ဝါခေါင်လ
ဝါခေါင်လ
ဝါခေါင်လသည်မြန်မာတို့ရဲ့ လ ၁၂ လထဲမှာ ၅လ မြောက်လဖြစ်လေသည် ။ဝါခေါင်လတွင်နဂါး၏ဦးခေါင်းသည်မြောက်အရပ်သို့လှည်နေ၏ ထိုကြောင့်တောင်အရပ်သို့ခရီးဝေးသွားရန်ဆင်ခြင်ကြလေသည်။ ဝါခေါင်လ၏အဓိပ္ပါယ်မှာ ဝါတွင်းကာလရဲ့ အလယ်ခေါင်လဟု ကြားသိဖူးပါသည်။ တချို့ကလည်း ဝါခေါင်လမှာမိုးခေါင်တတ်သဖြင့် ဝါခေါင်လ ဟုခေါ်ဆိုခြင်းဖြစ်တယ်လို့လဲဆိုကြပါတယ်။
အဘယ့်ကြောင့်ဆိုသော်၊နွေရာသီ တနွေလုံး ကောင်းကင်ပေါ်စုပြုံနေသောတိမ်တိုက်များသည် မိုးဦးကျ နယုန်လနှင့် ဝါဆိုလမှာ ဒလဟောသွန်ချသလိုရွာသွန်းထားသဖြင့် တိန်တိုက်များကုန်လုနည်းနည်းဖြစ်သဖြင့် မိုးခေါင်နေခြင်းဖြစ်သည်ဟု တွက်ဆမိပါသည်။ အမှန်တကယ်ပြောရလျှင် ဝါခေါင်လသည် လူတွေ ကထိကယ ဒုက္ခသုက္ခ အများဆုံးလဖြစ်မည်ထင်ပါသည်။ အထက်အညာများတွင် ဝါခေါင်လမှာမိုးခေါင်သဖြင့် လွန်ဆွဲပွဲတွေကျင်းပကြပြီး အောက်အရပ်ဒေသများသည်အထက်အညာဒေသမှ နယုန်ဝါဆိုမိုးရေများကြောင့် ရေကြီးရေလျှံတွေဖြစ်နေတပ်ပါသည်။ မြေကြီးသည်လည်း မိုးဦးရေဝထားသောကြောင့် နဲနဲလေးမိုးရွာလိုက်တာနှင့် ရေကြီးရေလျှံ ဖြစ်တပ်ပါသည်၊ လယ်သမားများသည်လည်းဤအချိန်တွင် ပျိုးနုပ် ကောက်စိုက်ချိန်ဖြစ်နေပြန်ပါသည်။
ကျွန်တော်တို့နိုင်ငံတွင် မုန်တိုင်းများ သဘာဝဘေးဒဏ်များ အများဆုံးခံရသောလလည်းဖြစ်ပါသည်၊ ထိုကြောင့်ဝါခေါင်လတွင် ထင်ရှားသော ပွဲတော်များသိတ်မရှိလှပေ ။ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့နှင့် စာရေးတံမဲပွဲစသည့်မထင်ရှားသောပွဲသေးများသာရှိပါသည်။ ဝါခေါင်လကိုလူအများအာယုံစူးစိုက်မှူလည်းနည်းပါသည်။ နောက်အပတ်များတွင်မေတ္တအခါတော်နေ့နှင့် စာရေးတန်မဲပွဲအကြောင်းလေးနည်းနည်းရှင်းပြပါအုံးမည်၊ စာလာဖတ်သူအားလုံးကိုအထူးပင်ကျေးဇူးတင်ပါသည်။
Post writer=@yuzana(shineshine)
MSC=146
ကျေးဇူးပါ....ဗဟုသုတအသိတိုးပါတယ်...ဆက်အားပေးပါ့မယ်...
Posted using Partiko Android
ဝါဆို ဝါခေါင်ရေတွေကြီးတော့ သပြေသီးမှည့် ကောက်ရအောင်
ဝါဆို ဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
You got a 14.93% upvote from @sleeplesswhale courtesy of @yuzana!