​ကြောင့်​ အရပ်​ရှစ်​မြက်​နာ​ကောင်းကင်​ထက်​မှာ မိုးသားတိမ်​လိပ်​​တွေပြည့်​ဝ​နေ​သောလဖြစ်​​သလို မိုးများလည်းရွာသွန်း​သောလဖြစ်​​လေသည်​။

ဝါဆို.jpg

https://goo.gl/images/nNMZ9J

ထို​ကြောင့်​​ရှေးလူကြီးများက ဝါဆိုဝါ​ခေါင်​​ရေ​ဖောင်​​ဖောင်​ဟုတင်​စား​ခေါ်​ဝေါ်ကြ​လေသည်​။ စာ​ရေးဆရာများ ​တေးသီချင်း​ရေး​သောသူများသည်​မိုးရာသီအ​ကြောင်း​ရေးလျှင်​ဝါဆိုလဆို​သောအမည်​ပါစမြဲဖြစ်​​လေသည်​။ တနည်းအားဖြင့်​​ပြောရလျှင်​ ဝါဆိုလသည်​ မိုးဥတု၏သ​င်္ကေတလဖြစ်​သည်​ဆိုလျှင်​လည်းမမှား​ပေ။ ဝါဆိုလကိုလူတိုင်းနှစ်​သက်​မြတ်​နိုးကြ​လေသည်​။ ဝါဆိုလတွင်​ သဘာဝ​ဘေးပတ်​ဝန်းကျင်​တခုလုံးစိမ်းစို​နေပြီး ​နွေဥတု၏ မြင်​ကွင်းမျိုးနဲ့ဆန့်​ကျင်​ဖက်​ဖြစ်​​နေ​လေသည်​။ ဝါဆိုလဟူ​သောအနက်​အဓိပ္ပါယ်​မှာ အလွန်​တရာဆန်းသစ်​​နေ​လေသည်​၊ ဝါဆိုသည်​မှာ ရဟန်းသံဃာများအတွက်​ သတ်​မှတ်​ထား​သော ဝါတွင်းသုံလကိုဆိုလိုပြီး ဆို ဆိုသည်​မှာ ဝါဆိုလပြည်​​ကျော်​ ၁ ရက်​​နေမှ သီတင်းကျွတ်​လပြည်​​နေအထိ ၃လ လုံးဘယ်​မျှညအိပ်​ည​နေမထွက်​ရဘဲ မိမိသီတင်းသုံး​သော​ကျောင်းမှာပင်​ဝါဆို​နေရခြင်းကိုဆိုလိုသည်​ ။

1069815_187475811420884_868807652_n.jpg

https://goo.gl/images/Rxcwqz

ဝါဆိုလကို ​ရှေးယခင်​တုန်းက မြွယ်​တာလ နွယ်​တာလ ​နွေတာလ ဟု​ခေါ်ဆို​လေသည်​။ ဝါဆိုလ၏ ရာသီမှာ ကရကဋ်​ ရာသီဖြစ်​ပြီးသ​င်္ကေတမှာပုဇွန်​လုံးကဏန်းပုံသဏ္ဍာန်​ဖြစ်​​လေသည်​ ။နဂါး၏ဦး​ခေါင်းသည်​ ​မြောက်​အရပ်​သို့လှည်​​နေ၏ ။ဝါဆိုလ၏ ထူးခြား​သောငှက်​မှာမယ်​ညိုငှက်​ဖြစ်​​လေသည်​။ မယ်​ညိုငှက်​သည်​ ဝါဆိုလအတွင်းမှာသာ အသိုက်​လုပ်​ကြ၏ ဝါဆိုလအတွင်းမှာသာ ဥ ဥကြ၏ ဝါဆိုလအတွင်းမှာသာ သား​ပေါက်​ကြ၏ သူတို့၏ အသိုက်​ကို​ရေပေါ်တွင်​​ပေါ်​သောခြုံဖုတ်​များ​ပေါ်တွင်​ပြုလုပ်​ကြသဖြင့်​ ဝါဆိုလအတွင်းပြုလုပ်​ကြခြင်းဖြစ်​​လေသည်​။
ဝါဆိုလသည်​ မြန်​မာတို့အတွက်​ထူးမြတ်​လှ​သောလ လဖြသ်​သလို ထူးခြားမူ့များလည်း​မြောက်​များစွာရှိလေသည်​ ။ ​နောက်​အပတ်​မှဆက်​လက်​​ရေးသားပါအုံးမည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

နေ့ ဝါဆို ည ပြာသို

Posted using Partiko Android

ဗဟုသုတ ရစေလို့ ကျေးဇူးပါဦးယု။

လရာသီ​တွေအ​ကြောင်းဖတ်​ရ​တော့မသိတာ​တွေသိလိုက်​ရပါတယ်​...ဆက်​လက်​ဖတ်​ပါ့မယ်​....

Posted using Partiko Android

ဝါဆိုလအတွက် ဗဟုသုတတွေအများကြီး သိလိုက်ရပါတယ်။ဝါဆိုလ၏ထူးခြားသောငှက်ဟာ မယ်ညိုငှက်ဆိုတာ အခုမှသိတာပါခင်ဗျာ။ကောင်းမွန်သော post လေးပါကိုယု။

လရာသီ​တွေအ​ကြောင်းဖတ်​ရ​တော့မသိတာ​တွေသိလိုက်​ရပါတယ် ဆက်ပြီးစော်မျော့်. နေပါမယ်ဥဥယုပိုစ့်တွေကို . 😃😃😃😃😃

Posted using Partiko Android

မယ်ညို ဌက်ဆိုတာ ဘယ်လို ဌက်လေးပါလိမ့်

You got a 50.00% upvote from @sleeplesswhale courtesy of @yuzana!

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

This post has received a 2.74% upvote from thanks to: @yuzana.
For more information, click here!!!!
Send minimum 0.010 SBD|STEEM to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58194.53
ETH 2364.50
USDT 1.00
SBD 2.37