ဝါ​ခေါင်​လ

in #myanmar6 years ago

ဝါ​ခေါင်​လ

ဝါ​ခေါင်​လသည်​မြန်​မာတို့ရဲ့ လ ၁၂ လထဲမှာ ၅လ ​မြောက်​လဖြစ်​​လေသည်​ ။ဝါ​ခေါင်​လတွင်​နဂါး၏ဦး​ခေါင်းသည်​​မြောက်​အရပ်​သို့လှည်​​နေ၏ ထို​ကြောင့်​​တောင်​အရပ်​သို့ခရီး​ဝေးသွားရန်​ဆင်​ခြင်​ကြ​လေသည်​။ ဝါ​ခေါင်​လ၏အဓိပ္ပါယ်​မှာ ဝါတွင်းကာလရဲ့ အလယ်​​ခေါင်​လဟု ကြားသိဖူးပါသည်​။ တချို့ကလည်း ဝါ​ခေါင်​လမှာမိုး​ခေါင်​တတ်​​သဖြင့်​ ဝါ​ခေါင်​လ ဟု​ခေါ်ဆိုခြင်းဖြစ်​တယ်​လို့လဲဆိုကြပါတယ်​။

images (12).jpeg

အဘယ့်​​ကြောင့်​ဆို​သော်​၊​နွေရာသီ တ​နွေလုံး ​ကောင်းကင်​​ပေါ်စုပြုံ​နေ​သောတိမ်​တိုက်​များသည်​ မိုးဦးကျ နယုန်​လနှင့်​ ဝါဆိုလမှာ ဒလ​ဟောသွန်​ချသလိုရွာသွန်းထားသဖြင့်​ တိန်​တိုက်​များကုန်​လုနည်းနည်းဖြစ်​သဖြင့်​ မိုး​ခေါင်​​နေခြင်းဖြစ်​သည်​ဟု တွက်​ဆမိပါသည်​။ အမှန်​တကယ်​​ပြောရလျှင်​ ဝါ​ခေါင်​လသည်​ လူ​တွေ ကထိကယ ဒုက္ခသုက္ခ အများဆုံးလဖြစ်​မည်​ထင်​ပါသည်​။ အထက်​အညာများတွင်​ ဝါ​ခေါင်​လမှာမိုး​ခေါင်​သဖြင့်​ လွန်​ဆွဲပွဲ​တွေကျင်းပကြပြီး ​အောက်​အရပ်​​ဒေသများသည်​အထက်​အညာ​ဒေသမှ နယုန်​ဝါဆိုမိုး​ရေများ​ကြောင့်​ ​ရေကြီး​ရေလျှံ​တွေဖြစ်​​နေတပ်​ပါသည်​။ ​မြေကြီးသည်​လည်း မိုးဦး​ရေဝထား​သော​ကြောင့်​ နဲနဲ​လေးမိုးရွာလိုက်​တာနှင့်​ ​ရေကြီး​ရေလျှံ ဖြစ်​တပ်​ပါသည်​၊ လယ်​သမားများသည်​လည်းဤအချိန်​တွင်​ ​ပျိုးနုပ်​ ​ကောက်​စိုက်​ချိန်​ဖြစ်​​နေပြန်​ပါသည်​။

Rijstvelden_Myanmar_2006-1024x768.jpg

https://goo.gl/images/4xoKVE

ကျွန်​​တော်​တို့နိုင်​ငံတွင်​ မုန်​တိုင်းများ သဘာဝ​ဘေးဒဏ်​များ အများဆုံးခံရ​သောလလည်းဖြစ်​ပါသည်​၊ ထို​ကြောင့်​ဝါ​ခေါင်​လတွင်​ ထင်​ရှား​သော ပွဲ​တော်​များသိတ်​မရှိလှ​ပေ ။ဝါ​ခေါင်​လပြည့်​ ​မေတ္တာအခါ​တော်​​နေ့နှင့်​ စာ​ရေးတံ​မဲပွဲစသည့်မထင်ရှားသောပွဲသေးများသာရှိပါသည်​။ ဝါ​ခေါင်​လကိုလူအများအာယုံစူးစိုက်​မှူလည်းနည်းပါသည်​။ ​နောက်​အပတ်​များတွင်​​မေတ္တအခါ​တော်​​နေ့နှင့်​ စာ​ရေးတန်​မဲပွဲအ​ကြောင်း​လေးနည်းနည်းရှင်းပြပါအုံးမည်​၊ စာလာဖတ်​သူအားလုံးကိုအထူးပင်​​ကျေးဇူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ကျေးဇူးပါ....ဗဟုသုတအသိတိုးပါတယ်​...ဆက်​အား​ပေးပါ့မယ်​...

Posted using Partiko Android

ဝါဆို ဝါခေါင်ရေတွေကြီးတော့ သပြေသီးမှည့် ကောက်ရအောင်

ဝါဆို ဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 14.93% upvote from @sleeplesswhale courtesy of @yuzana!

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63099.80
ETH 2455.59
USDT 1.00
SBD 2.58